HomeCharacterSuicide Squad ထဲက Bloodsport ရဲ့ ကောမစ်ထဲက Origin နဲ့ စိတ်ဝင်စားစရာအချက်များ

Suicide Squad ထဲက Bloodsport ရဲ့ ကောမစ်ထဲက Origin နဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ James Gunn ရိုက်ကူးထားတဲ့ The Suicide Squad ထဲမှာတော့ Live Action ထဲမှာ မမြင်ရသေးတဲ့ DC ကောမစ်ထဲက ဗီလိန်တွေများစွာ ပါဝင်ခဲ့ပါတယ်။ အဆိုပါဗီလိန်တွေထဲက Idris Elba သရုပ်ဆောင်ထားတဲ့ Bloodsport ဟာလည်း အခုချိန်မှာတော့ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်လာပါပြီ။ ဒါကြောင့်ပဲ Bloodsport အကြောင်းကို သိချင်နေတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ကောမစ်ထဲက Origin နဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Bloodsport ရဲ့ Origin
photo via screenrant

Bloodsport ဟာ ၁၉၈၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Superman #4 ကောမစ်ထဲမှာ စတင်ပါဝင်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက သူဟာ Bloodsport ဆိုတဲ့ Codename ကိုတောင် မခံယူရသေးပါဘူး။ Robert DuBois ဟာ ဗီယက်နမ်စစ်ပွဲအတွင်းမှာ စစ်မှုမထမ်းဘဲ တိမ်းရှောင်နေခဲ့တာကြောင့် သူ့ရဲ့အစ်ကိုက သူ့နေရာမှာဝင်ပြီး ကိုယ်စား စစ်မှုထမ်းခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့အစ်ကိုဟာ စစ်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရပြီး ခြေတွေရော၊ လက်တွေရော ပြတ်သွားပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ သူဟာ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်လာပါတယ်။

အဲ့ဒီအချိန်မှာပဲ Lex Luthor ဟာ Robert ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အခွင့်ကောင်းယူကာ ဦးနှောက်ဆေးပြီး နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Lex Luthor ဟာ Robert ကို အလွန်ကျွမ်းကျင်တဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်လာအောင် ဖန်တီးပေးခဲ့ပြီး Superman ကို သတ်ချင်တဲ့စိတ် ဖြစ်လာအောင်ပါ ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ Robert ဟာ သူ့ရဲ့ နည်းပညာမြင့် ဝတ်စုံနဲ့ လက်နက်တွေကို အသုံးပြုကာ Superman နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ Robert ဟာ Kryptonite အပ်လေးတွေကို ကျည်ဆန်အဖြစ် သုံးတဲ့ သေနတ်နဲ့ တိုက်ခိုက်ခဲ့ပြီး Superman ကိုတောင် သတ်နိုင်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ နည်းပညာမြင့်ဝတ်စုံဟာ လက်နက်တွေကို တယ်လီပို့ လုပ်နိုင်ပြီး သူ လိုအပ်တဲ့အချိန်မှာ အသုံးပြုနိုင်ပါတယ်။

Bloodsport ရဲ့ လက်နက်များ
photo via screenrant

ကောမစ်ထဲကလိုပဲ The Suicide Squad ထဲက Bloodsport ဟာလည်း ဘာစွမ်းအားမှ မရှိတဲ့ သာမန်လူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေနဲ့ လက်နက်တွေကိုပဲ အသုံးပြုတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သူဟာ အရိုးခေါင်းနဲ့ ဆင်တူတဲ့ ကျည်ကာခေါင်းစွပ်ကို ဝတ်ဆင်ထားတာလည်း တွေ့ရပါသေးတယ်။ သူ့အတွက် အရေးကြီးဆုံးကတော့ မတူညီတဲ့ လက်နက်တွေကို တပ်ဆင်ထားတဲ့ ဝတ်စုံပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Bloodsport ဟာ မတူညီတဲ့ လက်နက်တွေကို အသုံးပြုခဲ့ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ တစ်ချက်ကတော့ သူ့မှာ လက်နက်တစ်ခုတည်းပဲ ရှိတာ ဖြစ်ပါတယ်။ အဲ့ဒီ လက်နက်တစ်ခုတည်းကိုပဲ နောက်ထပ် အစိတ်အပိုင်းတွေ ထပ်မံတပ်ဆင်ပြီး လက်နက်ပုံစံဟာ အမျိူးမျိူး ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

အပေါ်မှာ ဖော်ပြထားသလိုပဲ ကောမစ်ထဲမှာတော့ သူ လိုအပ်တဲ့အချိန်တိုင်းမှာ လက်နက်တွေကို တယ်လီပို့လုပ်ပြီး သူ့ဆီရောက်အောင် ပြုလုပ်နိုင်တဲ့ ဝတ်စုံကို ပိုင်ဆိုင်ထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ လက်နက်တွေကို တယ်လီပို့လုပ်ပေးတဲ့ ဝတ်စုံအစား ရှိပြီးသား လက်နက်ကိုပဲ ပုံစံပြောင်းလဲနိုင်ပြီး လက်နက် အစိတ်အပိုင်းတွေ တပ်ဆင်ထားတဲ့ ဝတ်စုံကို ဖန်တီးပေးထားတာပါလို့ ဒါရိုက်တာ James Gunn က ပြောပြထားပါတယ်။

ဒါကတော့ Bloodsport ရဲ့ ကောမစ်ထဲက Origin အကြောင်း ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ဒါ႐ိုက္တာ James Gunn ႐ိုက္ကူးထားတဲ့ The Suicide Squad ထဲမွာေတာ့ Live Action ထဲမွာ မျမင္ရေသးတဲ့ DC ေကာမစ္ထဲက ဗီလိန္ေတြမ်ားစြာ ပါဝင္ခဲ့ပါတယ္။ အဆိုပါဗီလိန္ေတြထဲက Idris Elba သ႐ုပ္ေဆာင္ထားတဲ့ Bloodsport ဟာလည္း အခုခ်ိန္မွာေတာ့ ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္တဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္လာပါၿပီ။ ဒါေၾကာင့္ပဲ Bloodsport အေၾကာင္းကို သိခ်င္ေနတဲ့ ပရိသတ္ေတြအတြက္ သူ႔ရဲ႕ေကာမစ္ထဲက Origin နဲ႔ စိတ္ဝင္စားစရာအခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Bloodsport ရဲ႕ Origin
photo via screenrant

Bloodsport ဟာ ၁၉၈၇ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Superman #4 ေကာမစ္ထဲမွာ စတင္ပါဝင္ခဲ့ၿပီး အဲ့ဒီအခ်ိန္တုန္းက သူဟာ Bloodsport ဆိုတဲ့ Codename ကိုေတာင္ မခံယူရေသးပါဘူး။ Robert DuBois ဟာ ဗီယက္နမ္စစ္ပြဲအတြင္းမွာ စစ္မႈမထမ္းဘဲ တိမ္းေရွာင္ေနခဲ့တာေၾကာင့္ သူ႔ရဲ႕အစ္ကိုက သူ႔ေနရာမွာဝင္ၿပီး ကိုယ္စား စစ္မႈထမ္းခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူ႔ရဲ႕အစ္ကိုဟာ စစ္ပြဲအတြင္းမွာ ထိခိုက္ဒဏ္ရာရၿပီး ေျခေတြေရာ၊ လက္ေတြေရာ ျပတ္သြားပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္ပဲ သူဟာ ကိုယ့္ကိုယ္ကို အျပစ္တင္စိတ္ေတြနဲ႔ စိတ္ပိုင္းဆိုင္ရာ မတည္မၿငိမ္ ျဖစ္လာပါတယ္။

အဲ့ဒီအခ်ိန္မွာပဲ Lex Luthor ဟာ Robert ရဲ႕ စိတ္ပိုင္းဆိုင္ရာ အေျခအေနကို အခြင့္ေကာင္းယူကာ ဦးေႏွာက္ေဆးၿပီး ေနာက္ကြယ္ကေန ႀကိဳးကိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Lex Luthor ဟာ Robert ကို အလြန္ကြၽမ္းက်င္တဲ့ လုပ္ႀကံသတ္ျဖတ္သူတစ္ေယာက္ ျဖစ္လာေအာင္ ဖန္တီးေပးခဲ့ၿပီး Superman ကို သတ္ခ်င္တဲ့စိတ္ ျဖစ္လာေအာင္ပါ ျပဳလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္ပဲ Robert ဟာ သူ႔ရဲ႕ နည္းပညာျမင့္ ဝတ္စုံနဲ႔ လက္နက္ေတြကို အသုံးျပဳကာ Superman နဲ႔ တိုက္ခိုက္ခဲ့ပါတယ္။ Robert ဟာ Kryptonite အပ္ေလးေတြကို က်ည္ဆန္အျဖစ္ သုံးတဲ့ ေသနတ္နဲ႔ တိုက္ခိုက္ခဲ့ၿပီး Superman ကိုေတာင္ သတ္ႏိုင္လုနီးပါး ျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ နည္းပညာျမင့္ဝတ္စုံဟာ လက္နက္ေတြကို တယ္လီပို႔ လုပ္ႏိုင္ၿပီး သူ လိုအပ္တဲ့အခ်ိန္မွာ အသုံးျပဳႏိုင္ပါတယ္။

Bloodsport ရဲ႕ လက္နက္မ်ား
photo via screenrant

ေကာမစ္ထဲကလိုပဲ The Suicide Squad ထဲက Bloodsport ဟာလည္း ဘာစြမ္းအားမွ မရွိတဲ့ သာမန္လူတစ္ေယာက္ျဖစ္ၿပီး သူ႔ရဲ႕ တိုက္ခိုက္ေရးစြမ္းရည္ေတြနဲ႔ လက္နက္ေတြကိုပဲ အသုံးျပဳတာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ သူဟာ အ႐ိုးေခါင္းနဲ႔ ဆင္တူတဲ့ က်ည္ကာေခါင္းစြပ္ကို ဝတ္ဆင္ထားတာလည္း ေတြ႕ရပါေသးတယ္။ သူ႔အတြက္ အေရးႀကီးဆုံးကေတာ့ မတူညီတဲ့ လက္နက္ေတြကို တပ္ဆင္ထားတဲ့ ဝတ္စုံပဲ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Bloodsport ဟာ မတူညီတဲ့ လက္နက္ေတြကို အသုံးျပဳခဲ့ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ တစ္ခ်က္ကေတာ့ သူ႔မွာ လက္နက္တစ္ခုတည္းပဲ ရွိတာ ျဖစ္ပါတယ္။ အဲ့ဒီ လက္နက္တစ္ခုတည္းကိုပဲ ေနာက္ထပ္ အစိတ္အပိုင္းေတြ ထပ္မံတပ္ဆင္ၿပီး လက္နက္ပုံစံဟာ အမ်ိဴးမ်ိဴး ေျပာင္းလဲသြားတာ ျဖစ္ပါတယ္။

အေပၚမွာ ေဖာ္ျပထားသလိုပဲ ေကာမစ္ထဲမွာေတာ့ သူ လိုအပ္တဲ့အခ်ိန္တိုင္းမွာ လက္နက္ေတြကို တယ္လီပို႔လုပ္ၿပီး သူ႔ဆီေရာက္ေအာင္ ျပဳလုပ္ႏိုင္တဲ့ ဝတ္စုံကို ပိုင္ဆိုင္ထားပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ လက္နက္ေတြကို တယ္လီပို႔လုပ္ေပးတဲ့ ဝတ္စုံအစား ရွိၿပီးသား လက္နက္ကိုပဲ ပုံစံေျပာင္းလဲႏိုင္ၿပီး လက္နက္ အစိတ္အပိုင္းေတြ တပ္ဆင္ထားတဲ့ ဝတ္စုံကို ဖန္တီးေပးထားတာပါလို႔ ဒါ႐ိုက္တာ James Gunn က ေျပာျပထားပါတယ္။

ဒါကေတာ့ Bloodsport ရဲ႕ ေကာမစ္ထဲက Origin အေၾကာင္း ျဖစ္ပါတယ္။ အခုလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular