HomeCelebs Update NewsInternationalJohn Wick သရုပ်ဆောင် Lance Reddick ရုတ်တရက်ကွယ်လွန်

John Wick သရုပ်ဆောင် Lance Reddick ရုတ်တရက်ကွယ်လွန်

John Wick Franchise ထဲမှာ Charon အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Lance Reddick ဟာ အသက်(၆၀)နှစ်အရွယ်မှာ ရုတ်တရက် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ Lance Reddick ကိုတော့ ၁၉၆၂ ခုနှစ် ဇွန်လ (၇)ရက်နေ့မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့သရုပ်ဆောင်သက်တမ်း တလျှောက်မှာ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲများစွာရဲ့ဇာတ်ကောင်ပေါင်း (၁၀၀)ကျော်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

photo credit Netflix

မကြာသေးခင် အချိန်ပိုင်းကပဲ သရုပ်ဆောင် Lance Reddick ကို သူ့ရဲ့နေအိမ်မှာ ကွယ်လွန်နေတာကို ရှာတွေ့ခဲ့တဲ့အကြောင်း TMZ သတင်းဌာနက ဖော်ပြထားပါတယ်။ လောလောဆယ်မှာတော့ Lance Reddick ဟာ ဘာကြောင့် ကွယ်လွန်သွားတယ်ဆိုတဲ့ အကြောင်းပြချက် တိတိကျကျကို မသိရသေးပေမယ့်လည်း တာဝန်ရှိသူတွေကတော့ ရောဂါတွေ၊ မတော်တဆမှုတွေကြောင့် မဟုတ်ဘဲ ဖြစ်ရိုးဖြစ်စဉ်အတိုင်း ကွယ်လွန်သွားတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားကြပါတယ်။

ဒါ့အပြင် သရုပ်ဆောင် Lance Reddick ဟာ ရုတ်တရက် ကွယ်လွန်သွားတယ်လို့ ပြောလို့ရပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်ကပဲ John Wick ရုပ်ရှင်တွေအကြောင်းနဲ့ သူ့ရဲ့သရုပ်ဆောင်ဘဝအကြောင်းကို အင်တာဗျူး ပြုလုပ်ခဲ့ပါသေးတယ်။ Lance Reddick ဟာ လာမယ့် မတ်လ (၂၄)ရက်နေ့မှာ ထွက်ရှိလာမယ့် John Wick 4 ထဲမှာလည်း Charon ဇာတ်ကောင်အနေနဲ့ ပြန်လည်ပါဝင်ထားပါသေးတယ်။

photo credit Lionsgate

ဒါတင်မကသေးဘဲ Lance Reddick ဟာ အသစ်ထွက်ရှိလာမယ့် Shirley Chisholm ရဲ့ Biopic ဖြစ်တဲ့ Shirley နဲ့ White Men Can’t Jump ရုပ်ရှင်တွေထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ သူဟာ Disney+ ရဲ့ Percy Jackson and the Olympians ဇာတ်လမ်းတွဲထဲမှာလည်း Zeus အနေနဲ့ ပါဝင်လာမယ်လို့ မကြာခင်ကပဲ ကြေညာထားသလို John Wick Spin-Off ဖြစ်တဲ့ Ballerina ထဲမှာလည်း ပါဝင်လာဖို့ ကြေညာထားပါသေးတယ်။ သို့သော်လည်း ယခုလို သရုပ်ဆောင်ကောင်းတစ်ယောက် ကွယ်လွန်သွားတာဟာ ဟောလိဝုဒ်အတွက်တော့ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular