HomeEntertainmentFilmမရိုက်ကူးခင် မိနစ်(၂၀)အလိုမှ စီစဉ်ခဲ့တဲ့ Civil War ထဲက Cap နဲ့ Iron Man တို့ရဲ့ Fight...

မရိုက်ကူးခင် မိနစ်(၂၀)အလိုမှ စီစဉ်ခဲ့တဲ့ Civil War ထဲက Cap နဲ့ Iron Man တို့ရဲ့ Fight Scene

စတန့်သမား James Young ရဲ့ ပြောပြချက်အရ Civil War ထဲက ဇာတ်ရှိန်အမြင့်ဆုံး ဇာတ်ဝင်ခန်း ဖြစ်တဲ့ Captain America ၊ Bucky နဲ့ Iron Man တို့ရဲ့ Fight Scene ဟာ မရိုက်ကူးခင် မိနစ် (၂၀)အလိုမှ စီစဉ်ခဲ့တာလို့ သိရပါတယ်။ Civil War ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Joe နဲ့ Anthony Russo တို့က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ နိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂတို့ဟာ Avengers အဖွဲ့ကို သူတို့ရဲ့လက်အောက်မှာ လှုပ်ရှားစေဖို့ ဆိုကိုဗီးယား စာချုပ်မှာ လက်မှတ်ထိုးစေချင်ကြပါတယ်။ အကြောင်းကတော့ Avengers တွေဟာ ဗီလိန်တွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ပျက်စီးဆုံးရှုံးမှုတွေ များစွာ ဖြစ်စေတာကြောင့်ပါပဲ။ ဒီအချိန်မှာတော့ Tony Stark ဟာ လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့ပြီး Steve Rogers ကတော့ ငြင်းဆိုခဲ့ပါတယ်။ ဒီလိုနဲ့ Avengers အဖွဲ့ဟာ နှစ်ဖွဲ့ကွဲသွားပြီး ခံယူချက် မတူညီမှုတွေအတွက် အချင်းချင်း တိုက်ခိုက်ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

မကြာသေးခင်ကတော့ VFX Channel တစ်ခုဖြစ်တဲ့ Corridor Crew နဲ့ အင်တာဗျူးမှာတော့ စတန့်သမား James Young က Civil War ထဲက Fight Scene ထဲမှာ Iron Man အနေနဲ့ သရုပ်ဆောင်ခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။ သူကတော့ Iron Man ခေါင်းစွပ်ကို ဝတ်ဆင်ထားရပြီး အနာတရ မဖြစ်ဖို့အတွက် လိုအပ်တဲ့ အကာအကွယ်တွေကိုလည်း ဝတ်ဆင်ခဲ့ရပါတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီ Fight Scene က‌တော့ မရိုက်ကူးခင် မိနစ်(၂၀)အလိုကျမှ စီစဉ်ခဲ့တာလို့လည်း ဆိုပါတယ်။

photo via screenrant

မူလတုန်းကတော့ Marvel ဟာ Civil War ထဲက Cap နဲ့ Iron Man တို့ တိုက်ခိုက်မယ့် ဇာတ်ဝင်ခန်းကို ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့ Marvel ဟာ ဆိုက်ဘေးရီးယားမှာ ရှိတဲ့ Super-Soldier တွေကို Avengers တွေက စုပေါင်းပြီး တိုက်ခိုက်တာကို လိုချင်ခဲ့တာလို့ သိရပါတယ်။ Civil War ထဲမှာတော့ အဲ့ဒီ Super-Soldier တွေကို Zemo က သတ်ပစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

အခုလို Cap နဲ့ Iron Man တို့ရဲ့ တိုက်ခိုက်ခန်းကို မြင်တွေ့ခွင့် ရခဲ့တာကတော့ ဒါရိုက်တာနှစ်ယောက်က Marvel စတူဒီယိုနဲ့ အတိုက်အခံ လုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular