HomeCelebs Update NewsInternationalပရိသတ်တွေကို စိတ်ဆိုးပြီး Twitter နဲ့ IG အကောင့်တွေ ဖျက်သွားတဲ့ Cardi B

ပရိသတ်တွေကို စိတ်ဆိုးပြီး Twitter နဲ့ IG အကောင့်တွေ ဖျက်သွားတဲ့ Cardi B

Cardi B ဟာ မကြာသေးခင် အချိန်ပိုင်းကပဲ သူမရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာတွေ ဖြစ်တဲ့ Twitter နဲ့ Instagram အကောင့်တွေကို ဖျက်သွားပါတယ်။ အကြောင်းကတော့ သူမရဲ့ ပရိသတ်တွေဟာ Cardi တစ်ယောက် ဂရမ်မီဆုပေးပွဲ မတက်ရောက်တဲ့အပေါ် ဝေဖန်မှုတွေ လုပ်နေကြပြီး သူမရဲ့ကလေးတွေကိုပါ ဆွဲထည့်ပြီး ပြောလာကြတဲ့အတွက် အခုလို အကောင့်တွေ ဖျက်သွားတာ ဖြစ်ပါတယ်။

Cardi ရဲ့ ပရိသတ်တွေကတော့ သူမဟာ ယခုနှစ် ဂရမ်မီဆုပေးပွဲကို တက်ရောက်မယ်လို့ အရိပ်အမြွက် ပြသပြီးမှ မတက်ရောက်တော့တဲ့အကြောင်းကို ဝိုင်းဝန်း ဝေဖန်နေကြတာ ဖြစ်ပါတယ်။ သို့သော်လည်း ပရိသတ်တွေဟာ သူမ တစ်ယောက်တည်းကို ပြောဆိုရုံတင် မဟုတ်ဘဲ သူမရဲ့ ကလေးတွေကိုပါ ထည့်ပြောလာတဲ့အတွက် Cardi တစ်ယောက် စိတ်ဆိုးမာန်ဆိုး ဖြစ်ပြီး သူမရဲ့ ပရိသတ်တွေကိုပါ မုန်းတယ်လို့ ပြောသွားပါတယ်။

Photo: cairdib/ Instagram

“ကျွန်မ ဒီတွစ်တာအကောင့်ကို ဖျက်ပါတော့မယ်။ ဒီလိုတုံးအတဲ့ ပရိသတ်တွေကို မုန်းပါတယ်နော်။ ရှင်တို့က ကျွန်မ ဂရမ်မီကိုသွားမယ် ထင်နေပြီး ကျွန်မက အဲဒီပွဲကို မသွားလိုက်တာနဲ့ပဲ ကျွန်မကလေးတွေကိုပါ ဆွဲထည့်ပြီး ပြောတာကတော့ တော်တော်လေး ဉာဏ်ရည်ထုံထိုင်းကြတဲ့သူတွေပါပဲ။ အဲဒီပွဲကို သွားပါမယ်လို့ ကျွန်မက ဘယ်‌ေ-ာက်အချိန်တုန်းက အရိပ်အမြွက် ပြလိုက်မိလို့လဲ။ ‌ေ-ာက်ရမ်း ‌ေ-ာက်ကျိုးမရှိတာပါ။ ကျွန်မ မတတ်နိုင်တော့ဘူး။ ကျွန်မကိုယ်ကျွန်မ ကာကွယ်ဖို့လိုပါတယ် … ” လို့ Cardi ဟာ သူမရဲ့ တွစ်တာအကောင့်ကို မဖျက်ခင် ပို့စ်တင်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

တွစ်တာအကောင့်ကို ဖျက်ပြီးနောက်မှာတော့ Cardi ဟာ Instagram ဘက်မှာ live လွှင့်ပြီး ဘာကြောင့် သူမရဲ့တွစ်တာအကောင့်ကို ဖျက်လိုက်ရလည်းဆိုတာ ရှင်းပြခဲ့ပါတယ်။ အဆိုပါ live မှာတော့ သူမဟာ မိန်းကလေးတွေ လုပ်လေ့လုပ်ထရှိတဲ့ အရာတွေ လုပ်နေရင်း အလုပ်ရှုပ်နေတာ ဖြစ်ပြီး ပရိသတ်တွေရဲ့ သူမအပေါ် ဝေဖန်တဲ့စကားတွေကို သတိထားမိသွားတယ်လို့ ဆိုပါတယ်။ အဲဒါကတော့ သူမရဲ့ ပရိသတ်တွေဟာ သူမအနေနဲ့ ဂရမ်မီကို တက်ရောက်မယ့်ပုံစံ ပြပြီးတော့မှ အပျင်းကြီးပြီး မတက်တော့တဲ့အကြောင်းကို ဝေဖန်ပြောဆိုနေကြတာလို့ ဆိုပါတယ်။

Photo: iamcardib/ Twitter
Photo: iamcardib/ Twitter

“ကျွန်မရဲ့ ‌ေ-ာက်ပရိသတ်တွေကိုယ်တိုင်က ကျွန်မက ဂရမ်မီကို သွားမယ့်ပုံ ပြပြီးမှ ‌ေ-ာက်ပျင်းကြီးပြီး မသွားတော့တာလို့ ‌ေ-ာက်ရေးမပါတဲ့ စကားတွေ ပြောနေကြတာ။ စံကာတင်(၁)ဆုတည်း ပါတာကို ဘာလို့ ကျွန်မက အဲ့ပွဲကို သွားရမှာလဲ။ ပြီးတော့ အဲဒီတစ်ဆုကလည်း ကျွန်မ ရလိုက်တာ မဟုတ်ဘူးလေ။ အဲဒီတော့ ဘာလဲ။ ရှင်တို့က ကျွန်မက အဲဒီကို သွားပြီး ဆုလည်းမရဘဲနဲ့ ပြုံးဖြီးဖြီးလုပ်ပြီး ပြန်ခဲ့ရမယ်လို့ ဆိုလိုတာလား … ”

“ကိုယ့်‌ေ-ာက်ပရိသတ်တွေကိုက ကိုယ့်ကို‌ေ-ာက်ရေးမပါတာတွေ ပြောတော့လေ ကျွန်မ တကယ် ‌ေ-ာက်ရမ်း စိတ်ဆိုးတယ် သိလား။ အဲဒီ‌ေ-ာက်ကိစ္စက ကျွန်မကို တကယ် ‌ေ-ာက်စိတ်တွေ တိုစေတာ။ ပြီးတော့ အဲဒီမြေ-ိုးတွေက ကျွန်မတော့ သွားပြီ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပြောနေကြသေးတယ်။ ကျွန်မတစ်ခု ပြောလိုက်မယ်နော်။ ‌ေ-ာက်ဂရုကိုမစိုက်တာ သိလား။ တွစ်တာ ကျွန်မ ပြောထားသမျှ အားလုံးက တကယ် ပြောထားတာ … ”

Photo: cairdib/ Instagram

“ပြီးတော့ ဘာလို့ ကလေးတစ်ယောက်ရဲ့ အမေကို မကောင်းပြောရတာလဲ။ အဲဒီလူက အဲဒီကလေးကို လူ့လောကထဲ ခေါ်လာပေးတဲ့သူလေ။ ကျွန်မကိုပဲ ‌ေ-ာက်မကောင်းကြောင်းတွေ ပြောရာကနေ ဘယ်လိုဖြစ်လို့ ကျွန်မသားအကြောင်းကိုပါ ဆွဲထည့်ပြီး ပြောနေကြရတာလဲ။ ကျွန်မသားကိုပါ ဆွဲထည့်ပြောရင် ရှင်တို့ကို ကျွန်မမုန်းတယ် … ” လို့ အဆိုပါ Instagram live မှာ ပြောသွားပြီး မကြာခင်မှာပဲ IG အကောင့်ကိုပါ ဖျက်သွားတာ ဖြစ်ပါတယ်။

Cardi ဟာ သူမရဲ့ ကလေးတွေနဲ့ ပတ်သက်ရင် လုံးဝအထိမခံဘူးဆိုတာ သူမရဲ့ ပရိသတ်တွေကတော့ သိပြီးသား ဖြစ်ကြမှာပါ။ အခုလည်း ပရိသတ်တွေကို စိတ်ဆိုးသွားတဲ့ Cardi တစ်ယောက် ဘယ်အချိန်မှ စိတ်ပြေပြီး ဆိုရှယ်မီဒီယာကို ပြန်လာမလည်းဆိုတာ စောင့်ကြည့်ရမှာပါပဲ။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular