HomeCharacterSuperman ဟာ ဘာကြောင့် လေမရှိတဲ့ အာကာသထဲမှာ အသက်ရှင်သန်နိုင်တာလဲ?

Superman ဟာ ဘာကြောင့် လေမရှိတဲ့ အာကာသထဲမှာ အသက်ရှင်သန်နိုင်တာလဲ?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Superman ဟာ စွမ်းအားကြီးမားတဲ့ ဟီးရိုးတစ်ယောက် ဖြစ်ပေမယ့်လည်း သူဟာ မသေမျိူးတစ်ယောက်တော့ မဟုတ်ပါဘူး။ သူ့အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို နေဆီကနေ စုပ်ယူပေမယ့်လည်း သူဟာ သာမန်လူတွေလိုတော့ စားဖို့အိပ်ဖို့တော့ လိုအပ်ပါသေးတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ သာမန်လူတွေလို အသက်ရှုဖို့အတွက် လိုအပ်မယ်လို့တော့ ယူဆလို့ရပါတယ်။ ဒါပေမယ့်လည်း Superman ဟာ မကြာခဏ အာကာသထဲကို ပျံသွားတတ်ပြီး သူ့ရဲ့ဗီလိန်တွေနဲ့ တိုက်ခိုက်တာမျိူးတွေ ပြုလုပ်လေ့ရှိပါတယ်။

ဒါ့အပြင် Superman ဟာ သာမန်လူတွေ မလုပ်နိုင်တဲ့အရာတွေအများစုကို ပြုလုပ်နိုင်သူ ဖြစ်ပြီး Silver Age က Superman ဆိုရင် သူ့ရဲ့လက်ချောင်းထိပ်လေးတွေကနေ Superman အသေးစားလေးတွေ ထုတ်လို့တောင် ရပါတယ်။ အဲ့ဒါကြောင့်ပဲ ကပ်သီးကပ်သက် မေးတတ်သူတွေအတွက် မေးစရာရှိလာတာကတော့ လေမရှိတဲ့ အာကာသထဲမှာ Superman က ဘယ်လိုရှင်သန်နေတာလည်း ဆိုတာပဲ ဖြစ်ပါတယ်။ Superman က တစ်နည်းနည်းနဲ့ အာကာသထဲမှာ အသက်ရှုနိုင်လို့လား ဒါမှမဟုတ် သူဟာ လုံးဝကို အသက်ရှုဖို့အတွက် မလိုအပ်တာလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။

photo via screenrant

ကောမစ်ထဲမှာရော LA ထဲမှာရော Superman ဟာ အာကာသထဲမှာ အချိန်တွေအကြာကြီး နေနိုင်တာကို ပြသခဲ့ဖူးပါတယ်။ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ဖို့အတွက် ဖြစ်ဖြစ် JL ရဲ့ Watchtower ကို သွားဖို့အတွက်ရော သူဟာ အာကာသထဲကို ခဏခဏ ထွက်သွားလေ့ရှိပါတယ်။ အဲ့ဒါကြောင့်ပဲ ခုနကမေးခွန်းတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲ့ဒီကပ်သီးကပ်သက်မေးခွန်းတွေအတွက် ကပ်သီးကပ်သက်အဖြေကတော့ Superman ဟာ အာကာသထဲမှာ အသက်မရှုနိုင်ပါဘူး။ အကြောင်းကတော့ အာကာသထဲမှာ လေမရှိလို့ပဲ ဖြစ်ပါတယ်။ အာကာသထဲမှာ အသက်ရှုချင်ရင်တော့ ကမ္ဘာပေါ်ကနေ အောက်စီဂျင်ဘူးတွေ ယူလာမှသာ ရပါလိမ့်မယ်။

ကျန်ရှိနေသေးတဲ့ မေးခွန်းကတော့ အဲ့ဒါဆိုရင် သူဟာ လုံးဝကို အသက်ရှုဖို့အတွက် မလိုအပ်တာလား ဆိုတာပဲ ဖြစ်ပါတယ်။ အဲ့ဒီမေးခွန်းအတွက် အဖြေကတော့ သူဟာလည်း သာမန်လူသားတွေလိုပဲ အသက်ရှုဖို့အတွက်တော့ လိုအပ်ပါတယ်။ ဒါဆိုရင် သူက ဘာကြောင့် အာကာသထဲမှာ အချိန်အကြာကြီး အသက်ရှင်သန်နိုင်တာလဲ? အဖြေကတော့ ရိုးရိုးရှင်းရှင်းလေးပဲ ဖြစ်ပြီး သူဟာ အာကာသထဲကို သွားတော့မယ်ဆိုရင် လေကို အဝရှုပြီး အသက်အောင့်ထားလိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့ခွန်အား ၊ ကြံ့ခိုင်မှုနဲ့ တစ်ခြားအရာတွေအများစုမှာ သာမန်လူတွေထက် သာလွန်တာကြောင့် သူဟာ သာမန်လူတွေထက် အချိန်တွေအကြာကြီး အသက်အောင့်ထားနိုင်တာ ဖြစ်ပါတယ်။

photo via screenrant

အဲ့ဒီအချက်ကြောင့်ပဲ သူဟာ အာကာသထဲမှာ အချိန်အကြာကြီး အသက်ရှင်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့အခြေအနေမှာတော့ သူဟာ အာကာသဝတ်စုံကို ဝတ်ခဲ့တာမျိူးတွေလည်း ရှိပါတယ်။ အဲ့လိုမျိူး အာကာသဝတ်စုံကို ဝတ်ဆင်ရတဲ့အချက်ကတော့ ပတ်ဝန်းကျင်အခြေအနေကြောင့် မဟုတ်ဘဲ လေကိုရှုနိုင်တာကြောင့် သူ့အတွက် ပိုပြီးတော့ အဆင်ပြေပြေနေနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အကျဉ်းချုပ်ပြောရမယ် ဆိုရင်တော့ အာကာသထဲမှာ လေမရှိတာကြောင့် သူဟာ အသက်မရှုနိုင်ပါဘူး။ အဲ့ဒါကြောင့်ပဲ သူဟာ အာကာသထဲကို သွားတော့မယ်အချိန်မှာ အသက်ဝဝရှုပြီး အသက်အောင့်ထားတာကြောင့် အာကာသထဲမှာ ရှင်သန်နိုင်တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Superman ဟာ စြမ္းအားႀကီးမားတဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္ေပမယ့္လည္း သူဟာ မေသမ်ိဴးတစ္ေယာက္ေတာ့ မဟုတ္ပါဘူး။ သူ႔အတြက္ လိုအပ္တဲ့ စြမ္းအင္ေတြကို ေနဆီကေန စုပ္ယူေပမယ့္လည္း သူဟာ သာမန္လူေတြလိုေတာ့ စားဖို႔အိပ္ဖို႔ေတာ့ လိုအပ္ပါေသးတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ သာမန္လူေတြလို အသက္ရႈဖို႔အတြက္ လိုအပ္မယ္လို႔ေတာ့ ယူဆလို႔ရပါတယ္။ ဒါေပမယ့္လည္း Superman ဟာ မၾကာခဏ အာကာသထဲကို ပ်ံသြားတတ္ၿပီး သူ႔ရဲ႕ဗီလိန္ေတြနဲ႔ တိုက္ခိုက္တာမ်ိဴးေတြ ျပဳလုပ္ေလ့ရွိပါတယ္။

ဒါ့အျပင္ Superman ဟာ သာမန္လူေတြ မလုပ္ႏိုင္တဲ့အရာေတြအမ်ားစုကို ျပဳလုပ္ႏိုင္သူ ျဖစ္ၿပီး Silver Age က Superman ဆိုရင္ သူ႔ရဲ႕လက္ေခ်ာင္းထိပ္ေလးေတြကေန Superman အေသးစားေလးေတြ ထုတ္လို႔ေတာင္ ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ ကပ္သီးကပ္သက္ ေမးတတ္သူေတြအတြက္ ေမးစရာရွိလာတာကေတာ့ ေလမရွိတဲ့ အာကာသထဲမွာ Superman က ဘယ္လိုရွင္သန္ေနတာလည္း ဆိုတာပဲ ျဖစ္ပါတယ္။ Superman က တစ္နည္းနည္းနဲ႔ အာကာသထဲမွာ အသက္ရႈႏိုင္လို႔လား ဒါမွမဟုတ္ သူဟာ လုံးဝကို အသက္ရႈဖို႔အတြက္ မလိုအပ္တာလား ဆိုတဲ့ ေမးခြန္းေတြလည္း ရွိလာပါတယ္။

photo via screenrant

ေကာမစ္ထဲမွာေရာ LA ထဲမွာေရာ Superman ဟာ အာကာသထဲမွာ အခ်ိန္ေတြအၾကာႀကီး ေနႏိုင္တာကို ျပသခဲ့ဖူးပါတယ္။ တစ္ေယာက္ေယာက္နဲ႔ တိုက္ခိုက္ဖို႔အတြက္ ျဖစ္ျဖစ္ JL ရဲ႕ Watchtower ကို သြားဖို႔အတြက္ေရာ သူဟာ အာကာသထဲကို ခဏခဏ ထြက္သြားေလ့ရွိပါတယ္။ အဲ့ဒါေၾကာင့္ပဲ ခုနကေမးခြန္းေတြ ေပၚေပါက္လာတာ ျဖစ္ပါတယ္။ အဲ့ဒီကပ္သီးကပ္သက္ေမးခြန္းေတြအတြက္ ကပ္သီးကပ္သက္အေျဖကေတာ့ Superman ဟာ အာကာသထဲမွာ အသက္မရႈႏိုင္ပါဘူး။ အေၾကာင္းကေတာ့ အာကာသထဲမွာ ေလမရွိလို႔ပဲ ျဖစ္ပါတယ္။ အာကာသထဲမွာ အသက္ရႈခ်င္ရင္ေတာ့ ကမာၻေပၚကေန ေအာက္စီဂ်င္ဘူးေတြ ယူလာမွသာ ရပါလိမ့္မယ္။

က်န္ရွိေနေသးတဲ့ ေမးခြန္းကေတာ့ အဲ့ဒါဆိုရင္ သူဟာ လုံးဝကို အသက္ရႈဖို႔အတြက္ မလိုအပ္တာလား ဆိုတာပဲ ျဖစ္ပါတယ္။ အဲ့ဒီေမးခြန္းအတြက္ အေျဖကေတာ့ သူဟာလည္း သာမန္လူသားေတြလိုပဲ အသက္ရႈဖို႔အတြက္ေတာ့ လိုအပ္ပါတယ္။ ဒါဆိုရင္ သူက ဘာေၾကာင့္ အာကာသထဲမွာ အခ်ိန္အၾကာႀကီး အသက္ရွင္သန္ႏိုင္တာလဲ? အေျဖကေတာ့ ႐ိုး႐ိုးရွင္းရွင္းေလးပဲ ျဖစ္ၿပီး သူဟာ အာကာသထဲကို သြားေတာ့မယ္ဆိုရင္ ေလကို အဝရႈၿပီး အသက္ေအာင့္ထားလိုက္တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ခြန္အား ၊ ႀကံ့ခိုင္မႈနဲ႔ တစ္ျခားအရာေတြအမ်ားစုမွာ သာမန္လူေတြထက္ သာလြန္တာေၾကာင့္ သူဟာ သာမန္လူေတြထက္ အခ်ိန္ေတြအၾကာႀကီး အသက္ေအာင့္ထားႏိုင္တာ ျဖစ္ပါတယ္။

photo via screenrant

အဲ့ဒီအခ်က္ေၾကာင့္ပဲ သူဟာ အာကာသထဲမွာ အခ်ိန္အၾကာႀကီး အသက္ရွင္ႏိုင္တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း တစ္ခ်ိဳ႕အေျခအေနမွာေတာ့ သူဟာ အာကာသဝတ္စုံကို ဝတ္ခဲ့တာမ်ိဴးေတြလည္း ရွိပါတယ္။ အဲ့လိုမ်ိဴး အာကာသဝတ္စုံကို ဝတ္ဆင္ရတဲ့အခ်က္ကေတာ့ ပတ္ဝန္းက်င္အေျခအေနေၾကာင့္ မဟုတ္ဘဲ ေလကိုရႈႏိုင္တာေၾကာင့္ သူ႔အတြက္ ပိုၿပီးေတာ့ အဆင္ေျပေျပေနႏိုင္ဖို႔အတြက္ပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ အက်ဥ္းခ်ဳပ္ေျပာရမယ္ ဆိုရင္ေတာ့ အာကာသထဲမွာ ေလမရွိတာေၾကာင့္ သူဟာ အသက္မရႈႏိုင္ပါဘူး။ အဲ့ဒါေၾကာင့္ပဲ သူဟာ အာကာသထဲကို သြားေတာ့မယ္အခ်ိန္မွာ အသက္ဝဝရႈၿပီး အသက္ေအာင့္ထားတာေၾကာင့္ အာကာသထဲမွာ ရွင္သန္ႏိုင္တာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular