HomeCelebs Update NewsInternationalနိုင်ငံရေးလောကထဲက အမျိုးသမီးတစ်ဦးနဲ့ တွဲနေတယ်လို့ သတင်းထွက်နေတဲ့ Bradley Cooper

နိုင်ငံရေးလောကထဲက အမျိုးသမီးတစ်ဦးနဲ့ တွဲနေတယ်လို့ သတင်းထွက်နေတဲ့ Bradley Cooper

နာမည်ကျော်မင်းသား Bradley Cooper ကတော့ ချစ်သူအသစ် ရနေပြီဖြစ်ပြီး တွဲနေတာ လအနည်းငယ်ခန့် ရှိပြီလို့ ထွက်ပေါ်နေတဲ့ သတင်းတွေအရ သိရပါတယ်။ Bradley Cooper ရဲ့ချစ်သူအမျိုးသမီးကတော့ Huma Abedin လို့ခေါ်ပြီး နိုင်ငံရေးလောကထဲက အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။

အသက်(၄၇)နှစ်အရွယ် ရှိပြီဖြစ်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ Bradley Cooper ဟာ အသက်(၄၅)နှစ်အရွယ် Huma Abedin နဲ့ တွဲနေတယ်လို့ Page Six ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ သူတို့နှစ်ယောက်ကိုတော့ Vogue မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် Anna Wintour က မိတ်ဆက်ပေးခဲ့တာလို့လည်း သိရပါတယ်။

Photo: bradleycooper__original/ Instagram

အခုလို တွဲနေတဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့် ပြီးခဲ့တဲ့ မေလက ပြုလုပ်ခဲ့တဲ့ Met Gala ပွဲကိုတော့ Cooper နဲ့ Abedin တို့ဟာ စုံတွဲလိုက် တက်ရောက်ခဲ့ခြင်းမရှိဘဲ တစ်ယောက်ချင်းစီ သီးခြားတက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။ လက်ရှိအချိန်ထိ နှစ်ယောက်လုံးရဲ့ ကိုယ်စားလှယ်တွေကို ဆက်သွယ် မေးမြန်းထားပေမယ့် တုံ့ပြန်ဖြေကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Cooper ကတော့ ချစ်သူဟောင်းဖြစ်တဲ့ မော်ဒယ်လ် Irina Shayk နဲ့ ကာလအတန်ကြာ လက်တွဲခဲ့ပြီး ငါးနှစ်အရွယ် သမီးလေးတစ်ယောက် ထွန်းကားထားပါတယ်။ Cooper နဲ့ Irina Shayk တို့ကတော့ ၂၀၁၉ ခုနှစ်မှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ဖက်က Abedin ကတော့ သူမရဲ့ခင်ပွန်းဟောင်း လွှတ်တော်အမတ် Anthony Weiner နဲ့ ဆယ်နှစ်အရွယ် သားတစ်ယောက် ထွန်းကားထားပါတယ်။ Abedin ကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hilary Clinton ရဲ့လက်ထောက်အဖြစ် အချိန်ကြာမြင့်စွာ ဆောင်ရွက်ခဲ့ပါတယ်။

Photo: humaabedin/ Instagram

Huma Abedin ရဲ့ ခင်ပွန်းဟောင်းဖြစ်တဲ့ လွှတ်တော်အမတ် Anthony Weiner ကတော့ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေကြောင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ထားရသူ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့်ပဲ Abedin က ကူညီဆောင်ရွက်ပေးနေတဲ့ Hilary Clinton ရဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုမှာ သက်ရောက်မှုများစွာ ဖြစ်ခဲ့ပါသေးတယ်။

Bradley Cooper ကတော့ လက်ရှိမှာ Maestro လို့အမည်ရတဲ့ ရုပ်ရှင်ကားသစ်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးနေပြီး သူကိုယ်တိုင်လည်း သရုပ်ဆောင်ထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular