HomeCelebs Update NewsInternationalဘရာဇီးလ် Jiu-Jitsu ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိသွားတဲ့ Tom Hardy

ဘရာဇီးလ် Jiu-Jitsu ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိသွားတဲ့ Tom Hardy

သရုပ်ဆောင် Tom Hardy ဟာ England နိုင်ငံ Milton Keynes မြို့မှာ ကျင်းပခဲ့တဲ့ 2022 Brazilian Jiu-Jitsu Open Championship ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆု ရရှိသွားတယ်လို့ သိရပါတယ်။ Tom Hardy ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Inception ရုပ်ရှင်ထဲမှာ ပါဝင်ပြီးနောက်ပိုင်းက စတင်ကာ အလွန်အောင်မြင်လာခဲ့ပါတယ်။ ယခုနောက်ပိုင်းမှာတော့ သူဟာ Venom သရုပ်ဆောင်အနေနဲ့လည်း လူသိများပါတယ်။

photo via screenrant

Tom Hardy ဟာ ဇာတ်လမ်းအမျိူးအစား ပေါင်းစုံမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပေမယ့်လည်း အက်ရှင်ကားတွေထဲမှာတော့ ပိုပြီးပါဝင်လေ့ရှိပါတယ်။ Mad Max: Fury Road ၊ The Revenant နဲ့ Warrior ရုပ်ရှင်တို့ထဲမှာတော့ သူဟာ အလွန်ကြမ်းတမ်းတဲ့ ဇာတ်ကောင်နေရာမျိူးမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ယခုဆိုရင်တော့ Tom ဟာ ရုပ်ရှင်ထဲမှာပဲ အတိုက်အခိုက် ကျွမ်းကျင်တာ မဟုတ်ဘဲ အပြင်လောကမှာလည်း ကိုယ်ခံပညာ ကျွမ်းကျင်ကြောင်း သိလိုက်ရပါတယ်။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ Tom Hardy ဟာ 2022 Brazilian Jiu-Jitsu Open Championship ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆု ရရှိသွားတယ်လို့ သိရပါတယ်။ Tom ဟာ သူ့ရဲ့နာမည်အရင်း ဖြစ်တဲ့ Edward Hardy ဆိုတဲ့ နာမည်နဲ့ စာရင်းပေးသွင်းပြီး ယှဉ်ပြိုင်ခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီပြိုင်ပွဲရဲ့ Semi-Final မှာတော့ Tom Hardy ဟာ ပြိုင်ပွဲဝင် Danny Appleby ကို “ငါဘယ်သူလည်းဆိုတာ မေ့ထားပြီး မင်းလုပ်နေကျအတိုင်းပဲ လုပ်ပါ…” လို့ ပြောခဲ့ပါသေးတယ်။

photo via screenrant

သရုပ်ဆောင်တွေဟာ သူတို့သရုပ်ဆောင်ရမယ့် ဇာတ်ကောင်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို လေ့ကျင့်တာကတော့ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပရိသတ်တွေ မြင်တွေ့ရမယ့် ဖန်သားပြင်ပေါ်မှာ ကျွမ်းကျင်မှုတစ်ခုခုကို သေချာလုပ်ပြနိုင်ဖို့အတွက် သရုပ်ဆောင်အများစုဟာ တစ်လ သို့မဟုတ် တစ်လခွဲလောက်ပဲ လေ့ကျင့်ကြပြီး နောက်ပိုင်းမှာတော့ ဆက်လက်လေ့ကျင့်မှု မရှိကြပါဘူး။ သို့သော်လည်း Tom Hardy ကတော့ သူ့ရဲ့ကိုယ်ခံပညာကို သေသေချာချာ လေ့ကျင့်ထားသူတစ်ယောက် ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular