HomeEntertainmentFilmပရိသတ်တွေ စောင့်စားနေကြတဲ့ Haunting of Bly Manor ရဲ့ teaser ထွက်ရှိလာ

ပရိသတ်တွေ စောင့်စားနေကြတဲ့ Haunting of Bly Manor ရဲ့ teaser ထွက်ရှိလာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ ကာလကြာရှည် စောင့်စားနေခဲ့ရတဲ့ horror ဇာတ်လမ်းတွဲတစ်ခုကတော့ မကြာခင်မှာ ကြည့်ရှုရပါတော့မယ်။ Netflix က ထုတ်လွှင့်ခဲ့တဲ့ Haunting of Hill House ပထမ season အပြီးမှာ နောက်ဆက်တွဲ season ကို ပရိသတ်တွေက စောင့်စားနေခဲ့ကြတာဖြစ်ပြီး အခုဆိုရင်တော့ Haunting of Bly Manor လို့ အမည်ပေးထားတဲ့ ဒုတိယ season ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Haunting of Bly Manor ဟာ ပထမဇာတ်လမ်းတွဲ Haunting of Hill House နဲ့ ဇာတ်လမ်းပိုင်း ဆက်စပ်မှာ မဟုတ်ဘဲ နောက်ထပ် အိမ်တစ်လုံးရဲ့အကြောင်းကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ Netflix ဟာ season တစ်ခုကို အကြောင်းအရာတစ်ခု သီးသန့်ဖော်ပြတဲ့ပုံစံမျိုးနဲ့ အိမ်တစ်လုံးကို ဇာတ်လမ်းတစ်ခုပုံစံနဲ့ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Photo: Netflix

Haunting of Bly Manor ကိုတော့ လာမယ့် အောက်တိုဘာလ(၉)ရက်နေ့မှာ စတင်ပြသသွားမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ teaser ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီ season ကိုတော့ စာရေးဆရာ Henry James ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပထမဆုံး ထွက်ရှိလာတဲ့ teaser အရ season (1) မှာ ပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Victoria Pedretti ၊ Oliver Jackson-Cohen နဲ့ Henry Thomas တို့ ပြန်လည်ပါဝင်ထားတာ တွေ့ရပါတယ်။

teaser ထဲမှာတော့ အချိန်ကာလကို ၁၉၈၀ပြည့်နှစ် ဝန်းကျင်မှာ ဇာတ်လမ်းတည်ထားတာ တွေ့ရပါတယ်။ Victoria ဟာ Dani Clayton ဆိုတဲ့ ကာရိုက်တာကနေ သရုပ်ဆောင်ထားပြီး မိဘမဲ့ကလေးနှစ်ယောက်ကို စောင့်ရှောက်ပြီး စာသင်ကြားပေးဖို့ Bly Manor အိမ်ကြီးကို ရောက်ရှိလာတဲ့ ဆရာမလေးအဖြစ် တွေ့ရပါတယ်။

Photo: Netflix

ဆရာမလေး Dani ဟာ အိမ်ကြီးရဲ့ မြေအောက်ခန်းထဲကို ဝင်လာတဲ့အချိန်မှာပဲ အရုပ်တွေအများကြီးကို စုပုံထားတာ တွေ့ရပါတယ်။ ဒီထဲက အရုပ်တစ်ရုပ်ကို ကောက်ကိုင်လိုက်ချိန်မှာ ဆူညံသံတစ်ခုကို ကြားလိုက်ရတာကြောင့် Dani တစ်ယောက် အပေါ်ထပ်ကို ပြန်တက်သွားခဲ့ပါတယ်။ အခန်းထဲက သူမ ထွက်သွားခဲ့ပေမယ့် ကျန်ရှိနေတဲ့ အရုပ်ပုံကြီးထဲက အရုပ်တစ်ရုပ်က လှုပ်ရှားသွားတာကို teaser ထဲမှာ တွေ့လိုက်ရပါတယ်။

ဆရာမလေး Dani ကို ငှားရမ်းလိုက်တဲ့ အိမ်ကြီးရှင်ကတော့ ဇနီးသည်ဖြစ်သူကို ဆုံးရှုံးထားရတဲ့ Henry Wingrave ဆိုသူ ဖြစ်ပါတယ်။ Henry Wingrave နေရာမှာ သရုပ်ဆောင်ထားတာကတော့ သရုပ်ဆောင် Henry Thomas ဖြစ်ပါတယ်။ ပထမ Hill House ဇာတ်လမ်းထဲမှာ Luke Crain အဖြစ်နဲ့ ပီပြင်စွာ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မင်းသား Oliver Jackson-Cohen ကတော့ ယခု season 2 မှာ Peter Quint ဆိုတဲ့ ဇာတ်ရုပ်ကနေ ပါဝင်ထားပါတယ်။

ရှိုးရဲ့ ဖန်တီးသူ Mike Flanagan ရဲ့ လက်ရာတွေကိုလည်း ယခု season 2 မှာ ထပ်မံတွေ့ရှိရဦးမှာ ဖြစ်ပါတယ်။ teaser ထဲက အခန်းတစ်ခန်းမှာဆိုရင် ရေထဲက တက်လာတဲ့ တစ်စုံတစ်ယောက်ကို တွေ့ရှိရမှာဖြစ်ပြီး Hill House ထဲက နာမည်ကြီး အနီရောင်တံခါးချပ်လိုပဲ Bly Manor မှာလည်း တံခါးချပ်တစ်ခု ပါဝင်နေကြောင်း အရိပ်အမြွက် ပြသွားပါသေးတယ်။

season 2 မှာ ပါဝင်ထားတဲ့ အခြားသရုပ်ဆောင်တွေကတော့ Amelie Bea Smith ၊ Benjamin Evan Ainsworth ၊ Rahul Kohli ၊ Amelia Eve ၊ T’Nia Miller နဲ့ Kate Siegel တို့ ဖြစ်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

ပရိသတ္ေတြ ကာလၾကာရွည္ ေစာင့္စားေနခဲ့ရတဲ့ horror ဇာတ္လမ္းတြဲတစ္ခုကေတာ့ မၾကာခင္မွာ ၾကည့္ရႈရပါေတာ့မယ္။ Netflix က ထုတ္လႊင့္ခဲ့တဲ့ Haunting of Hill House ပထမ season အၿပီးမွာ ေနာက္ဆက္တြဲ season ကို ပရိသတ္ေတြက ေစာင့္စားေနခဲ့ၾကတာျဖစ္ၿပီး အခုဆိုရင္ေတာ့ Haunting of Bly Manor လို႔ အမည္ေပးထားတဲ့ ဒုတိယ season ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

Haunting of Bly Manor ဟာ ပထမဇာတ္လမ္းတြဲ Haunting of Hill House နဲ႔ ဇာတ္လမ္းပိုင္း ဆက္စပ္မွာ မဟုတ္ဘဲ ေနာက္ထပ္ အိမ္တစ္လုံးရဲ႕အေၾကာင္းကို ၾကည့္ရႈခံစားရမွာ ျဖစ္ပါတယ္။ Netflix ဟာ season တစ္ခုကို အေၾကာင္းအရာတစ္ခု သီးသန႔္ေဖာ္ျပတဲ့ပုံစံမ်ိဳးနဲ႔ အိမ္တစ္လုံးကို ဇာတ္လမ္းတစ္ခုပုံစံနဲ႔ ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။

Photo: Netflix

Haunting of Bly Manor ကိုေတာ့ လာမယ့္ ေအာက္တိုဘာလ(၉)ရက္ေန႔မွာ စတင္ျပသသြားမွာ ျဖစ္ၿပီး ေလာေလာဆယ္မွာေတာ့ teaser ထြက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ ဒီ season ကိုေတာ့ စာေရးဆရာ Henry James ရဲ႕ ဝတၳဳကို အေျခခံ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ပထမဆုံး ထြက္ရွိလာတဲ့ teaser အရ season (1) မွာ ပါဝင္ခဲ့ၾကတဲ့ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Victoria Pedretti ၊ Oliver Jackson-Cohen နဲ႔ Henry Thomas တို႔ ျပန္လည္ပါဝင္ထားတာ ေတြ႕ရပါတယ္။

teaser ထဲမွာေတာ့ အခ်ိန္ကာလကို ၁၉၈၀ျပည့္ႏွစ္ ဝန္းက်င္မွာ ဇာတ္လမ္းတည္ထားတာ ေတြ႕ရပါတယ္။ Victoria ဟာ Dani Clayton ဆိုတဲ့ ကာ႐ိုက္တာကေန သ႐ုပ္ေဆာင္ထားၿပီး မိဘမဲ့ကေလးႏွစ္ေယာက္ကို ေစာင့္ေရွာက္ၿပီး စာသင္ၾကားေပးဖို႔ Bly Manor အိမ္ႀကီးကို ေရာက္ရွိလာတဲ့ ဆရာမေလးအျဖစ္ ေတြ႕ရပါတယ္။

Photo: Netflix

ဆရာမေလး Dani ဟာ အိမ္ႀကီးရဲ႕ ေျမေအာက္ခန္းထဲကို ဝင္လာတဲ့အခ်ိန္မွာပဲ အ႐ုပ္ေတြအမ်ားႀကီးကို စုပုံထားတာ ေတြ႕ရပါတယ္။ ဒီထဲက အ႐ုပ္တစ္႐ုပ္ကို ေကာက္ကိုင္လိုက္ခ်ိန္မွာ ဆူညံသံတစ္ခုကို ၾကားလိုက္ရတာေၾကာင့္ Dani တစ္ေယာက္ အေပၚထပ္ကို ျပန္တက္သြားခဲ့ပါတယ္။ အခန္းထဲက သူမ ထြက္သြားခဲ့ေပမယ့္ က်န္ရွိေနတဲ့ အ႐ုပ္ပုံႀကီးထဲက အ႐ုပ္တစ္႐ုပ္က လႈပ္ရွားသြားတာကို teaser ထဲမွာ ေတြ႕လိုက္ရပါတယ္။

ဆရာမေလး Dani ကို ငွားရမ္းလိုက္တဲ့ အိမ္ႀကီးရွင္ကေတာ့ ဇနီးသည္ျဖစ္သူကို ဆုံးရႈံးထားရတဲ့ Henry Wingrave ဆိုသူ ျဖစ္ပါတယ္။ Henry Wingrave ေနရာမွာ သ႐ုပ္ေဆာင္ထားတာကေတာ့ သ႐ုပ္ေဆာင္ Henry Thomas ျဖစ္ပါတယ္။ ပထမ Hill House ဇာတ္လမ္းထဲမွာ Luke Crain အျဖစ္နဲ႔ ပီျပင္စြာ သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္အခိုင္အမာ ရရွိထားတဲ့ မင္းသား Oliver Jackson-Cohen ကေတာ့ ယခု season 2 မွာ Peter Quint ဆိုတဲ့ ဇာတ္႐ုပ္ကေန ပါဝင္ထားပါတယ္။

ရႈိးရဲ႕ ဖန္တီးသူ Mike Flanagan ရဲ႕ လက္ရာေတြကိုလည္း ယခု season 2 မွာ ထပ္မံေတြ႕ရွိရဦးမွာ ျဖစ္ပါတယ္။ teaser ထဲက အခန္းတစ္ခန္းမွာဆိုရင္ ေရထဲက တက္လာတဲ့ တစ္စုံတစ္ေယာက္ကို ေတြ႕ရွိရမွာျဖစ္ၿပီး Hill House ထဲက နာမည္ႀကီး အနီေရာင္တံခါးခ်ပ္လိုပဲ Bly Manor မွာလည္း တံခါးခ်ပ္တစ္ခု ပါဝင္ေနေၾကာင္း အရိပ္အႁမြက္ ျပသြားပါေသးတယ္။

season 2 မွာ ပါဝင္ထားတဲ့ အျခားသ႐ုပ္ေဆာင္ေတြကေတာ့ Amelie Bea Smith ၊ Benjamin Evan Ainsworth ၊ Rahul Kohli ၊ Amelia Eve ၊ T’Nia Miller နဲ႔ Kate Siegel တို႔ ျဖစ္ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular