HomeEntertainmentအရောင်းမြှင့်တင်ဖို့ မျက်နှာဖုံးကာဗာမှာ ဂေါ်ရီလာပုံတွေ ထည့်သွင်းခဲ့တဲ့ DC ကောမစ်

အရောင်းမြှင့်တင်ဖို့ မျက်နှာဖုံးကာဗာမှာ ဂေါ်ရီလာပုံတွေ ထည့်သွင်းခဲ့တဲ့ DC ကောမစ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အမေရိကန် ကောမစ်လောကမှာတော့ Golden Age ၊ Silver Age ၊ Bronze Age နဲ့ Modern Age ဆိုပြီး အချိန်တွေ ခွဲခြားထားပါတယ်။ Golden Age ကတော့ စူပါဟီးရိုးကောမစ်တွေ စတင်ပေါ်ပေါက်လာတဲ့အချိန် ဖြစ်တဲ့ ၁၉၃၀ ကျော်လောက်ကနေ ၁၉၅၀ လောက်အထိ ဖြစ်ပြီး Silver Age ကတော့ ၁၉၅၀ ကျော်ကနေ ၁၉၇၀ ကျော်လောက်အထိ ဖြစ်ပါတယ်။

Bronze Age ကတော့ ၁၉၇၀ ကျော်လောက်ကနေ ၁၉၈၀ ကျော်လောက်အထိ ဖြစ်ကာ Modern Age ကတော့ ၁၉၈၀ ကျော်ကနေ ယခုအချိန်ထိပဲ ဖြစ်ပါတယ်။ ဒီနေ့မှာ ဖော်ပြသွားမယ့် စိတ်ဝင်စားစရာတစ်ခုကတော့ DC ကောမစ်ရဲ့ ထူးဆန်းတဲ့ မားကတ်တင်းဆင်းပုံအကြောင်းပဲ ဖြစ်ပါတယ်။

photo via screenrant

DC ကောမစ်ဟာ Silver Age လောက်တုန်းက ကောမစ်တွေရဲ့ မျက်နှာဖုံးကာဗာတွေမှာ မျောက်တွေ၊ ဂေါ်ရီလာတွေရဲ့ ပုံတွေကို မကြာခဏ ထည့်သွင်းခဲ့ပါတယ်။ အကြောင်းကတော့ ဒီလိုမျိူး မျောက်တွေ၊ ဂေါ်ရီလာပုံတွေကို ထည့်သွင်းလိုက်ခြင်းဟာ လူတွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိပြီး ရောင်းအား မြင့်တက်လာတာကြောင့်လို့ သိရပါတယ်။

ဥပမာပြောရရင် ၁၉၅၀ ကျော်တုန်းက ထွက်ရှိခဲ့တဲ့ Strange Adventures ကောမစ်စီးရီးဟာ DC ရဲ့ အအောင်မြင်ဆုံး ကောမစ်စီးရီးတွေထဲမှာ ပါဝင်ပါတယ်။ မူလကတော့ ဒီကောမစ်ဟာ ပုံမှန်ပဲ ဖြစ်ပြီး Strange Adventures #8 မှာတော့ ဒီကောမစ်ရဲ့ မျက်နှာဖုံးကာဗာမှာ ဂေါ်ရီလာတစ်ကောင်ရဲ့ ပုံ ထည့်သွင်းခဲ့ပါတယ်။

အဲ့ဒီကာဗာကိုတော့ ပုံမှာပြထားတဲ့အတိုင်းပဲ လှောင်ချိုင့်ထဲရောက်နေတဲ့ မျောက်တစ်ကောင်ဟာ “ဆိုးရွားတဲ့ သိပ္ပံစမ်းသပ်ချက်ကြောင့် အခုလိုမျိူး ဖြစ်သွားတာပါ။ ကူညီကြပါ … ” ဆိုတဲ့ ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်ထားတာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီကောမစ်ဟာ DC ရဲ့ အရောင်းရဆုံးကောမစ် ဖြစ်လာတဲ့အထိ အံ့ဩဖို့ကောင်းလောက်အောင် ရောင်းအားတွေ တက်လာခဲ့ပါတယ်။

photo via screenrant

အဲ့ဒီအချိန်မှာတော့ DC ရဲ့ အယ်ဒီတာတွေဟာ ဒီအချက်ကို သေချာသတိမထားမိသေးဘဲ နောက်ပိုင်းမှာတော့ ဒီဂေါ်ရီလာရဲ့ပုံကြောင့် ရောင်းအားတွေ တက်လာတာ အမှန်ပဲလားဆိုပြီး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ သူတို့ရဲ့ စမ်းသပ်မှုတွေကြောင့် သိလိုက်ရတာကတော့ ဒီလို ဂေါ်ရီလာပုံတွေ ပါတိုင်း ရောင်းအားတွေ တက်လာတယ် ဆိုတာပါပဲ။ ဒါကြောင့်ပဲ DC ကောမစ်ထဲမှာ စကားပြောတဲ့ မျောက်ဇာတ်ကောင်တွေ များနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ Trend ကတော့ Silver Age ပြီးဆုံးသွားတဲ့အချိန်မှာပဲ ရပ်တန့်သွားခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အေမရိကန္ ေကာမစ္ေလာကမွာေတာ့ Golden Age ၊ Silver Age ၊ Bronze Age နဲ႔ Modern Age ဆိုၿပီး အခ်ိန္ေတြ ခြဲျခားထားပါတယ္။ Golden Age ကေတာ့ စူပါဟီးရိုးေကာမစ္ေတြ စတင္ေပၚေပါက္လာတဲ့အခ်ိန္ ျဖစ္တဲ့ ၁၉၃၀ ေက်ာ္ေလာက္ကေန ၁၉၅၀ ေလာက္အထိ ျဖစ္ၿပီး Silver Age ကေတာ့ ၁၉၅၀ ေက်ာ္ကေန ၁၉၇၀ ေက်ာ္ေလာက္အထိ ျဖစ္ပါတယ္။

Bronze Age ကေတာ့ ၁၉၇၀ ေက်ာ္ေလာက္ကေန ၁၉၈၀ ေက်ာ္ေလာက္အထိ ျဖစ္ကာ Modern Age ကေတာ့ ၁၉၈၀ ေက်ာ္ကေန ယခုအခ်ိန္ထိပဲ ျဖစ္ပါတယ္။ ဒီေန႔မွာ ေဖာ္ျပသြားမယ့္ စိတ္ဝင္စားစရာတစ္ခုကေတာ့ DC ေကာမစ္ရဲ့ ထူးဆန္းတဲ့ မားကတ္တင္းဆင္းပုံအေၾကာင္းပဲ ျဖစ္ပါတယ္။

photo via screenrant

DC ေကာမစ္ဟာ Silver Age ေလာက္တုန္းက ေကာမစ္ေတြရဲ့ မ်က္ႏွာဖုံးကာဗာေတြမွာ ေမ်ာက္ေတြ၊ ေဂၚရီလာေတြရဲ့ ပုံေတြကို မၾကာခဏ ထည့္သြင္းခဲ့ပါတယ္။ အေၾကာင္းကေတာ့ ဒီလိုမ်ိဴး ေမ်ာက္ေတြ၊ ေဂၚရီလာပုံေတြကို ထည့္သြင္းလိုက္ျခင္းဟာ လူေတြရဲ့ စိတ္ဝင္စားမွုကို ပိုမိုရရွိၿပီး ေရာင္းအား ျမင့္တက္လာတာေၾကာင့္လို႔ သိရပါတယ္။

ဥပမာေျပာရရင္ ၁၉၅၀ ေက်ာ္တုန္းက ထြက္ရွိခဲ့တဲ့ Strange Adventures ေကာမစ္စီးရီးဟာ DC ရဲ့ အေအာင္ျမင္ဆုံး ေကာမစ္စီးရီးေတြထဲမွာ ပါဝင္ပါတယ္။ မူလကေတာ့ ဒီေကာမစ္ဟာ ပုံမွန္ပဲ ျဖစ္ၿပီး Strange Adventures #8 မွာေတာ့ ဒီေကာမစ္ရဲ့ မ်က္ႏွာဖုံးကာဗာမွာ ေဂၚရီလာတစ္ေကာင္ရဲ့ ပုံ ထည့္သြင္းခဲ့ပါတယ္။

အဲ့ဒီကာဗာကိုေတာ့ ပုံမွာျပထားတဲ့အတိုင္းပဲ ေလွာင္ခ်ိဳင့္ထဲေရာက္ေနတဲ့ ေမ်ာက္တစ္ေကာင္ဟာ “ဆိုးရြားတဲ့ သိပၸံစမ္းသပ္ခ်က္ေၾကာင့္ အခုလိုမ်ိဴး ျဖစ္သြားတာပါ။ ကူညီၾကပါ … ” ဆိုတဲ့ ဆိုင္းဘုတ္တစ္ခုကို ကိုင္ေဆာင္ထားတာ ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဒီေကာမစ္ဟာ DC ရဲ့ အေရာင္းရဆုံးေကာမစ္ ျဖစ္လာတဲ့အထိ အံ့ဩဖို႔ေကာင္းေလာက္ေအာင္ ေရာင္းအားေတြ တက္လာခဲ့ပါတယ္။

photo via screenrant

အဲ့ဒီအခ်ိန္မွာေတာ့ DC ရဲ့ အယ္ဒီတာေတြဟာ ဒီအခ်က္ကို ေသခ်ာသတိမထားမိေသးဘဲ ေနာက္ပိုင္းမွာေတာ့ ဒီေဂၚရီလာရဲ့ပုံေၾကာင့္ ေရာင္းအားေတြ တက္လာတာ အမွန္ပဲလားဆိုၿပီး စမ္းသပ္မွုေတြ ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ သူတို႔ရဲ့ စမ္းသပ္မွုေတြေၾကာင့္ သိလိုက္ရတာကေတာ့ ဒီလို ေဂၚရီလာပုံေတြ ပါတိုင္း ေရာင္းအားေတြ တက္လာတယ္ ဆိုတာပါပဲ။ ဒါေၾကာင့္ပဲ DC ေကာမစ္ထဲမွာ စကားေျပာတဲ့ ေမ်ာက္ဇာတ္ေကာင္ေတြ မ်ားေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီ Trend ကေတာ့ Silver Age ၿပီးဆုံးသြားတဲ့အခ်ိန္မွာပဲ ရပ္တန႔္သြားခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular