HomeEntertainmentFilmJurassic World 3 ရဲ့ First Look မှာ မြင်တွေ့ရတဲ့ Bryce Dallas Howard 

Jurassic World 3 ရဲ့ First Look မှာ မြင်တွေ့ရတဲ့ Bryce Dallas Howard 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာသေးခင်ကပဲ Jurassic World: Dominion ရုပ်ရှင်ဇာတ်ကားရဲ့ first look ထွက်ရှိလာပြီး သရုပ်ဆောင် Bryce Dallas Howard ရဲ့ တကျော့ပြန် ပြန်လည်ပါဝင်လာမှုကို မြင်တွေ့ရပါတယ်။

Jurassic World ထဲမှာတော့ Bryce Dallas Howard ဟာ Jurassic World theme park အသစ်ရဲ့ operation manager အဖြစ် လုပ်ကိုင်နေသူ Claire Dearing အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူမနဲ့အတူ ပါဝင်ထားတဲ့ နောက်ထပ် သရုပ်ဆောင်ကတော့ Chris Pratt ဖြစ်ပြီး  ဒိုင်နိုဆောတွေကို လေ့ကျင့်သင်ကြားပေးရတဲ့ Owen Grady အဖြစ် သရုပ်ဆောင်ထားပါတယ်။

Photo Credit: Universal Studios

ဒါဟာ တတိယမြောက် Jurassic World ဇာတ်ကား ဖြစ်ပြီး ပထမဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပထမဇာတ်ကားကတော့ ဒါရိုက်တာ Steven Spielberg ရိုက်ကူးထားတဲ့ Jurassic Park ရုပ်ရှင်ရဲ့ ဇာတ်လမ်း အဖြစ်အပျက်တွေအပြီး (၂၂)နှစ်အကြာမှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

Jurassic Park ပျက်သုဉ်းပြီး ဆယ်စုနှစ် နှစ်ခုအကြာမှာတော့ John Hammond ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ အဲဒီနေရာမှာပဲ နောက်ထပ် theme park တစ်ခု ထပ်မံပေါ်ပေါက်လာပါတယ်။ ပထမဆုံး Jurassic World ရုပ်ရှင်ထဲမှာတော့ ဥယျာဉ်ထဲက ဝန်ထမ်းတွေနဲ့ လာရောက် လည်ပတ်သူတွေဟာ လူတွေပြုလုပ်ထားတဲ့ ဒိုင်နိုဆောမျိုးစိတ်တစ်ခုဖြစ်တဲ့ Indominus rex တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Universal Studios

ဒုတိယမြောက် ထွက်ရှိလာတဲ့ Jurassic World: Fallen Kingdom ထဲမှာတော့ စွန့်ပစ်ထားတဲ့ ဥယျာဉ်ထဲက ဒိုင်နိုဆောတွေဟာ Isla Nublar ကျွန်းပေါ်မှာပဲ သူတို့ဘာသာ ကျန်ရစ်ခဲ့ကြပါတယ်။ သို့သော်လည်း မီးတောင်ရဲ့ ခြိမ်းခြောက်မှုကြောင့် အဆိုပါဥယျာဉ်ထဲက တိရစ္ဆာန်တွေရဲ့ အသက်အန္တရာယ် စိုးရိမ်လာရတဲ့အခါ Claire နဲ့ Owen တို့ဟာ Hammond ရဲ့ တွဲဖက်ဟောင်းဖြစ်သူ Sir Benjamin Lockwood ပိုင်ဆိုင်တဲ့ နေရာဆီကို ရွှေ့ပြောင်းပေးဖို့ ကြိုးစားရပါတော့တယ်။

အခုထပ်မံ ထွက်ရှိလာမယ့် တတိယမြောက် ဇာတ်ကားကတော့ အဲဒီအဖြစ်အပျက်တွေကနေ တိုက်ရိုက် ချိတ်ဆက်ပြီး ဇာတ်လမ်းဆက်သွားမှာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Universal စတူဒီယိုဟာ Jurassic World 3 ဖြစ်တဲ့ Jurassic World: Dominion ရဲ့ ပထမဆုံးပုံရိပ်ကို ထွက်ရှိလိုက်ပါတယ်။ ပုံထဲမှာတော့ Claire ဟာ မိုးသစ်တောကြီးထဲက ရေမှော်တွေ ပြည့်နှက်နေတဲ့ မြစ်တစ်ခုထဲမှာ ကူးခတ်နေတာ မြင်တွေ့ရပါတယ်။

ပုံကို သေသေချာချာ ကြည့်လိုက်မယ်ဆိုရင်တော့ သူမရဲ့အနောက်မှာ မြင်နေရတာဟာ သစ်ပင်တွေ မဟုတ်ဘဲ ဒိုင်နိုဆောတစ်ကောင်ရဲ့ ခြေထောက်တွေ ဖြစ်နေတာ တွေ့ရမှာပါ။ ဒါကြောင့်ပဲ လူသားတွေရဲ့ ကမ္ဘာနဲ့ ရောယှက်နေထိုင်တော့မယ့် ဒိုင်နိုဆောတွေရဲ့ နေထိုင်မှုဟာ ငြိမ်းချမ်းမှု ရရှိလာမှာ မဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Colin Trevorrow က ရိုက်ကူးပေးထားပြီး Chris Pratt ၊ Bryce Dallas Howard ၊ Sam Neill နဲ့ Jeff Goldblum တို့က အဓိကပါဝင်ထားပါတယ်။ ရုံတင်ပြသမယ့် နေ့ရက်ကတော့ ၂၀၂၂ ခုနှစ် ဇွန်လ(၉)ရက်နေ့လို့ သိရပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

မၾကာေသးခင္ကပဲ Jurassic World: Dominion ႐ုပ္ရွင္ဇာတ္ကားရဲ့ first look ထြက္ရွိလာၿပီး သ႐ုပ္ေဆာင္ Bryce Dallas Howard ရဲ့ တေက်ာ့ျပန္ ျပန္လည္ပါဝင္လာမွုကို ျမင္ေတြ႕ရပါတယ္။

Jurassic World ထဲမွာေတာ့ Bryce Dallas Howard ဟာ Jurassic World theme park အသစ္ရဲ့ operation manager အျဖစ္ လုပ္ကိုင္ေနသူ Claire Dearing အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ သူမနဲ႔အတူ ပါဝင္ထားတဲ့ ေနာက္ထပ္ သ႐ုပ္ေဆာင္ကေတာ့ Chris Pratt ျဖစ္ၿပီး  ဒိုင္နိုေဆာေတြကို ေလ့က်င့္သင္ၾကားေပးရတဲ့ Owen Grady အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

Photo Credit: Universal Studios

ဒါဟာ တတိယေျမာက္ Jurassic World ဇာတ္ကား ျဖစ္ၿပီး ပထမဇာတ္ကားကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ ပထမဇာတ္ကားကေတာ့ ဒါရိုက္တာ Steven Spielberg ရိုက္ကူးထားတဲ့ Jurassic Park ႐ုပ္ရွင္ရဲ့ ဇာတ္လမ္း အျဖစ္အပ်က္ေတြအၿပီး (၂၂)ႏွစ္အၾကာမွာ ဇာတ္အိမ္တည္ထားတာ ျဖစ္ပါတယ္။

Jurassic Park ပ်က္သုဥ္းၿပီး ဆယ္စုႏွစ္ ႏွစ္ခုအၾကာမွာေတာ့ John Hammond ရဲ့ ေနာက္ဆုံးဆႏၵကို ျဖည့္ဆည္းေပးတဲ့အေနနဲ႔ အဲဒီေနရာမွာပဲ ေနာက္ထပ္ theme park တစ္ခု ထပ္မံေပၚေပါက္လာပါတယ္။ ပထမဆုံး Jurassic World ႐ုပ္ရွင္ထဲမွာေတာ့ ဥယ်ာဥ္ထဲက ဝန္ထမ္းေတြနဲ႔ လာေရာက္ လည္ပတ္သူေတြဟာ လူေတြျပဳလုပ္ထားတဲ့ ဒိုင္နိုေဆာမ်ိဳးစိတ္တစ္ခုျဖစ္တဲ့ Indominus rex ေတြရဲ့ တိုက္ခိုက္မွုကို ခံခဲ့ရတာ ျဖစ္ပါတယ္။

Photo Credit: Universal Studios

ဒုတိယေျမာက္ ထြက္ရွိလာတဲ့ Jurassic World: Fallen Kingdom ထဲမွာေတာ့ စြန႔္ပစ္ထားတဲ့ ဥယ်ာဥ္ထဲက ဒိုင္နိုေဆာေတြဟာ Isla Nublar ကၽြန္းေပၚမွာပဲ သူတို႔ဘာသာ က်န္ရစ္ခဲ့ၾကပါတယ္။ သို႔ေသာ္လည္း မီးေတာင္ရဲ့ ၿခိမ္းေျခာက္မွုေၾကာင့္ အဆိုပါဥယ်ာဥ္ထဲက တိရစၧာန္ေတြရဲ့ အသက္အႏၲရာယ္ စိုးရိမ္လာရတဲ့အခါ Claire နဲ႔ Owen တို႔ဟာ Hammond ရဲ့ တြဲဖက္ေဟာင္းျဖစ္သူ Sir Benjamin Lockwood ပိုင္ဆိုင္တဲ့ ေနရာဆီကို ေရႊ႕ေျပာင္းေပးဖို႔ ႀကိဳးစားရပါေတာ့တယ္။

အခုထပ္မံ ထြက္ရွိလာမယ့္ တတိယေျမာက္ ဇာတ္ကားကေတာ့ အဲဒီအျဖစ္အပ်က္ေတြကေန တိုက္ရိုက္ ခ်ိတ္ဆက္ၿပီး ဇာတ္လမ္းဆက္သြားမွာ ျဖစ္ပါတယ္။ မၾကာေသးခင္ကပဲ Universal စတူဒီယိုဟာ Jurassic World 3 ျဖစ္တဲ့ Jurassic World: Dominion ရဲ့ ပထမဆုံးပုံရိပ္ကို ထြက္ရွိလိုက္ပါတယ္။ ပုံထဲမွာေတာ့ Claire ဟာ မိုးသစ္ေတာႀကီးထဲက ေရေမွာ္ေတြ ျပည့္ႏွက္ေနတဲ့ ျမစ္တစ္ခုထဲမွာ ကူးခတ္ေနတာ ျမင္ေတြ႕ရပါတယ္။

ပုံကို ေသေသခ်ာခ်ာ ၾကည့္လိုက္မယ္ဆိုရင္ေတာ့ သူမရဲ့အေနာက္မွာ ျမင္ေနရတာဟာ သစ္ပင္ေတြ မဟုတ္ဘဲ ဒိုင္နိုေဆာတစ္ေကာင္ရဲ့ ေျခေထာက္ေတြ ျဖစ္ေနတာ ေတြ႕ရမွာပါ။ ဒါေၾကာင့္ပဲ လူသားေတြရဲ့ ကမၻာနဲ႔ ေရာယွက္ေနထိုင္ေတာ့မယ့္ ဒိုင္နိုေဆာေတြရဲ့ ေနထိုင္မွုဟာ ၿငိမ္းခ်မ္းမွု ရရွိလာမွာ မဟုတ္ဘူးလို႔ ခန႔္မွန္းရပါတယ္။

ဒီဇာတ္ကားကိုေတာ့ ဒါရိုက္တာ Colin Trevorrow က ရိုက္ကူးေပးထားၿပီး Chris Pratt ၊ Bryce Dallas Howard ၊ Sam Neill နဲ႔ Jeff Goldblum တို႔က အဓိကပါဝင္ထားပါတယ္။ ႐ုံတင္ျပသမယ့္ ေန႔ရက္ကေတာ့ ၂၀၂၂ ခုႏွစ္ ဇြန္လ(၉)ရက္ေန႔လို႔ သိရပါတယ္။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular