HomeEntertainmentFilmBlue Beetle ရုပ်ရှင်ထွေလာထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ (Breakdown)

Blue Beetle ရုပ်ရှင်ထွေလာထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ (Breakdown)

Blue Beetle ရုပ်ရှင်ရဲ့ ပထမဆုံးထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာပါတယ်။ DC ကောမစ်ထဲမှာတော့ Blue Beetle ဆိုတဲ့ စူပါဟီးရိုးဟာ ၁၉၃၉ ခုနှစ်ကတည်းက ရှိခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ Jaime Reyes ကတော့ ၂၀၀၆ ခုနှစ်မှသာ Blue Beetle ဖြစ်လာခဲ့တာပါ။ Jaime ကတော့ DC ကောမစ်ရဲ့ တတိယမြောက် Blue Beetle ဟီးရိုးဖြစ်ပါတယ်။ ဒါကြောင့်ပဲ Blue Beetle ရုပ်ရှင်ကို စောင့်နေရင်း မကြာခင်ကထွက်ရှိထားတဲ့ ထွေလာထဲက စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဖော်ပြပေးချင်ပါတယ်။

Tease လုပ်သွားတဲ့ The Reach အဖွဲ့

photo credit DC Studios

ဒီထွေလာရဲ့ အစမှာတော့ Jaime ဟာ “အခုချိန်မှာ အားလုံးက လက်လှမ်းမမီနိုင်ဘူးလို့ ခံစားနေရတယ်(Everything right now feels so out of reach)” လို့ ပြောသွားပါတယ်။ ဒါကတော့ သာမန်ဒိုင်ယာလော့ခ် တစ်ကြောင်းလည်း ဖြစ်နိုင်ပေမယ့်လည်း စကားလုံးရွေးချယ်မှုကတော့ ကောမစ်ထဲက The Reach ဆိုတဲ့ Blue Beetle ရဲ့ ဗီလိန်အဖွဲ့ကို Tease လုပ်ထားတယ်လို့လည်း ယူဆနိုင်ပါတယ်။

The Reach အဖွဲ့ကတော့ Galactic Conqueror တွေဖြစ်ပြီး ဂြိုဟ်တွေကို သိမ်းပိုက်ဖို့အတွက် အလွန်မြင့်မားတဲ့ နည်းပညာတွေကို အသုံးပြုကြပါတယ်။ ဒါ့အပြင် Jaime ကို Blue Beetle ဖြစ်လာစေတဲ့ Scarab ကို ဖန်တီးခဲ့သူတွေဟာလည်း The Reach အဖွဲ့ပဲဖြစ်ပြီး အဲဒီ Scarab တွေကိုတော့ ဂြိုဟ်တွေများစွာပေါ်ကို ပို့ပေးခဲ့ပါတယ်။

အဲဒီ Scarab တွေရဲ့ မစ်ရှင်ကတော့ ရောက်သွားတဲ့ ဂြိုဟ်ပေါ်က သင့်တော်တဲ့ Host တစ်ယောက်ကို ရှာဖွေပြီး The Reach တွေ ကျူးကျော်လာတဲ့အချိန်မှာ Lieutenant အဖြစ် အသင့်ရှိနေအောင် ပြင်ဆင်ပေးရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် DC Rebirth ထဲမှာတော့ အဲဒီ Scarab ဟာ မှော်ပစ္စည်းတစ်ခု ဖြစ်တယ်လို့ ပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ Jaime အတွက် ဘယ်လို Origin ကို ဖန်တီးသွားမလည်းဆိုတာ မသေချာသေးပါဘူး။

Kord Industries

photo credit DC Studios

Kord Industries ကတော့ DC ကောမစ်ထဲက အရေးကြီးတဲ့နေရာတွေမှာ ပါဝင်ခဲ့တဲ့ Fictional Company တစ်ခု ဖြစ်ပါတယ်။ Kord Industries ကတော့ Wayne Enterprises ၊ Lex Corp ၊ Hold Industries နဲ့ Queen Consolidates တို့လိုမျိူး Company အကြီးစားတစ်ခု ဖြစ်ပြီး ယခုအချိန်မှာတော့ ဒီကုမ္ပဏီကလည်း Live Action ထဲမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။

Kord Industries ရဲ့ ပိုင်ရှင်ဖြစ်သူ Ted Kord ကတော့ DC ကောမစ်ရဲ့လက်ရှိ Timeline ထဲမှာ ဒုတိယမြောက် Blue Beetle ဖြစ်ပါတယ်။ Ted Kord ဟာ အလွန်ချမ်းသာသူတစ်ယောက်လည်း ဖြစ်ပြီး ဒီထွေလာထဲမှာတော့ Kord Industries ကလည်း Scarab ကို လေ့လာနေတယ်လို့ ပြောသွားပါတယ်။

Jaime ရဲ့ Secret Identity

photo credit DC Studios

DC ရဲ့ ဟီးရိုးတွေအများစုအတွက်တော့ Secret Identity ဟာ အလွန်အရေးပါပါတယ်။ Clark Kent ဟာ မျက်မှန်ကို အသုံးပြုသလို Batman ကလည်း Bruce Wayne ဆိုတဲ့ မျက်နှာဖုံးကို အသုံးပြုသလိုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Jaime နဲ့ ပတ်သက်ပြီး ထူးခြားတဲ့အချက်ကတော့ သူ့ရဲ့မိသားစုတွေက သူ့ကို Blue Beetle မှန်း သိနေကြတာပါပဲ။ ဒီထွေလာထဲမှာတော့ Jaime နဲ့ Scarab တို့ပေါင်းစပ်တဲ့အချိန်မှာ သူ့ရဲ့မိသားစုတွေက ဘေးမှာရှိနေခဲ့ပြီး Jaime ဟာ သူ့ရဲ့ Secret Identity ကို ဖုံးကွယ်ဖို့ အခွင့်အရေးတောင် မရခဲ့ပါဘူး။

Scarab

photo credit DC Studios

Jaime ရဲ့ Scarab ကတော့ အသိစိတ်ရှိသလို အာရုံခံစားနိုင်စွမ်းလည်းရှိပြီး စကားလည်း ပြောနိုင်ပါတယ်။ Young Justice Season 2 ထဲမှာတော့ Jaime နဲ့ Scarab ရဲ့အသံဟာ အတူတူပဲ ဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာတော့ Scarab ရဲ့ နေရာမှာ အခြားသရုပ်ဆောင်တစ်ယောက်က အသံသရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Victoria Kord

photo credit DC Studios

Blue Beetle ရုပ်ရှင် မထွက်လာခင်မှာတော့ DC ကောမစ်ဟာ Blue Beetle ရဲ့ ဆိုလိုကောမစ်စာအုပ်တစ်ခုကို ထုတ်ခဲ့ပါတယ်။ အဲဒီကောမစ်ရဲ့ နာမည်ကတော့ Blue Beetle: Graduation Day ဖြစ်ပါတယ်။ ဒီကောမစ်ကတော့ သာမန် Timeline မှာပဲ ဇာတ်အိမ်တည်ထားပေမယ့် အသစ်ထွက်လာမယ့် ရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် ဇာတ်ကောင်တွေနဲ့ Concept တွေကို ပြသခဲ့ပါတယ်။ အဲဒီကောမစ်ထဲမှာတော့ Ted Kord ရဲ့ အမဖြစ်သူ Victoria Kord ဟာ ဗီလိန်အဖြစ် ပါဝင်ခဲ့ပါတယ်။ ယခုအသစ်ထွက်ရှိထားတဲ့ ထွေလာထဲမှာလည်း Victoria ဟာ Jaime ဆီက Scarab ကို ပြန်ယူဖို့ ကြိုးစားနေတာကို တွေ့ခဲ့ရပါတယ်။

Ted Kord ရဲ့ Blue Beetle Bug Ship

photo credit DC Studios

ဒီထွေလာထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Ted Kord ရဲ့ Blue Beetle ဖြစ်ခဲ့တုန်းက အသုံးပြုခဲ့တဲ့ Blue Beetle Bug Ship ကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုမျိူး Blue Beetle Bug Ship တည်ရှိနေတယ် ဆိုတာဟာ Blue Beetle ရုပ်ရှင်ရဲ့ Timeline တစ်နေရာမှာ Ted Kord က Blue Beetle အဖြစ် နေထိုင်ခဲ့တယ်ဆိုတာကို အတည်ပြုပြီးသား ဖြစ်သွားပါတယ်။ ဒါ့အပြင် Ted Kord ကတော့ Jaime လိုမျိူး ဂြိုဟ်သားနည်းပညာကြောင့် Blue Beetle ဖြစ်လာခဲ့တာ မဟုတ်ဘဲ သူအသုံးပြုသမျှ အရာအားလုံးကို ကိုယ်တိုင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။

Dan Garrett ရဲ့ Blue Beetle ဝတ်စုံ

photo credit DC Studios

ပထမဆုံး Blue Beetle ဖြစ်တဲ့ Dan Garrett ကတော့ ၁၉၃၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Fox Comics ရဲ့ Mystery Men Comics ထဲမှာ စတင်ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၆ ခုနှစ်မှာတော့ DC ကောမစ်ဟာ ဒီဇာတ်ကောင်ကို ဝယ်ယူခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ ပထမဆုံး Blue Beetle ဖြစ်တဲ့ Dan Garrett ရဲ့ ဝတ်စုံကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

Ted Kord ရဲ့ Blue Beetle ဝတ်စုံ

photo credit DC Studios

ဒီထွေလာထဲမှာတော့ ဒုတိယမြောက် Blue Beetle ဖြစ်သူ Ted Kord ရဲ့ဝတ်စုံကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ Ted Kord ကတော့ တခြား Blue Beetle တွေလို စွမ်းအားတွေမရှိဘဲ သူ့ကို စွမ်းအားတွေပေးမယ့် Scarab လည်း မရှိခဲ့ပါဘူး။ သူကတော့ ငယ်ငယ်ကတည်းက သိပ္ပံပညာရပ်တွေမှာ ထူးချွန်ခဲ့ပြီး Dan Garrett ရဲ့တပည့်လည်း ဖြစ်ပါတယ်။ Ted ရဲ့ Blue Beetle ဗားရှင်းကတော့ Batman နဲ့ဆင်တူပြီး သူ့ရဲ့ကိုယ်ပိုင် လုပ်ဆောင်နိုင်စွမ်းနဲ့ စူပါဟီးရိုး ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Ted Kord ကို မြင်တွေ့ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Batman

photo credit DC Studios

ဒီထွေလာထဲမှာတော့ Jaime ဟာ Ted Kord ရဲ့ Blue Beetle Gadget တွေကို ကြည့်ပြီး ဒါတွေက Batman သုံးတဲ့ဟာတွေလိုပဲလို့ ပြောသွားပါတယ်။ ဒါကြောင့်ပဲ Blue Beetle ရုပ်ရှင်ရဲ့ Timeline ထဲမှာတော့ Batman လည်း ရှိနေတယ်ဆိုတာ သိလိုက်ရပါတယ်။

လောလောဆယ်မှာတော့ Blue Beetle ရုပ်ရှင်ဟာ ဘယ် Universe မှာ ဇာတ်အိမ်တည်ထားတာလည်းဆိုတာ မသိရသေးပါဘူး။ လောလောဆယ်မှာတော့ DCEU နဲ့ DCU တို့မှာ Batman သုံးယောက်ရှိနေပြီး ဒီထွေလာထဲက Mention သွားတဲ့ Batman က ဘယ်တစ်ယောက်ကို ပြောတာလည်းဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular