HomeCelebs Update NewsInternationalမိသားစုရဲ့ လိုသုံးအဖြစ် အသုံးချခံရခြင်းကြောင့် နာကျင်ရတယ်လို့ ပြောလာတဲ့ Britney Spears 

မိသားစုရဲ့ လိုသုံးအဖြစ် အသုံးချခံရခြင်းကြောင့် နာကျင်ရတယ်လို့ ပြောလာတဲ့ Britney Spears 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Britney Spears ကတော့ သူမ မိသားစုနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို ဖွင့်ဟပြောဆိုလာပါတယ်။ အဲဒါကတော့ သူမရဲ့ အရင်းနှီး အချစ်ခင်ရဆုံး မိသားစုတွေက သူမကို နာကျင်ခံစားရအောင် ဒဏ်ရာတွေ ပေးကြတယ်လို့ ပြောလာတာပါပဲ။

အသက်(၃၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Britney ဟာ ဖခင်ဖြစ်သူ Jamie Spears အပါအဝင် မိခင် Lynne Spears ၊ အစ်ကိုဖြစ်သူ Bryan Spears ၊ ညီမဖြစ်သူ Jamie Lynn Spears တို့ကို ရည်ရွယ်ပြီး သူမရဲ့ ခံစားချက်အချို့ကို အင်စတာဂရမ်မှာ ပို့စ်အသစ် တင်လာတာ ဖြစ်ပါတယ်။

အဲဒါကတော့ ပန်းရောင် နှင်းဆီပန်းပွင့်အချို့နဲ့ အမည်းရောင် လက်နှိပ်စက်တစ်လုံး ပါဝင်တဲ့ ဓာတ်ပုံမှာ သူမရဲ့ ခံစားချက်တွေကို ကပ်ပရှင်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

Photo: britneyspears/ Instagram

“ကျွန်မရဲ့ လက်နှိပ်စက်လေးကို ပြန်ရှာတွေ့တယ်။ ကိုယ်ချစ်ခင်ရတဲ့ မိသားစုတွေနဲ့အတူ ခရီးတစ်ခုခုသွားမယ်၊ ဒါမှမဟုတ် နေ့လယ်စာ ထွက်စားမယ်ဆိုတာမျိုး တစ်ခုခု စီစဉ်လိုက်တာနဲ့ ဆယ်မိနစ်လောက်အကြာမှာ အကုန်လုံးက ပလစ်သွားကြတဲ့ အဖြစ်မျိုး ကြုံဖူးကြလားရှင့် … ”

“ကျွန်မက စိတ်ကိုဖွင့်ပြီး ဆက်ဆံမိလိုက်တဲ့ လူတိုင်းက ပြီးရင် ရုတ်တရက်ကြီး ခရီးထွက်သွားပြီတို့၊ နှစ်ပတ်လောက် မရှိတော့ဘူးတို့ ဘာတို့ဆိုတာမျိုး ဖြစ်နေကြတာ။ အိုကေပါ။ ကျွန်မ နားလည်ပါပြီ။ သူတို့အတွက် လိုအပ်တဲ့အချိန်မှသာ ကျွန်မကို အချိန်ပေးကြတာ။ ကောင်းပြီလေ။ အခုကစပြီး ဘယ်သူ့အတွက်မှ လိုသုံးအဖြစ်မခံတော့ဘူး …  ” လို့ Britney က ရေးသားထားတာ ဖြစ်ပါတယ်။

Photo: _britneyspears___/ Instagram

ဆက်လက်ပြီး “တစ်ယောက်တည်းနေရတာ ဘာမှမဖြစ်ပါဘူး။ ပြီးတော့ တကယ်တမ်းမှာ အကုန်လုံးကို လိုက်နားလည်ပေးနေရတဲ့ မာသာထရီဇာလို အဖြစ်မျိုးကို ကျွန်မကလည်း စိတ်ကုန်နေပါပြီ။ ကျွန်မကို ရိုင်းစိုင်းလာပြီဆိုရင် ကျွန်မဘက်ကလည်း ပြတ်ပါပြီ။ ပြီးပါပြီ … ” လို့ ဆိုထားပါတယ်။

ဒါတင်မက ဒီစကားဟာ သူမရဲ့မိသားစုကို တိုက်ရိုက်ဆိုလိုတာ ဖြစ်ကြောင်းကိုလည်း စာထဲမှာ တစ်ခါတည်း ပြောထားပါသေးတယ်။

Photo: britneyspears/ Instagram

“ဒါက ကျွန်မမိသားစုကို ရည်ရွယ်တာပါ။ ရှင်တို့ သိထားတာထက် ပိုပြီး ကျွန်မကို နာကျင်စေခဲ့တဲ့အတွက်ပါ။ conservatorship ကြီးက ပြီးဆုံးတော့မယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ကျွန်မအတွက် တရားမျှတမှု လိုချင်ပါတယ်။ ကျွန်မက အရပ်(၅)ပေ (၄)လက်မသာ ရှိတဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့် ရှင်တို့သိကြလား?? အဲ့ထက်မကတဲ့ သန်မာတဲ့ လူကြီးတစ်ယောက်လို ကျွန်မဘဝတလျှောက်လုံး နေထိုင်လာခဲ့ရတာ။ အဲဒါက ဘယ်လောက် ခက်ခဲတယ်ဆိုတာရော သိကြရဲ့လား??? … ” လို့ ဖွင့်ဟထားပါတယ်။

Britney ဟာ ပြီးခဲ့တဲ့ ဇွန်လမှာ သူမရဲ့ conservatorship အတွက် တရားရုံးတော်မှာ ကြားနာမှု ပြုလုပ်ပြီးတည်းက တရားရုံးရှေ့မှောက်မှာရော ဆိုရှယ်မီဒီယာမှာပါ သူမ ခံစားခဲ့ရတာတွေကို ဖွင့်ထုတ် ပြောပြလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမကို အချိန်ကြာမြင့်စွာ ထိန်းချုပ်လာတဲ့ ဖခင်ဖြစ်သူကိုလည်း မကျေနပ်ကြောင်း ပြင်းထန်စွာ ပြောဆိုထားပြီး သူမရဲ့ မိသားစုကိုလည်း တရားစွဲဆိုချင်တဲ့အကြောင်း ပြောထားတာ ဖြစ်ပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

Britney Spears ကေတာ့ သူမ မိသားစုနဲ႔ ပတ္သက္တဲ့ ခံစားခ်က္ေတြကို ဖြင့္ဟေျပာဆိုလာပါတယ္။ အဲဒါကေတာ့ သူမရဲ့ အရင္းႏွီး အခ်စ္ခင္ရဆုံး မိသားစုေတြက သူမကို နာက်င္ခံစားရေအာင္ ဒဏ္ရာေတြ ေပးၾကတယ္လို႔ ေျပာလာတာပါပဲ။

အသက္(၃၉)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ Britney ဟာ ဖခင္ျဖစ္သူ Jamie Spears အပါအဝင္ မိခင္ Lynne Spears ၊ အစ္ကိုျဖစ္သူ Bryan Spears ၊ ညီမျဖစ္သူ Jamie Lynn Spears တို႔ကို ရည္ရြယ္ၿပီး သူမရဲ့ ခံစားခ်က္အခ်ိဳ႕ကို အင္စတာဂရမ္မွာ ပို႔စ္အသစ္ တင္လာတာ ျဖစ္ပါတယ္။

အဲဒါကေတာ့ ပန္းေရာင္ ႏွင္းဆီပန္းပြင့္အခ်ိဳ႕နဲ႔ အမည္းေရာင္ လက္ႏွိပ္စက္တစ္လုံး ပါဝင္တဲ့ ဓာတ္ပုံမွာ သူမရဲ့ ခံစားခ်က္ေတြကို ကပ္ပရွင္မွာ ေရးသားထားတာ ျဖစ္ပါတယ္။

Photo: britneyspears/ Instagram

“ကၽြန္မရဲ့ လက္ႏွိပ္စက္ေလးကို ျပန္ရွာေတြ႕တယ္။ ကိုယ္ခ်စ္ခင္ရတဲ့ မိသားစုေတြနဲ႔အတူ ခရီးတစ္ခုခုသြားမယ္၊ ဒါမွမဟုတ္ ေန႔လယ္စာ ထြက္စားမယ္ဆိုတာမ်ိဳး တစ္ခုခု စီစဥ္လိုက္တာနဲ႔ ဆယ္မိနစ္ေလာက္အၾကာမွာ အကုန္လုံးက ပလစ္သြားၾကတဲ့ အျဖစ္မ်ိဳး ၾကဳံဖူးၾကလားရွင့္ … ”

“ကၽြန္မက စိတ္ကိုဖြင့္ၿပီး ဆက္ဆံမိလိုက္တဲ့ လူတိုင္းက ၿပီးရင္ ႐ုတ္တရက္ႀကီး ခရီးထြက္သြားၿပီတို႔၊ ႏွစ္ပတ္ေလာက္ မရွိေတာ့ဘူးတို႔ ဘာတို႔ဆိုတာမ်ိဳး ျဖစ္ေနၾကတာ။ အိုေကပါ။ ကၽြန္မ နားလည္ပါၿပီ။ သူတို႔အတြက္ လိုအပ္တဲ့အခ်ိန္မွသာ ကၽြန္မကို အခ်ိန္ေပးၾကတာ။ ေကာင္းၿပီေလ။ အခုကစၿပီး ဘယ္သူ႔အတြက္မွ လိုသုံးအျဖစ္မခံေတာ့ဘူး …  ” လို႔ Britney က ေရးသားထားတာ ျဖစ္ပါတယ္။

Photo: _britneyspears___/ Instagram

ဆက္လက္ၿပီး “တစ္ေယာက္တည္းေနရတာ ဘာမွမျဖစ္ပါဘူး။ ၿပီးေတာ့ တကယ္တမ္းမွာ အကုန္လုံးကို လိုက္နားလည္ေပးေနရတဲ့ မာသာထရီဇာလို အျဖစ္မ်ိဳးကို ကၽြန္မကလည္း စိတ္ကုန္ေနပါၿပီ။ ကၽြန္မကို ရိုင္းစိုင္းလာၿပီဆိုရင္ ကၽြန္မဘက္ကလည္း ျပတ္ပါၿပီ။ ၿပီးပါၿပီ … ” လို႔ ဆိုထားပါတယ္။

ဒါတင္မက ဒီစကားဟာ သူမရဲ့မိသားစုကို တိုက္ရိုက္ဆိုလိုတာ ျဖစ္ေၾကာင္းကိုလည္း စာထဲမွာ တစ္ခါတည္း ေျပာထားပါေသးတယ္။

Photo: britneyspears/ Instagram

“ဒါက ကၽြန္မမိသားစုကို ရည္ရြယ္တာပါ။ ရွင္တို႔ သိထားတာထက္ ပိုၿပီး ကၽြန္မကို နာက်င္ေစခဲ့တဲ့အတြက္ပါ။ conservatorship ႀကီးက ၿပီးဆုံးေတာ့မယ္ဆိုတာ ကၽြန္မ သိပါတယ္။ ဒါေပမယ့္ ကၽြန္မအတြက္ တရားမၽွတမွု လိုခ်င္ပါတယ္။ ကၽြန္မက အရပ္(၅)ေပ (၄)လက္မသာ ရွိတဲ့ လူတစ္ေယာက္ပါ။ ဒါေပမယ့္ ရွင္တို႔သိၾကလား?? အဲ့ထက္မကတဲ့ သန္မာတဲ့ လူႀကီးတစ္ေယာက္လို ကၽြန္မဘဝတေလၽွာက္လုံး ေနထိုင္လာခဲ့ရတာ။ အဲဒါက ဘယ္ေလာက္ ခက္ခဲတယ္ဆိုတာေရာ သိၾကရဲ့လား??? … ” လို႔ ဖြင့္ဟထားပါတယ္။

Britney ဟာ ၿပီးခဲ့တဲ့ ဇြန္လမွာ သူမရဲ့ conservatorship အတြက္ တရား႐ုံးေတာ္မွာ ၾကားနာမွု ျပဳလုပ္ၿပီးတည္းက တရား႐ုံးေရွ႕ေမွာက္မွာေရာ ဆိုရွယ္မီဒီယာမွာပါ သူမ ခံစားခဲ့ရတာေတြကို ဖြင့္ထုတ္ ေျပာျပလာတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမကို အခ်ိန္ၾကာျမင့္စြာ ထိန္းခ်ဳပ္လာတဲ့ ဖခင္ျဖစ္သူကိုလည္း မေက်နပ္ေၾကာင္း ျပင္းထန္စြာ ေျပာဆိုထားၿပီး သူမရဲ့ မိသားစုကိုလည္း တရားစြဲဆိုခ်င္တဲ့အေၾကာင္း ေျပာထားတာ ျဖစ္ပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular