HomeEntertainmentFilmMixed Review တွေရရှိနေတဲ့ Brad Pitt ရဲ့ ရုပ်ရှင်အသစ် Bullet Train

Mixed Review တွေရရှိနေတဲ့ Brad Pitt ရဲ့ ရုပ်ရှင်အသစ် Bullet Train

Brad Pitt ရဲ့ နောက်ဆုံးထွက် အက်ရှင်ဇာတ်ကားသစ် Bullet Train ကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ(၅)ရက်နေ့က စတင်ပြီး ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ စဖွင့်တဲ့ ရက်သတ္တပတ်မှာတင် သူ့ရဲ့ဝင်ငွေကတော့ ယူအက်စ်ပြည်တွင်းတစ်ခုတည်းမှာ ဒေါ်လာ(၃၀.၁)သန်းခန့် ရရှိနေပါတယ်။

Bullet Train ကတော့ နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ဟာသအက်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပြီး Brad Pitt ၊ Sandra Bullock ၊ Logan Lehrman ၊ Joey King ၊ Aaron Taylor-Johnson ၊ Karen Fukuhara နဲ့ Brian Tyree Henry တို့ ပါဝင်ထားပါတယ်။

Photo Credit: SONY Pictures

ဇာတ်လမ်းကတော့ Ladybug (Brad Pitt)ဟာ ကံအလွန်ဆိုးတဲ့ အတွေ့အကြုံရှိ လုပ်ကြံရေးသမားတစ်ယောက် ဖြစ်ပြီး သူ့ရဲ့မစ်ရှင်တွေဟာ ကမောက်ကမ ဖြစ်ခဲ့ပြီးနောက်မှာတော့ အေးအေးချမ်းချမ်း လုပ်လို့ရမယ့် မစ်ရှစ်တစ်ခုကို မျှော်လင့်နေပါတယ်။ သို့သော်လည်း သူထင်ထားသလို မဖြစ်လာဘဲ သူ့လိုပဲ ကျွမ်းကျင်လွန်းတဲ့ လုပ်ကြံရေးသမားတွေနဲ့ ဂျပန်နိုင်ငံက ကျည်ဆန်ရထားတစ်စင်းပေါ်မှာ ရင်ဆိုင်တွေ့ရပါတော့တယ်။

ဒီရုပ်ရှင်ကတော့ Kotaro Isaka ရေးသားထားတဲ့ Maria Beetle ဆိုတဲ့ ဂျပန်ဝတ္ထုကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ ဆက်တင်အများစုကို ရုပ်ရှင်ထဲကအတိုင်း ဖန်တီးထားပေမယ့် သရုပ်ဆောင်ရွေးချယ်ရာမှာတော့ ဂျပန်သရုပ်ဆောင်အများစု ပါဝင်ရမယ့်အစား လူဖြူသရုပ်ဆောင်တွေကိုသာ အသားပေး ရွေးချယ်ထားတဲ့အတွက် ဝေဖန်ခံခဲ့ရပါသေးတယ်။

Photo Credit: SONY Pictures

ယခုရုံတင်ပြသတဲ့အခါမှာလည်း mixed review လို့ခေါ်တဲ့ အကောင်းအဆိုး ရောယှက်နေတဲ့ မှတ်ချက်တွေကို ရရှိနေပါတယ်။ လက်ရှိအချိန်ထိ IMDb rating 7.5 ရရှိထားပြီး Rotten Tomatoes မှာတော့ 54% သာ ရရှိထားပါတယ်။ နာမည်ကျော်သရုပ်ဆောင်တွေ အသုံးပြုထားပြီး အက်ရှင်ဇာတ်ဝင်ခန်းတွေဟာ ကြည့်ရှုလို့ကောင်းပေမယ့် ဇာတ်လမ်းကျောရိုးပိုင်းကတော့ အားနည်းချက်တွေ ရှိနေတယ်လို့ ပရိသတ်တွေကရော၊ ဝေဖန်ရေးတွေကပါ ဆိုနေကြပါတယ်။

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ Bullet Train ရဲ့ အဖွင့်ရက်သတ္တပတ်က ဝင်ငွေကတော့ ယူအက်စ်ပြည်တွင်းမှာ ဒေါ်လာ(၃၀.၁)သန်းခန့် ရရှိနေပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဒေါ်လာ(၆၂.၅)သန်းခန့် ရရှိထားတယ်လို့ သိရပါတယ်။ ဒီအတိုင်းအတာဟာ ဝင်ငွေကောင်းတယ်လို့ ယူဆရမှာ ဖြစ်ပေမယ့် ဘတ်ဂျက် ဒေါ်လာသန်း(၉၀)ခန့် အသုံးပြုထားပြီး နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားအနေနဲ့ဆိုရင်တော့ အနည်းငယ် အားလျော့နေတယ်လို့ ဆိုနိုင်ပါတယ်။

ဒါဟာလည်း ယူအက်စ်နဲ့ ယူကေမှာ နွေရာသီပြီးဆုံးတော့မှာ ဖြစ်ပြီး ကျောင်းဖွင့်ရာသီ ပြန်လည်နီးကပ်လာတဲ့အတွက် စျေးကွက်အေးတဲ့အချိန်ကြောင့်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ယခုနှစ်နွေရာသီမှာ အောင်ပွဲခံသွားကြတဲ့ Top Gun: Maverick ၊ Jurassic World Dominion ၊ Minions: The Rise of Gru ၊ Thor: Love and Thunder အစရှိတဲ့ ဇာတ်ကားတွေရဲ့ ရိုက်ခတ်မှုအရှိန်ကြောင့်လည်း ပါဝင်နိုင်ပါတယ်။

Vancouver

Source: screenrant/deadline

RELATED ARTICLES

Most Popular