HomeAnime၂၀၂၀ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ IMDb Rating အမြင့်ဆုံး Anime ရုပ်ရှင်များ

၂၀၂၀ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ IMDb Rating အမြင့်ဆုံး Anime ရုပ်ရှင်များ

၂၀၂၀ ခုနှစ်ကတော့ တစ်ကမ္ဘာလုံးဟာ ကိုဗစ်ရောဂါရဲ့ဒဏ်ကို ခံခဲ့ရတဲ့ နှစ်တစ်နှစ်ပဲ ဖြစ်ပြီး ရုပ်ရှင်လောကမှာလည်း အခက်အခဲတွေများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကိုဗစ်ဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်ခဲ့တာကြောင့် ဟောလိဝုဒ်ရဲ့ ရုပ်ရှင်တွေတင်မဟုတ်ဘဲ ဂျပန်နိုင်ငံရဲ့ Anime တွေဟာလည်း နှောင့်နှေးမှုတွေ ကြုံတွေ့ခဲ့ရပြီး အများစုဟာ ၂၀၂၁ ခုနှစ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ သို့ပေမယ့်လည်း ၂၀၂၀ ခုနှစ်မှာတော့ Anime ရုပ်ရှင်ကားကောင်းတချို့တော့ ထွက်ရှိထားပါသေးတယ်။

(7) The Stranger By the Beach

photo via screenrant

ဒီ Anime ကတော့ IMDb (7.1) ရရှိထားတဲ့ Romance ၊ Slice of Life ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ LGBT ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပြီး တက်သစ်စ စာရေးဆရာ Shun နဲ့ အထက်တန်းကျောင်းသား Mio တို့ နှစ်ယောက်ဟာ ကမ်းခြေတစ်ခုမှာ စတင်တွေ့ဆုံခဲ့ပြီးတဲ့နောက် တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှသွားကြပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် သူတို့နှစ်ယောက်ဟာ ခွဲခွာဖို့ ကြုံလာတဲ့ အချိန်မှာတော့…။

(6) Stand By Me Doraemon 2

photo via screenrant

ဒီ Anime ကတော့ IMDb (7.5) ရရှိထားပြီး ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Stand By Me Doraemon ရဲ့အဆက်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Nobita နဲ့ Shizuka တို့ဟာ လက်ထပ်ဖို့ စီစဉ်ပြီးသွားကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Nobita ကတော့ လက်မထပ်ခင်မှာ သူငယ်ငယ်တုန်းက ဆုံးပါးသွားတဲ့ သူ့ရဲ့အဘွားကိုတွေ့ဖို့ အတိတ်ကို သွားခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ သူ့ရဲ့ဇနီးလောင်းကို သူ့ရဲ့အဘွားနဲ့ မိတ်ဆက်ပေးချင်လို့ပဲ ဖြစ်ပါတယ်။

(5) Josee, the Tiger and the Fish

photo via screenrant

ဒီ Anime ကတော့ IMDb (7.6) ရရှိထားတဲ့ ဒရာမာ၊ Romance ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Tsuneo ဆိုတဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်ဟာ လမ်းမလျှောက်နိုင်တဲ့ Josee ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ Josee ရဲ့အဘွားဟာ Josee ကို စောင့်ရှောက်ဖို့အတွက် Tsuneo ကို အလုပ်ခန့်လိုက်ပါတော့တယ်။

(4) Given

photo via screenrant

ဒီ Anime ကတော့ IMDb (7.7) ရရှိထားတဲ့ ဒရာမာ၊ Romance ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာလည်း LGBT ဇာတ်လမ်းပဲ ဖြစ်ပြီး Band တစ်ခုထဲက ယောက်ျားလေးတွေရဲ့ အချစ်ဇာတ်လမ်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ကတော့ ဂီတနဲ့ အချစ်ရေးကြားထဲမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(3) Made in Abyss: Dawn of the Deep Soul

photo via screenrant

ဒီ Anime ကတော့ IMDb (8.0) ရရှိထားတဲ့ ဒရာမာ၊ Fantasy ၊ Sci-Fi ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Riko နဲ့ Reg တို့ သူငယ်ချင်းတစုဟာ Abyss ထဲကို စွန့်စားခန်း ဆက်လက်သွားနေကြပြီး အထပ်ငါးထပ်ကို ရောက်နေကြပါတယ်။ ခြောက်ထပ်ကို သွားဖို့အတွက်ကတော့ သူတို့ဟာ ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒီရုပ်ရှင်ကတော့ Made in Abyss ဇာတ်လမ်းတွဲရဲ့ အဆက်လည်း ဖြစ်ပါတယ်။

(2) Demon Slayer: Mugen Train

photo via screenrant

ဒီ Anime ကတော့ IMDb (8.2) ရရှိထားပြီး Demon Slayer ဇာတ်လမ်းတွဲရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Tanjiro ဆိုတဲ့ ကောင်လေးဟာ ဝမ်းနည်းစရာတွေများစွာ ကြုံတွေ့ခဲ့ရပြီး Demon Slayer ဖြစ်လာပါတယ်။ အဲဒီနောက်မှာတော့ သူဟာ Mugen ဆိုတဲ့ ရထားတစ်စီးပေါ်မှာ Demon တွေ သောင်းကျန်းနေတယ်လို့ သတင်းရတာကြောင့် သွားရောက် စုံစမ်းရပါတော့တယ်။

(1) Violet Evergarden: The Movie

photo via screenrant

ဒီ Anime ကတော့ IMDb (8.3) ရရှိထားတဲ့ ဒရာမာ၊ Fantasy ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စစ်ပွဲအတွင်းမှာ လက်နက်အဖြစ် အသုံးပြုခံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ဟာ စစ်ပွဲကြီး ပြီးဆုံးသွားတဲ့ အချိန်မှာတော့ သူမဟာ လူတွေကြားထဲမှာ ဆက်သွယ်ပေးဖို့အတွက် စာတွေရေးပေးရတဲ့ Auto Memory Doll ဖြစ်လာခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular