HomeCharacterCaptain America ဟာ ရေခဲထဲမှာ နှစ်ပေါင်း(၇၀)နီးပါး ဘယ်လိုအသက်ရှင်ခဲ့သလဲ?

Captain America ဟာ ရေခဲထဲမှာ နှစ်ပေါင်း(၇၀)နီးပါး ဘယ်လိုအသက်ရှင်ခဲ့သလဲ?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Captain America: The First Avenger ထဲမှာ Cap ဟာ Red Skull နဲ့တိုက်ခိုက်ခဲ့ရပြီးတော့ နောက်ဆုံးမှာတော့ အနိုင်ရသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့လိုမျိူး အနိုင်ရဖို့အတွက် သူ့ကိုယ်သူ အနစ်နာခံခဲ့ရပြီးတော့ လေယာဉ်ပျက်ခါနီးမှာ သူဟာ Peggy နဲ့ နှုတ်ဆက်စကား အနည်းငယ် ပြောခွင့်ရလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ လေယာဉ်ပျက်ကျသွားပြီး လူတွေကလည်း သူ့ကို သေဆုံးသွားပြီလို့ပဲ ထင်ခဲ့ကြပါတယ်။

Post-credit scene ထဲမှာတော့ Cap နဲ့ သူ့ရဲ့ဒိုင်းကို အာတိတ်သမုဒ္ဒရာထဲမှာ ရှာတွေ့ခဲ့တဲ့ အခန်းကို ပြသသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ S.H.E.I.L.D. အဖွဲ့က Cap ကိုကယ်ဆယ်ခဲ့ပြီးတော့ သူနိုးထလာတဲ့အချိန်မှာတော့ သူနဲ့လုံးဝကို မရင်းနှီးတဲ့ ပတ်ဝန်းကျင်တစ်ခုကို တွေ့လိုက်ရပါတယ်။ အကြောင်းကတော့ Cap ဟာ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားတာဟာ ၁၉၄၅ ခုနှစ်တုန်းက ဖြစ်ပြီးတော့ ၂၀၁၁ ခုနှစ်ကျမှ S.H.E.I.L.D. အဖွဲ့က ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ (၆၆) နှစ်လောက် ရေခဲထဲမှာ ခဲနေပြီးတော့ ကောမစ်ထဲမှာလည်း သူဟာ နှစ်ပေါင်း (၇၀) နီးပါးလောက် ရေခဲထဲမှာ ပိတ်မိနေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Cap ဟာ သူနိုးထလာတဲ့အချိန်မှာ တစ်ခြားကမ္ဘာတစ်ခုကို ရောက်နေသလို ခံစားခဲ့ပြီး သူ့အတွက်တော့ လုံးဝကို မရင်းနှီးတဲ့ ကမ္ဘာအသစ်ကြီး ဖြစ်ပါတယ်။

photo via screenrant

အဲ့ဒီအချိန်မှာတော့ Cap ဟာ ရေခဲထဲမှာ နှစ်ပေါင်း (၇၀) လောက် ခဲနေတာတောင် ဘယ်လိုမျိူး အသက်ရှင်နေသေးတာလည်း ဆိုတာဟာ ပရိသတ်တွေအတွက် မေးစရာ ဖြစ်လာပါတယ်။ အဲ့ဒါကြောင့်ပဲ Marvel က Cap ဟာ ဘယ်လိုမျိူး အသက်ရှင်သန်ခဲ့တာလည်း ဆိုတာကို တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော့ တစ်ခြားမဟုတ်ဘဲ Cap ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ super soldier serum ကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့လိုမျိူး ရေခဲနေတဲ့အချိန်မှာ သူ့ရဲ့အသည်းကနေ ဂလူးကို့စ်ဓာတ်တွေ အများကြီးပါတဲ့ cryoprotectant ဆိုတဲ့ အရာကို ထုတ်လုပ်ပေးခဲ့ပါတယ်။

အဲ့ဒီ cryoprotectant ဟာ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ တစ်ရှူးတွေနဲ့ ဆဲလ်တွေကို အေးခဲမသွားအောင် ကာကွယ်ပေးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီအရာကြောင့်ပဲ Cap ရဲ့ကိုယ်ထဲမှာ ရှိနေတဲ့ သွေးတွေက ပျစ်သွားပေမယ့်လည်း အအေးဒဏ်ကြောင့် သွေးတွေက မခဲသွားပါဘူး။ Cap ရဲ့ကိုယ်ထဲမှာ ရှိတဲ့သွေးတွေ ခဲမသွားတာကြောင့် ရေခဲထဲမှာ နှစ်တွေအကြာကြီး အသက်ရှင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ သာမန်လူတွေမှာ မဖြစ်နိုင်ပေမယ့်လည်း Cap ကတော့ super soldier serum ရဲ့အစွမ်းကြောင့်သာ အခုလိုမျိူး ရှင်သန်နိုင်ခဲ့တာ ဖြစ်ပါတယ် ဆိုပြီးတော့ ပရိသတ်တွေရဲ့ မေးခွန်းကို Marvel က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Captain America: The First Avenger ထဲမွာ Cap ဟာ Red Skull နဲ႔တိုက္ခိုက္ခဲ့ရၿပီးေတာ့ ေနာက္ဆုံးမွာေတာ့ အႏိုင္ရသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့လိုမ်ိဴး အႏိုင္ရဖို႔အတြက္ သူ႔ကိုယ္သူ အနစ္နာခံခဲ့ရၿပီးေတာ့ ေလယာဥ္ပ်က္ခါနီးမွာ သူဟာ Peggy နဲ႔ ႏႈတ္ဆက္စကား အနည္းငယ္ ေျပာခြင့္ရလိုက္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေလယာဥ္ပ်က္က်သြားၿပီး လူေတြကလည္း သူ႔ကို ေသဆုံးသြားၿပီလို႔ပဲ ထင္ခဲ့ၾကပါတယ္။

Post-credit scene ထဲမွာေတာ့ Cap နဲ႔ သူ႔ရဲ႕ဒိုင္းကို အာတိတ္သမုဒၵရာထဲမွာ ရွာေတြ႕ခဲ့တဲ့ အခန္းကို ျပသသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ S.H.E.I.L.D. အဖြဲ႕က Cap ကိုကယ္ဆယ္ခဲ့ၿပီးေတာ့ သူႏိုးထလာတဲ့အခ်ိန္မွာေတာ့ သူနဲ႔လုံးဝကို မရင္းႏွီးတဲ့ ပတ္ဝန္းက်င္တစ္ခုကို ေတြ႕လိုက္ရပါတယ္။ အေၾကာင္းကေတာ့ Cap ဟာ ေလယာဥ္ပ်က္က်ၿပီး ေပ်ာက္ဆုံးသြားတာဟာ ၁၉၄၅ ခုႏွစ္တုန္းက ျဖစ္ၿပီးေတာ့ ၂၀၁၁ ခုႏွစ္က်မွ S.H.E.I.L.D. အဖြဲ႕က ရွာေတြ႕ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ (၆၆) ႏွစ္ေလာက္ ေရခဲထဲမွာ ခဲေနၿပီးေတာ့ ေကာမစ္ထဲမွာလည္း သူဟာ ႏွစ္ေပါင္း (၇၀) နီးပါးေလာက္ ေရခဲထဲမွာ ပိတ္မိေနခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Cap ဟာ သူႏိုးထလာတဲ့အခ်ိန္မွာ တစ္ျခားကမာၻတစ္ခုကို ေရာက္ေနသလို ခံစားခဲ့ၿပီး သူ႔အတြက္ေတာ့ လုံးဝကို မရင္းႏွီးတဲ့ ကမာၻအသစ္ႀကီး ျဖစ္ပါတယ္။

photo via screenrant

အဲ့ဒီအခ်ိန္မွာေတာ့ Cap ဟာ ေရခဲထဲမွာ ႏွစ္ေပါင္း (၇၀) ေလာက္ ခဲေနတာေတာင္ ဘယ္လိုမ်ိဴး အသက္ရွင္ေနေသးတာလည္း ဆိုတာဟာ ပရိသတ္ေတြအတြက္ ေမးစရာ ျဖစ္လာပါတယ္။ အဲ့ဒါေၾကာင့္ပဲ Marvel က Cap ဟာ ဘယ္လိုမ်ိဴး အသက္ရွင္သန္ခဲ့တာလည္း ဆိုတာကို တရားဝင္ ထုတ္ျပန္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ တစ္ျခားမဟုတ္ဘဲ Cap ရဲ႕ ခႏၶာကိုယ္ထဲမွာ ရွိေနတဲ့ super soldier serum ေၾကာင့္ပဲ ျဖစ္ပါတယ္။ အဲ့လိုမ်ိဴး ေရခဲေနတဲ့အခ်ိန္မွာ သူ႔ရဲ႕အသည္းကေန ဂလူးကို႔စ္ဓာတ္ေတြ အမ်ားႀကီးပါတဲ့ cryoprotectant ဆိုတဲ့ အရာကို ထုတ္လုပ္ေပးခဲ့ပါတယ္။

အဲ့ဒီ cryoprotectant ဟာ ခႏၶာကိုယ္ထဲမွာ ရွိေနတဲ့ တစ္ရႉးေတြနဲ႔ ဆဲလ္ေတြကို ေအးခဲမသြားေအာင္ ကာကြယ္ေပးတဲ့ အရာတစ္ခု ျဖစ္ပါတယ္။ အဲ့ဒီအရာေၾကာင့္ပဲ Cap ရဲ႕ကိုယ္ထဲမွာ ရွိေနတဲ့ ေသြးေတြက ပ်စ္သြားေပမယ့္လည္း အေအးဒဏ္ေၾကာင့္ ေသြးေတြက မခဲသြားပါဘူး။ Cap ရဲ႕ကိုယ္ထဲမွာ ရွိတဲ့ေသြးေတြ ခဲမသြားတာေၾကာင့္ ေရခဲထဲမွာ ႏွစ္ေတြအၾကာႀကီး အသက္ရွင္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ဟာ သာမန္လူေတြမွာ မျဖစ္ႏိုင္ေပမယ့္လည္း Cap ကေတာ့ super soldier serum ရဲ႕အစြမ္းေၾကာင့္သာ အခုလိုမ်ိဴး ရွင္သန္ႏိုင္ခဲ့တာ ျဖစ္ပါတယ္ ဆိုၿပီးေတာ့ ပရိသတ္ေတြရဲ႕ ေမးခြန္းကို Marvel က ျပန္လည္ ေျဖရွင္းခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular