HomeEntertainmentFilmTaylor Swift နဲ႔ ၀ါရင့္သရုပ္ေဆာင္မ်ားစြာ ပါ၀င္ထားတဲ့ Cats ရုပ္ရွင္ဇာတ္ကားႀကီး

Taylor Swift နဲ႔ ၀ါရင့္သရုပ္ေဆာင္မ်ားစြာ ပါ၀င္ထားတဲ့ Cats ရုပ္ရွင္ဇာတ္ကားႀကီး

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

နာမည္ႀကီးဂႏၳ၀င္ျပဇာတ္ႀကီးကို live action အျဖစ္ ျပန္လည္အသက္သြင္းထားတဲ့ Cats ရုပ္ရွင္ကားႀကီးရဲ႕ official ေထြလာကေတာ့ ထြက္ရိွၿပီး နာရီပိုင္းအတြင္းမွာပဲ ၾကည့္ရႈသူ သန္းနဲ႔ခ်ီသြားၿပီ ျဖစ္ပါတယ္။ နာမည္ႀကီးအဆိုေတာ္မ်ားနဲ႔ သရုပ္ေဆာင္မ်ားစြာ ပါ၀င္ထားတာကလည္း ဒီဇာတ္ကားကို လူစိတ္၀င္စားမႈ ပိုမိုျမင့္တက္ေစတဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္ပါတယ္။

Photo: YouTube

ဇာတ္လမ္းကေတာ့ စာေရးဆရာႀကီး T.S. Eliot ရဲ႕ “Old Possum’s Books of Practical Cats” လို႔အမည္ရတဲ့ ကဗ်ာစာအုပ္ကို အေျခခံထားပါတယ္။ ဒါရိုက္တာကေတာ့ The King’s Speech ၊ Les Miserables ၊ The Danish Girl စတဲ့ ဇာတ္ကားေတြကို ရိုက္ကူးၿပီး ဆုေပါငး္မ်ားစြာ ရရိွထားတဲ့ နာမည္ႀကီးဒါရိုက္တာ Tom Hooper ျဖစ္ပါတယ္။

Photo: YouTube

ပါ၀င္ထားတဲ့ သရုပ္ေဆာင္ေတြကေတာ့ Idris Elba ၊ Rebel Wilson ၊ Ian McKellen ၊ Judi Dench ၊ James Corden ၊ Taylor Swift ၊ Jennifer Hudson ၊ Jason Derulo စတဲ့ နာမည္ႀကီး အဆိုေတာ္မ်ားနဲ႔ ၀ါရင့္သရုပ္ေဆာင္မ်ားစြာနဲ႔ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္၊ ခမ္းခမ္းနားနား ၾကည့္ရႈခံစားၾကရမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ Taylor Swift အတြက္ အဓိကဇာတ္ရုပ္မွာ ပါ၀င္သရုပ္ေဆာင္မယ့္ ပထမဆုံးေသာ ရုပ္ရွင္ဇာတ္ကားလည္း ျဖစ္ပါတယ္။

Photo: YouTube
Photo: YouTube

ဇာတ္လမ္းအေၾကာင္းအရာကေတာ့ လူတစ္ပိုင္း၊ ေၾကာင္တစ္ပိုင္း မ်ိဳးႏြယ္စုတစ္စုဟာ သက္တမ္းကုန္ၿပီး ေကာင္းကင္ဘုံလိုမ်ိဳး ပိုေကာင္းတဲ့ ေနရာတစ္ခုမွာ ျပန္လည္၀င္စားရွင္သန္ဖို႔အတြက္ ႏွစ္စဥ္ႏွစ္တိုင္း တစ္ေယာက္ကို အလွည့္က် ေရြးခ်ယ္ရတဲ့ ဇာတ္လမ္းမ်ိဳးပါ။ Musical Drama အမ်ိဳးအစားမွာ ဟာသ စြက္ထားတဲ့ ဇာတ္လမ္းအမ်ိဳးအစား ျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလ(၂၀)ရက္ေန႔မွာ ရုံတင္ျပသသြားမယ္လို႔ သိရပါတယ္။

Xei

(Unicode Version)

နာမည်ကြီးဂန္ထဝင်ပြဇာတ်ကြီးကို live action အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ Cats ရုပ်ရှင်ကားကြီးရဲ့ official ထွေလာကတော့ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ ကြည့်ရှုသူ သန်းနဲ့ချီသွားပြီ ဖြစ်ပါတယ်။ နာမည်ကြီးအဆိုတော်များနဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားတာကလည်း ဒီဇာတ်ကားကို လူစိတ်ဝင်စားမှု ပိုမိုမြင့်တက်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

Photo: YouTube

ဇာတ်လမ်းကတော့ စာရေးဆရာကြီး T.S. Eliot ရဲ့ “Old Possum’s Books of Practical Cats” လို့အမည်ရတဲ့ ကဗျာစာအုပ်ကို အခြေခံထားပါတယ်။ ဒါရိုက်တာကတော့ The King’s Speech ၊ Les Miserables ၊ The Danish Girl စတဲ့ ဇာတ်ကားတွေကို ရိုက်ကူးပြီး ဆုပေါင်းများစွာ ရရှိထားတဲ့ နာမည်ကြီးဒါရိုက်တာ Tom Hooper ဖြစ်ပါတယ်။

Photo: YouTube

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Idris Elba ၊ Rebel Wilson ၊ Ian McKellen ၊ Judi Dench ၊ James Corden ၊ Taylor Swift ၊ Jennifer Hudson ၊ Jason Derulo စတဲ့ နာမည်ကြီး အဆိုတော်များနဲ့ ဝါရင့်သရုပ်ဆောင်များစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်၊ ခမ်းခမ်းနားနား ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Taylor Swift အတွက် အဓိကဇာတ်ရုပ်မှာ ပါဝင်သရုပ်ဆောင်မယ့် ပထမဆုံးသော ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

Photo: YouTube
Photo: YouTube

ဇာတ်လမ်းအကြောင်းအရာကတော့ လူတစ်ပိုင်း၊ ကြောင်တစ်ပိုင်း မျိုးနွယ်စုတစ်စုဟာ သက်တမ်းကုန်ပြီး ကောင်းကင်ဘုံလိုမျိုး ပိုကောင်းတဲ့ နေရာတစ်ခုမှာ ပြန်လည်ဝင်စားရှင်သန်ဖို့အတွက် နှစ်စဉ်နှစ်တိုင်း တစ်ယောက်ကို အလှည့်ကျ ရွေးချယ်ရတဲ့ ဇာတ်လမ်းမျိုးပါ။ Musical Drama အမျိုးအစားမှာ ဟာသ စွက်ထားတဲ့ ဇာတ်လမ်းအမျိုးအစား ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Xei

RELATED ARTICLES

Most Popular