HomeCelebs Update NewsInternationalလူတွေအားလုံး သူ့နာမည်ကို မှားယွင်းခေါ်ဆိုနေခဲ့ကြောင်း ပြောလာတဲ့ Brendan Fraser

လူတွေအားလုံး သူ့နာမည်ကို မှားယွင်းခေါ်ဆိုနေခဲ့ကြောင်း ပြောလာတဲ့ Brendan Fraser

မင်းသားကြီး Brendan Fraser ကတော့ George of the Jungle ၊ The Mummy ဇာတ်ကားတွေနဲ့ မြန်မာပရိသတ်တွေကြားမှာ လူသိများသူ ဖြစ်ပါတယ်။ မင်းသားကြီးဟာ မကြာသေးခင်ကပဲ Variety ရဲ့ အစီအစဉ်တစ်ခု ဖြစ်တဲ့ Actor on Actor ပရိုဂရမ်မှာ မင်းသား Adam Sandler နဲ့အတူ ပါဝင်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာတော့ ပရိသတ်တွေအားလုံး အံ့အားသင့်ရမယ့် အရာတစ်ခုကို မင်းသားကြီးက ပြောသွားပါတယ်။

အဲဒါကတော့ လူအများစုဟာ မင်းသားကြီးရဲ့အမည်ကို မှားယွင်းစွာ အသံထွက်နေခဲ့ကြတယ် ဆိုတာပါပဲ။ ဒီအကြောင်းကိုတော့ မင်းသားကြီးဟာ Adam Sandler က သူ့အမည်ကို ပြောသွားရာမှာ မှားနေကြောင်းပြောပြီး အမှန်ပြင်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo: brendan__fraser/ Instagram

“Brendan Fraser နဲ့ ကျွန်တော် စတွေ့တုန်းက … ဒါနဲ့ အဲဒါခင်ဗျားရဲ့ နာမည်အပြည့်အစုံ ဟုတ်တယ်မို့လား။ Brendan Fraser …” လို့ Adam Sandler က မေးလိုက်ပါတယ်။ ဒီမှာတင် မင်းသားကြီးက သူ့အမည်ရဲ့ အသံထွက်အမှန်ကို ပြင်ပေးလိုက်တာပါ။

“Fraser ပါ။ ကျွန်တော်တို့ razor ကို အသံထွက်သလိုပဲ ကာရန်ချင်းတူပါတယ် …” လို့ မင်းသားကြီးက ဆိုပါတယ်။ ဒါကြောင့် မင်းသားကြီးနာမည်ရဲ့ အသံထွက်အမှန်ဟာ “Bren-dun Fray-zer” လို့ ထွက်မှသာ မှန်ကန်မှာ ဖြစ်ပါတယ်။ အများစု ခေါ်ဆိုနေကြတဲ့ “Bren-dun Fray-sha” ဆိုတဲ့ အသံထွက်ကတော့ မှားယွင်းနေတာ ဖြစ်ပါတယ်။

မင်းသားကြီးကို အမှန်တကယ် ချစ်ခင်အားပေးတဲ့ ပရိသတ်တွေဆိုရင်တော့ သူ့ရဲ့ရုပ်ရှင်ဇာတ်ကားတွေကို အားပေးသလိုပဲ သူ့နာမည်ရဲ့ အသံထွက်အမှန်ကို ခေါ်ဆိုခြင်းအားဖြင့်လည်း အားပေးရာရောက်ပါတယ်။ မင်းသားကြီးရဲ့ အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ A24 စတူဒီယိုက ထုတ်လုပ်ထားတဲ့ The Whale ဆိုတဲ့ ရုပ်ရှင်ကားထဲမှာ အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပြီး လက်ရှိမှာ အောင်မြင်မှုတွေလည်း ရရှိနေပါတယ်။

တကယ်တော့ သူတို့ရဲ့နာမည်တွေကို လူတွေက မှားယွင်းပြီး အသံထွက်ခေါ်ဆိုနေကြလို့ အမှန်ပြင်ပေးလာသူတွေဟာ Brendan Fraser တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လတုန်းကလည်း နာမည်ကျော်အဆိုတော် Adele ဟာ သူမနာမည်ရဲ့ အသံထွက်အမှန်ဟာ “uh-dale” ဖြစ်ပြီး လူအများစု အသံထွက်နေကြသလို “ah-dell” မဟုတ်ကြောင်း ပြောသွားပါသေးတယ်။

အလားတူပဲ နာမည်ကျော်မော်ဒယ်လ် Chrissy Teigen ကလည်း သူမနာမည်ရဲ့ အသံထွက်အမှန်ဟာ “tee-gen” မဟုတ်ဘဲ “tie-gen” ဖြစ်တယ်လို့ ပြောထားပါသေးတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular