HomeEntertainmentFilmThe Flash စီးရီးရဲ့ ပင်တိုင်သရုပ်ဆောင်တွေအဖြစ်က ကျောခိုင်းသွားကြတဲ့ Carlos နဲ့ Tom 

The Flash စီးရီးရဲ့ ပင်တိုင်သရုပ်ဆောင်တွေအဖြစ်က ကျောခိုင်းသွားကြတဲ့ Carlos နဲ့ Tom 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် စူပါဟီးရိုးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The Flash ဟာ အမာခံ ပင်တိုင်သရုပ်ဆောင်နှစ်ယောက်ကို လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။ စီးရီးရဲ့ ပင်တိုင်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Carlos Valdes နဲ့ Tom Cavanagh တို့ဟာ The Flash ဇာတ်လမ်းတွဲရဲ့ Season 7 နောက်ပိုင်းမှာ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရှိုးတစ်လျှောက်လုံးမှာ Cisco Ramon အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Carlos Valdes ဟာ Season 7 နောက်ဆုံးပိုင်းအထိ ပင်တိုင်သရုပ်ဆောင်အဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

Photo via IMDb

Eobard Thawne တစ်ဖြစ်လည်း Reverse Flash နေရာကတင်မက ဒေါက်တာ Harrison Wells ရဲ့ ဗားရှင်းပေါင်းများစွာကို သရုပ်ဆောင်ခဲ့တဲ့ Tom Cavanagh ကတော့ Season 7 ရဲ့ အပိုင်း(၃)မှာ ပင်တိုင်သရုပ်ဆောင်အဖြစ် နောက်ဆုံး ပါဝင်ထားပြီး ဖြစ်ပါတယ်။ သို့ပေမယ့် Tom ဟာ အပိုင်း(၃)နောက်က အပိုင်းတွေမှာတော့ ဧည့်သည်သရုပ်ဆောင်အဖြစ် ဆက်လက် ပါဝင်သွားမှာ ဖြစ်ပါတယ်။

မူလက Tom ဟာ Season 6 နောက်ဆုံးပိုင်းမှာ ပင်တိုင်သရုပ်ဆောင်အဖြစ်ကနေ ထွက်ခွာဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပေမယ့် ကိုဗစ်ကြောင့် အစီအစဉ်ကို နောက်ဆုတ်လိုက်ရပြီး အခုလို Season အသစ်ရဲ့ အလယ်ကြီးမှာ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ Tom ဟာ စီးရီးက ထွက်ခွာတော့မယ့်အကြောင်းကို ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလတုန်းက အင်စတာဂရမ်မှာ ပို့စ်တင်ပြီး ပရိသတ်ကို အရိပ်အမြွက် အသိပေးခဲ့ပါသေးတယ်။

Photo via IMDb

“Tom နဲ့ Carlos တို့ဟာ ရှိုးရဲ့ Season ခုနှစ်ခုလုံးမှာ အဓိကကျတဲ့ အစိတ်အပိုင်းတွေကနေ ပါဝင်ခဲ့ကြသူတွေပါ။ ကျွန်တော်တို့ သူတို့နှစ်ယောက်ကို တကယ် သတိရနေကြမှာပါ။ နှစ်ယောက်လုံးက တကယ် ထူးချွန်ကြတဲ့ သရုပ်ဆောင်တွေဖြစ်ပြီး သူတို့ရဲ့ကာရိုက်တာတွေကို ကမ္ဘာတစ်ဝန်းက ပရိသတ်တွေ အသည်းစွဲ ချစ်ခင်လာအောင် ဖန်တီးနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှိုးမှာ သူတို့ ပြန်လည်ပါဝင်လာမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အမြဲတံခါးဖွင့်ထားမှာ ဖြစ်ပါတယ် … ” လို့ ရှိုးရဲ့ဖန်တီးရှင် Eric Wallace က အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Photo via IMDb

The Flash ဇာတ်လမ်းတွဲဟာ Season 8 ထွက်ရှိလာဖို့ သက်တမ်းတိုးပြီးသား ဖြစ်ကာ (၁၅၀)မြောက်အပိုင်းကိုတော့ ကနေဒါနိုင်ငံ၊ Vancouver မှာ ယခုတစ်ပတ်အတွင်းမှာပဲ ရိုက်ကူးရေး စတင်သွားမယ်လို့ သိရပါတယ်။

Source: people

Linda December
(Zawgyi Version)

နာမည္ေက်ာ္ စူပါဟီး႐ိုးဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ The Flash ဟာ အမာခံ ပင္တိုင္သ႐ုပ္ေဆာင္ႏွစ္ေယာက္ကို လက္လႊတ္လိုက္ရၿပီ ျဖစ္ပါတယ္။ စီးရီးရဲ႕ ပင္တိုင္သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Carlos Valdes နဲ႔ Tom Cavanagh တို႔ဟာ The Flash ဇာတ္လမ္းတြဲရဲ႕ Season 7 ေနာက္ပိုင္းမွာ ထြက္ခြာေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။

ရႈိးတစ္ေလွ်ာက္လုံးမွာ Cisco Ramon အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Carlos Valdes ဟာ Season 7 ေနာက္ဆုံးပိုင္းအထိ ပင္တိုင္သ႐ုပ္ေဆာင္အျဖစ္ ပါဝင္သြားမယ္လို႔ သိရပါတယ္။

Photo via IMDb

Eobard Thawne တစ္ျဖစ္လည္း Reverse Flash ေနရာကတင္မက ေဒါက္တာ Harrison Wells ရဲ႕ ဗားရွင္းေပါင္းမ်ားစြာကို သ႐ုပ္ေဆာင္ခဲ့တဲ့ Tom Cavanagh ကေတာ့ Season 7 ရဲ႕ အပိုင္း(၃)မွာ ပင္တိုင္သ႐ုပ္ေဆာင္အျဖစ္ ေနာက္ဆုံး ပါဝင္ထားၿပီး ျဖစ္ပါတယ္။ သို႔ေပမယ့္ Tom ဟာ အပိုင္း(၃)ေနာက္က အပိုင္းေတြမွာေတာ့ ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ဆက္လက္ ပါဝင္သြားမွာ ျဖစ္ပါတယ္။

မူလက Tom ဟာ Season 6 ေနာက္ဆုံးပိုင္းမွာ ပင္တိုင္သ႐ုပ္ေဆာင္အျဖစ္ကေန ထြက္ခြာဖို႔ စီစဥ္ထားခဲ့တာ ျဖစ္ေပမယ့္ ကိုဗစ္ေၾကာင့္ အစီအစဥ္ကို ေနာက္ဆုတ္လိုက္ရၿပီး အခုလို Season အသစ္ရဲ႕ အလယ္ႀကီးမွာ ထြက္ခြာသြားတာ ျဖစ္ပါတယ္။ Tom ဟာ စီးရီးက ထြက္ခြာေတာ့မယ့္အေၾကာင္းကို ၂၀၂၀ခုႏွစ္ ေဖေဖာ္ဝါရီလတုန္းက အင္စတာဂရမ္မွာ ပို႔စ္တင္ၿပီး ပရိသတ္ကို အရိပ္အႁမြက္ အသိေပးခဲ့ပါေသးတယ္။

Photo via IMDb

“Tom နဲ႔ Carlos တို႔ဟာ ရႈိးရဲ႕ Season ခုႏွစ္ခုလုံးမွာ အဓိကက်တဲ့ အစိတ္အပိုင္းေတြကေန ပါဝင္ခဲ့ၾကသူေတြပါ။ ကြၽန္ေတာ္တို႔ သူတို႔ႏွစ္ေယာက္ကို တကယ္ သတိရေနၾကမွာပါ။ ႏွစ္ေယာက္လုံးက တကယ္ ထူးခြၽန္ၾကတဲ့ သ႐ုပ္ေဆာင္ေတြျဖစ္ၿပီး သူတို႔ရဲ႕ကာ႐ိုက္တာေတြကို ကမာၻတစ္ဝန္းက ပရိသတ္ေတြ အသည္းစြဲ ခ်စ္ခင္လာေအာင္ ဖန္တီးႏိုင္ခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ရႈိးမွာ သူတို႔ ျပန္လည္ပါဝင္လာမယ္ဆိုရင္ ကြၽန္ေတာ္တို႔အေနနဲ႔ အၿမဲတံခါးဖြင့္ထားမွာ ျဖစ္ပါတယ္ … ” လို႔ ရႈိးရဲ႕ဖန္တီးရွင္ Eric Wallace က အဂၤါေန႔မွာ ထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

Photo via IMDb

The Flash ဇာတ္လမ္းတြဲဟာ Season 8 ထြက္ရွိလာဖို႔ သက္တမ္းတိုးၿပီးသား ျဖစ္ကာ (၁၅၀)ေျမာက္အပိုင္းကိုေတာ့ ကေနဒါႏိုင္ငံ၊ Vancouver မွာ ယခုတစ္ပတ္အတြင္းမွာပဲ ႐ိုက္ကူးေရး စတင္သြားမယ္လို႔ သိရပါတယ္။

Source: people

Linda December

 

RELATED ARTICLES

Most Popular