HomeEntertainmentFilmLoki မပါဝင်တော့တဲ့ Thor: Love and Thunder

Loki မပါဝင်တော့တဲ့ Thor: Love and Thunder

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Thor: Love and Thunder ထဲမှာ Loki မပါဝင်ဘူးလို့ Loki နေရာမှာ သရုပ်ဆောင်ထားတဲ့ Tom Hiddleston က ဆိုလိုက်ပါတယ်။ အခုလို Loki မပါဝင်တော့တာကြောင့် Thor အတွက် ဘယ်လို ကောင်းကျိူး ဖြစ်စေတယ်ဆိုတာကိုလည်း ပြောသွားပါသေးတယ်။ လောလောဆယ်မှာတော့ Loki ရဲ့ တစ်ကိုယ်တော် ဇာတ်လမ်းတွဲဟာ Disney+ ကနေ ပြသနေပြီ ဖြစ်ပြီး လက်ရှိအခြေအနေအရ Loki နဲ့ Thor တို့ဟာ ပြန်လည်တွေ့ဆုံနိုင်ချေ မရှိသေးဘူးလို့လည်း သိရပါတယ်။

Photo via IMDb

၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thor ရုပ်ရှင်မှာ စတင်ပြီး Loki နဲ့ Thor တို့ နှစ်ယောက် ပါဝင်ခဲ့ကာ MCU ရုပ်ရှင် ခြောက်ကားလောက်မှာ နှစ်ယောက် အတူတူ ပါဝင်ခဲ့ကြဖူးပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ Loki ဟာ Avengers: Infinity War ထဲမှာ သေဆုံးသွားခဲ့ပြီး Loki ရဲ့ ဒီအကြိမ်သေဆုံးမှုကတော့ MCU ထဲမှာ ထာဝရ ဖြစ်သွားခဲ့ပါတယ်။ အသစ်ထွက်ရှိလာမယ့် Loki ဇာတ်လမ်းတွဲကတော့ ၂၀၁၂ ခုနှစ်တုန်းက Loki ကို ရိုက်ပြသွားမှာ ဖြစ်ပြီး အဲ့ဒီအကြောင်းတွေကိုတော့ Thor က မသိသေးပါဘူး။

photo via screenrant

Loki နဲ့ Thor ဟာ လောလောဆယ်မှာတော့ မတူညီတဲ့ timeline မှာ တည်ရှိနေပြီး ပရိသတ် အများစုကတော့ အနာဂတ်မှာ ထွက်ရှိလာမယ့် MCU ရုပ်ရှင်တွေမှာ သူတို့နှစ်ယောက်ကို အတူတူ ပြန်တွေ့ရဦးမယ်လို့ မျှော်လင့်နေကြပါတယ်။ Digital Spy သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ Thor 4 ထဲမှာ Loki မပါဝင်တော့ဘူးဆိုတာကို Tom Hiddleston က အတည်ပြုပေးခဲ့ပါတယ်။ အဲ့ဒီအင်တာဗျူးထဲမှာတော့ Loki က အခုလို ပြောသွားပါတယ်။

“ကျွန်တော်တို့က Thor ရုပ်ရှင်တွေကို မိသားစု စွန့်စားခန်းပုံစံမျိူး ပြောခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ မတူညီတာတွေအပြင် ဒီညီအစ်ကိုနှစ်ယောက် အကြောင်းကို မြင်သင့်သလောက် မြင်ခဲ့ပြီးပါပြီ။ ဒါကြောင့် အချိန်တစ်ခုထိတော့ အခုလိုမျိူး တစ်ကွဲတစ်ပြားစီ ဖြစ်နေတာက ပိုပြီးကောင်းပါလိမ့်မယ် … “

photo via screenrant

Tom ရဲ့ ပြောစကားအရ ဆိုရင်တော့ MCU ဟာ အချိန်တစ်ခုထိ Thor နဲ့ Loki တို့ကို ပြန်မဆုံပေးဘဲ တစ်ယောက်ချင်းစီရဲ့ တစ်ကိုယ်တော် စွန့်စားခန်းတွေကို ဖန်တီးသွားမယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့်လည်း Loki နဲ့ Thor တို့ဟာ အမြဲတမ်း တကွဲတပြား ဖြစ်နေမှာ မဟုတ်ဘဲ အနာဂတ်မှာ ထွက်ရှိလာမယ့် MCU ရုပ်ရှင်တွေထဲမှာတော့ သူတို့နှစ်ယောက်ဟာ ပြန်လည်ဆုံစည်းသွားဦးမယ်လို့ ယူဆနိုင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Thor: Love and Thunder ထဲမွာ Loki မပါဝင္ဘူးလို႔ Loki ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Tom Hiddleston က ဆိုလိုက္ပါတယ္။ အခုလို Loki မပါဝင္ေတာ့တာေၾကာင့္ Thor အတြက္ ဘယ္လို ေကာင္းက်ိဴး ျဖစ္ေစတယ္ဆိုတာကိုလည္း ေျပာသြားပါေသးတယ္။ ေလာေလာဆယ္မွာေတာ့ Loki ရဲ႕ တစ္ကိုယ္ေတာ္ ဇာတ္လမ္းတြဲဟာ Disney+ ကေန ျပသေနၿပီ ျဖစ္ၿပီး လက္ရွိအေျခအေနအရ Loki နဲ႔ Thor တို႔ဟာ ျပန္လည္ေတြ႕ဆုံႏိုင္ေခ် မရွိေသးဘူးလို႔လည္း သိရပါတယ္။

Photo via IMDb

၂၀၁၁ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Thor ႐ုပ္ရွင္မွာ စတင္ၿပီး Loki နဲ႔ Thor တို႔ ႏွစ္ေယာက္ ပါဝင္ခဲ့ကာ MCU ႐ုပ္ရွင္ ေျခာက္ကားေလာက္မွာ ႏွစ္ေယာက္ အတူတူ ပါဝင္ခဲ့ၾကဖူးပါတယ္။ စိတ္မေကာင္းစြာနဲ႔ပဲ Loki ဟာ Avengers: Infinity War ထဲမွာ ေသဆုံးသြားခဲ့ၿပီး Loki ရဲ႕ ဒီအႀကိမ္ေသဆုံးမႈကေတာ့ MCU ထဲမွာ ထာဝရ ျဖစ္သြားခဲ့ပါတယ္။ အသစ္ထြက္ရွိလာမယ့္ Loki ဇာတ္လမ္းတြဲကေတာ့ ၂၀၁၂ ခုႏွစ္တုန္းက Loki ကို ႐ိုက္ျပသြားမွာ ျဖစ္ၿပီး အဲ့ဒီအေၾကာင္းေတြကိုေတာ့ Thor က မသိေသးပါဘူး။

photo via screenrant

Loki နဲ႔ Thor ဟာ ေလာေလာဆယ္မွာေတာ့ မတူညီတဲ့ timeline မွာ တည္ရွိေနၿပီး ပရိသတ္ အမ်ားစုကေတာ့ အနာဂတ္မွာ ထြက္ရွိလာမယ့္ MCU ႐ုပ္ရွင္ေတြမွာ သူတို႔ႏွစ္ေယာက္ကို အတူတူ ျပန္ေတြ႕ရဦးမယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ Digital Spy သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာေတာ့ Thor 4 ထဲမွာ Loki မပါဝင္ေတာ့ဘူးဆိုတာကို Tom Hiddleston က အတည္ျပဳေပးခဲ့ပါတယ္။ အဲ့ဒီအင္တာဗ်ဴးထဲမွာေတာ့ Loki က အခုလို ေျပာသြားပါတယ္။

“ကြၽန္ေတာ္တို႔က Thor ႐ုပ္ရွင္ေတြကို မိသားစု စြန႔္စားခန္းပုံစံမ်ိဴး ေျပာခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ မတူညီတာေတြအျပင္ ဒီညီအစ္ကိုႏွစ္ေယာက္ အေၾကာင္းကို ျမင္သင့္သေလာက္ ျမင္ခဲ့ၿပီးပါၿပီ။ ဒါေၾကာင့္ အခ်ိန္တစ္ခုထိေတာ့ အခုလိုမ်ိဴး တစ္ကြဲတစ္ျပားစီ ျဖစ္ေနတာက ပိုၿပီးေကာင္းပါလိမ့္မယ္ … “

photo via screenrant

Tom ရဲ႕ ေျပာစကားအရ ဆိုရင္ေတာ့ MCU ဟာ အခ်ိန္တစ္ခုထိ Thor နဲ႔ Loki တို႔ကို ျပန္မဆုံေပးဘဲ တစ္ေယာက္ခ်င္းစီရဲ႕ တစ္ကိုယ္ေတာ္ စြန႔္စားခန္းေတြကို ဖန္တီးသြားမယ္လို႔ ယူဆႏိုင္ပါတယ္။ ဒါေပမယ့္လည္း Loki နဲ႔ Thor တို႔ဟာ အၿမဲတမ္း တကြဲတျပား ျဖစ္ေနမွာ မဟုတ္ဘဲ အနာဂတ္မွာ ထြက္ရွိလာမယ့္ MCU ႐ုပ္ရွင္ေတြထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ျပန္လည္ဆုံစည္းသြားဦးမယ္လို႔ ယူဆႏိုင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular