HomeCelebs Update NewsInternationalဘီလျံနာမိသားစုက Nicola Peltz နဲ့ လက်ထပ်သွားတဲ့ Brooklyn Beckham

ဘီလျံနာမိသားစုက Nicola Peltz နဲ့ လက်ထပ်သွားတဲ့ Brooklyn Beckham

နာမည်ကျော် ဂန္ထဝင်ဘောလုံးကစားသမား David Beckham နဲ့ နာမည်ကျော်အဆိုတော်၊ ဖက်ရှင်ဒီဇိုင်နာ Victoria Beckham တို့ရဲ့ အကြီးဆုံးသား ဖြစ်တဲ့ Brooklyn Beckham ကတော့ ကျိကျိတက် ချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ သရုပ်ဆောင် Nicola Peltz နဲ့ လက်ထပ်သွားပြီ ဖြစ်ပါတယ်။

အသက်(၂၃)နှစ်အရွယ် Brooklyn Beckham ဟာ အသက်(၂၇)နှစ်အရွယ် Nicola Peltz နဲ့ လက်ထပ်သွားတာ ဖြစ်ပြီး မင်္ဂလာပွဲကိုတော့ Peltz မိသားစုရဲ့ ဒေါ်လာသန်း(၁၀၀)ကျော် တန်ကြေးရှိတဲ့ ဖလော်ရီဒါပြည်နယ်က Palm Beach နေအိမ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကိုတော့ ခမ်းနားကြီးကျယ်လွန်းစွာ ကျင်းပခဲ့တာ ဖြစ်ပြီး ခန့်မှန်းချေ ကုန်ကျစရိတ် ပေါင်(၃)သန်းခန့် ရှိတယ်လို့ ဆိုပါတယ်။

Photo: nicolaannepeltz/ Instagram

ဒီမင်္ဂလာပွဲကိုတော့ ဟောလိဝုဒ်က နာမည်ကျော်ဆယ်လီတွေလည်း တက်ရောက် ချီးမြှင့်ခဲ့ကြပါတယ်။ နာမည်ကျော်စားဖိုမှူး Gordon Ramsay ၊ တင်းနစ်ကစားသမား Serena Williams ၊ Eva Longoria ၊ Spice Girls အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Mel B. ၊ Mel C. အစရှိတဲ့ နာမည်ကျော်တွေ တက်ရောက်ခဲ့ကြပါတယ်။

Brooklyn Beckham ဟာ ဆယ်ကျော်သက်အရွယ်တည်းက ဟောလိဝုဒ်မှာ မြာပွေတဲ့ ကောင်လေးတစ်ယောက်အဖြစ် နာမည်ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။ မင်းသမီးလေး Chloe Grace Moretz ၊ ပြင်သစ်အဆိုတော်နဲ့ သရုပ်ဆောင် Sonia Ben Ammar ၊ နာမည်ကျော်အဆိုတော်ကြီး Lionel Richie ရဲ့သမီး Sofia Richie ၊ ကျောင်းနေဖက်သူငယ်ချင်း Afton McKeith ၊ Madison Beer ၊ Lexi Wood ၊ Lexy Panterra ၊ Alex Lee Allion ၊ မော်ဒယ်လ် Hana Cross တို့နဲ့ တွဲခဲ့ဖူးပါသေးတယ်။

Photo: nicolaannepeltz/ Instagram

Nicola Peltz ကတော့ အမေရိကရဲ့ ထိတ်ထိတ်ကြဲ ချမ်းသာတဲ့ Peltz မိသားစုက ဆင်းသက်လာသူ ဖြစ်ပြီး သူမရဲ့ဖခင် Nelson Peltz ကတော့ ဘီလျံနာတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး Bates Motel ဇာတ်လမ်းတွဲ၊ Holidate အစရှိတဲ့ ဇာတ်ကားတွေထဲမှာ ပါဝင်ထားပါတယ်။

Vancouver

Source: hollywoodlife/mirror

RELATED ARTICLES

Most Popular