HomeEntertainmentFilm2021 MTV Movie & TV Awards မှာ ဆွတ်ခူးခဲ့ကြသူများ

2021 MTV Movie & TV Awards မှာ ဆွတ်ခူးခဲ့ကြသူများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

2021 MTV Movie & TV Awards ဆုပေးပွဲကိုတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ည မေလ(၁၆)ရက်နေ့က လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဆုပေးပွဲကတော့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား နယ်ပယ်က ထူးချွန်ပြောင်မြောက်တဲ့ ဇာတ်ကားတွေနဲ့ သရုပ်ဆောင်တွေကို နှစ်စဉ် ဆုချီးမြှင့်နေတာပါ။

ယခုနှစ်အတွက် ထူးခြားတဲ့ စံကာတင်စာရင်းဝင်သူကတော့ ကွယ်လွန်သူ မင်းသား Chadwick Boseman ပဲ ဖြစ်ပါတယ်။ ယမန်နှစ်က သူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Ma Rainey’s Black Bottom ဇာတ်ကားနဲ့ စံကာတင်စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲဘက်မှာတော့ WandaVision က စံကာတင် ငါးဆုနဲ့ စံကာတင် အများဆုံး ပိုင်ဆိုင်ထားပါတယ်။

©Marvel Studios

ယခုနှစ်ရဲ့ MTV Movie & TV Awards မှာတော့ To All The Boys: Always and Forever နဲ့ WandaVision တို့က ဆုအများဆုံး ရရှိခဲ့ပါတယ်။ category အလိုက် ဆုရရှိခဲ့ကြတဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေနဲ့ သရုပ်ဆောင်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

BEST MOVIE
Photo via IMDb

အကောင်းဆုံးရုပ်ရှင်ဆုကို စံကာတင်ဝင်ခဲ့တဲ့ ဇာတ်ကားတွေကတော့ Borat Subsequent Moviefilm ၊ Judas and the Black Messiah ၊ Promising Young Woman ၊ Soul နဲ့ To All The Boys: Always and Forever တို့ ဖြစ်ပါတယ်။ ဒီထဲကမှ Best Movie ဆုကို ရရှိခဲ့တာကတော့ To All The Boys: Always and Forever ဇာတ်ကား ဖြစ်ပါတယ်။

BEST SHOW
©Marvel Studios

အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲ ဆုကိုတော့ Bridgerton ၊ Cobra Kai ၊ Emily in Paris ၊ The Boys တို့ကို ကျော်တက်ပြီး WandaVision စီးရီးက ရရှိခဲ့ပါတယ်။

BEST PERFORMANCE IN A MOVIE
Photo via IMDb

အကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင်ဆုကိုတော့ ကွယ်လွန်သူမင်းသား Chadwick Boseman က Ma Rainey’s Black Bottom ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။ ဒီဆုအတွက် စံကာတင်ဝင်ခဲ့ကြတဲ့ အခြားရုပ်ရှင်သရုပ်ဆောင်တွေကတော့ Carey Mulligan (Promising Young Woman) ၊ Daniel Kaluuya (Judas and the Black Messiah) ၊ Sacha Baron Cohen (The Trial of the Chicago 7) နဲ့ Zendaya (Malcolm & Marie) တို့ ဖြစ်ပါတယ်။

BEST PERFORMANCE IN A SHOW
©Marvel Studios

အကောင်းဆုံး ဇာတ်လမ်းတွဲ သရုပ်ဆောင်ဆုကိုတော့ Anya Taylor-Joy (The Queen’s Gambit)၊ Elliot Page (The Umbrella Academy) ၊ Emma Corrin (The Crown) ၊ Michaela Coel (I May Destroy You) တို့ကို ကျော်တက်ပြီး Elizabeth Olsen (WandaVision) က ဆွတ်ခူးသွားပါတယ်။

BEST HERO
Photo via IMDb

အကောင်းဆုံး စူပါဟီးရိုးသရုပ်ဆောင်ဆုကိုတော့ Anthony Mackie က The Falcon and the Winter Soldier ဇာတ်လမ်းတွဲနဲ့ ရရှိသွားပါတယ်။ ဒီ category မှာ စံကာတင်ဝင်ခဲ့ကြတဲ့ အခြားစူပါဟီးရိုး သရုပ်ဆောင်တွေကတော့ Gal Gadot (Wonder Woman 1984) ၊ Jack Quaid (The Boys) ၊ Pedro Pascal (The Mandalorian) နဲ့ Teyonah Parris (WandaVision) တို့ ဖြစ်ပါတယ်။

BEST KISS
Photo via IMDb

အပြောင်မြောက်ဆုံး အနမ်းဇာတ်ဝင်ခန်းဆုကိုတော့ Chase Stokes နဲ့ Madelyn Cline တို့က Outer Banks ဇာတ်ကားနဲ့ ရရှိသွားပါတယ်။ ဒီ category မှာ စံကာတင်ဝင်ခဲ့တဲ့ အခြားသရုပ်ဆောင်တွေကတော့ Killing Eve မှာ သရုပ်ဆောင်ခဲ့ကြတဲ့ Jodie Comer နဲ့ Sandra Oh ၊ Emily in Paris မှာ သရုပ်ဆောင်ခဲ့ကြတဲ့ Lily Collins နဲ့ Lucas Bravo ၊ Never Have I Ever မှာ အတူသရုပ်ဆောင်ခဲ့ကြတဲ့ Maitreyi Ramakrishnan နဲ့ Jaren Lewison ၊ Bridgerton မှာ အတူသရုပ်ဆောင်ခဲ့ကြတဲ့ Rege-Jean Page နဲ့ Phoebe Dynevor တို့ ဖြစ်ပါတယ်။

BEST COMEDIC PERFORMANCE
Photo via IMDb

အကောင်းဆုံး ဟာသ သရုပ်ဆောင်ဆုကိုတော့ Annie Murphy (Schitt’s Creek) ၊ Eric Andre (Bad Trip) ၊ Issa Rae (Insecure) ၊ Jason Sudeikis (Ted Lasso) တို့ကို ကျော်တက်ပြီး Leslie Jones က Coming 2 America နဲ့ ဆွတ်ခူးသွားပါတယ်။

BEST VILLAIN
Photo via IMDb

အကောင်းဆုံးဗီလိန်ဆုကိုတော့ Kathryn Hahn က WandaVision ဇာတ်လမ်းတွဲနဲ့ ရရှိခဲ့ပါတယ်။ ဒီ catgory မှာ စံကာတင်ဝင်ခဲ့ကြတဲ့ အခြားသရုပ်ဆောင်တွေကတော့ Aya Cash (The Boys) ၊ Giancarlo Esposito (The Mandalorian) နဲ့ Nicholas Hoult (The Great) တို့ ဖြစ်ပါတယ်။

BREAKTHROUGH PERFORMANCE
Photo via IMDb

ဒီဆုမှာ စံကာတင်ဝင်ခဲ့သူတွေကတော့ Antonia Gentry (Ginny & Georgia) ၊ Ashley Park (Emily in Paris) ၊ Maria Bakalova (Borat Subsequent Moviefilm) နဲ့ Paul Mescal (Normal People) တို့ ဖြစ်ပြီး Rege-Jean Page (Bridgerton) က ဆွတ်ခူးခဲ့ပါတယ်။

BEST FIGHT
Photo via IMDb

ဒီဆုကိုတော့ WandaVision ထဲက Wanda Vs. Agatha က ဆွတ်ခူးခဲ့ပါတယ်။ ဒီ category မှာ စံကာတင်ဝင်ခဲ့တဲ့ အခြား အမိုက်ဆုံး ဖိုက်တင်ခန်းတွေကတော့ Cobra Kai (Final House Fight) ၊ The Boys (Starlight, Queen Maeve, Kimiko Vs. Stormfront) ၊ Zack Snyder’s Justice League (Final Fight Vs. Steppenwolf) တို့ ဖြစ်ပါတယ်။

MOST FRIGHTENED PERFORMANCE
Photo via IMDb

ထိတ်လန့်စရာအကောင်းဆုံး သရုပ်ဆောင်ဆုကိုတော့ Victoria Pedretti (The Haunting of Bly Manor) က ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့တဲ့ အခြားသရုပ်ဆောင်တွေကတော့ Elisabeth Moss (The Invisible Man) ၊ Jurnee Smollett (Lovecraft Country) ၊ Simona Brown (Behind Her Eyes) နဲ့ Vince Vaughn (Freaky) တို့ ဖြစ်ပါတယ်။

BEST DUO
Photo via IMDb

အကောင်းဆုံး တွဲဘက်သရုပ်ဆောင်မှုမှာတော့ The Falcon and the Winter Soldier မှာ Falcon နဲ့ Winter Soldier နေရာက အတူတွဲသရုပ်ဆောင်ခဲ့တဲ့ Anthony Mackie နဲ့ Sebastian Stan တို့က ဆွတ်ခူးသွားပါတယ်။

Linda Decemer

Source: people

(Zawgyi Version)

2021 MTV Movie & TV Awards ဆုေပးပြဲကိုေတာ့ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ည ေမလ(၁၆)ရက္ေန႔က ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဒီဆုေပးပြဲကေတာ့ ႐ုပ္ရွင္နဲ႔ ႐ုပ္ျမင္သံၾကား နယ္ပယ္က ထူးခြၽန္ေျပာင္ေျမာက္တဲ့ ဇာတ္ကားေတြနဲ႔ သ႐ုပ္ေဆာင္ေတြကို ႏွစ္စဥ္ ဆုခ်ီးျမႇင့္ေနတာပါ။

ယခုႏွစ္အတြက္ ထူးျခားတဲ့ စံကာတင္စာရင္းဝင္သူကေတာ့ ကြယ္လြန္သူ မင္းသား Chadwick Boseman ပဲ ျဖစ္ပါတယ္။ ယမန္ႏွစ္က သူ ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ Ma Rainey’s Black Bottom ဇာတ္ကားနဲ႔ စံကာတင္စာရင္းဝင္ခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းတြဲဘက္မွာေတာ့ WandaVision က စံကာတင္ ငါးဆုနဲ႔ စံကာတင္ အမ်ားဆုံး ပိုင္ဆိုင္ထားပါတယ္။

©Marvel Studios

ယခုႏွစ္ရဲ႕ MTV Movie & TV Awards မွာေတာ့ To All The Boys: Always and Forever နဲ႔ WandaVision တို႔က ဆုအမ်ားဆုံး ရရွိခဲ့ပါတယ္။ category အလိုက္ ဆုရရွိခဲ့ၾကတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြ၊ ဇာတ္လမ္းတြဲေတြနဲ႔ သ႐ုပ္ေဆာင္ေတြကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

BEST MOVIE
Photo via IMDb

အေကာင္းဆုံး႐ုပ္ရွင္ဆုကို စံကာတင္ဝင္ခဲ့တဲ့ ဇာတ္ကားေတြကေတာ့ Borat Subsequent Moviefilm ၊ Judas and the Black Messiah ၊ Promising Young Woman ၊ Soul နဲ႔ To All The Boys: Always and Forever တို႔ ျဖစ္ပါတယ္။ ဒီထဲကမွ Best Movie ဆုကို ရရွိခဲ့တာကေတာ့ To All The Boys: Always and Forever ဇာတ္ကား ျဖစ္ပါတယ္။

BEST SHOW
©Marvel Studios

အေကာင္းဆုံး ႐ုပ္သံဇာတ္လမ္းတြဲ ဆုကိုေတာ့ Bridgerton ၊ Cobra Kai ၊ Emily in Paris ၊ The Boys တို႔ကို ေက်ာ္တက္ၿပီး WandaVision စီးရီးက ရရွိခဲ့ပါတယ္။

BEST PERFORMANCE IN A MOVIE
Photo via IMDb

အေကာင္းဆုံး ႐ုပ္ရွင္သ႐ုပ္ေဆာင္ဆုကိုေတာ့ ကြယ္လြန္သူမင္းသား Chadwick Boseman က Ma Rainey’s Black Bottom ဇာတ္ကားနဲ႔ ရရွိခဲ့ပါတယ္။ ဒီဆုအတြက္ စံကာတင္ဝင္ခဲ့ၾကတဲ့ အျခား႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြကေတာ့ Carey Mulligan (Promising Young Woman) ၊ Daniel Kaluuya (Judas and the Black Messiah) ၊ Sacha Baron Cohen (The Trial of the Chicago 7) နဲ႔ Zendaya (Malcolm & Marie) တို႔ ျဖစ္ပါတယ္။

BEST PERFORMANCE IN A SHOW
©Marvel Studios

အေကာင္းဆုံး ဇာတ္လမ္းတြဲ သ႐ုပ္ေဆာင္ဆုကိုေတာ့ Anya Taylor-Joy (The Queen’s Gambit)၊ Elliot Page (The Umbrella Academy) ၊ Emma Corrin (The Crown) ၊ Michaela Coel (I May Destroy You) တို႔ကို ေက်ာ္တက္ၿပီး Elizabeth Olsen (WandaVision) က ဆြတ္ခူးသြားပါတယ္။

BEST HERO
Photo via IMDb

အေကာင္းဆုံး စူပါဟီး႐ိုးသ႐ုပ္ေဆာင္ဆုကိုေတာ့ Anthony Mackie က The Falcon and the Winter Soldier ဇာတ္လမ္းတြဲနဲ႔ ရရွိသြားပါတယ္။ ဒီ category မွာ စံကာတင္ဝင္ခဲ့ၾကတဲ့ အျခားစူပါဟီး႐ိုး သ႐ုပ္ေဆာင္ေတြကေတာ့ Gal Gadot (Wonder Woman 1984) ၊ Jack Quaid (The Boys) ၊ Pedro Pascal (The Mandalorian) နဲ႔ Teyonah Parris (WandaVision) တို႔ ျဖစ္ပါတယ္။

BEST KISS
Photo via IMDb

အေျပာင္ေျမာက္ဆုံး အနမ္းဇာတ္ဝင္ခန္းဆုကိုေတာ့ Chase Stokes နဲ႔ Madelyn Cline တို႔က Outer Banks ဇာတ္ကားနဲ႔ ရရွိသြားပါတယ္။ ဒီ category မွာ စံကာတင္ဝင္ခဲ့တဲ့ အျခားသ႐ုပ္ေဆာင္ေတြကေတာ့ Killing Eve မွာ သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ Jodie Comer နဲ႔ Sandra Oh ၊ Emily in Paris မွာ သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ Lily Collins နဲ႔ Lucas Bravo ၊ Never Have I Ever မွာ အတူသ႐ုပ္ေဆာင္ခဲ့ၾကတဲ့ Maitreyi Ramakrishnan နဲ႔ Jaren Lewison ၊ Bridgerton မွာ အတူသ႐ုပ္ေဆာင္ခဲ့ၾကတဲ့ Rege-Jean Page နဲ႔ Phoebe Dynevor တို႔ ျဖစ္ပါတယ္။

BEST COMEDIC PERFORMANCE
Photo via IMDb

အေကာင္းဆုံး ဟာသ သ႐ုပ္ေဆာင္ဆုကိုေတာ့ Annie Murphy (Schitt’s Creek) ၊ Eric Andre (Bad Trip) ၊ Issa Rae (Insecure) ၊ Jason Sudeikis (Ted Lasso) တို႔ကို ေက်ာ္တက္ၿပီး Leslie Jones က Coming 2 America နဲ႔ ဆြတ္ခူးသြားပါတယ္။

BEST VILLAIN
Photo via IMDb

အေကာင္းဆုံးဗီလိန္ဆုကိုေတာ့ Kathryn Hahn က WandaVision ဇာတ္လမ္းတြဲနဲ႔ ရရွိခဲ့ပါတယ္။ ဒီ catgory မွာ စံကာတင္ဝင္ခဲ့ၾကတဲ့ အျခားသ႐ုပ္ေဆာင္ေတြကေတာ့ Aya Cash (The Boys) ၊ Giancarlo Esposito (The Mandalorian) နဲ႔ Nicholas Hoult (The Great) တို႔ ျဖစ္ပါတယ္။

BREAKTHROUGH PERFORMANCE
Photo via IMDb

ဒီဆုမွာ စံကာတင္ဝင္ခဲ့သူေတြကေတာ့ Antonia Gentry (Ginny & Georgia) ၊ Ashley Park (Emily in Paris) ၊ Maria Bakalova (Borat Subsequent Moviefilm) နဲ႔ Paul Mescal (Normal People) တို႔ ျဖစ္ၿပီး Rege-Jean Page (Bridgerton) က ဆြတ္ခူးခဲ့ပါတယ္။

BEST FIGHT
Photo via IMDb

ဒီဆုကိုေတာ့ WandaVision ထဲက Wanda Vs. Agatha က ဆြတ္ခူးခဲ့ပါတယ္။ ဒီ category မွာ စံကာတင္ဝင္ခဲ့တဲ့ အျခား အမိုက္ဆုံး ဖိုက္တင္ခန္းေတြကေတာ့ Cobra Kai (Final House Fight) ၊ The Boys (Starlight, Queen Maeve, Kimiko Vs. Stormfront) ၊ Zack Snyder’s Justice League (Final Fight Vs. Steppenwolf) တို႔ ျဖစ္ပါတယ္။

MOST FRIGHTENED PERFORMANCE
Photo via IMDb

ထိတ္လန႔္စရာအေကာင္းဆုံး သ႐ုပ္ေဆာင္ဆုကိုေတာ့ Victoria Pedretti (The Haunting of Bly Manor) က ဆြတ္ခူးသြားပါတယ္။ စံကာတင္ဝင္ခဲ့တဲ့ အျခားသ႐ုပ္ေဆာင္ေတြကေတာ့ Elisabeth Moss (The Invisible Man) ၊ Jurnee Smollett (Lovecraft Country) ၊ Simona Brown (Behind Her Eyes) နဲ႔ Vince Vaughn (Freaky) တို႔ ျဖစ္ပါတယ္။

BEST DUO
Photo via IMDb

အေကာင္းဆုံး တြဲဘက္သ႐ုပ္ေဆာင္မႈမွာေတာ့ The Falcon and the Winter Soldier မွာ Falcon နဲ႔ Winter Soldier ေနရာက အတူတြဲသ႐ုပ္ေဆာင္ခဲ့တဲ့ Anthony Mackie နဲ႔ Sebastian Stan တို႔က ဆြတ္ခူးသြားပါတယ္။

Linda Decemer

Source: people

 

RELATED ARTICLES

Most Popular