HomeCelebs Update NewsInternationalတခြားမိန်းမကို နမ်းနေတဲ့ဓာတ်ပုံကြောင့် ခင်ပွန်းနဲ့ ကွာရှင်းလိုက်တဲ့ Toni Collette

တခြားမိန်းမကို နမ်းနေတဲ့ဓာတ်ပုံကြောင့် ခင်ပွန်းနဲ့ ကွာရှင်းလိုက်တဲ့ Toni Collette

မင်းသမီး Toni Collette နဲ့ သူမရဲ့ခင်ပွန်းသည်တို့ဟာ အိမ်ထောင်သက် နှစ်နှစ်ဆယ်ကျော် ပေါင်းသင်းလာပြီးနောက် လမ်းခွဲလိုက်ကြပြီလို့ သိရပါတယ်။ အသက်(၅၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီး Collette ဟာ မနေ့က ဗုဒ္ဓဟူးနေ့မှာပဲ သူမရဲ့အင်စတာရမ်မှာ ခင်ပွန်းနဲ့ လမ်းခွဲမယ့်အကြောင်း ပရိသတ်တွေကို အသိပေးလိုက်တာ ဖြစ်ပါတယ်။

သူမရဲ့ အင်စတာဂရမ်ပို့စ်မှာတော့ သူမနဲ့ ခင်ပွန်းသည် Dave Galafassi တို့ရဲ့ ပူးပေါင်းကြေညာချက်ကို မျှဝေထားတာဖြစ်ပြီး “ကျေးဇူးတင်ရှိစွာနဲ့ပဲ ကျွန်တော်၊ ကျွန်မတို့ ကွာရှင်းလိုက်ကြပါပြီ …”လို့ ရေးသားထားပါတယ်။ ကြေညာချက်က အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Photo Credit: Kristian Dowling/ Getty

“အချိန်ကာလတစ်ခုအထိ ခွဲနေကြပြီးတဲ့နောက် ကျေးဇူးတင်ရှိစွာနဲ့ပဲ ကျွန်မတို့နှစ်ယောက် ကွာရှင်းကြတော့မယ့်အကြောင်း ကြေညာလိုက်ရပါတယ်။ ကျွန်မတို့ဟာ နှစ်ယောက်အတူ ဆုံးဖြတ်ချက်အတိုင်း ပေါင်းသင်း နေထိုင်ခဲ့ကြသလို တစ်ယောက်နဲ့တစ်ယောက် မေတ္တာမပျက်ဘဲ အပြန်အလှန် လေးစားမှုနဲ့ လမ်းခွဲကြမှာ ဖြစ်ပါတယ် …”

“ကျွန်မတို့ရဲ့ ကလေးတွေဟာ ကျွန်မတို့အတွက် အရေးကြီးဆုံးဖြစ်ပြီး မတူညီတဲ့ ပုံစံတစ်မျိုးနဲ့ မိသားစုတစ်ခုအဖြစ် ဆက်လက် နေထိုင်သွားကြမှာ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲကာလမှာ ကျွန်မတို့ အေးအေးချမ်းချမ်းနဲ့ ရှေ့ဆက်သွားနိုင်အောင် ရှင်တို့အားလုံး ပေးထားကြတဲ့ ချစ်ခြင်းမေတ္တာနဲ့ privacy အတွက် ကျေးဇူးတင်ရပါတယ်။ ကျေးဇူးအများကြီးပါတယ်။ Toni Collette နဲ့ David Galafassi …” လို့ ဖော်ပြထားပါတယ်။

Photo: toni_collette_love/ Instagram

Collette ရဲ့ ကွာရှင်းမယ့် ကြေညာချက်ကတော့ ဩစတျေးလျနိုင်ငံ၊ Sidney မြို့က ကမ်းခြေတစ်ခုမှာ ခင်ပွန်းသည် David Galafassi ရဲ့ အမျိုးသမီးတစ်ယောက်နဲ့ နမ်းရှုံ့နေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီး နောက်တစ်ရက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒရမ်သမားတစ်ဦးဖြစ်တဲ့ David နဲ့ အမျိုးသမီးတစ်ဦးတို့ ကမ်းခြေမှာ နမ်းရှုံ့နေကြတဲ့ ဓာတ်ပုံတွေကိုတော့ The Daily Mail သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Collette နဲ့ Galafassi တို့ဟာ ၂၀၀၃ ခုနှစ်တုန်းက ဗုဒ္ဓဘာသာ ထုံးတမ်းဓလေ့အရ ထိမ်းမြားလက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပထမဆုံး သမီးဦးလေး Sage ကိုတော့ ၂၀၀၈ ခုနှစ်က မွေးဖွားခဲ့ပြီး သားငယ်လေး Arlo ကိုတော့ ၂၀၁၁ ခုနှစ်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular