HomeEntertainmentFilmShe-Hulk ဇာတ်လမ်းတွဲထဲမှာ မြင်ရနိုင်ချေရှိတဲ့ Fan Theory များ

She-Hulk ဇာတ်လမ်းတွဲထဲမှာ မြင်ရနိုင်ချေရှိတဲ့ Fan Theory များ

She-Hulk ဇာတ်လမ်းတွဲကတော့ ယခုနှစ်အတွင်းမှာပဲ ထွက်ရှိလာမှာ ဖြစ်ပြီး Tatiana Maslany က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ မကြာခင်မှာ ထွက်ရှိလာတော့မယ့် Ms. Marvel ဇာတ်လမ်းတွဲအပြီးမှာ ထွက်ရှိလာမှာ ဖြစ်ပြီး Mark Ruffalo ရဲ့ Bruce Banner လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ယခုအချိန်မှာတော့ ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ရနိုင်တဲ့ အချက်တွေကို ခန့်မှန်းထားတဲ့ Fan Theory အချို့ကို ဖော်ပြပေးချင်ပါတယ်။

(1) Timeline

photo via screenrant

MCU ကတော့ အချိန်တွေ ကြာမြင့်လာတာနဲ့အမျှ တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာပြီး ဇာတ်လမ်းတွေကလည်း တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ ဒါကြောင့်ပဲ အဲဒီဇာတ်လမ်းတွေဟာ ဘယ်အချိန်ကာလမှာ ဇာတ်အိမ်တည်ထားတယ်ဆိုတာ သိရှိနိုင်ဖို့ အရေးပါပေမယ့် လောလောဆယ်မှာတော့ She-Hulk ဇာတ်လမ်းတွဲရဲ့ Timeline ကို တရားဝင်ဖော်ပြထားခြင်း မရှိပါဘူး။

Bruce Banner ကို နောက်ဆုံးမြင်တွေ့ခဲ့ရတာကတော့ Shang-Chi and the Legend of Ten Rings ရုပ်ရှင်ရဲ့ Credit Scene မှာ ဖြစ်ပြီး အဲဒီဇာတ်ဝင်ခန်းထဲမှာတော့ Bruce ဟာ Smart Hulk မဟုတ်တော့ဘဲ လူသားပုံစံဖြစ်နေတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း She-Hulk ထွေလာထဲမှာတော့ Bruce ဟာ Smart Hulk ပုံစံပဲ ရှိသေးတာကြောင့် ဒီဇာတ်လမ်းတွဲဟာ Endgame နဲ့ Shang-Chi ရုပ်ရှင်ကြားထဲက အချိန်တစ်ခုခုမှာ ဇာတ်အိမ်တည်ထားတယ်လို့ သီအိုရီတစ်ခုက ဆိုပါတယ်။

(2) She-Hulk ရဲ့ Origin

photo via screenrant

ကောမစ်ထဲမှာတော့ Jennifer Walters ဟာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပြီး အသက်ရှင်သန်ဖို့အတွက် သွေးသွင်းဖို့ လိုအပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Bruce ဟာ သူ့ရဲ့သွေးကို ပေးခဲ့ပြီး မရည်ရွယ်ဘဲ Jennifer ကပါ Bruce လိုမျိူး Gamma ရောင်ခြည်အဆိပ်သင့်သွားပြီး She-Hulk ဖြစ်လာတာ ဖြစ်ပါတယ်။ Hulk နဲ့ မတူညီတဲ့ အချက်ကတော့ သူမဟာ She-Hulk ပုံစံနဲ့ပဲ အမြဲနေထိုင်ပြီး အဲဒီအချိန်မှာလည်း သူမရဲ့ အသိဉာဏ်နဲ့ Personality ကို ထိန်းသိမ်းထားနိုင်ပါသေးတယ်။

သီအိုရီတစ်ခုအရ ဆိုရင်တော့ MCU ရဲ့ထုံးစံအတိုင်း ဒီဇာတ်လမ်းတွဲထဲမှာ She-Hulk ရဲ့ Origin ကို ပြောင်းလဲဖန်တီးသွားမယ်လို့ ဆိုပါတယ်။ ကောမစ်ထဲမှာတော့ Jennifer ဒဏ်ရာရခဲ့တဲ့ အကြောင်းရင်းဟာ Nicholas Trask ဆိုတဲ့ ဒုစရိုက်ခေါင်းဆောင်တစ်ယောက်က သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Jennifer ဒဏ်ရာရသွားမယ့် အကြောင်းရင်းဟာ Bruce နဲ့ ပိုပြီးဆက်စပ်မှု ရှိနေမယ်လို့ ဆိုပါတယ်။

(3) Red Hulk

photo via screenrant

ကောမစ်ထဲမှာတော့ Hulk ဟာ တစ်ယောက်တည်းရှိတာ မဟုတ်ဘဲ တခြားဗားရှင်းတွေများစွာ ရှိပါသေးတယ်။ MCU ထဲမှာတော့ မကြာခင်မှာ She-Hulk ကို မြင်တွေ့ရတော့မှာ ဖြစ်ပြီး သီအိုရီတွေအရ ဆိုရင်တော့ Red Hulk နဲ့ Red She-Hulk တို့လို ဗီလိန်တွေလည်း ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း Red Hulk ဖြစ်လာမယ့် ဗိုလ်မှူး Ross နေရာမှာ သရုပ်ဆောင်ထားတဲ့ William Hurt ကတော့ ပြီးခဲ့တဲ့ မတ်လကပဲ ကွယ်လွန်သွားတာကြောင့် ဒီသီအိုရီကတော့ ဖြစ်နိုင်ချေသိပ်မရှိဘူးလို့ ယူဆနိုင်ပါတယ်။

(4) The Leader

photo via screenrant

The Incredible Hulk ထဲက Abomination ပြန်လည်ပါဝင်လာမှာ ဖြစ်တာကြောင့် အဲဒီရုပ်ရှင်ထဲက တခြားဇာတ်ကောင်တွေလည်း ပြန်လည်ပါဝင်လာနိုင်ပါတယ်။ ဗိုလ်မှူး Ross ရဲ့သမီး ဖြစ်ပြီး Bruce ရဲ့ ရည်းစားဖြစ်ခဲ့တဲ့ Betty Ross လည်း ပြန်လည် ပါဝင်လာနိုင်သလို Samuel Sterns လည်း ပြန်လည်ပါဝင်လာနိုင်ပါတယ်။ The Incredible Hulk ရုပ်ရှင်ထဲမှာတော့ Samuel Sterns ရဲ့ ပြောင်းလဲမှုကို Tease လုပ်သွားပြီး ကောမစ်ထဲမှာတော့ သူဟာ Leader ဆိုတဲ့ Hulk ရဲ့ ဗီလိန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲရဲ့ Season 1 ထဲမှာတော့ Abomination ကို အဓိကထားသွားပြီး Season 2 ဒါမှမဟုတ် Season 1 ရဲ့ အဆုံးသတ်မှာတော့ Leader ပါဝင်လာမယ်လို့ ဆိုပါတယ်။

(5) Cameo များ

photo via screenrant

MCU ဇာတ်လမ်းတွေကတော့ အမြဲတမ်းလိုလို Cameo တွေ ပါဝင်လေ့ ရှိပြီး She-Hulk ဇာတ်လမ်းတွဲဟာလည်း အနည်းဆုံး Cameo တစ်ယောက်လောက်တော့ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေကတော့ ဒီဇာတ်လမ်းတွဲထဲမှာ ဘယ်သူ့ကို Cameo မြင်တွေ့ရနိုင်လည်းဆိုတာ ခန့်မှန်းနေကြပါတယ်။ သီအိုရီတစ်ခုအရ ဆိုရင်တော့ Spider-Man: No Way Home ထဲမှာ Happy ဟာ ရှေ့နေတစ်ယောက် လိုအပ်နေပြီး Jennifer Walters ကတော့ Happy ရဲ့အမှုကို လိုက်ပေးလိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Mutt Murdock နဲ့ Foggy Nelson တို့လည်း ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။

(6) West Coast Avengers

photo via screenrant

ကောမစ်ထဲမှာတော့ She-Hulk ဟာ တခြားဇာတ်ကောင်တွေများစွာနဲ့ ပတ်သက်ခဲ့ဖူးပြီး အဖွဲ့တွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်အချို့ကတော့ ဒီဇာတ်လမ်းတွဲဟာ West Coast Avengers လိုမျိူး အဖွဲ့အသစ်ကို Setup ပြုလုပ်သွားနိုင်တယ်လို့ ဆိုပါတယ်။ ကောမစ်ထဲက West Coast Avengers အဖွဲ့ထဲမှာတော့ She-Hulk ၊ Hawkeye ၊ War Machine ၊ Scarlet Witch ၊ Vision ၊ US Agent ၊ Shang-Chi ၊ Mighty Thor နဲ့ Ant-Man တို့ ပါဝင်ပါတယ်။

(7) Fourth Wall ချိုးဖောက်ခြင်း

photo via screenrant

ဒီဇာတ်လမ်းတွဲအတွက် ပရိသတ်တွေများစွာ မျှော်လင့်နေကြတဲ့ အချက်တစ်ခုကတော့ Fourth Wall ဖောက်ခြင်းပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ကောမစ်ထဲမှာဆိုရင် Jennifer ဟာ Fourth Wall ချိူးဖောက်တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်တာကြောင့်ပါပဲ။ Fourth Wall ချိူးဖောက်တယ် ဆိုတာကတော့ ဇာတ်ကောင်တစ်ယောက်ဟာ ဇာတ်လမ်းထဲက တခြားဇာတ်ကောင်တွေနဲ့ ပြောဆိုဆက်ဆံရုံတင် မဟုတ်ဘဲ ကြည့်ရှုနေတဲ့ ပရိသတ်တွေကိုပါ လှမ်းဆက်သွယ်တာကို ပြောတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Jennifer ဟာ ကောမစ်ဆွဲသူနဲ့ပါ စကားပြောတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ခဲ့ဖူးပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular