HomeCelebs Update NewsKoreaTVသတင်းမှာ မိုးလေဝသကြေငြာသူအဖြစ် surprise လုပ်ခဲ့တဲ့ TWICE အဖွဲ့က Dahyun

TVသတင်းမှာ မိုးလေဝသကြေငြာသူအဖြစ် surprise လုပ်ခဲ့တဲ့ TWICE အဖွဲ့က Dahyun

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

TWICE အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Dahyun ဟာ မိုးလေဝသ သတင်းကြေငြာသူအဖြစ်နဲ့ မနက်ခင်း တီဗွီသတင်းမှာ အားလုံးကို surprise လုပ်သွားပါတယ်။

ဇွန်လ(၂)ရက်နေ့ရဲ့ မနက်ခင်းမှာ JTBC သတင်းဌာနရဲ့ မနက်ပိုင်းသတင်းကဏ္ဍမှာ မိုးလေဝသ သတင်းကြေငြာသူအဖြစ်နဲ့ Dahyun က အထူးဧည့်သည်အဖြစ် ပါဝင်တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို မနက်အစောကြီးထကာ ပြင်ဆင်ပြီး အလုပ်သစ်တစ်ခုကို လုပ်ရတဲ့ ခံစားချက်ကို မေးမြန်းတဲ့အခါမှာတော့ စိတ်တွေလှုပ်ရှားနေကြောင်း ပြောပြခဲ့ပါတယ်။

Photo: JTBC News/ YouTube

Idol အဖြစ်ကနေ မိုးလေဝသ သတင်းကြေငြာသူအဖြစ် တစ်ရက်တာ ပြောင်းလဲလိုက်ရပေမယ့် စိတ်လှုပ်ရှားမှုတွေကို အသာဖယ်ထားကာ တကယ့် ပရိုတစ်ယောက်လိုပဲ နေရာဌာနအလိုက် မိုးလေဝသ သတင်းတွေကို တင်ဆက်ပေးသွားခဲ့ပါတယ်။ မိုးလေဝသ သတင်းတွေအပြင် ပြည်သူတွေအတွက် အကူအညီဖြစ်မယ့် အချက်လေးတွေကိုလည်း ဝေမျှ၊ သတိပေးသွားပါသေးတယ်။

Photo: JTBC News/ YouTube

“ဒီနေ့အတွက် ထီးယူသွားဖို့ မမေ့ပါနဲ့နော်…” ၊ “အလုပ်ကို သွားတဲ့အခါ ပေါ့ပေါ့ပါးပါး ဝတ်ဆင်သွားတာက ပိုပြီးသက်သောင့်သက်သာ ရှိပါလိမ့်မယ်…” ၊ “ရာသီဥတုက အရမ်းပူနေတော့ mask တွေ ဝတ်ရတာဟာ သက်သောင့်သက်သာတော့ မရှိပါဘူး။ ဒါပေမယ့် စိတ်အိုက်ရင်တောင် ကျေးဇူးပြုပြီးတော့ mask တွေကိုတော့ ဝတ်ဆင်ပေးကြပါနော်…” စသဖြင့် သတိပေးစကားလေးတွေ ပြောသွားပါသေးတယ်။

ဒီလို သတင်းကြေငြာသူ ချောချောလေးက သတိပေးမယ်ဆိုရင်တော့ အားလုံးက ကျေကျေနပ်နပ်ကြီးကို သတိထားပြီး လိုက်နာကြမယ်ဆိုတာ အသေအချာပါပဲလို့ တင်ပြရင်း …။

LaNina

Source: soompi

(Zawgyi Version)

TWICE အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Dahyun ဟာ မိုးေလဝသ သတင္းေၾကျငာသူအျဖစ္နဲ႔ မနက္ခင္း တီဗြီသတင္းမွာ အားလုံးကို surprise လုပ္သြားပါတယ္။

ဇြန္လ(၂)ရက္ေန႔ရဲ႕ မနက္ခင္းမွာ JTBC သတင္းဌာနရဲ႕ မနက္ပိုင္းသတင္းက႑မွာ မိုးေလဝသ သတင္းေၾကျငာသူအျဖစ္နဲ႔ Dahyun က အထူးဧည့္သည္အျဖစ္ ပါဝင္တင္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ အခုလို မနက္အေစာႀကီးထကာ ျပင္ဆင္ၿပီး အလုပ္သစ္တစ္ခုကို လုပ္ရတဲ့ ခံစားခ်က္ကို ေမးျမန္းတဲ့အခါမွာေတာ့ စိတ္ေတြလႈပ္ရွားေနေၾကာင္း ေျပာျပခဲ့ပါတယ္။

Photo: JTBC News/ YouTube

Idol အျဖစ္ကေန မိုးေလဝသ သတင္းေၾကျငာသူအျဖစ္ တစ္ရက္တာ ေျပာင္းလဲလိုက္ရေပမယ့္ စိတ္လႈပ္ရွားမႈေတြကို အသာဖယ္ထားကာ တကယ့္ ပ႐ိုတစ္ေယာက္လိုပဲ ေနရာဌာနအလိုက္ မိုးေလဝသ သတင္းေတြကို တင္ဆက္ေပးသြားခဲ့ပါတယ္။ မိုးေလဝသ သတင္းေတြအျပင္ ျပည္သူေတြအတြက္ အကူအညီျဖစ္မယ့္ အခ်က္ေလးေတြကိုလည္း ေဝမွ်၊ သတိေပးသြားပါေသးတယ္။

Photo: JTBC News/ YouTube

“ဒီေန႔အတြက္ ထီးယူသြားဖို႔ မေမ့ပါနဲ႔ေနာ္…” ၊ “အလုပ္ကို သြားတဲ့အခါ ေပါ့ေပါ့ပါးပါး ဝတ္ဆင္သြားတာက ပိုၿပီးသက္ေသာင့္သက္သာ ရွိပါလိမ့္မယ္…” ၊ “ရာသီဥတုက အရမ္းပူေနေတာ့ mask ေတြ ဝတ္ရတာဟာ သက္ေသာင့္သက္သာေတာ့ မရွိပါဘူး။ ဒါေပမယ့္ စိတ္အိုက္ရင္ေတာင္ ေက်းဇူးျပဳၿပီးေတာ့ mask ေတြကိုေတာ့ ဝတ္ဆင္ေပးၾကပါေနာ္…” စသျဖင့္ သတိေပးစကားေလးေတြ ေျပာသြားပါေသးတယ္။

ဒီလို သတင္းေၾကျငာသူ ေခ်ာေခ်ာေလးက သတိေပးမယ္ဆိုရင္ေတာ့ အားလုံးက ေက်ေက်နပ္နပ္ႀကီးကို သတိထားၿပီး လိုက္နာၾကမယ္ဆိုတာ အေသအခ်ာပါပဲလို႔ တင္ျပရင္း …။

LaNina

Source: soompi

RELATED ARTICLES

Most Popular