HomeCelebs Update NewsInternationalမင္းသားႀကီး Brad Pitt တကယ္ပဲ အခ်စ္သစ္နဲ႔ ေတြ႕ေနၿပီလား?

မင္းသားႀကီး Brad Pitt တကယ္ပဲ အခ်စ္သစ္နဲ႔ ေတြ႕ေနၿပီလား?

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

မင္းသားႀကီး Brad Pitt တစ္ေယာက္ ဇနီးေဟာင္း Angelina Jolie နဲ႔ လမ္းခြဲၿပီးတည္းက အခ်စ္သစ္ေတြ႕ေနၿပီလားဆိုတဲ့ မွန္းဆခ်က္ေတြနဲ႔အတူ ေကာလာဟလေတြကလည္း မၾကာမၾကာ ထြက္ေပၚလာေနတာ ေတြ႕ရပါတယ္။ လက္ရိွ Brad ရဲ႕ အခ်စ္ေရးအေျခအေနကိုေတာ့ Hollywood Life ၀က္ဘ္ဆိုဒ္က အခုလို အတည္ျပဳေပးထားပါတယ္။

အသက္(၅၅)ႏွစ္အရြယ္ရိွၿပီျဖစ္တဲ့ Brad Pitt ဟာ အသက္(၅၀)ႏွစ္အရြယ္ ေက်ာက္မ်က္ရတနာဒီဇိုင္နာ Sat Hari Khalsa နဲ႔ တြဲခုတ္ေနသလားဆိုတဲ့ ေကာလာဟလေတြ ပ်ံ႕ႏွံ႔ေနခဲ့တာ အေတာ္ေလးေတာ့ ၾကာခဲ့ပါၿပီ။ သူတို႔ႏွစ္ေယာက္ကို ၂၀၁၈ခုႏွစ္ စက္တင္ဘာလမွာ က်င္းပခဲ့တဲ့ Silverlake Conservatory of Music ပြဲရဲ႕ ႏွစ္ပတ္လည္ ေလလံပြဲမွာ အတူတြဲေတြ႕ရၿပီးကတည္းက ဒီလိုသတင္းေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ အဆိုပါပြဲမွာေတာ့ ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီး စကားေတြေဖာင္ဖြဲ႔ေနခဲ့သလို ႏွစ္ေယာက္သားရဲ႕ ဆက္ဆံေရးအရ တြဲေနၾကၿပီဆိုတာကို ခန္႔မွန္းခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါ့အျပင္ လြန္ခဲ့တဲ့ တစ္ပတ္ေလာက္ကလည္း ဒီေကာလာဟလက တစ္ေက်ာ႔ျပန္လာခဲ့ၿပီး US Weekly မဂၢဇင္းႀကီးကလည္း ႏွစ္ေယာက္သား တြဲေနၾကၿပီဆိုတဲ့ သတင္းေရးခဲ့တာကို ေတြ႕ရပါတယ္။ သို႔ေပမယ့္ Hollywood Life ၀က္ဘ္ဆိုဒ္ရဲ႕ အဆိုအရေတာ့ Brad ဟာ အခုထိ ဆင္ဂယ္လ္ပဲလို႔ သိရပါတယ္။

Photo: Jonathan T Mare/ flickr

Brad နဲ႔ နီးစပ္တဲ့အသိုင္းအ၀ိုင္းက “Brad က ဆင္ဂယ္လ္ပါပဲ။ အခု ဆုေပးပြဲရာသီေတြလည္း ေရာက္လာေတာ့မယ္ဆိုေတာ့ သူ႔ရဲ႕ရုပ္ရွင္ေတြျဖစ္တဲ့ Ad Astra နဲ႔ Once Upon A Time In Hollywood ႏွစ္ကားအတြက္သာ ရင္ခုန္ေနပါတယ္။ သူ႔ရဲ႕လက္ရိွ ရပ္တည္ေနတဲ့ ေနရာနဲ႔ အေနအထားကိုလည္း သူတကယ္ ေက်နပ္ေနပါတယ္။ အခု သူနဲ႔တြဲေနပါတယ္လို႔ သတင္းထြက္ေနတဲ့တစ္ေယာက္ကလည္း သူ႔ရဲ႕မိတ္ေဆြပါ။ သူနဲ႔ ရင္းရင္းႏွီးႏွီး ဟာသေျပာလို႔ရတဲ့ မိတ္ေဆြပါ” လို႔ ရွင္းျပထားပါတယ္။

ဒါ့အျပင္ “ဒီသတင္းေတြ ျဖစ္လာေတာ့ သူ႔မိတ္ေဆြအတြက္ Brad က နည္းနည္းေတာ့ စိတ္ကသိကေအာက္ ျဖစ္ေနတာေပါ့။ သိတယ္မွတ္လား။ Sat အေနနဲ႔လည္း ဒီလိုမီဒီယာေတြက ဖြတာမ်ိဳး ခံရဖို႔ မသင့္ဘူးေလ။ သူေတြက တကယ့္ မိတ္ေဆြေတြပါ။ အခု ေဘးက၀ိုင္းဖန္တီးေပးေနတဲ့ သတင္းေတြက တစ္ခုမွ အမွန္မဟုတ္ပါဘူး။ ဒါမ်ိဳးေတြးမိေနတဲ့လူေတြကလည္း တကယ္ကို မွားေနၾကတာပါ။ Brad က ဆင္ဂယ္လ္ဘ၀ကို ေပ်ာ္ေပ်ာ္ႀကီး ျဖတ္သန္းေနပါတယ္” လို႔ ေျပာျပထားပါေသးတယ္။

Photo: Jonathan T Mare/ flickr

Brad Pitt ဟာ ၂၀၀၀ခုႏွစ္မွာ မင္းသမီးေခ်ာ Jennifer Aniston နဲ႔ လက္ထပ္ခဲ့ၿပီး ၂၀၀၅ခုႏွစ္မွာ လမ္းခြဲခဲ့ပါတယ္။ အ့ဲဒီ့ေနာက္မွာေတာ့ မင္းသမီး Angelina Jolie နဲ႔ ၂၀၁၄ခုႏွစ္မွာ တရား၀င္ လက္ထပ္ခဲ့ၿပီး ၂၀၁၆ခုႏွစ္မွာေတာ့ တစ္ေယာက္တစ္ေနရာစီ ခြဲေနခဲ့ၾကတာ ျဖစ္ပါတယ္။ Brad နဲ႔ Jolie တို႔ႏွစ္ေယာက္မွာေတာ့ ကေလးေျခာက္ေယာက္ ရိွပါတယ္။ Shiloh နဲ႔ အမႊာေလးႏွစ္ေယာက္ျဖစ္တဲ့ Knox နဲ႔ Vivienne တို႔ သုံးေယာက္ကေတာ့ တကယ့္ သားသမီးအရင္းေတြျဖစ္ၿပီး Maddox ၊ Pax နဲ႔ Zahara တို႔ သုံးေယာက္ကေတာ့ ေမြးစားထားတဲ့ ကေလးေတြျဖစ္ပါတယ္။ Maddox ကို ကေမာၻဒီးယားႏိုင္ငံကေန ေခၚယူ ေမြးစားခဲ့တာျဖစ္ၿပီး Zahara ကိုေတာ့ အီသီယိုးပီးယားကေန ေမြးစားခဲ့တာျဖစ္ကာ Pax ကိုေတာ့ ဗီယက္နမ္ကေန ေမြးစားထားခဲ့တာ ျဖစ္ပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

မင်းသားကြီး Brad Pitt တစ်ယောက် ဇနီးဟောင်း Angelina Jolie နဲ့ လမ်းခွဲပြီးတည်းက အချစ်သစ်တွေ့နေပြီလားဆိုတဲ့ မှန်းဆချက်တွေနဲ့အတူ ကောလာဟလတွေကလည်း မကြာမကြာ ထွက်ပေါ်လာနေတာ တွေ့ရပါတယ်။ လက်ရှိ Brad ရဲ့ အချစ်ရေးအခြေအနေကိုတော့ Hollywood Life ဝက်ဘ်ဆိုဒ်က အခုလို အတည်ပြုပေးထားပါတယ်။

အသက်(၅၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Brad Pitt ဟာ အသက်(၅၀)နှစ်အရွယ် ကျောက်မျက်ရတနာဒီဇိုင်နာ Sat Hari Khalsa နဲ့ တွဲခုတ်နေသလားဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေခဲ့တာ အတော်လေးတော့ ကြာခဲ့ပါပြီ။ သူတို့နှစ်ယောက်ကို ၂၀၁၈ခုနှစ် စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ Silverlake Conservatory of Music ပွဲရဲ့ နှစ်ပတ်လည် လေလံပွဲမှာ အတူတွဲတွေ့ရပြီးကတည်းက ဒီလိုသတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာတော့ နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ပြီး စကားတွေဖောင်ဖွဲ့နေခဲ့သလို နှစ်ယောက်သားရဲ့ ဆက်ဆံရေးအရ တွဲနေကြပြီဆိုတာကို ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလည်း ဒီကောလာဟလက တစ်ကျော့ပြန်လာခဲ့ပြီး US Weekly မဂ္ဂဇင်းကြီးကလည်း နှစ်ယောက်သား တွဲနေကြပြီဆိုတဲ့ သတင်းရေးခဲ့တာကို တွေ့ရပါတယ်။ သို့ပေမယ့် Hollywood Life ဝက်ဘ်ဆိုဒ်ရဲ့ အဆိုအရတော့ Brad ဟာ အခုထိ ဆင်ဂယ်လ်ပဲလို့ သိရပါတယ်။

Photo: Jonathan T Mare/ flickr

Brad နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက “Brad က ဆင်ဂယ်လ်ပါပဲ။ အခု ဆုပေးပွဲရာသီတွေလည်း ရောက်လာတော့မယ်ဆိုတော့ သူ့ရဲ့ရုပ်ရှင်တွေဖြစ်တဲ့ Ad Astra နဲ့ Once Upon A Time In Hollywood နှစ်ကားအတွက်သာ ရင်ခုန်နေပါတယ်။ သူ့ရဲ့လက်ရှိ ရပ်တည်နေတဲ့ နေရာနဲ့ အနေအထားကိုလည်း သူတကယ် ကျေနပ်နေပါတယ်။ အခု သူနဲ့တွဲနေပါတယ်လို့ သတင်းထွက်နေတဲ့တစ်ယောက်ကလည်း သူ့ရဲ့မိတ်ဆွေပါ။ သူနဲ့ ရင်းရင်းနှီးနှီး ဟာသပြောလို့ရတဲ့ မိတ်ဆွေပါ” လို့ ရှင်းပြထားပါတယ်။

ဒါ့အပြင် “ဒီသတင်းတွေ ဖြစ်လာတော့ သူ့မိတ်ဆွေအတွက် Brad က နည်းနည်းတော့ စိတ်ကသိကအောက် ဖြစ်နေတာပေါ့။ သိတယ်မှတ်လား။ Sat အနေနဲ့လည်း ဒီလိုမီဒီယာတွေက ဖွတာမျိုး ခံရဖို့ မသင့်ဘူးလေ။ သူတွေက တကယ့် မိတ်ဆွေတွေပါ။ အခု ဘေးကဝိုင်းဖန်တီးပေးနေတဲ့ သတင်းတွေက တစ်ခုမှ အမှန်မဟုတ်ပါဘူး။ ဒါမျိုးတွေးမိနေတဲ့လူတွေကလည်း တကယ်ကို မှားနေကြတာပါ။ Brad က ဆင်ဂယ်လ်ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေပါတယ်” လို့ ပြောပြထားပါသေးတယ်။

Photo: Jonathan T Mare/ flickr

Brad Pitt ဟာ ၂၀၀၀ခုနှစ်မှာ မင်းသမီးချော Jennifer Aniston နဲ့ လက်ထပ်ခဲ့ပြီး ၂၀၀၅ခုနှစ်မှာ လမ်းခွဲခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ မင်းသမီး Angelina Jolie နဲ့ ၂၀၁၄ခုနှစ်မှာ တရားဝင် လက်ထပ်ခဲ့ပြီး ၂၀၁၆ခုနှစ်မှာတော့ တစ်ယောက်တစ်နေရာစီ ခွဲနေခဲ့ကြတာ ဖြစ်ပါတယ်။ Brad နဲ့ Jolie တို့နှစ်ယောက်မှာတော့ ကလေးခြောက်ယောက် ရှိပါတယ်။ Shiloh နဲ့ အမွှာလေးနှစ်ယောက်ဖြစ်တဲ့ Knox နဲ့ Vivienne တို့ သုံးယောက်ကတော့ တကယ့် သားသမီးအရင်းတွေဖြစ်ပြီး Maddox ၊ Pax နဲ့ Zahara တို့ သုံးယောက်ကတော့ မွေးစားထားတဲ့ ကလေးတွေဖြစ်ပါတယ်။ Maddox ကို ကမ္ဘောဒီးယားနိုင်ငံကနေ ခေါ်ယူ မွေးစားခဲ့တာဖြစ်ပြီး Zahara ကိုတော့ အီသီယိုးပီးယားကနေ မွေးစားခဲ့တာဖြစ်ကာ Pax ကိုတော့ ဗီယက်နမ်ကနေ မွေးစားထားခဲ့တာ ဖြစ်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular