HomeCelebs Update NewsInternationalဟောလိဝုဒ်က ဘာလို့အနားယူခဲ့တယ်ဆိုတာ ပြောပြလာတဲ့ Cameron Diaz 

ဟောလိဝုဒ်က ဘာလို့အနားယူခဲ့တယ်ဆိုတာ ပြောပြလာတဲ့ Cameron Diaz 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Charlie’s Angels ၊ The Mask ဇာတ်ကားတွေနဲ့ မြန်မာပရိသတ်တွေကြားမှာ လူသိများတဲ့ မင်းသမီး Cameron Diaz ဟာ ဟောလိဝုဒ်ရဲ့ ရုပ်ရှင်လောက,ကနေ အနားယူသွားခဲ့ပြီဖြစ်ပြီး သူမ ဘာကြောင့် အခုလိုရွေးချယ်မှုတွေ ပြုလုပ်ခဲ့ရတယ်ဆိုတာကို မင်းသမီး Gwyneth Paltrow နဲ့ တွေ့ဆုံရာမှာ ပြောပြခဲ့ပါတယ်။

အသက်(၄၇)နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Cameron Diaz ဟာ ဟောလိဝုဒ်ရဲ့ ကော်ဇောနီပေါ်မှာလည်း မလျှောက်လှမ်းတော့သလို box-office ရုပ်ရှင်လောကကိုလည်း ကျောခိုင်းခဲ့ပြီး သာမန်ဘဝမှာ အေးအေးချမ်းချမ်း နေထိုင်နေပြီ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်အထိ ရုပ်ရှင်တွေ ရိုက်ကူးခဲ့ပြီး အဲ့ဒီ့နောက်ပိုင်းကစလို့ ရုပ်ရှင်လောက,ကနေ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။

Photo: cameron_diaz_p/ Instagram

သို့ပေမယ့်လည်း ပရိသတ်တွေ မမြင်ရတာကြာပြီဖြစ်တဲ့ Cameron Diaz ကို မင်းသမီး Gwyneth Paltrow ရဲ့ In Good Health: The Sessions ဆိုတဲ့ ဒစ်ဂျစ်တယ်လ် အင်တာဗျူးစီးရီးမှာ ပြန်လည်မြင်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ ဩဂုတ်လ(၅)ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဆိုပါ အင်တာဗျူးကို Cameron က ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး ကင်မရာမီးရောင်တွေရဲ့ အဝေးမှာ ငြိမ်းချမ်းသာယာနေတဲ့ အကြောင်းတွေကို ပြောပြသွားခဲ့ပါတယ်။

“အေးချမ်းနေတာပဲ။ ဘာလို့လည်းဆိုတော့ နောက်ဆုံးမှာ ကျွန်မ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ခဲ့ပြီမို့လို့ ကျွန်မရင်ထဲမှာ အေးချမ်းနေပါတယ်… ” လို့ သူမက ဆိုပါတယ်။

Photo: camerondiaz/ Instagram

“ပြောရရင်တော့ နည်းနည်းထူးဆန်းတယ်။ လူအများစုက နားလည်ကြမှာ မဟုတ်ဘူး။ ရှင်ကတော့ နားလည်မယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမယ့် အဲ့လိုမျိုး လူတွေရဲ့ရှေ့ကို ကိုယ့်ကိုယ်ကို ပြသပြီး လူထုရဲ့မျက်စိအောက်မှာ အလုပ်လုပ်ရတာဟာ သိပ်ကိုပြင်းထန်လွန်းတယ်လို့ ထင်တယ်။ ကိုယ်က သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ လူအားလုံးက ကိုယ့်ကို မြင်နေရတဲ့အခါ၊ မီဒီယာတွေရှေ့မှာ နေရတဲ့အခါ၊ ကိုယ့်ကိုယ်ကို လူထုရဲ့ရှေ့ကို ပို့လိုက်ရတဲ့အခါ ကိုယ့်ဆီကိုလာနေတဲ့ တွန်းအားတွေ အများကြီး ရှိနေတယ်… ” လို့ Cameron က Gwyneth ကို ပြောပါတယ်။

သူမဟာ လူတွေဆီကလာတဲ့ အချို့သော တွန်းအားတွေနဲ့ ပတ်သက်ပြီး ထိရှလွယ်တဲ့အကြောင်းနဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် လုပ်ကိုင်နေတုန်းက အဲ့ဒီ့အရာတွေဟာ သူမကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ သူမကိုယ်ကို ပြန်သုံးသပ်မိခဲ့ပြီး အားလုံးကို ရပ်ပစ်ကာ ကိုယ်တကယ်လုပ်ချင်တာတွေကိုပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ချက် ချစေခဲ့တာပါလို့ Cameron က ဆိုပါတယ်။

Photo: camerondiaz/ Instagram

“အားလုံးကိုရပ်ပြီးတော့ ကျွန်မ ကိုယ့်ဘဝကိုယ် ပြန်ကြည့်လိုက်တယ်။ ရှင် ရုပ်ရှင်တစ်ကား ရိုက်ပြီဆိုရင် သူတို့က ရှင့်ကိုပိုင်သွားကြပြီ။ လပေါင်းများစွာ တစ်ရက်ကို (၁၂)နာရီလောက် အဲ့ဒီ့ရိုက်ကွင်းမှာ သွားနေရပြီ။ ကိုယ့်ဘဝအတွက် တစ်ခြားဘာမှ လုပ်ဖို့ အချိန်မရှိတော့ဘူး … ” လို့ ဆိုပါတယ်။

“ကျွန်မဘဝရဲ့ အစိတ်အပိုင်း တော်တော်များများကို တစ်ခြားသူတွေဆီမှာ ဆုံးဖြတ်ပိုင်ခွင့်ပေးနေမိတာကို သွားသတိရမိတယ်။ အဲ့ဒီ့တော့ အဲ့ဒါတွေအားလုံးကို ကိုယ့်ဆီပြန်ရောက်လာအောင် ပြန်ယူခဲ့ရတယ်။ ပြီးတော့ ကိုယ့်ဘဝ ကိုယ်ပိုင်ပြီး၊ ကိုယ့်တာဝန် ကိုယ်ယူလို့ရအောင် လုပ်ခဲ့ရတယ်။ ကျွန်မ အချိန်တွေအကြာကြီး အလုပ်တွေလုပ်ခဲ့၊ ရုပ်ရှင်တွေ ရိုက်လာခဲ့တာ၊ အများကြီး ကိုယ့်ကိုယ်ကို ခိုင်းလာခဲ့ပြီးပြီလေ။ ကျွန်မရဲ့ကိုယ်ပိုင်ဘဝအတွက် နေရာလေးတစ်ခုတောင် မချန်ခဲ့မိဘူး…  ” လို့ ဆိုပါတယ်။

Photo: cameron_diaz_p/ Instagram

Cameron ဟာ သူမရဲ့အသက်(၄၀)နှစ်အရွယ်မှာ သူမကိုယ်ကို ပြန်သုံးသပ်မိခဲ့တာဖြစ်ပြီး ဟောလိဝုဒ်ကနေ အနားယူခဲ့ပါတယ်။ အဲ့ဒီ့နောက် မကြာခင်မှာပဲ Good Charlotte တီးဝိုင်းက အဆိုတော်၊ ဂစ်တာသမား Benji Madden နဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၅ခုနှစ်မှာ Raddix လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ အဲ့ဒီ့အချိန်တွေကစလို့ သူမဟာ သူမရဲ့ကိုယ်ပိုင်ဘဝကိုသာ ပထမဦးစားပေးအဖြစ် ရှေ့တန်းတင်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မတို့ လက်ထပ်လိုက်တာလည်း ချက်ချင်းကြီးလိုလိုပါပဲ။ ဘာလို့လည်းဆိုတော့ ကျွန်မတို့ လုပ်မှကို ရတော့မယ်လို့ သဘောပေါက်မိခဲ့ကြလို့ပါ။ အစပိုင်း နှစ်အနည်းငယ်လောက်ကတော့ ကျွန်မတို့အိမ်ထောင်ရေးက ခက်ခဲခဲ့တယ်။ ဒါပေမယ့်လည်း အဖြေထွက်အောင် လုပ်ရတာပေါ့။ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် ညှိရတာဆိုတော့ တကယ်တော့ ပင်ပန်းတယ်။ ဒါပေမယ့် ကျွန်မတို့ တကယ်အဆင်ပြေအောင် လုပ်နိုင်ခဲ့တယ်။ ကျွန်မက သူ့ထက်အသက်ကြီးတယ်လေ။ နှစ်အများကြီး ကွာတာမျိုးတော့ မဟုတ်ပေမယ့် သူကလည်း သူ့ဘဝအတွက် ဒါကိုလုပ်ချင်တဲ့ အနေအထားမှာ ရောက်နေပြီဖြစ်တာကြောင့် မိသားစုထူထောင်ဖို့ကို ရွေးချယ်ခဲ့ကြတာပါ… ” လို့ ဆိုထားပါတယ်။

Photo: cameron_diaz_p/ Instagram

မင်းသမီးရဲ့ ပရိသတ်တွေအတွက်ကတော့ သူမ အနားယူသွားပြီဖြစ်လို့ ရုပ်ရှင်အသစ်တွေ ထပ်မကြည့်ရတော့ဘူးဆိုပြီး ဝမ်းနည်းစရာ ဖြစ်နိုင်ပေမယ့် တစ်ဘက်မှာလည်း သူမဟာ ဆူညံရှုပ်ထွေးလွန်းတဲ့ ဟောလိဝုဒ်ကနေ ထွက်ခွာပြီး အေးအေးချမ်းချမ်း နေထိုင်နေတာကို မြင်ရတာကြောင့် အားလုံးပဲ ကျေနပ်ကြမယ်လို့ ထင်ပါတယ်။

LaNina

Source: hollywood life

(Zawgyi Version)

Charlie’s Angels ၊ The Mask ဇာတ္ကားေတြနဲ႔ ျမန္မာပရိသတ္ေတြၾကားမွာ လူသိမ်ားတဲ့ မင္းသမီး Cameron Diaz ဟာ ေဟာလိဝုဒ္ရဲ႕ ႐ုပ္ရွင္ေလာက,ကေန အနားယူသြားခဲ့ၿပီျဖစ္ၿပီး သူမ ဘာေၾကာင့္ အခုလိုေ႐ြးခ်ယ္မႈေတြ ျပဳလုပ္ခဲ့ရတယ္ဆိုတာကို မင္းသမီး Gwyneth Paltrow နဲ႔ ေတြ႕ဆုံရာမွာ ေျပာျပခဲ့ပါတယ္။

အသက္(၄၇)ႏွစ္ရွိၿပီျဖစ္တဲ့ မင္းသမီး Cameron Diaz ဟာ ေဟာလိဝုဒ္ရဲ႕ ေကာ္ေဇာနီေပၚမွာလည္း မေလွ်ာက္လွမ္းေတာ့သလို box-office ႐ုပ္ရွင္ေလာကကိုလည္း ေက်ာခိုင္းခဲ့ၿပီး သာမန္ဘဝမွာ ေအးေအးခ်မ္းခ်မ္း ေနထိုင္ေနၿပီ ျဖစ္ပါတယ္။ သူမဟာ ၂၀၁၄ခုႏွစ္အထိ ႐ုပ္ရွင္ေတြ ႐ိုက္ကူးခဲ့ၿပီး အဲ့ဒီ့ေနာက္ပိုင္းကစလို႔ ႐ုပ္ရွင္ေလာက,ကေန အနားယူသြားခဲ့တာ ျဖစ္ပါတယ္။

Photo: cameron_diaz_p/ Instagram

သို႔ေပမယ့္လည္း ပရိသတ္ေတြ မျမင္ရတာၾကာၿပီျဖစ္တဲ့ Cameron Diaz ကို မင္းသမီး Gwyneth Paltrow ရဲ႕ In Good Health: The Sessions ဆိုတဲ့ ဒစ္ဂ်စ္တယ္လ္ အင္တာဗ်ဴးစီးရီးမွာ ျပန္လည္ျမင္ေတြ႕ခဲ့ၾကရတာ ျဖစ္ပါတယ္။ ဩဂုတ္လ(၅)ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ အဆိုပါ အင္တာဗ်ဴးကို Cameron က ဧည့္သည္အျဖစ္ ပါဝင္ခဲ့ၿပီး ကင္မရာမီးေရာင္ေတြရဲ႕ အေဝးမွာ ၿငိမ္းခ်မ္းသာယာေနတဲ့ အေၾကာင္းေတြကို ေျပာျပသြားခဲ့ပါတယ္။

“ေအးခ်မ္းေနတာပဲ။ ဘာလို႔လည္းဆိုေတာ့ ေနာက္ဆုံးမွာ ကြၽန္မ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ႏိုင္ခဲ့ၿပီမို႔လို႔ ကြၽန္မရင္ထဲမွာ ေအးခ်မ္းေနပါတယ္… ” လို႔ သူမက ဆိုပါတယ္။

Photo: camerondiaz/ Instagram

“ေျပာရရင္ေတာ့ နည္းနည္းထူးဆန္းတယ္။ လူအမ်ားစုက နားလည္ၾကမွာ မဟုတ္ဘူး။ ရွင္ကေတာ့ နားလည္မယ္ဆိုတာ ကြၽန္မသိတယ္။ ဒါေပမယ့္ အဲ့လိုမ်ိဳး လူေတြရဲ႕ေရွ႕ကို ကိုယ့္ကိုယ္ကို ျပသၿပီး လူထုရဲ႕မ်က္စိေအာက္မွာ အလုပ္လုပ္ရတာဟာ သိပ္ကိုျပင္းထန္လြန္းတယ္လို႔ ထင္တယ္။ ကိုယ္က သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္နဲ႔ လူအားလုံးက ကိုယ့္ကို ျမင္ေနရတဲ့အခါ၊ မီဒီယာေတြေရွ႕မွာ ေနရတဲ့အခါ၊ ကိုယ့္ကိုယ္ကို လူထုရဲ႕ေရွ႕ကို ပို႔လိုက္ရတဲ့အခါ ကိုယ့္ဆီကိုလာေနတဲ့ တြန္းအားေတြ အမ်ားႀကီး ရွိေနတယ္… ” လို႔ Cameron က Gwyneth ကို ေျပာပါတယ္။

သူမဟာ လူေတြဆီကလာတဲ့ အခ်ိဳ႕ေသာ တြန္းအားေတြနဲ႔ ပတ္သက္ၿပီး ထိရွလြယ္တဲ့အေၾကာင္းနဲ႔ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ လုပ္ကိုင္ေနတုန္းက အဲ့ဒီ့အရာေတြဟာ သူမကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ပဲ သူမကိုယ္ကို ျပန္သုံးသပ္မိခဲ့ၿပီး အားလုံးကို ရပ္ပစ္ကာ ကိုယ္တကယ္လုပ္ခ်င္တာေတြကိုပဲ လုပ္ေတာ့မယ္လို႔ ဆုံးျဖတ္ခ်က္ ခ်ေစခဲ့တာပါလို႔ Cameron က ဆိုပါတယ္။

Photo: camerondiaz/ Instagram

“အားလုံးကိုရပ္ၿပီးေတာ့ ကြၽန္မ ကိုယ့္ဘဝကိုယ္ ျပန္ၾကည့္လိုက္တယ္။ ရွင္ ႐ုပ္ရွင္တစ္ကား ႐ိုက္ၿပီဆိုရင္ သူတို႔က ရွင့္ကိုပိုင္သြားၾကၿပီ။ လေပါင္းမ်ားစြာ တစ္ရက္ကို (၁၂)နာရီေလာက္ အဲ့ဒီ့႐ိုက္ကြင္းမွာ သြားေနရၿပီ။ ကိုယ့္ဘဝအတြက္ တစ္ျခားဘာမွ လုပ္ဖို႔ အခ်ိန္မရွိေတာ့ဘူး … ” လို႔ ဆိုပါတယ္။

“ကြၽန္မဘဝရဲ႕ အစိတ္အပိုင္း ေတာ္ေတာ္မ်ားမ်ားကို တစ္ျခားသူေတြဆီမွာ ဆုံးျဖတ္ပိုင္ခြင့္ေပးေနမိတာကို သြားသတိရမိတယ္။ အဲ့ဒီ့ေတာ့ အဲ့ဒါေတြအားလုံးကို ကိုယ့္ဆီျပန္ေရာက္လာေအာင္ ျပန္ယူခဲ့ရတယ္။ ၿပီးေတာ့ ကိုယ့္ဘဝ ကိုယ္ပိုင္ၿပီး၊ ကိုယ့္တာဝန္ ကိုယ္ယူလို႔ရေအာင္ လုပ္ခဲ့ရတယ္။ ကြၽန္မ အခ်ိန္ေတြအၾကာႀကီး အလုပ္ေတြလုပ္ခဲ့၊ ႐ုပ္ရွင္ေတြ ႐ိုက္လာခဲ့တာ၊ အမ်ားႀကီး ကိုယ့္ကိုယ္ကို ခိုင္းလာခဲ့ၿပီးၿပီေလ။ ကြၽန္မရဲ႕ကိုယ္ပိုင္ဘဝအတြက္ ေနရာေလးတစ္ခုေတာင္ မခ်န္ခဲ့မိဘူး…  ” လို႔ ဆိုပါတယ္။

Photo: cameron_diaz_p/ Instagram

Cameron ဟာ သူမရဲ႕အသက္(၄၀)ႏွစ္အ႐ြယ္မွာ သူမကိုယ္ကို ျပန္သုံးသပ္မိခဲ့တာျဖစ္ၿပီး ေဟာလိဝုဒ္ကေန အနားယူခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ မၾကာခင္မွာပဲ Good Charlotte တီးဝိုင္းက အဆိုေတာ္၊ ဂစ္တာသမား Benji Madden နဲ႔ လက္ထပ္ခဲ့ၿပီး ၂၀၁၅ခုႏွစ္မွာ Raddix လို႔ေခၚတဲ့ သမီးေလးတစ္ေယာက္ကို ေမြးဖြားခဲ့ပါတယ္။ အဲ့ဒီ့အခ်ိန္ေတြကစလို႔ သူမဟာ သူမရဲ႕ကိုယ္ပိုင္ဘဝကိုသာ ပထမဦးစားေပးအျဖစ္ ေရွ႕တန္းတင္ခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္မတို႔ လက္ထပ္လိုက္တာလည္း ခ်က္ခ်င္းႀကီးလိုလိုပါပဲ။ ဘာလို႔လည္းဆိုေတာ့ ကြၽန္မတို႔ လုပ္မွကို ရေတာ့မယ္လို႔ သေဘာေပါက္မိခဲ့ၾကလို႔ပါ။ အစပိုင္း ႏွစ္အနည္းငယ္ေလာက္ကေတာ့ ကြၽန္မတို႔အိမ္ေထာင္ေရးက ခက္ခဲခဲ့တယ္။ ဒါေပမယ့္လည္း အေျဖထြက္ေအာင္ လုပ္ရတာေပါ့။ ႏွစ္ဦးႏွစ္ဘက္ အဆင္ေျပေအာင္ ညႇိရတာဆိုေတာ့ တကယ္ေတာ့ ပင္ပန္းတယ္။ ဒါေပမယ့္ ကြၽန္မတို႔ တကယ္အဆင္ေျပေအာင္ လုပ္ႏိုင္ခဲ့တယ္။ ကြၽန္မက သူ႔ထက္အသက္ႀကီးတယ္ေလ။ ႏွစ္အမ်ားႀကီး ကြာတာမ်ိဳးေတာ့ မဟုတ္ေပမယ့္ သူကလည္း သူ႔ဘဝအတြက္ ဒါကိုလုပ္ခ်င္တဲ့ အေနအထားမွာ ေရာက္ေနၿပီျဖစ္တာေၾကာင့္ မိသားစုထူေထာင္ဖို႔ကို ေ႐ြးခ်ယ္ခဲ့ၾကတာပါ… ” လို႔ ဆိုထားပါတယ္။

Photo: cameron_diaz_p/ Instagram

မင္းသမီးရဲ႕ ပရိသတ္ေတြအတြက္ကေတာ့ သူမ အနားယူသြားၿပီျဖစ္လို႔ ႐ုပ္ရွင္အသစ္ေတြ ထပ္မၾကည့္ရေတာ့ဘူးဆိုၿပီး ဝမ္းနည္းစရာ ျဖစ္ႏိုင္ေပမယ့္ တစ္ဘက္မွာလည္း သူမဟာ ဆူညံရႈပ္ေထြးလြန္းတဲ့ ေဟာလိဝုဒ္ကေန ထြက္ခြာၿပီး ေအးေအးခ်မ္းခ်မ္း ေနထိုင္ေနတာကို ျမင္ရတာေၾကာင့္ အားလုံးပဲ ေက်နပ္ၾကမယ္လို႔ ထင္ပါတယ္။

LaNina

Source: hollywood life

 

RELATED ARTICLES

Most Popular