HomeEntertainmentFilmRed Guardian ကို ဆိုလိုရုပ်ရှင် ထွက်စေချင်တယ်ဆိုတဲ့ Black Widow ဒါရိုက်တာ Cate Shortland

Red Guardian ကို ဆိုလိုရုပ်ရှင် ထွက်စေချင်တယ်ဆိုတဲ့ Black Widow ဒါရိုက်တာ Cate Shortland

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Black Widow ရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်သူ Cate Shortland ဟာ David Harbour သရုပ်ဆောင်ထားတဲ့ Red Guardian ကို ဆိုလိုရုပ်ရှင် ရစေချင်တယ်လို့ ပြောလိုက်ပါတယ်။

MCU ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ရုပ်ရှင် Black Widow ထဲမှာတော့ Civil War နဲ့ Infinity War ကြားထဲက အချိန်မှာ Natasha ဘာတွေလုပ်ခဲ့လည်းဆိုတာကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Natasha ရဲ့ ငယ်ဘဝကို အနည်းငယ် ပြသသွားပြီး Yelena နဲ့ Red Guardian တို့လို ဇာတ်ကောင်အသစ်တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

photo via screenrant

Black Widow ရုပ်ရှင်ထဲမှာတော့ Red Guardian ရဲ့ အခန်းကဏ္ဍဟာ သိပ်မပါဝင်ခဲ့ဘူးလို့တောင် ပြောလို့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Red Guardian နဲ့ Melina တို့လို ဇာတ်ကောင်တွေဟာ Natasha နဲ့ Yelena တို့ရဲ့ မိသားစုကို ဖော်ပြတဲ့နေရာမှာပဲ ပိုမိုအသုံးပြုခဲ့ပြီး Red Guardian ရဲ့ တိုက်ခိုက်ပုံတွေကိုတောင် သေချာမတွေ့လိုက်ရပါဘူး။ ဒီအချက်ကြောင့်လည်း Red Guardian ရဲ့ ဆိုလိုရုပ်ရှင် ထွက်လာခဲ့ရင် ဒီဇာတ်ကောင်ကို ပရိသတ်တွေအနေနဲ့ ပိုမိုကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။

The Wrap သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ ဒါရိုက်တာ Cate ဟာ Red Guardian နဲ့ သူ့ရဲ့မိသားစုအကြောင်းကို ဇာတ်ဝင်ခန်းတွေများစွာ ရိုက်ကူးခဲ့တယ်လို့ ပြောပါတယ်။ Black Widow ရုပ်ရှင်ထဲမှာ မပါဝင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ များစွာလည်း ရှိသေးတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ Red Guardian အတွက် ဆိုလိုရုပ်ရှင် လိုအပ်နေတာ ဖြစ်ပြီး အဲ့ဒီရုပ်ရှင်က အလွန်ရယ်ရလိမ့်မယ်လို့လည်း ဆိုပါသေးတယ်။

photo via screenrant

Red Guardian ဟာ Black Widow ရုပ်ရှင်ရဲ့ အဆုံးမှာ အသက်ရှင်ကျန်ခဲ့တာကြောင့် နောက်ပိုင်းမှာတော့ သူ့ရဲ့ဆိုလိုရုပ်ရှင် မဟုတ်တောင် တခြားရုပ်ရှင်တွေထဲမှာ ပါဝင်လာနိုင်ပါသေးတယ်။ Red Guardian နေရာမှာ သရုပ်ဆောင်ခဲ့သူ David Harbour ကတော့ MCU နဲ့ ဆွေးနွေးခဲ့ပြီးပြီ ဖြစ်ပေမယ့်လည်း လောလောဆယ်မှာတော့ ဘာကိုမှ ထုတ်ပြောပိုင်ခွင့် မရှိသေးဘူးလို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Red Guardian ရဲ့ ဆိုလိုထွက်ရှိလာဦးမယ် ဆိုရင်တောင် အဲ့ဒီရုပ်ရှင်အတွက် အချိန်တစ်ခုတော့ စောင့်ဆိုင်းရဦးမှာပါ။

Legos

Source: Screenrant

(Zawgyi Version)

Black Widow ႐ုပ္ရွင္ရဲ႕ ဒါ႐ိုက္တာျဖစ္သူ Cate Shortland ဟာ David Harbour သ႐ုပ္ေဆာင္ထားတဲ့ Red Guardian ကို ဆိုလို႐ုပ္ရွင္ ရေစခ်င္တယ္လို႔ ေျပာလိုက္ပါတယ္။

MCU ရဲ႕ ေနာက္ဆုံး ထြက္ရွိထားတဲ့႐ုပ္ရွင္ Black Widow ထဲမွာေတာ့ Civil War နဲ႔ Infinity War ၾကားထဲက အခ်ိန္မွာ Natasha ဘာေတြလုပ္ခဲ့လည္းဆိုတာကို ႐ိုက္ကူးထားတာပဲ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Natasha ရဲ႕ ငယ္ဘဝကို အနည္းငယ္ ျပသသြားၿပီး Yelena နဲ႔ Red Guardian တို႔လို ဇာတ္ေကာင္အသစ္ေတြကိုလည္း မိတ္ဆက္ေပးခဲ့ပါတယ္။

photo via screenrant

Black Widow ႐ုပ္ရွင္ထဲမွာေတာ့ Red Guardian ရဲ႕ အခန္းက႑ဟာ သိပ္မပါဝင္ခဲ့ဘူးလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Red Guardian နဲ႔ Melina တို႔လို ဇာတ္ေကာင္ေတြဟာ Natasha နဲ႔ Yelena တို႔ရဲ႕ မိသားစုကို ေဖာ္ျပတဲ့ေနရာမွာပဲ ပိုမိုအသုံးျပဳခဲ့ၿပီး Red Guardian ရဲ႕ တိုက္ခိုက္ပုံေတြကိုေတာင္ ေသခ်ာမေတြ႕လိုက္ရပါဘူး။ ဒီအခ်က္ေၾကာင့္လည္း Red Guardian ရဲ႕ ဆိုလို႐ုပ္ရွင္ ထြက္လာခဲ့ရင္ ဒီဇာတ္ေကာင္ကို ပရိသတ္ေတြအေနနဲ႔ ပိုမိုၾကည့္ရႈခြင့္ရမွာ ျဖစ္ပါတယ္။

The Wrap သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာေတာ့ ဒါ႐ိုက္တာ Cate ဟာ Red Guardian နဲ႔ သူ႔ရဲ႕မိသားစုအေၾကာင္းကို ဇာတ္ဝင္ခန္းေတြမ်ားစြာ ႐ိုက္ကူးခဲ့တယ္လို႔ ေျပာပါတယ္။ Black Widow ႐ုပ္ရွင္ထဲမွာ မပါဝင္ခဲ့တဲ့ ဇာတ္ဝင္ခန္းေတြ မ်ားစြာလည္း ရွိေသးတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ပဲ Red Guardian အတြက္ ဆိုလို႐ုပ္ရွင္ လိုအပ္ေနတာ ျဖစ္ၿပီး အဲ့ဒီ႐ုပ္ရွင္က အလြန္ရယ္ရလိမ့္မယ္လို႔လည္း ဆိုပါေသးတယ္။

photo via screenrant

Red Guardian ဟာ Black Widow ႐ုပ္ရွင္ရဲ႕ အဆုံးမွာ အသက္ရွင္က်န္ခဲ့တာေၾကာင့္ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕ဆိုလို႐ုပ္ရွင္ မဟုတ္ေတာင္ တျခား႐ုပ္ရွင္ေတြထဲမွာ ပါဝင္လာႏိုင္ပါေသးတယ္။ Red Guardian ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူ David Harbour ကေတာ့ MCU နဲ႔ ေဆြးေႏြးခဲ့ၿပီးၿပီ ျဖစ္ေပမယ့္လည္း ေလာေလာဆယ္မွာေတာ့ ဘာကိုမွ ထုတ္ေျပာပိုင္ခြင့္ မရွိေသးဘူးလို႔ သိရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Red Guardian ရဲ႕ ဆိုလိုထြက္ရွိလာဦးမယ္ ဆိုရင္ေတာင္ အဲ့ဒီ႐ုပ္ရွင္အတြက္ အခ်ိန္တစ္ခုေတာ့ ေစာင့္ဆိုင္းရဦးမွာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular