HomeAnimeမိန်းကလေးဇာတ်လိုက်တွေ ပါဝင်ထားတဲ့ Anime အက်ရှင် ဇာတ်လမ်းတွဲကောင်းများ

မိန်းကလေးဇာတ်လိုက်တွေ ပါဝင်ထားတဲ့ Anime အက်ရှင် ဇာတ်လမ်းတွဲကောင်းများ

Anime ဇာတ်လမ်းတွေကတော့ သေချာကြည့်ရှုလိုက်ရင် လူတိုင်းစွဲငြိသွားနိုင်တဲ့ ဇာတ်လမ်းတွေ ဖြစ်တာကြောင့် ယခုအချိန်မှာတော့ ကမ္ဘာအနှံ့အပြားမှာ Anime တွေဟာ ရေပန်းစားလာပါတယ်။ Anime တွေမှာတော့ ဇာတ်လမ်းအမျိူးအစားတွေ များစွာရှိပြီး အက်ရှင်ဇာတ်ကားတွေကတော့ ရေပန်းအစားဆုံး ဇာတ်လမ်း အမျိူးအစားတွေထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ မိန်းကလေးဇာတ်လိုက်တွေ အဓိက ပါဝင်ထားတဲ့ အက်ရှင် Anime ဇာတ်လမ်းတွဲကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Darling in the Franxx

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူသားတွေဟာ စက်ရုပ်တွေကို အသုံးပြုပြီး မွန်းစတားကြီးတွေနဲ့ တိုက်ခိုက်နေရတာကြောင့် ကမ္ဘာပေါ်မှာ လူသားအနည်းငယ်သာ ကျန်ရှိပါတော့တယ်။ ဒါကြောင့်ပဲ ကျန်ရှိနေတဲ့ လူသားတွေဟာ ဒီမွန်းစတားတွေကို ဆက်လက် တိုက်ခိုက်ဖို့အတွက် မျိူးဆက်သစ်တွေကို လေ့ကျင့်ပေးနေပြီး ကြမ်းတမ်းတဲ့ စစ်ပွဲကြားထဲက အချစ်ဇာတ်လမ်းတစ်ပုဒ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(6) Sailor Moon

photo via screenrant

ဒီ Anime ဇာတ်လမ်းကတော့ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီးတော့ IMDb (7.7) ရထားပါတယ်။ ဒါ့အပြင် anime လောကမှာ အအောင်မြင်ဆုံးနဲ့ နာမည်အကြီးဆုံး anime တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဇာတ်လမ်းကတော့ ဆယ်ကျော်သက် ကောင်မလေးတွေရဲ့ မှော်ဆန်ဆန် စွန့်စားခန်းတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ကောင်မလေးတစ်ယောက်ဟာ သူ့ရဲ့ကံကြမ္မာက စစ်သည်တော် Sailor Moon ဖြစ်နေတာကို သိလိုက်ရတဲ့ နောက်မှာတော့ သူ့လိုမျိုး ကံကြမ္မာတူကြတဲ့ တခြားကောင်မလေးတွေနဲ့ ပူးပေါင်းပြီးတော့ ကမ္ဘာကြီးနဲ့ စကြဝဠာကြီးကို ကာကွယ်ရပါတော့တယ်။

(5) Ghost in the Shell

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.9) ရရှိထားတဲ့အပြင် ဒီကားကိုပဲ ၂၀၁၇ ခုနှစ်မှာလည်း မင်းသမီး Scarlett Johansson သရုပ်ဆောင်ထားတဲ့ Live Action လည်း ထွက်ရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းကတော့ လူတစ်ဝက်၊ စက်ရုပ်တစ်ဝက်ဖြစ်တဲ့ အေးဂျင့်ကောင်မလေးဟာ သူ့ရဲ့ပါတနာနဲ့အတူ ထူးဆန်းပြီး စွမ်းအားကြီးမားတဲ့ ဟက်ကာတစ်ယောက်ကို လိုက်လံစုံစမ်းပြီးတော့ ဖမ်းဆီးဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ Anime ထဲမှာတော့ အကြမ်းဖက်မှုတွေ၊ အဝတ်မပါတဲ့ ဇာတ်ဝင်ခန်းများစွာနဲ့ ရိုင်းစိုင်းတဲ့ စကားလုံး အသုံးအနှုန်းတွေ ပါဝင်နေတာကြောင့် ကလေးတွေအတွက် မသင့်တော်ပါဘူး။

(4) Kill la Kill

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ Superhuman တွေ သင်ယူတဲ့ ကျောင်းတစ်ကျောင်းကို ရောက်ရှိလာရာက စတင်ပါတယ်။ သူမရဲ့ အဖေကတော့ အသတ်ခံလိုက်ရတာ ဖြစ်ပြီး သူမဟာ ဖခင်ဖြစ်သူရဲ့ သေဆုံးမှုကို လက်စားချေဖို့အတွက် စိတ်အားထက်သန်နေသူ ဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(3) Claymore

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားပါတယ်။ ဒီဇာတ်လမ်းကတော့ Youma လို့ခေါ်တဲ့ ပုံသဏ္ဍာန် ပြောင်းလဲနိုင်တဲ့ Demon တွေ တည်ရှိနေတဲ့ လောကကြီးမှာ ဇာတ်အိမ်ထားပါတယ်။ ဇာတ်လမ်းကတော့ Clare ဆိုတဲ့ လူတစ်ဝက်၊ Youma တစ်ဝက် ကောင်မလေးဟာ အဖွဲ့အစည်းတစ်ခုရဲ့ လေ့ကျင့်ပေးမှုတွေနဲ့ အဲဒီ Demon တွေကို နှိမ်နှင်းရပါတော့တယ်။

(2) Serial Experiment Lain

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Lain ဆိုတဲ့ တစ်ယောက်တည်း နေလေ့ရှိတဲ့ ကောင်မလေးတစ်ယောက်ဟာ တဖြည်းဖြည်းနဲ့ The Wired လို့ခေါ်တဲ့ Virtual Reality တစ်ခုကို စွဲလန်းလာပါတယ်။ အဲဒီနောက်မှာတော့ ထူးဆန်းပြီး စဉ်းစားရခက်တဲ့ အဖြစ်အပျက်တွေ ဖြစ်လာပါတော့တယ်။

(1) Puella Magi Madoka Magica

photo via screenrant

ဒီ Anime ဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Kyubey ဆိုတဲ့ သတ္တဝါတစ်ကောင်က Madoka နဲ့ Sayaka ကို အပေးအယူတစ်ခု လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့ပါတယ်။ အဲဒါကတော့ မှော်ပညာရှင် ဖြစ်လာဖို့အတွက် ကမ်းလှမ်းတဲ့ အပေးအယူတစ်ခု ဖြစ်ပြီးတော့ သူတို့သာ ဒီအပေးအယူကို သဘောတူခဲ့ရင် စုန်းမတွေကို တိုက်ခိုက်ပေးရမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုနဲ့ အဲဒီအပေးအယူကို လက်ခံပြီးတဲ့နောက်မှာ ဘာတွေ ဆက်ဖြစ်မလည်းဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular