HomeEntertainmentMusicပေါင်းစပ်မှုရသအသစ်ကို ခံစားရမယ့် Billie Eilish နဲ့ Rosalia တို့ရဲ့ သီချင်းသစ် Lo Vas A Olvidar 

ပေါင်းစပ်မှုရသအသစ်ကို ခံစားရမယ့် Billie Eilish နဲ့ Rosalia တို့ရဲ့ သီချင်းသစ် Lo Vas A Olvidar 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်အချစ်တော် အဆိုတော်မလေးနှစ်ဦးဖြစ်တဲ့ Billie Eilish နဲ့ Rosalia တို့ဟာ ဆန်းသစ်တဲ့ ပေါင်းစပ်မှုနဲ့ သီချင်းအသစ်တစ်ပုဒ်ကို ထွက်ရှိလိုက်ပြီ ဖြစ်ပါတယ်။

Lo Vas A Olvidar လို့ အမည်ရတဲ့ ဒီသီချင်းကတော့ စပိန်ဘာသာနဲ့ အဓိက သီဆိုထားတဲ့ သီချင်းဖြစ်ပြီး မနေ့က ဇန်နဝါရီလ(၂၁)ရက်နေ့ ညပိုင်းမှာ ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ ထူးခြားချက်ကတော့ စာသားအများစုဟာ စပိန်ဘာသာနဲ့ ရေးဖွဲ့ထားတာဖြစ်ပြီး Billie ကပါ စပိန်ဘာသာနဲ့ သီဆိုထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

Photo: billieeilish/ Instagram

လက်တင်အဆိုတော်မလေး Rosalia ရဲ့ ကြည်လင်ချိုမြပြီး ဆွဲဆောင်မှုရှိတဲ့ အသံလေးနဲ့ Billie ရဲ့ မူပိုင်ဟန် အသံလေးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ Lo Vas A Olvidar ဟာ အိပ်မက်ဆန်ပြီး ယစ်မူးဖွယ်ရာ သီချင်းတစ်ပုဒ် ဖြစ်လာပါတော့တယ်။ ဒီသီချင်းကိုတော့ Billie ၊ Rosalia ၊ Billie ရဲ့အစ်ကို Finneas နဲ့ El Guincho တို့က ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

Billie နဲ့ Rosalia တို့ရဲ့ ထူးခြားတဲ့ collaboration ကိုတော့ ပြီးခဲ့တဲ့နှစ်တည်းက ကြေညာထားတာပါ။ ပရိသတ်တွေ လည်ပင်းရှည်အောင် စောင့်စားနေရတဲ့ ဒီပေါင်းစည်းမှုကတော့ ယခုနှစ်မှာမှ အကောင်အထည်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ HBO ရုပ်သံလိုင်းက ထုတ်လွှင့်နေတဲ့ Euphoria ဇာတ်လမ်းတွဲမှာ ဇာတ်ဝင်တေးအဖြစ် ပါဝင်မှာလည်း ဖြစ်ပါတယ်။

Photo: billieeilish/ Instagram

ဒါတင်မက ဒီသီချင်းဟာ ၂၀၂၁ခုနှစ်မှာ ပထမဆုံး ထွက်ရှိလာတဲ့ Billie ရဲ့ ဆင်ဂယ်လ်သီချင်းဖြစ်ပြီး လက်တင်အဆိုတော် Rosalia နဲ့ ပထမဆုံး ပူးပေါင်းဖြစ်တဲ့ ဖန်တီးမှုလည်း ဖြစ်ပါတယ်။ ဒီသီချင်းကို ဖန်တီးရေးဖွဲ့ရာမှာ Billie အတွက်တော့ စိတ်လှုပ်ရှားစရာများစွာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမအနေနဲ့ ယခင်က မလုပ်ဖူးသေးတဲ့ ဖန်တီးမှုအသစ်တစ်ခုကို Rosalia နဲ့ တွဲဖက်လုပ်ကိုင်ခွင့် ရခဲ့တာဖြစ်ပြီး စာသားတွေ ရေးဖွဲ့ရာမှာ Rosalia က အင်္ဂလိပ်လို ရေးပေးမယ် ဆိုတာတောင်မှ စပိန်ဘာသာရဲ့ လှပမှုကို မပျက်စီးစေချင်တဲ့ Billie ဟာ စပိန်လိုပဲ ထည့်သွင်းစေခဲ့တယ်လို့လည်း ဆိုပါတယ်။

Photo: rosalia.vt/ Instagram

Lo Vas A Olvidar ဆိုတဲ့ စာသားကတော့ “မေ့သွားမှာလား?” လို့ အဓိပ္ပာယ်ရပါတယ်။ “အချစ်ဆိုတာ အတိအကျ တိုင်းတာလို့ မရနိုင်ဘူး အချစ်ရေ … မင်း ငါ့ကို မလိုအပ်တော့ဘူးဆိုတာ ငါ သိရဖို့ ထွက်သွားရတော့မယ် … ကိုယ်စိုက်တဲ့အပင် ကိုယ်ပြန်ရိတ်သိမ်းရတယ်ဆိုပေမယ့် မင်းကတော့ ငါ့ကို မျက်စိထဲတောင် မမြင်တော့တဲ့ပုံပဲ … မင်းကတော့ ငါ့မှာ ရွေးချယ်စရာ ရှိနေတဲ့ပုံနဲ့ ပြောသွားလိုက်တာပဲ … ငါကသာ အရေးမပါတဲ့သူဆိုရင် မင်းရဲ့အဆိပ်တွေကို ဘာကြောင့် ဖြုန်းတီးနေတော့မှာလဲ … ” လို့ အဓိပ္ပာယ်ရတဲ့ အသည်းကွဲသီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

မနေ့ညကမှ ထွက်ရှိထားတဲ့ သီချင်းသစ်ဖြစ်ပေမယ့် နာရီပိုင်းအတွင်းမှာပဲ ကြည့်ရှုနားဆင်သူပေါင်း (၆.၇)သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ Billie နဲ့ Rosalia တို့ရဲ့ သီချင်းလေးကို အောက်က လင့်ခ်မှာ နားဆင်ကြည့်လိုက်ပါဦး။

Linda December

Ref: genius/ billboard

(Zawgyi Version)

ပရိသတ္အခ်စ္ေတာ္ အဆိုေတာ္မေလးႏွစ္ဦးျဖစ္တဲ့ Billie Eilish နဲ႔ Rosalia တို႔ဟာ ဆန္းသစ္တဲ့ ေပါင္းစပ္မႈနဲ႔ သီခ်င္းအသစ္တစ္ပုဒ္ကို ထြက္ရွိလိုက္ၿပီ ျဖစ္ပါတယ္။

Lo Vas A Olvidar လို႔ အမည္ရတဲ့ ဒီသီခ်င္းကေတာ့ စပိန္ဘာသာနဲ႔ အဓိက သီဆိုထားတဲ့ သီခ်င္းျဖစ္ၿပီး မေန႔က ဇန္နဝါရီလ(၂၁)ရက္ေန႔ ညပိုင္းမွာ ထြက္ရွိလာတာ ျဖစ္ပါတယ္။ ဒီသီခ်င္းရဲ႕ ထူးျခားခ်က္ကေတာ့ စာသားအမ်ားစုဟာ စပိန္ဘာသာနဲ႔ ေရးဖြဲ႕ထားတာျဖစ္ၿပီး Billie ကပါ စပိန္ဘာသာနဲ႔ သီဆိုထားတာကို နားဆင္ရမွာ ျဖစ္ပါတယ္။

Photo: billieeilish/ Instagram

လက္တင္အဆိုေတာ္မေလး Rosalia ရဲ႕ ၾကည္လင္ခ်ိဳျမၿပီး ဆြဲေဆာင္မႈရွိတဲ့ အသံေလးနဲ႔ Billie ရဲ႕ မူပိုင္ဟန္ အသံေလးနဲ႔ ေပါင္းစပ္လိုက္တဲ့အခါ Lo Vas A Olvidar ဟာ အိပ္မက္ဆန္ၿပီး ယစ္မူးဖြယ္ရာ သီခ်င္းတစ္ပုဒ္ ျဖစ္လာပါေတာ့တယ္။ ဒီသီခ်င္းကိုေတာ့ Billie ၊ Rosalia ၊ Billie ရဲ႕အစ္ကို Finneas နဲ႔ El Guincho တို႔က ေရးဖြဲ႕ထားတာ ျဖစ္ပါတယ္။

Billie နဲ႔ Rosalia တို႔ရဲ႕ ထူးျခားတဲ့ collaboration ကိုေတာ့ ၿပီးခဲ့တဲ့ႏွစ္တည္းက ေၾကညာထားတာပါ။ ပရိသတ္ေတြ လည္ပင္းရွည္ေအာင္ ေစာင့္စားေနရတဲ့ ဒီေပါင္းစည္းမႈကေတာ့ ယခုႏွစ္မွာမွ အေကာင္အထည္ေပၚလာတာ ျဖစ္ပါတယ္။ ဒီသီခ်င္းဟာ HBO ႐ုပ္သံလိုင္းက ထုတ္လႊင့္ေနတဲ့ Euphoria ဇာတ္လမ္းတြဲမွာ ဇာတ္ဝင္ေတးအျဖစ္ ပါဝင္မွာလည္း ျဖစ္ပါတယ္။

Photo: billieeilish/ Instagram

ဒါတင္မက ဒီသီခ်င္းဟာ ၂၀၂၁ခုႏွစ္မွာ ပထမဆုံး ထြက္ရွိလာတဲ့ Billie ရဲ႕ ဆင္ဂယ္လ္သီခ်င္းျဖစ္ၿပီး လက္တင္အဆိုေတာ္ Rosalia နဲ႔ ပထမဆုံး ပူးေပါင္းျဖစ္တဲ့ ဖန္တီးမႈလည္း ျဖစ္ပါတယ္။ ဒီသီခ်င္းကို ဖန္တီးေရးဖြဲ႕ရာမွာ Billie အတြက္ေတာ့ စိတ္လႈပ္ရွားစရာမ်ားစြာ ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ သူမအေနနဲ႔ ယခင္က မလုပ္ဖူးေသးတဲ့ ဖန္တီးမႈအသစ္တစ္ခုကို Rosalia နဲ႔ တြဲဖက္လုပ္ကိုင္ခြင့္ ရခဲ့တာျဖစ္ၿပီး စာသားေတြ ေရးဖြဲ႕ရာမွာ Rosalia က အဂၤလိပ္လို ေရးေပးမယ္ ဆိုတာေတာင္မွ စပိန္ဘာသာရဲ႕ လွပမႈကို မပ်က္စီးေစခ်င္တဲ့ Billie ဟာ စပိန္လိုပဲ ထည့္သြင္းေစခဲ့တယ္လို႔လည္း ဆိုပါတယ္။

Photo: rosalia.vt/ Instagram

Lo Vas A Olvidar ဆိုတဲ့ စာသားကေတာ့ “ေမ့သြားမွာလား?” လို႔ အဓိပၸာယ္ရပါတယ္။ “အခ်စ္ဆိုတာ အတိအက် တိုင္းတာလို႔ မရႏိုင္ဘူး အခ်စ္ေရ … မင္း ငါ့ကို မလိုအပ္ေတာ့ဘူးဆိုတာ ငါ သိရဖို႔ ထြက္သြားရေတာ့မယ္ … ကိုယ္စိုက္တဲ့အပင္ ကိုယ္ျပန္ရိတ္သိမ္းရတယ္ဆိုေပမယ့္ မင္းကေတာ့ ငါ့ကို မ်က္စိထဲေတာင္ မျမင္ေတာ့တဲ့ပုံပဲ … မင္းကေတာ့ ငါ့မွာ ေ႐ြးခ်ယ္စရာ ရွိေနတဲ့ပုံနဲ႔ ေျပာသြားလိုက္တာပဲ … ငါကသာ အေရးမပါတဲ့သူဆိုရင္ မင္းရဲ႕အဆိပ္ေတြကို ဘာေၾကာင့္ ျဖဳန္းတီးေနေတာ့မွာလဲ … ” လို႔ အဓိပၸာယ္ရတဲ့ အသည္းကြဲသီခ်င္းတစ္ပုဒ္ ျဖစ္ပါတယ္။

မေန႔ညကမွ ထြက္ရွိထားတဲ့ သီခ်င္းသစ္ျဖစ္ေပမယ့္ နာရီပိုင္းအတြင္းမွာပဲ ၾကည့္ရႈနားဆင္သူေပါင္း (၆.၇)သန္းေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။ Billie နဲ႔ Rosalia တို႔ရဲ႕ သီခ်င္းေလးကို ေအာက္က လင့္ခ္မွာ နားဆင္ၾကည့္လိုက္ပါဦး။

Linda December

Ref: genius/ billboard

RELATED ARTICLES

Most Popular