HomeCelebs Update NewsInternationalSelena Gomez ကိုနမ်းရတာ ပျော်စရာကောင်းတယ်ဆိုတဲ့ Cara Delevingne

Selena Gomez ကိုနမ်းရတာ ပျော်စရာကောင်းတယ်ဆိုတဲ့ Cara Delevingne

မော်ဒယ်လ်၊ သရုပ်ဆောင် Cara Delevingne ကတော့ ယခုလက်ရှိ Hulu က ပြသနေတဲ့ Only Murders in the Building ဇာတ်လမ်းတွဲထဲမှာ သူငယ်ချင်းဖြစ်သူ Selena Gomez နဲ့ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သူတို့နှစ်ဦးဟာ ချစ်သူတွေအဖြစ် သရုပ်ဆောင်ထားရတာကြောင့် Selena ကို ဖက်နမ်းရတာဟာ သိပ်ပျော်စရာကောင်းပါတယ်လို့ Cara Delevingne က ပြောပြလာပါတယ်။

Cara ကတော့ E! web series ရဲ့ While You Were Streaming အစီအစဉ်မှာ ဧည့်သည်အဖြစ် လာရောက်တုန်းက Only Murders in the Building ဇာတ်လမ်းတွဲထဲမှာ Selena Gomez နဲ့အတူ သရုပ်ဆောင်ရတဲ့ အတွေ့အကြုံကို ပြောပြထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ဇာတ်ကောင်တွေကတော့ ယခု season 2 မှာ ဇာတ်ရှိန်မြင့်ပြီး အနမ်းတွေ ခြွေထားကြတာ ဖြစ်ပါတယ်။

Photo: caradelevingne/ Instagram

“ပျော်စရာကောင်းတာပေါ့။ ဘယ်သူကများ Selena Gomez ကို မနမ်းချင်ဘဲ နေပါ့မလဲ။ ပြောရရင် သတိလက်လွတ်တောင် ဖြစ်သွားတယ်။ သိတယ်မှတ်လား။ ကိုယ်ကောင်းကောင်းသိတဲ့ လူတစ်ယောက်နဲ့ သက်သောင့်သက်သာလည်း ရှိတယ်ဆိုတော့ ဒီအနမ်းက ပျော်စရာကောင်းတာပေါ့… ”

“ကျွန်မတို့က သူငယ်ချင်းတွေဖြစ်တာ မှန်ပေမယ့် တစ်ယောက်နဲ့တစ်ယောက်လည်း မတွေ့အားဘူး။ အလုပ်တွေ တအားများတော့လေ။ အဲဒီတော့ သူနဲ့လည်း အချိန်တူတူ ကုန်ဆုံးနိုင်မယ်။ အလုပ်လည်း တူတူတွဲလုပ်ရတယ်ဆိုတော့ အရမ်းကောင်းတာပေါ့။ ပြီးတော့ သူက ကျွန်မ သိဖူးသမျှ လူတွေအားလုံးထဲမှာ အလုပ်တွဲလုပ်လို့ အကောင်းဆုံးလူပဲ။ သူက အရမ်းတော်တာ။ ကျွန်မ တွဲလုပ်ဖူးတဲ့ သရုပ်ဆောင်တွေထဲမှာတော့ ကျွန်မရဲ့ အကြိုက်ဆုံးပဲ …” လို့ Cara က Selena နဲ့ ချစ်သူတွေအဖြစ် သရုပ်ဆောင်ရတဲ့ သူမရဲ့ခံစားချက်ကို ပြောပြထားပါတယ်။

Photo Credit: Hulu

ဒါ့အပြင် Cara ဟာ ဟောလိဝုဒ်ရဲ့ အပွင့်လင်းဆုံး queer အမျိုးသမီးတစ်ယောက် ဖြစ်တာနဲ့အညီ သူမရဲ့လိင်တိမ်းညွတ်မှုနဲ့ ကိုက်ညီတဲ့ ဇာတ်ရုပ်ကို ကမ်းလှမ်းခံရတဲ့အပေါ် ကျေးဇူးတင်ရှိကြောင်းလည်း ပြောထားပါတယ်။

“ကျွန်မအတွက်ကတော့ queer ဖြစ်တဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ရတာ အရမ်းအဓိပ္ပာယ်ရှိပါတယ်။ အဲဒါကို Selena လည်း သိပါတယ်။ ဒီဇာတ်ရုပ်နဲ့ ကိုယ်စားပြုခွင့်ရတဲ့အတွက်လည်း အရမ်းစိတ်လှုပ်ရှားမိပါတယ် …” လို့ Cara က ဆိုပါတယ်။

Photo via pinkvilla

Selena Gomez နဲ့ Cara Delevingne တို့ကတော့ အသက်(၁၅)နှစ်အရွယ်တည်းက သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကဆိုရင် သူတို့နှစ်ယောက်စလုံးရဲ့ သူငယ်ချင်း Taylor Swift ရဲ့ Bad Blood music video ထဲမှာလည်း အတူတူ ပါဝင်သရုပ်ဆောင်ခဲ့ကြပါသေးတယ်။ ဒါတင်မက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကတော့ နှင်းဆီပန်းပုံ ဆင်တူ တက်တူးကိုတောင် ထိုးထားကြပါသေးတယ်။

Selena နဲ့ Cara တို့ အတူသရုပ်ဆောင်ထားတဲ့ Only Murders in the Building ဇာတ်လမ်းတွဲကတော့ လက်ရှိမှာ season 2 စတင် ထုတ်လွှင့်နေပြီ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ mystery အမျိုးအစားဖြစ်ပြီး IMDb rating 8.1 နဲ့ Rotten Tomatoes rating 100% ရရှိထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular