HomeEntertainmentFilmNo Time To Die ထွက်မလာခင် ကြည့်ထားသင့်တဲ့ စပိုင်ဇာတ်ကားကောင်း (၁၀)ကား

No Time To Die ထွက်မလာခင် ကြည့်ထားသင့်တဲ့ စပိုင်ဇာတ်ကားကောင်း (၁၀)ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

James Bond ဇာတ်ကားအသစ်အဖြစ် ထွက်ရှိလာမယ့် No Time To Die ကတော့ ၂၀၂၁ခုနှစ်အတွက် စပိုင်ဇာတ်ကားချစ်သူတွေ အမျှော်လင့်ဆုံး ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ No Time To Die  ဟာ ကနဦးတုန်းကတော့ ၂၀၂၀ နှစ်ဦးပိုင်းလောက်မှာ ထွက်ရှိဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ တိုးသွားတာကြောင့် ၂၀၂၁ခုနှစ် ဧပြီလကို ရုံတင်ရက် ပြောင်းရွှေ့သတ်မှတ်ခဲ့ရပါတယ်။ အခုလို ရုံတင်ရက်တွေ ပြောင်းရွှေ့လိုက်ရတာဟာ James Bond ပရိသတ်တွေအတွက်တော့ မချင့်မရဲ ဖြစ်စရာပါပဲ။ ဒါကြောင့်လည်း No Time To Die မထွက်ရှိလာခင်မှာ စပိုင်ဇာတ်ကားချစ်သူတွေ ကြည့်ရှုထားသင့်တဲ့ လျှို့ဝှက်သည်းဖို စပိုင်ဇာတ်ကားကောင်း (၁၀)ကားကို ဖော်ပြပေးလိုက်ရပါတယ်။

London Spy (2015)
photo via screenrant

London Spy ကတော့ စိတ်ဝင်စားစရာကောင်းအောင် ဆွဲဆောင်နိုင်တဲ့ သည်းထိတ်ရင်ဖို သူလျှိုဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ သူကတော့ ဇာတ်လမ်းတွဲဖြစ်ပြီး IMDb 7.5 ရရှိထားပါတယ်။ Edward Holcroft ၊ Ben Whishaw ၊ Jim Broadbent နဲ့ Charlotte Rampling တို့က အဓိက သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းကတော့ တွဲဖက်ဖြစ်သူ သေဆုံးသွားပြီးနောက်မှာ ကိုယ်တိုင်က နိုင်ငံတကာ သူလျှိုကွန်ယက်ထဲကို ဝင်ရောက်မိနေကြောင်း သိရှိသွားရတဲ့ လူငယ်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာတင် မဟုတ်ဘဲ ခေါင်းဆောင်မင်းသား Ben Whishaw ရဲ့ အံ့မခန်း သရုပ်ဆောင်မှုတွေကိုလည်း စိတ်ကျေနပ်စွာ မြင်တွေ့ရမယ့် ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

Kingsman (2014)
photo via screenrant

Kingsman ဇာတ်ကားတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ရေပန်းအစားဆုံး စပိုင်ဇာတ်ကားတွေ စာရင်းမှာ ပါဝင်ပါတယ်။ လက်ရှိအချိန်အထိ ဇာတ်ကားနှစ်ကား ထွက်ရှိထားပြီး သာမန်စပိုင်ဇာတ်ကားတွေရဲ့ တင်ဆက်မှုမျိုးနဲ့ မတူညီဘဲ James Bond နဲ့ Jason Bourne ဇာတ်ကားနှစ်ခုကို ရောသမမွှေထားတဲ့ ခံစားချက်မျိုး ရရှိမှာ ဖြစ်ပါတယ်။

လက်နက်ကိရိယာ အသုံးပြုတဲ့အပိုင်းမှာ James Bond ဇာတ်ကားတွေနဲ့ ဆင်တူပြီး အက်ရှင်ခန်းတွေကတော့ Jason Bourne ထဲက တိုက်ခိုက်ခန်းတွေနဲ့ ဆင်တူတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Taron Egerton ၊ Colin Firth နဲ့ Mark Strong တို့က အဓိကပါဝင်ထားပြီး James Bond လိုမျိုး သည်းထိတ်ရင်ဖို စပိုင်ဇာတ်ကားကြိုက်သူများအဖို့တော့ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကား ဖြစ်ပါတယ်။

Patriot Games (1992)
photo via screenrant

ဒီဇာတ်ကားမှာတော့ မင်းသားကြီး Harrison Ford က အဓိကသရုပ်ဆောင်ထားပြီးတော့ IMDb 6.9 ရရှိထားပါတယ်။ ဇာတ်ကားထဲမှာတော့ မင်းသားကြီးကို CIA အေးဂျင့် Jack Ryan အဖြစ် တွေ့ရမှာ ဖြစ်ပြီး သူနဲ့ရင်ဆိုင်တိုက်ခိုက်မယ့် ဗီလိန် IRA အကြမ်းဖက်သမား Sean Miller အဖြစ် မင်းသားကြီး Sean Bean ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကိုတော့ စိတ်လှုပ်ရှားဖွယ် စပိုင်ဇာတ်ကားပုံစံမျိုးထက် ပုဂ္ဂိုလ်ရေးအရ အငြိုးနဲ့ ကလဲ့စားချေတဲ့ ဇာတ်ကွက်ပုံစံမျိုးကို ပိုအသားပေး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Patriot Games ဟာ ထူးခြားတဲ့ ဇာတ်လမ်းဖြစ်ရုံသာမက Harrison Ford နဲ့ Sean Bean တို့ရဲ့ အံ့ဩလောက်စရာ အတွဲညီညီ သရုပ်ဆောင်နိုင်မှုကိုလည်း ကြည့်ရှုရမှာဖြစ်ပါတယ်။

Mission Impossible: Fallout (2018)
photo via screenrant

မင်းသား Tom Cruise နဲ့အတူ Henry Cavill ၊ Simon Pegg ၊ Rebecca Ferguson တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Mission Impossible: Fallout ဟာ Mission Impossible franchise ထဲမှာတော့ နောက်ဆုံး ထွက်ရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

IMDb 7.7 ရရှိထားပြီး ၂၀၁၈ခုနှစ်ရဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Ethan Hunt ဟာ မျိုးသုဉ်းစေမယ့် နျူကလီးယားကပ်ဘေးရဲ့ အန္တရာယ်က ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားပုံကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ တစ်ခြားသော Tom Cruise ရဲ့ဇာတ်ကားတွေလိုပဲ သူ့ရဲ့ ရူးသွပ်လောက်တဲ့ စွန့်စားမှုတွေနဲ့ စတန့်ခန်းတွေကို နာမည်ကြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ အတော်လေး စွန့်စားတင်ဆက်ထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

Jason Bourne ဇာတ်ကားများ
photo via screenrant

Matt Damon ရဲ့ Jason Bourne ဇာတ်ကားတွေကတော့ James Bond ဇာတ်ကားတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေခဲ့တဲ့ စပိုင်အက်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ စုစုပေါင်း သုံးကားထွက်ရှိထားတဲ့ Jason Bourne ဇာတ်ကားတွေဟာ မင်းသား Daniel Craig ရဲ့ ခေတ်ကို ရောက်လာချိန်မှာတော့ James Bond ရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေအတွက် မှီငြမ်းကိုးကားစရာ ဖြစ်လာပါတယ်။

James Bond ဇာတ်ကားတွေဟာ ယခင်ကလို ပျင်းစရာကောင်းတဲ့ အက်ရှင်ဇာတ်ကွက်တွေ နေရာမှာ Jason Bourne ရဲ့ ခပ်ကြမ်းကြမ်း၊ ခပ်သွက်သွက် အက်ရှင်ဇာတ်ကွက်တွေလိုမျိုး အားဖြည့်ပြီး ဆန်းသစ်ထားတာကို မင်းသား Daniel Craig လက်ထက် Bond ကားတွေထဲမှာ ခံစားတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

Jason Bourne ဇာတ်ကားတွေရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ပဟေဠိဆန်တဲ့အတိတ်နဲ့ အမေရိကန် လျို့ဝှက်အေးဂျင့်ဖြစ်တဲ့ Jason Bourne ရဲ့အကြောင်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Lust, Caution (2007)
photo via screenrant

ဒီဇာတ်ကားကတော့ နာမည်ကျော် Brokeback Mountain ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ang Lee ရဲ့ နောက်ထပ် လက်ရာကောင်း စပိုင်ဇာတ်ကား ဖြစ်ပါတယ်။ IMDb ကတော့ 7.5 ရရှိထားပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ စပိုင်ဇာတ်ကားတွေရဲ့ ရသနှစ်မျိုးကို ပေါင်းစပ်ထားပြီးတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်က သိမ်းပိုက်အုပ်ချုပ်ခံထားရတဲ့ ရှန်ဟိုင်းမြို့နောက်ခံနဲ့ ဇာတ်လမ်းတည်ထားပါတယ်။

Tony Leung Chiu နဲ့ Tang Wei တို့က အဓိက သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ လျှို့ဝှက် ရဲအဖွဲ့ခေါင်းဆောင်တစ်ယောက်ကို ဖြားယောင်းသွေးဆောင်ပြီး လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်တဲ့ အစီအစဉ်မှာ ပါဝင်ပတ်သက်မိတဲ့ ရုပ်ရှင်မင်းသမီးလေးတစ်ယောက်ရဲ့အကြောင်း ဖြစ်ပါတယ်။

The Night Manager (2016)
photo via screenrant

Tom Hiddleston ၊ Elizabeth Dabicki ၊ Hugh Laurie နဲ့ Olivia Colman တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ The Night Manager ဇာတ်ကားကတော့ လက်နက်မှောင်ခိုဂိုဏ်းတစ်ခုရဲ့ အတွင်းစည်းထဲကို စိမ့်ဝင်ထိုးဖောက် ဝင်ရောက်ဖို့ ကမ်းလှမ်းခံရတဲ့ ဟိုတယ်မန်နေဂျာတစ်ယောက်ရဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။

၁၉၉၃ခုနှစ်က ထွက်ရှိခဲ့တဲ့ John Le Carre ရဲ့ဝတ္ထုကို အခြေခံ ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ ဇာတ်လမ်းအစကနေ အဆုံးအထိ ရင်တထိတ်ထိတ်နဲ့ အလွန်ဆွဲဆောင်နိုင်တဲ့ စပိုင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ IMDb rating ကတော့ 8.1 ရရှိထားပါတယ်။

The Man From U.N.C.L.E. (2015)
photo via screenrant

ဒါရိုက်တာ Guy Ritchie ရဲ့ The Man From U.N.C.L.E. ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဟိုးလေးတကျော် နာမည်ကြီးတဲ့ ဇာတ်ကားမျိုး မဟုတ်ခဲ့ပေမယ့် IMDb 7.3 ရရှိထားတဲ့ စပိုင်ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ၁၉၆၀ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်တူဇာတ်လမ်းတွဲတစ်ခုကို မှီငြမ်းထားတဲ့ ဒီဇာတ်ကားဟာ CIA အေးဂျင့်တစ်ယောက်နဲ့ KGB အေးဂျင့်တစ်ယောက်တို့ အတူပူးပေါင်းပြီး ကမ္ဘာစစ် မဖြစ်အောင် တားစည်းကြပုံကို တင်ဆက်ထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေကတော့ နာမည်ကျော်မင်းသား Henry Cavill ၊ Armie Hammer ၊ Alicia Vikander နဲ့ Elizabeth Debicki တို့က အဓိက ပါဝင်ထားပါတယ်။ ဒီဇာတ်ကားဟာ ဟာသမြောက်တဲ့ မထိတထိ ကျီစယ်မှုတွေနဲ့ အကြမ်းစားအက်ရှင်တွေကို သေသပ်ကောင်းမွန်စွာ ရောစပ်ထားတဲ့ စပိုင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Tinker Tailor Soldier Spy (2011)
photo via screenrant

Tinker Tailor Soldier Spy ဇာတ်ကားဟာ ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တဲ့ စပိုင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ စစ်အေးကာလဖြစ်တဲ့ ၁၉၇၀ခုနှစ်ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး ဆိုဗီယက် နှစ်ဖက်ချွန် စပိုင်တစ်ယောက်ကို လန်ဒန်မြို့မှာ ရှာပုံတော်ဖွင့်တဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Gary Oldman ၊ Colin Firth ၊ Tom Hardy ၊ Benedict Cumberbatch နဲ့ John Hurt တို့က အဓိက ပါဝင်ထားပါတယ်။ IMDb 7.0 ရရှိထားတဲ့ ဒီဇာတ်ကားဟာ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးဂုဏ်ပြုမှုကို ရရှိထားတဲ့အပြင် BAFTA award မှာလည်း ဆုတွေ သိမ်းပိုက်ထားပါသေးတယ်။ ဒါကြောင့် စပိုင်ဇာတ်ကား ပရိသတ်များအနေနဲ့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Argo (2012)
photo via screenrant

IMDb 7.7 ရရှိထားတဲ့ Argo ကတော့ ဒီစာရင်းထဲမှာ အတော်လေးကို လေးလေးနက်နက် ချီးကျူးခံရဆုံး ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Ben Affleck ၊ Bryan Cranston နဲ့ John Goodman တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး အီရန်နိုင်ငံ Tehran မြို့မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အမေရိကန် ဓားစာခံခြောက်ယောက်ကို CIA က ဝင်ရောက်ကယ်တင်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ မင်းသား Ben Affleck ကပဲ ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးထားတာဖြစ်ပြီး ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးကျူးထောပနာပြုခြင်းများစွာကို ရရှိခဲ့ပါတယ်။

ဒါကတော့ James Bond ဇာတ်ကားသစ် No Time To Die မထွက်ရှိခင် ကြည့်ရှုထားသင့်တဲ့ စပိုင်ဇာတ်ကားကောင်းများ ဖြစ်ပါတယ်။ စာဖတ်သူတို့ ညွှန်းချင်တဲ့ အခြားဇာတ်ကားကောင်းများ ရှိခဲ့ရင်လည်း comment မှာ ပြန်လည်မျှဝေပေးခဲ့ပါဦး။

C 21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

James Bond ဇာတ္ကားအသစ္အျဖစ္ ထြက္ရွိလာမယ့္ No Time To Die ကေတာ့ ၂၀၂၁ခုႏွစ္အတြက္ စပိုင္ဇာတ္ကားခ်စ္သူေတြ အေမွ်ာ္လင့္ဆုံး ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ No Time To Die  ဟာ ကနဦးတုန္းကေတာ့ ၂၀၂၀ ႏွစ္ဦးပိုင္းေလာက္မွာ ထြက္ရွိဖို႔ ရည္႐ြယ္ထားခဲ့ေပမယ့္ ကိုဗစ္ကပ္ေရာဂါနဲ႔ တိုးသြားတာေၾကာင့္ ၂၀၂၁ခုႏွစ္ ဧၿပီလကို ႐ုံတင္ရက္ ေျပာင္းေ႐ႊ႕သတ္မွတ္ခဲ့ရပါတယ္။ အခုလို ႐ုံတင္ရက္ေတြ ေျပာင္းေ႐ႊ႕လိုက္ရတာဟာ James Bond ပရိသတ္ေတြအတြက္ေတာ့ မခ်င့္မရဲ ျဖစ္စရာပါပဲ။ ဒါေၾကာင့္လည္း No Time To Die မထြက္ရွိလာခင္မွာ စပိုင္ဇာတ္ကားခ်စ္သူေတြ ၾကည့္ရႈထားသင့္တဲ့ လွ်ိဳ႕ဝွက္သည္းဖို စပိုင္ဇာတ္ကားေကာင္း (၁၀)ကားကို ေဖာ္ျပေပးလိုက္ရပါတယ္။

London Spy (2015)
photo via screenrant

London Spy ကေတာ့ စိတ္ဝင္စားစရာေကာင္းေအာင္ ဆြဲေဆာင္ႏိုင္တဲ့ သည္းထိတ္ရင္ဖို သူလွ်ိဳဇာတ္လမ္းေကာင္းတစ္ခု ျဖစ္ပါတယ္။ သူကေတာ့ ဇာတ္လမ္းတြဲျဖစ္ၿပီး IMDb 7.5 ရရွိထားပါတယ္။ Edward Holcroft ၊ Ben Whishaw ၊ Jim Broadbent နဲ႔ Charlotte Rampling တို႔က အဓိက သ႐ုပ္ေဆာင္ထားၾကပါတယ္။

ဇာတ္လမ္းကေတာ့ တြဲဖက္ျဖစ္သူ ေသဆုံးသြားၿပီးေနာက္မွာ ကိုယ္တိုင္က ႏိုင္ငံတကာ သူလွ်ိဳကြန္ယက္ထဲကို ဝင္ေရာက္မိေနေၾကာင္း သိရွိသြားရတဲ့ လူငယ္ေလးတစ္ေယာက္အေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ ရင္တထိတ္ထိတ္နဲ႔ ၾကည့္ရႈရမွာတင္ မဟုတ္ဘဲ ေခါင္းေဆာင္မင္းသား Ben Whishaw ရဲ႕ အံ့မခန္း သ႐ုပ္ေဆာင္မႈေတြကိုလည္း စိတ္ေက်နပ္စြာ ျမင္ေတြ႕ရမယ့္ ဇာတ္လမ္းတြဲ ျဖစ္ပါတယ္။

Kingsman (2014)
photo via screenrant

Kingsman ဇာတ္ကားေတြဟာ ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း ေရပန္းအစားဆုံး စပိုင္ဇာတ္ကားေတြ စာရင္းမွာ ပါဝင္ပါတယ္။ လက္ရွိအခ်ိန္အထိ ဇာတ္ကားႏွစ္ကား ထြက္ရွိထားၿပီး သာမန္စပိုင္ဇာတ္ကားေတြရဲ႕ တင္ဆက္မႈမ်ိဳးနဲ႔ မတူညီဘဲ James Bond နဲ႔ Jason Bourne ဇာတ္ကားႏွစ္ခုကို ေရာသမေမႊထားတဲ့ ခံစားခ်က္မ်ိဳး ရရွိမွာ ျဖစ္ပါတယ္။

လက္နက္ကိရိယာ အသုံးျပဳတဲ့အပိုင္းမွာ James Bond ဇာတ္ကားေတြနဲ႔ ဆင္တူၿပီး အက္ရွင္ခန္းေတြကေတာ့ Jason Bourne ထဲက တိုက္ခိုက္ခန္းေတြနဲ႔ ဆင္တူတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ Taron Egerton ၊ Colin Firth နဲ႔ Mark Strong တို႔က အဓိကပါဝင္ထားၿပီး James Bond လိုမ်ိဳး သည္းထိတ္ရင္ဖို စပိုင္ဇာတ္ကားႀကိဳက္သူမ်ားအဖို႔ေတာ့ ၾကည့္ကိုၾကည့္သင့္တဲ့ဇာတ္ကား ျဖစ္ပါတယ္။

Patriot Games (1992)
photo via screenrant

ဒီဇာတ္ကားမွာေတာ့ မင္းသားႀကီး Harrison Ford က အဓိကသ႐ုပ္ေဆာင္ထားၿပီးေတာ့ IMDb 6.9 ရရွိထားပါတယ္။ ဇာတ္ကားထဲမွာေတာ့ မင္းသားႀကီးကို CIA ေအးဂ်င့္ Jack Ryan အျဖစ္ ေတြ႕ရမွာ ျဖစ္ၿပီး သူနဲ႔ရင္ဆိုင္တိုက္ခိုက္မယ့္ ဗီလိန္ IRA အၾကမ္းဖက္သမား Sean Miller အျဖစ္ မင္းသားႀကီး Sean Bean ကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

ဇာတ္လမ္းကိုေတာ့ စိတ္လႈပ္ရွားဖြယ္ စပိုင္ဇာတ္ကားပုံစံမ်ိဳးထက္ ပုဂၢိဳလ္ေရးအရ အၿငိဳးနဲ႔ ကလဲ့စားေခ်တဲ့ ဇာတ္ကြက္ပုံစံမ်ိဳးကို ပိုအသားေပး ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ Patriot Games ဟာ ထူးျခားတဲ့ ဇာတ္လမ္းျဖစ္႐ုံသာမက Harrison Ford နဲ႔ Sean Bean တို႔ရဲ႕ အံ့ဩေလာက္စရာ အတြဲညီညီ သ႐ုပ္ေဆာင္ႏိုင္မႈကိုလည္း ၾကည့္ရႈရမွာျဖစ္ပါတယ္။

Mission Impossible: Fallout (2018)
photo via screenrant

မင္းသား Tom Cruise နဲ႔အတူ Henry Cavill ၊ Simon Pegg ၊ Rebecca Ferguson တို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Mission Impossible: Fallout ဟာ Mission Impossible franchise ထဲမွာေတာ့ ေနာက္ဆုံး ထြက္ရွိထားတဲ့ ဇာတ္ကား ျဖစ္ပါတယ္။

IMDb 7.7 ရရွိထားၿပီး ၂၀၁၈ခုႏွစ္ရဲ႕ ဇာတ္ကားေကာင္းတစ္ကားလည္း ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Ethan Hunt ဟာ မ်ိဳးသုဥ္းေစမယ့္ န်ဴကလီးယားကပ္ေဘးရဲ႕ အႏၲရာယ္က ကမာၻႀကီးကို ကယ္တင္ဖို႔ ႀကိဳးစားပုံကို ရင္ခုန္စိတ္လႈပ္ရွားဖြယ္ၾကည့္ရႈခံစားရမွာ ျဖစ္ပါတယ္။ တစ္ျခားေသာ Tom Cruise ရဲ႕ဇာတ္ကားေတြလိုပဲ သူ႔ရဲ႕ ႐ူးသြပ္ေလာက္တဲ့ စြန႔္စားမႈေတြနဲ႔ စတန႔္ခန္းေတြကို နာမည္ႀကီး သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ အေတာ္ေလး စြန႔္စားတင္ဆက္ထားတာကိုေတြ႕ရမွာ ျဖစ္ပါတယ္။

Jason Bourne ဇာတ္ကားမ်ား
photo via screenrant

Matt Damon ရဲ႕ Jason Bourne ဇာတ္ကားေတြကေတာ့ James Bond ဇာတ္ကားေတြအေပၚ ႀကီးမားတဲ့ သက္ေရာက္မႈေတြ ရွိေစခဲ့တဲ့ စပိုင္အက္ရွင္ဇာတ္ကားပဲ ျဖစ္ပါတယ္။ စုစုေပါင္း သုံးကားထြက္ရွိထားတဲ့ Jason Bourne ဇာတ္ကားေတြဟာ မင္းသား Daniel Craig ရဲ႕ ေခတ္ကို ေရာက္လာခ်ိန္မွာေတာ့ James Bond ရဲ႕ အက္ရွင္ဇာတ္ဝင္ခန္းေတြအတြက္ မွီျငမ္းကိုးကားစရာ ျဖစ္လာပါတယ္။

James Bond ဇာတ္ကားေတြဟာ ယခင္ကလို ပ်င္းစရာေကာင္းတဲ့ အက္ရွင္ဇာတ္ကြက္ေတြ ေနရာမွာ Jason Bourne ရဲ႕ ခပ္ၾကမ္းၾကမ္း၊ ခပ္သြက္သြက္ အက္ရွင္ဇာတ္ကြက္ေတြလိုမ်ိဳး အားျဖည့္ၿပီး ဆန္းသစ္ထားတာကို မင္းသား Daniel Craig လက္ထက္ Bond ကားေတြထဲမွာ ခံစားေတြ႕ျမင္ႏိုင္မွာ ျဖစ္ပါတယ္။

Jason Bourne ဇာတ္ကားေတြရဲ႕ ဇာတ္လမ္းအက်ဥ္းကေတာ့ ပေဟဠိဆန္တဲ့အတိတ္နဲ႔ အေမရိကန္ လ်ိဳ႕ဝွက္ေအးဂ်င့္ျဖစ္တဲ့ Jason Bourne ရဲ႕အေၾကာင္းကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

Lust, Caution (2007)
photo via screenrant

ဒီဇာတ္ကားကေတာ့ နာမည္ေက်ာ္ Brokeback Mountain ဇာတ္ကားကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Ang Lee ရဲ႕ ေနာက္ထပ္ လက္ရာေကာင္း စပိုင္ဇာတ္ကား ျဖစ္ပါတယ္။ IMDb ကေတာ့ 7.5 ရရွိထားပါတယ္။ ခ်စ္ျခင္းေမတၱာနဲ႔ စပိုင္ဇာတ္ကားေတြရဲ႕ ရသႏွစ္မ်ိဳးကို ေပါင္းစပ္ထားၿပီးေတာ့ ဒုတိယကမာၻစစ္အတြင္းမွာ ဂ်ပန္က သိမ္းပိုက္အုပ္ခ်ဳပ္ခံထားရတဲ့ ရွန္ဟိုင္းၿမိဳ႕ေနာက္ခံနဲ႔ ဇာတ္လမ္းတည္ထားပါတယ္။

Tony Leung Chiu နဲ႔ Tang Wei တို႔က အဓိက သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းကေတာ့ လွ်ိဳ႕ဝွက္ ရဲအဖြဲ႕ေခါင္းေဆာင္တစ္ေယာက္ကို ျဖားေယာင္းေသြးေဆာင္ၿပီး လုပ္ႀကံသတ္ျဖတ္ဖို႔ ႀကံစည္တဲ့ အစီအစဥ္မွာ ပါဝင္ပတ္သက္မိတဲ့ ႐ုပ္ရွင္မင္းသမီးေလးတစ္ေယာက္ရဲ႕အေၾကာင္း ျဖစ္ပါတယ္။

The Night Manager (2016)
photo via screenrant

Tom Hiddleston ၊ Elizabeth Dabicki ၊ Hugh Laurie နဲ႔ Olivia Colman တို႔ အဓိက ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ The Night Manager ဇာတ္ကားကေတာ့ လက္နက္ေမွာင္ခိုဂိုဏ္းတစ္ခုရဲ႕ အတြင္းစည္းထဲကို စိမ့္ဝင္ထိုးေဖာက္ ဝင္ေရာက္ဖို႔ ကမ္းလွမ္းခံရတဲ့ ဟိုတယ္မန္ေနဂ်ာတစ္ေယာက္ရဲ႕ စိတ္လႈပ္ရွားဖြယ္ ဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။

၁၉၉၃ခုႏွစ္က ထြက္ရွိခဲ့တဲ့ John Le Carre ရဲ႕ဝတၳဳကို အေျခခံ ႐ိုက္ကူးထားတဲ့ ဒီဇာတ္လမ္းတြဲကေတာ့ ဇာတ္လမ္းအစကေန အဆုံးအထိ ရင္တထိတ္ထိတ္နဲ႔ အလြန္ဆြဲေဆာင္ႏိုင္တဲ့ စပိုင္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။ IMDb rating ကေတာ့ 8.1 ရရွိထားပါတယ္။

The Man From U.N.C.L.E. (2015)
photo via screenrant

ဒါ႐ိုက္တာ Guy Ritchie ရဲ႕ The Man From U.N.C.L.E. ဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္းမွာ ဟိုးေလးတေက်ာ္ နာမည္ႀကီးတဲ့ ဇာတ္ကားမ်ိဳး မဟုတ္ခဲ့ေပမယ့္ IMDb 7.3 ရရွိထားတဲ့ စပိုင္ဇာတ္ကားေကာင္း ျဖစ္ပါတယ္။ ၁၉၆၀ခုႏွစ္က ထြက္ရွိခဲ့တဲ့ နာမည္တူဇာတ္လမ္းတြဲတစ္ခုကို မွီျငမ္းထားတဲ့ ဒီဇာတ္ကားဟာ CIA ေအးဂ်င့္တစ္ေယာက္နဲ႔ KGB ေအးဂ်င့္တစ္ေယာက္တို႔ အတူပူးေပါင္းၿပီး ကမာၻစစ္ မျဖစ္ေအာင္ တားစည္းၾကပုံကို တင္ဆက္ထားတာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေတြကေတာ့ နာမည္ေက်ာ္မင္းသား Henry Cavill ၊ Armie Hammer ၊ Alicia Vikander နဲ႔ Elizabeth Debicki တို႔က အဓိက ပါဝင္ထားပါတယ္။ ဒီဇာတ္ကားဟာ ဟာသေျမာက္တဲ့ မထိတထိ က်ီစယ္မႈေတြနဲ႔ အၾကမ္းစားအက္ရွင္ေတြကို ေသသပ္ေကာင္းမြန္စြာ ေရာစပ္ထားတဲ့ စပိုင္ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။

Tinker Tailor Soldier Spy (2011)
photo via screenrant

Tinker Tailor Soldier Spy ဇာတ္ကားဟာ ဘယ္အခ်ိန္ၾကည့္ၾကည့္ မ႐ိုးႏိုင္တဲ့ စပိုင္ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။ စစ္ေအးကာလျဖစ္တဲ့ ၁၉၇၀ခုႏွစ္ဝန္းက်င္မွာ ဇာတ္အိမ္တည္ထားၿပီး ဆိုဗီယက္ ႏွစ္ဖက္ခြၽန္ စပိုင္တစ္ေယာက္ကို လန္ဒန္ၿမိဳ႕မွာ ရွာပုံေတာ္ဖြင့္တဲ့အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Gary Oldman ၊ Colin Firth ၊ Tom Hardy ၊ Benedict Cumberbatch နဲ႔ John Hurt တို႔က အဓိက ပါဝင္ထားပါတယ္။ IMDb 7.0 ရရွိထားတဲ့ ဒီဇာတ္ကားဟာ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြရဲ႕ ခ်ီးက်ဴးဂုဏ္ျပဳမႈကို ရရွိထားတဲ့အျပင္ BAFTA award မွာလည္း ဆုေတြ သိမ္းပိုက္ထားပါေသးတယ္။ ဒါေၾကာင့္ စပိုင္ဇာတ္ကား ပရိသတ္မ်ားအေနနဲ႔ လက္မလႊတ္တမ္း ၾကည့္ရႈသင့္တဲ့ ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။

Argo (2012)
photo via screenrant

IMDb 7.7 ရရွိထားတဲ့ Argo ကေတာ့ ဒီစာရင္းထဲမွာ အေတာ္ေလးကို ေလးေလးနက္နက္ ခ်ီးက်ဴးခံရဆုံး ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။ Ben Affleck ၊ Bryan Cranston နဲ႔ John Goodman တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၾကၿပီး အီရန္ႏိုင္ငံ Tehran ၿမိဳ႕မွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရတဲ့ အေမရိကန္ ဓားစာခံေျခာက္ေယာက္ကို CIA က ဝင္ေရာက္ကယ္တင္တဲ့ ျဖစ္ရပ္မွန္ဇာတ္လမ္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ မင္းသား Ben Affleck ကပဲ ဒါ႐ိုက္တာအျဖစ္ တာဝန္ယူ ႐ိုက္ကူးထားတာျဖစ္ၿပီး ႐ုပ္ရွင္ေဝဖန္သူေတြရဲ႕ ခ်ီးက်ဴးေထာပနာျပဳျခင္းမ်ားစြာကို ရရွိခဲ့ပါတယ္။

ဒါကေတာ့ James Bond ဇာတ္ကားသစ္ No Time To Die မထြက္ရွိခင္ ၾကည့္ရႈထားသင့္တဲ့ စပိုင္ဇာတ္ကားေကာင္းမ်ား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ၫႊန္းခ်င္တဲ့ အျခားဇာတ္ကားေကာင္းမ်ား ရွိခဲ့ရင္လည္း comment မွာ ျပန္လည္မွ်ေဝေပးခဲ့ပါဦး။

C 21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular