HomeCelebs Update NewsInternationalဓာတ္ပုံဆရာတစ္ေယာက္ရဲ႕ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈကို ခံစားခဲ့ရဖူးတယ္လို႔ ဆိုလာတဲ့ Cardi B

ဓာတ္ပုံဆရာတစ္ေယာက္ရဲ႕ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈကို ခံစားခဲ့ရဖူးတယ္လို႔ ဆိုလာတဲ့ Cardi B

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Rap အဆိုေတာ္ Cardi B ဟာ တစ္ခါတုန္းက မဂၢဇင္းတစ္ခုအတြက္ ရိုက္ကူးေရးလုပ္ေနတုန္း ဓာတ္ပုံဆရာတစ္ေယာက္ရဲ႕ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ ခံခဲ့ရဖူးေၾကာင္း ဖြင့္ဟလာပါတယ္။ ဒီအေၾကာင္းကို မဂၢဇင္းတိုက္ပိုင္ရွင္ကို ျပန္ေျပာခဲ့ေပမယ့္လည္း အေရးတယူမလုပ္သလို၊ ဂရုလည္းမစိုက္ခဲ့ဘူးလို႔ ေျပာျပခဲ့ပါတယ္။

အသက္(၂၆)ႏွစ္အရြယ္ Cardi B ဟာ သူမ ႀကံဳေတြ႕ခဲ့ရဖူးတဲ့ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈတစ္ခုအေၾကာင္းကို စက္တင္ဘာလ(၂၆)ရက္ေန႔က ထုတ္လႊင့္ခဲ့တဲ့ Angie Martinez ရဲ႕ Untold Stories of Hip Hop အစီအစဥ္မွာ ေျပာျပလိုက္တာ ျဖစ္ပါတယ္။

Cardi B က “အဲ့ဒီ့မဂၢဇင္းအတြက္ ဓာတ္ပုံရိုက္ေပးခဲ့တုန္းက အဲ့ဒီ့ဓာတ္ပုံဆရာ လုပ္ခဲ့တာကို ဘယ္ေတာ့မွ မေမ့ဘူး။ သူက ကၽြန္မအနားကို ကပ္လာၿပီး “နင္ ဒီမဂၢဇင္းထဲမွာ ပါခ်င္တယ္ဟုတ္လား” ဆိုၿပီး သူ႔ရဲ႕အ၀ွာကို ေဘာင္းဘီထဲက ထုတ္လိုက္တာပဲ” လို႔  ေျပာျပခဲ့တာပါ။

Photo: iamcardib/ Instagram

အဲ့ဒီ့အခ်ိန္တုန္းက Cardi ဟာ ေအာင္ျမင္ကာစ အေျခအေနဆိုေပမယ့္ ဒီလိုလုပ္ရပ္အေပၚမွာ သည္းမခံခဲ့ဘူးလို႔ ဆိုပါတယ္။ “ကၽြန္မလည္း ေသာက္ရမ္းေဒါသထြက္သြားတယ္။ သူ႔ကိုလည္း ေျပာလိုက္တယ္။ ရွင္က ေသာက္ရမ္းအာရုံေနာက္ဖို႔ေကာင္းတဲ့ အေကာင္ပဲ” လို႔ေျပာၿပီး ရိုက္ကြင္းေပၚမွာ ေသာင္းက်န္းခဲ့တယ္လို႔ ဆိုပါတယ္။

အေျခအေနေတြကို ပိုဆိုးသြားေစတာကေတာ့ ဒီအေၾကာင္းကို မဂၢဇင္းတိုက္ပိုင္ရွင္ဆီကို ကိုယ္တိုင္သြားေျပာခဲ့ေပမယ့္ အေရးတယူလုပ္မခံခဲ့ရဘူးလို႔ သိရပါတယ္။ “ဘာကေဒါသထြက္ဖို႔ေကာင္းလဲ သိလား။ မဂၢဇင္းတိုက္ပိုင္ရွင္ကိုလည္း သြားေျပာေရာ… သူက ကၽြန္မကို ၾကည့္ၿပီး အဲ့ဒီ့ေတာ့ …. ဆိုၿပီး ေသာက္ဂရုမစိုက္တဲ့ပုံနဲ႔ ပုခုံးႏွစ္ဖက္ကို တြန္႔ျပတယ္” လို႔ ဆိုပါတယ္။ ဒီလိုလုပ္ခဲ့တဲ့ ဓာတ္ပုံဆရာနဲ႔ မဂၢဇင္းတိုက္ရဲ႕ နာမည္ေတြကိုေတာ့ Cardi က ထုတ္မေျပာခဲ့ပါဘူး။

Photo: iamcardib/ Instagram

သူမနည္းတူ အျခားမိန္းကေလးေတြလည္း ဒီလိုပဲ ႀကံဳေတြ႕ခံစားေနရေၾကာင္း ေျပာျပပါေသးတယ္။ “MeToo လႈပ္ရွားမႈကို ေတြ႕ေတာ့ ကၽြန္မတို႔နယ္ပယ္ထဲက မိန္းကေလးေတြလည္း ဒီလိုေတြ ခံစားေနရတယ္ဆိုတာ သိလိုက္ရတယ္။ အဲ့ဒီ့ေသာက္ေရးမပါတဲ့ အရာေတြကိုရဖို႔ ဒီလိုမ်ိဳးေတြ ဆက္ဆံခံရမွ ျဖစ္မယ္ဆိုတာမ်ိဳးေတြ…။ ဒါမ်ိဳးေတြက ေန႔တိုင္းကို ျဖစ္ေနတာ” လို႔ သူမရဲ႕ ခံစားခ်က္ကို ေျပာသြားပါေသးတယ္။

ဒီျဖစ္ရပ္ကို ၂၀၁၈ခုႏွစ္က Cosmopolitan မဂၢဇင္းနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာလည္း တစ္ေခါက္ ေျပာျပခဲ့ဖူးပါေသးတယ္။ “လူေတြကေလ သိတယ္မွတ္လား။ နင္ ဒီမဂၢဇင္းရဲ႕ကာဗာမွာ ပါခ်င္လား။ ပါခ်င္ရင္ ဒီလိုဆိုၿပီး သူတို႔ရဲ႕ အ၀ွာေတြကို ထုတ္ျပေတာ့တာပဲ။ ဒါမ်ိဳးႀကံဳရတဲ့ မိန္းမတစ္ေယာက္ေလာက္က အမ်ားသိေအာင္ ေျပာလိုက္မယ္ဆိုရင္လည္း အဲ့ဒီ့ေတာ့ ဘာျဖစ္သြားလို႔လဲဆိုတာမ်ိဳး လူေတြက တုံ႔ျပန္ၾကေသးတာ” လို႔ ေျပာခဲ့ဖူးတာ ျဖစ္ပါတယ္။

LaNina

Ref: hollywoodlife

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Rap အဆိုတော် Cardi B ဟာ တစ်ခါတုန်းက မဂ္ဂဇင်းတစ်ခုအတွက် ရိုက်ကူးရေးလုပ်နေတုန်း ဓာတ်ပုံဆရာတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံခဲ့ရဖူးကြောင်း ဖွင့်ဟလာပါတယ်။ ဒီအကြောင်းကို မဂ္ဂဇင်းတိုက်ပိုင်ရှင်ကို ပြန်ပြောခဲ့ပေမယ့်လည်း အရေးတယူမလုပ်သလို၊ ဂရုလည်းမစိုက်ခဲ့ဘူးလို့ ပြောပြခဲ့ပါတယ်။

အသက်(၂၆)နှစ်အရွယ် Cardi B ဟာ သူမ ကြုံတွေ့ခဲ့ရဖူးတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတစ်ခုအကြောင်းကို စက်တင်ဘာလ(၂၆)ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ Angie Martinez ရဲ့ Untold Stories of Hip Hop အစီအစဉ်မှာ ပြောပြလိုက်တာ ဖြစ်ပါတယ်။

Cardi B က “အဲ့ဒီ့မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ပေးခဲ့တုန်းက အဲ့ဒီ့ဓာတ်ပုံဆရာ လုပ်ခဲ့တာကို ဘယ်တော့မှ မမေ့ဘူး။ သူက ကျွန်မအနားကို ကပ်လာပြီး “နင် ဒီမဂ္ဂဇင်းထဲမှာ ပါချင်တယ်ဟုတ်လား” ဆိုပြီး သူ့ရဲ့အဝှာကို ဘောင်းဘီထဲက ထုတ်လိုက်တာပဲ” လို့  ပြောပြခဲ့တာပါ။

Photo: iamcardib/ Instagram

အဲ့ဒီ့အချိန်တုန်းက Cardi ဟာ အောင်မြင်ကာစ အခြေအနေဆိုပေမယ့် ဒီလိုလုပ်ရပ်အပေါ်မှာ သည်းမခံခဲ့ဘူးလို့ ဆိုပါတယ်။ “ကျွန်မလည်း သောက်ရမ်းဒေါသထွက်သွားတယ်။ သူ့ကိုလည်း ပြောလိုက်တယ်။ ရှင်က သောက်ရမ်းအာရုံနောက်ဖို့ကောင်းတဲ့ အကောင်ပဲ” လို့ပြောပြီး ရိုက်ကွင်းပေါ်မှာ သောင်းကျန်းခဲ့တယ်လို့ ဆိုပါတယ်။

အခြေအနေတွေကို ပိုဆိုးသွားစေတာကတော့ ဒီအကြောင်းကို မဂ္ဂဇင်းတိုက်ပိုင်ရှင်ဆီကို ကိုယ်တိုင်သွားပြောခဲ့ပေမယ့် အရေးတယူလုပ်မခံခဲ့ရဘူးလို့ သိရပါတယ်။ “ဘာကဒေါသထွက်ဖို့ကောင်းလဲ သိလား။ မဂ္ဂဇင်းတိုက်ပိုင်ရှင်ကိုလည်း သွားပြောရော… သူက ကျွန်မကို ကြည့်ပြီး အဲ့ဒီ့တော့ …. ဆိုပြီး သောက်ဂရုမစိုက်တဲ့ပုံနဲ့ ပုခုံးနှစ်ဖက်ကို တွန့်ပြတယ်” လို့ ဆိုပါတယ်။ ဒီလိုလုပ်ခဲ့တဲ့ ဓာတ်ပုံဆရာနဲ့ မဂ္ဂဇင်းတိုက်ရဲ့ နာမည်တွေကိုတော့ Cardi က ထုတ်မပြောခဲ့ပါဘူး။

Photo: iamcardib/ Instagram

သူမနည်းတူ အခြားမိန်းကလေးတွေလည်း ဒီလိုပဲ ကြုံတွေ့ခံစားနေရကြောင်း ပြောပြပါသေးတယ်။ “MeToo လှုပ်ရှားမှုကို တွေ့တော့ ကျွန်မတို့နယ်ပယ်ထဲက မိန်းကလေးတွေလည်း ဒီလိုတွေ ခံစားနေရတယ်ဆိုတာ သိလိုက်ရတယ်။ အဲ့ဒီ့သောက်ရေးမပါတဲ့ အရာတွေကိုရဖို့ ဒီလိုမျိုးတွေ ဆက်ဆံခံရမှ ဖြစ်မယ်ဆိုတာမျိုးတွေ…။ ဒါမျိုးတွေက နေ့တိုင်းကို ဖြစ်နေတာ” လို့ သူမရဲ့ ခံစားချက်ကို ပြောသွားပါသေးတယ်။

ဒီဖြစ်ရပ်ကို ၂၀၁၈ခုနှစ်က Cosmopolitan မဂ္ဂဇင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာလည်း တစ်ခေါက် ပြောပြခဲ့ဖူးပါသေးတယ်။ “လူတွေကလေ သိတယ်မှတ်လား။ နင် ဒီမဂ္ဂဇင်းရဲ့ကာဗာမှာ ပါချင်လား။ ပါချင်ရင် ဒီလိုဆိုပြီး သူတို့ရဲ့ အဝှာတွေကို ထုတ်ပြတော့တာပဲ။ ဒါမျိုးကြုံရတဲ့ မိန်းမတစ်ယောက်လောက်က အများသိအောင် ပြောလိုက်မယ်ဆိုရင်လည်း အဲ့ဒီ့တော့ ဘာဖြစ်သွားလို့လဲဆိုတာမျိုး လူတွေက တုံ့ပြန်ကြသေးတာ” လို့ ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။

LaNina

Ref: hollywoodlife

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular