HomeEntertainmentFilmဝင်ငွေအရ ထင်သလောက် မအောင်မြင်ခဲ့ပေမယ့် ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်ကားကောင်းများ

ဝင်ငွေအရ ထင်သလောက် မအောင်မြင်ခဲ့ပေမယ့် ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နှစ်စဉ်နှစ်တိုင်းမှာ ဘတ်ဂျက်များစွာ အသုံးပြုပြီး ရိုက်ကူးကြတဲ့ Blockbuster ရုပ်ရှင်တွေ ထွက်ရှိလာပေမယ့်လည်း တချို့ Blockbuster တွေကတော့ ဝင်ငွေတွေအများကြီး မရရှိခဲ့ပါဘူး။ များသောအားဖြင့်တော့ ဒီလိုမျိူး ဖြစ်သွားတဲ့ ရုပ်ရှင်တွေဟာ မကောင်းလို့ပါလို့ ပြောနိုင်ပေမယ့်လည်း တချို့ရုပ်ရှင်တွေကတော့ ပရိသတ်တွေလည်း အကြိုက်တွေ့ခဲ့ပေမယ့် ဝင်ငွေနည်းပါးခဲ့တာမျိူးတွေ ရှိပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဝင်ငွေတွေအများကြီး မရရှိခဲ့ပေမယ့်လည်း ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) John Carter
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ John Carter ဟာ မားစ်ဂြိုဟ်ပေါ်ကို ရောက်သွားပြီး စူပါပါဝါတွေ ရရှိသွားပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ဂြိုဟ်သားတွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီး ဘာတွေဆက်ဖြစ်မလည်းဆိုတာကို စိတ်ဝင်စားစရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Taylor Kitsch ၊ Lynn Collins နဲ့ Willem Dafoe တို့ အဓိက ပါဝင်ထားပါတယ်။

(6) Solo: A Star Wars Story
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Han Solo ဟာ ဒုစရိုက်မြေအောက်လောကရဲ့ ကြီးမားတဲ့ ဓားပြတိုက် လုယက်မှုတစ်ခုမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ဘဝကို ပြောင်းလဲသွားစေမယ့် လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပုံကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Alden Ehrenreich ၊ Emilia Clarke နဲ့ Donald Glover တို့ အဓိကပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်းဝင်ခဲ့ပါတယ်။

(5) Rise of the Guardians
photo via screenrant

ဒီ Animation ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Pitch ဆိုတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တစ်ခုဟာ ကလေးတွေကို တိုက်ခိုက်ပြီး ကမ္ဘာကို သိမ်းယူဖို့ ကြိုးစားတဲ့အချိန်မှာတော့ စွမ်းအားတွေ ကိုယ်စီပိုင်ဆိုင်ထားတဲ့ Guardians တွေဟာ ကလေးတွေကို ကာကွယ်ပေးရပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ Chris Pine ၊ Hugh Jackman နဲ့ Jude Law တို့ အဓိကပါဝင်ထားပါတယ်။

(4) The Man From U.N.C.L.E.
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒုစရိုက်အဖွဲ့အစည်းတစ်ခုကို နျူကလီးယားလက်နက်တွေ အသုံးမပြုနိုင်အောင် တားဆီးဖို့အတွက် CIA အေးဂျင့်တစ်ယောက်နဲ့ KGB အေးဂျင့်တစ်ယောက်တို့ဟာ မတူညီမှုတွေကို ဘေးချိတ်ပြီး ဒီမစ်ရှင်ကို အတူတူ လုပ်ဆောင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Henry Cavill ၊ Armie Hammer နဲ့ Elizabeth Debicki တို့ အဓိကပါဝင်ထားပါတယ်။

(3) Cloud Atlas
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက်အရွယ်တွေ မတူညီတဲ့ လူခြောက်ယောက်ဟာ လူသားတွေရဲ့ လုပ်ရပ်က သူတို့ချစ်ရသူတွေရဲ့ ဘဝတွေကို ဘယ်လိုဆိုးကျိူးတွေ သက်ရောက်စေတယ်ဆိုတာ တဖြည်းဖြည်းနဲ့ သိရှိသွားပုံကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Tom Hanks ၊ Bae Doona နဲ့Halle Berry တို့က အဓိကပါဝင်ထားပါတယ်။

(2) Hugo
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.5) ရရှိထားပါတယ်။ ၁၉၃၁ ခုနှစ်ရဲ့ ပဲရစ်မြို့မှာ ဇာတ်အိမ်တည်ထားပြီး မိဘမဲ့ကောင်လေးတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာပါ။ အဲ့ဒီနောက်မှာတော့ ဒီကလေးလေးဟာ သူ့ရဲ့ ကွယ်လွန်သွားတဲ့ အဖေနဲ့ စက်ရုပ်တစ်ခုတို့နဲ့ ပတ်သက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေကို ရှာတွေ့သွားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Asa Butterfield ၊ Chloe Grace Moretz နဲ့ Ben Kingsley တို့ အဓိကပါဝင်ထားပြီး အော်စကာငါးဆု ရရှိထားပါတယ်။

(1) Blade Runner 2049
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားပါတယ်။ K ဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာ အရာအားလုံးကို ပျက်စီးသွားစေနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိရာက ဇာတ်လမ်းစပါတယ်။ ဒါကြောင့်ပဲ သူဟာ ဆယ်စုနှစ်သုံးခုလောက် ပျောက်ဆုံးနေတဲ့ Blade Runner တစ်ယောက်ကို ရှာဖွေရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Ryan Gosling ၊ Harrison Ford ၊ Ana de Armas နဲ့ Jared Leto တို့ အဓိကပါဝင်ထားပြီး အော်စကာနှစ်ဆု ရရှိထားပါတယ်။

ဒါကတော့ ဝင်ငွေအရ ထင်သလောက် မအောင်မြင်ခဲ့ပေမယ့် ပရိသတ်တွေအကြိုက် ဖြစ်ခဲ့ကြတဲ့ ဇာတ်ကားကောင်းတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အလားတူ ကားကောင်းတွေရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ႏွစ္စဥ္ႏွစ္တိုင္းမွာ ဘတ္ဂ်က္မ်ားစြာ အသုံးျပဳၿပီး ရိုက္ကူးၾကတဲ့ Blockbuster ႐ုပ္ရွင္ေတြ ထြက္ရွိလာေပမယ့္လည္း တခ်ိဳ႕ Blockbuster ေတြကေတာ့ ဝင္ေငြေတြအမ်ားႀကီး မရရွိခဲ့ပါဘူး။ မ်ားေသာအားျဖင့္ေတာ့ ဒီလိုမ်ိဴး ျဖစ္သြားတဲ့ ႐ုပ္ရွင္ေတြဟာ မေကာင္းလို႔ပါလို႔ ေျပာနိုင္ေပမယ့္လည္း တခ်ိဳ႕႐ုပ္ရွင္ေတြကေတာ့ ပရိသတ္ေတြလည္း အႀကိဳက္ေတြ႕ခဲ့ေပမယ့္ ဝင္ေငြနည္းပါးခဲ့တာမ်ိဴးေတြ ရွိပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ဝင္ေငြေတြအမ်ားႀကီး မရရွိခဲ့ေပမယ့္လည္း ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ၾကတဲ့ ႐ုပ္ရွင္ကားေကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) John Carter
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.6) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ John Carter ဟာ မားစ္ၿဂိဳဟ္ေပၚကို ေရာက္သြားၿပီး စူပါပါဝါေတြ ရရွိသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ ၿဂိဳဟ္သားေတြရဲ့ ဖမ္းဆီးတာကို ခံလိုက္ရၿပီး ဘာေတြဆက္ျဖစ္မလည္းဆိုတာကို စိတ္ဝင္စားစရာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Taylor Kitsch ၊ Lynn Collins နဲ႔ Willem Dafoe တို႔ အဓိက ပါဝင္ထားပါတယ္။

(6) Solo: A Star Wars Story
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.9) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Han Solo ဟာ ဒုစရိုက္ေျမေအာက္ေလာကရဲ့ ႀကီးမားတဲ့ ဓားျပတိုက္ လုယက္မွုတစ္ခုမွာ ပါဝင္ခဲ့ၿပီး သူ႔ရဲ့ဘဝကို ေျပာင္းလဲသြားေစမယ့္ လူတစ္ေယာက္နဲ႔ ဆုံေတြ႕ခဲ့ပုံကို ျမင္ေတြ႕ရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Alden Ehrenreich ၊ Emilia Clarke နဲ႔ Donald Glover တို႔ အဓိကပါဝင္ထားၿပီး ေအာ္စကာတစ္ဆုအတြက္ စံကာတင္စာရင္းဝင္ခဲ့ပါတယ္။

(5) Rise of the Guardians
photo via screenrant

ဒီ Animation ကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.3) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Pitch ဆိုတဲ့ မေကာင္းဆိုးဝါးဝိဉာဥ္တစ္ခုဟာ ကေလးေတြကို တိုက္ခိုက္ၿပီး ကမၻာကို သိမ္းယူဖို႔ ႀကိဳးစားတဲ့အခ်ိန္မွာေတာ့ စြမ္းအားေတြ ကိုယ္စီပိုင္ဆိုင္ထားတဲ့ Guardians ေတြဟာ ကေလးေတြကို ကာကြယ္ေပးရပါေတာ့တယ္။ အသံသ႐ုပ္ေဆာင္ေတြကေတာ့ Chris Pine ၊ Hugh Jackman နဲ႔ Jude Law တို႔ အဓိကပါဝင္ထားပါတယ္။

(4) The Man From U.N.C.L.E.
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.3) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ဒုစရိုက္အဖြဲ႕အစည္းတစ္ခုကို န်ဴကလီးယားလက္နက္ေတြ အသုံးမျပဳနိုင္ေအာင္ တားဆီးဖို႔အတြက္ CIA ေအးဂ်င့္တစ္ေယာက္နဲ႔ KGB ေအးဂ်င့္တစ္ေယာက္တို႔ဟာ မတူညီမွုေတြကို ေဘးခ်ိတ္ၿပီး ဒီမစ္ရွင္ကို အတူတူ လုပ္ေဆာင္ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Henry Cavill ၊ Armie Hammer နဲ႔ Elizabeth Debicki တို႔ အဓိကပါဝင္ထားပါတယ္။

(3) Cloud Atlas
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.4) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အသက္အရြယ္ေတြ မတူညီတဲ့ လူေျခာက္ေယာက္ဟာ လူသားေတြရဲ့ လုပ္ရပ္က သူတို႔ခ်စ္ရသူေတြရဲ့ ဘဝေတြကို ဘယ္လိုဆိုးက်ိဴးေတြ သက္ေရာက္ေစတယ္ဆိုတာ တျဖည္းျဖည္းနဲ႔ သိရွိသြားပုံကို ပုံေဖာ္ထားတာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Tom Hanks ၊ Bae Doona နဲ႔Halle Berry တို႔က အဓိကပါဝင္ထားပါတယ္။

(2) Hugo
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.5) ရရွိထားပါတယ္။ ၁၉၃၁ ခုႏွစ္ရဲ့ ပဲရစ္ၿမိဳ႕မွာ ဇာတ္အိမ္တည္ထားၿပီး မိဘမဲ့ေကာင္ေလးတစ္ေယာက္အေၾကာင္းကို ျမင္ေတြ႕ရမွာပါ။ အဲ့ဒီေနာက္မွာေတာ့ ဒီကေလးေလးဟာ သူ႔ရဲ့ ကြယ္လြန္သြားတဲ့ အေဖနဲ႔ စက္႐ုပ္တစ္ခုတို႔နဲ႔ ပတ္သက္ၿပီး လၽွို႔ဝွက္ဆန္းၾကယ္တဲ့အရာေတြကို ရွာေတြ႕သြားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Asa Butterfield ၊ Chloe Grace Moretz နဲ႔ Ben Kingsley တို႔ အဓိကပါဝင္ထားၿပီး ေအာ္စကာငါးဆု ရရွိထားပါတယ္။

(1) Blade Runner 2049
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.0) ရရွိထားပါတယ္။ K ဆိုတဲ့ ရဲအရာရွိတစ္ေယာက္ဟာ အရာအားလုံးကို ပ်က္စီးသြားေစနိုင္တဲ့ လၽွို႔ဝွက္ခ်က္တစ္ခုကို ရွာေဖြေတြ႕ရွိရာက ဇာတ္လမ္းစပါတယ္။ ဒါေၾကာင့္ပဲ သူဟာ ဆယ္စုႏွစ္သုံးခုေလာက္ ေပ်ာက္ဆုံးေနတဲ့ Blade Runner တစ္ေယာက္ကို ရွာေဖြရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Ryan Gosling ၊ Harrison Ford ၊ Ana de Armas နဲ႔ Jared Leto တို႔ အဓိကပါဝင္ထားၿပီး ေအာ္စကာႏွစ္ဆု ရရွိထားပါတယ္။

ဒါကေတာ့ ဝင္ေငြအရ ထင္သေလာက္ မေအာင္ျမင္ခဲ့ေပမယ့္ ပရိသတ္ေတြအႀကိဳက္ ျဖစ္ခဲ့ၾကတဲ့ ဇာတ္ကားေကာင္းေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အလားတူ ကားေကာင္းေတြရွိရင္လည္း ျပန္လည္ေဝမၽွခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular