HomeCelebs Update NewsInternationalဟောလိဝုဒ်စတားတွေ ကြောက်ရွံ့တဲ့ ထူးထူးဆန်းဆန်းအရာများ 

ဟောလိဝုဒ်စတားတွေ ကြောက်ရွံ့တဲ့ ထူးထူးဆန်းဆန်းအရာများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အကြောက်တရားဆိုတာ လူတိုင်းနဲ့ မကင်းနိုင်တဲ့အရာတစ်ခုပါ။ တစ်ချို့က အမှောင်ကို ကြောက်သလို တစ်ချို့က အမြင့်ကို ကြောက်ကြပါတယ်။ ဒါပေမယ့် ကြားနေကျမဟုတ်တဲ့ ကြောက်ခြင်းမျိုးနဲ့ အကြောက်တရားတွေအကြောင်းကိုလည်း စာဖတ်သူတို့ ကြားဖူး၊သိဖူးကြမှာပါ။ အခုပြောပြချင်တာကတော့ သာမန်လူတွေမှာတင်မက ကမ္ဘာကျော်တဲ့ ဆယ်လီတွေမှာရှိနေတဲ့ ထူးထူးဆန်းဆန်း အကြောက်တရားတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်သူတွေက ဘာတွေကို ကြံကြံဖန်ဖန် ကြောက်ကြသလည်းဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

Keanu Reeves
Photo: wonderslist

John Wick နဲ့ Matrix ဇာတ်ကားတွေနဲ့ မြန်မာပရိသတ်တွေကြားမှာ ကျော်ကြားတဲ့ မင်းသားကြီး Keanu Reeves ဟာ အမှောင်ကိုကြောက်သူ တစ်ယောက်ပါ။ ပုဂ္ဂိုလ်ရေးဘဝမှာတော့ သိပ်ချစ်ရတဲ့ ရည်းစား Jennifer Syme နဲ့ ကိုယ်ဝန်ရခဲ့ပေမယ့် ကလေးဟာ အသေလေးမွေးလာခဲ့ပြီး မကြာခင်မှာပဲ ရည်းစားကလည်း ကားတိုက်ပြီး သေဆုံးသွားခဲ့ပြန်ပါတယ်။ လူ့ဘဝဟာ အချိန်မရွေး မှောင်မိုက်ခြင်းတွေကို ယူဆောင်လာတတ်တယ်ဆိုတာ ခံစားနေရလို့ပဲ အမှောင်ကို ကြောက်နေသလားဆိုတာကတော့ သူကိုယ်တိုင်ပဲ သိမှာပါ။

Madonna
Photo: wonderslist

ဂီတလောကရဲ့ ပြိုးပြက်လင်းလက်တဲ့ ကြယ်ပွင့်ကြီးတစ်ပွင့်လို့ တင်စားကြသလိုပဲ အဆိုတော်ကြီး Madonna ဟာ အသက်(၅၀)ကျော်လာတဲ့အထိလည်း သူမရဲ့အပြင်းစား တင်ဆက်မှုတွေနဲ့ စတိတ်စင်တိုင်းကို အပိုင်သိမ်းနိုင်သူ ဖြစ်ပါတယ်။ ရဲရင့်ဖျတ်လတ်ပြီး ဆွဲဆောင်နိုင်မှုအား ပြင်းထန်လွန်းတဲ့ သူမကတော့ လျှပ်စီးလက်တာနဲ့ မိုးခြိမ်းသံတွေကို ကြောက်ရွံ့ပါသတဲ့။ ဆူဆူညံညံ ဂီတသံတွေကြားမှာ တစ်ဘဝလုံး ကုန်လွန်ခဲ့သူဖြစ်ပေမယ့် တဂျိန်းဂျိန်း ခြိမ်းနေတဲ့ မိုးကြိုးတွေနဲ့ လင်းခနဲ လက်ခနဲ လက်တတ်တဲ့ လျှပ်စီးတွေဟာ သူမရဲ့ အားနည်းချက်ပါ။

Johnny Depp
Photo: wonderslist

မင်းသားကြီး Johnny Depp ကတော့ မြန်မာပရိသတ်တွေကြားမှာလည်း ရေပန်းစားတဲ့ အံ့သြစရာ သရုပ်ဆောင်စွမ်းရည်နဲ့ မင်းသားကြီးတစ်လက် ဖြစ်ပါတယ်။ Captain Sparrow ၊ Edward Scissorhand ၊ Willy Wonka ၊ Mad Hatter စတဲ့ ဇာတ်ကောင်တွေဟာလည်း သူ့ရဲ့ နာမည်ကျော်ကြားလွန်းတဲ့ ကာရိုက်တာတွေ ဖြစ်ပါတယ်။

နဂိုချောမောခန့်ငြားလွန်းတဲ့ ရုပ်ရည်ကို ဖုံးကွယ်ပြီး မိတ်ကပ်အထူအပျစ်ကြီးတွေနဲ့ နဂိုရုပ် ပျောက်သည်အထိ ရုပ်ဖျက်၊သရုပ်ဆောင်ရတာကို နှစ်သက်သူဖြစ်ပေမယ့် ထူးဆန်းစွာပဲ သူဟာ လူပြက် (Clown)တွေကို ကြောက်ရွံ့သူ ဖြစ်ပါတယ်။ ကြောက်ရတဲ့အကြောင်းကတော့ Clown တွေရဲ့ မျက်နှာပေါ်က မိတ်ကပ်အထူကြီးတွေနဲ့ အသက်မဲ့တဲ့ အပြုံးကြောင့်လို့ ပြောပါတယ်။ အဲ့ဒီ့မျက်နှာကြီးတွေရဲ့ အောက်မှာ မိစ္ဆာဆန်တဲ့ အမှောင်ပယောဂမျိုးကို ခံစားရလို့ ကြောက်တာဖြစ်ပြီး အဲ့ဒီ့မိစ္ဆာတွေကို တွန်းလှန်မောင်းထုတ်ပစ်ဖို့အတွက် သူ့အနားမှာ လူရွှင်တော်အရုပ် အပိုင်းအစတွေကို ထားလေ့ရှိတယ်လို့လည်း သိရပါတယ်။

David Beckham
Photo: wonderslist

စတိုင်လ်အကျဆုံးနဲ့ အသပ်ရပ်ဆုံး ဝတ်စားဆင်ယင်တတ်တဲ့ ဘောလုံးသမားကြီး David Beckham ရဲ့ အကြောက်တရားတစ်ခုကတော့ ထူးဆန်းပါတယ်။ သူ့ကို ဒုက္ခအပေးဆုံးကတော့ ရှုပ်ပွပြီး မသပ်မရပ်ဖြစ်နေတဲ့ ပတ်ဝန်းကျင်နဲ့ အရာတွေပါပဲ။ သူ့ဘေးနားက အရာတိုင်းကို အစွဲအလန်းကြီးစွာပဲ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းဖြစ်နေမှ နေလို့ထိုင်လို့ အဆင်ပြေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူဟာ Obsessive-Compulsive Disorder ၊ အတိုကောက် OCD လို့ခေါ်တဲ့ ကိစ္စတစ်ခု၊ အရာတစ်ခုကို ထပ်ခါတလဲလဲ ပြန်လုပ်မိတဲ့ရောဂါကို ခံစားနေရကြောင်း ဖွင့်ပြောထားပါသေးတယ်။ ဒါကြောင့်ပဲ သူ့ဘေးကအရာမှန်သမျှကို သေသေသပ်သပ်၊ စီရရီထားဖို့ လိုအပ်ရုံအပြင် အားလုံးကို စုံဂဏန်းသာထားမှ အဆင်ပြေတယ်လို့ ဆိုပါတယ်။

Woody Allen
Photo: wonderslist

ဝါရင့်သမ္ဘာရင့် မင်းသားကြီး Woody Allen ကတော့ သရုပ်ဆောင်တာအပြင် ဇာတ်ညွှန်းရေးရာမှာပါ နာမည်ကျော်ကြားသူပါ။ လူတွေမသိတဲ့ သူ့ရဲ့အကြောင်းကတော့ Panophobia လို့ခေါ်တဲ့ အရာအားလုံးကို ကြောက်ရွံ့တဲ့ရောဂါပါပဲ။ အမြင့်ကြောက်တာ၊ အလုံပိတ်နေရာတွေကို ကြောက်တာ၊ အင်းဆက်တွေကို ကြောက်တာတွေကနေစပြီး ဓာတ်လှေကားတွေ၊ နေရောင်ခြည်တွေကိုအထိ ကြောက်ပါသတဲ့။ ဒါ့အပြင် သူ့ရဲ့စိတ်အနေအထားအရ ဇီဇာကြောင်တယ်ထင်ရတဲ့ ကိစ္စတွေလည်း ရှိပါသေးတယ်။ သူ့ရဲ့ မနက်စာ ငှက်ပျောသီးဟာ (၇)ပိုင်း ပိုင်းထားဖို့ လိုအပ်ပြီး ရေချိုးခန်းထဲက ရေဆင်းပေါက်ကိုတော့ အခန်းထောင့်မှာ ထားမှသာ အဆင်ပြေတယ်လို့ ဆိုပါတယ်။ သူဟာ နှစ်(၄၀)လောက် စိတ်ရောဂါဆရာဝန်နဲ့ ဆွေးနွေးကုသခဲ့ရသူလည်း ဖြစ်ပါတယ်။

Nicole Kidman
Photo: wikipedia

မင်းသမီးချော Nicole Kidman ကတော့ အခြားမိန်းကလေးတွေ ကြောက်လေ့ရှိတဲ့ မြွေလို တွားသွားသတ္တဝါတွေ၊ ပင့်ကူတွေ၊ သရဲတစ္ဆေတွေကို မကြောက်တတ်ပါဘူး။ သူမကို နှလုံးရပ်သွားအောင်အထိ ကြောက်စေနိုင်တာကတော့ လိပ်ပြာတွေပါပဲ။ လိပ်ပြာတွေဟာ အံ့သြစရာကောင်းလောက်အောင် ထိတ်လန့်ခြောက်ခြားစရာ ကောင်းတယ်လို့ သူမက ဆိုပါတယ်။

Oprah Winfrey
Photo: wikipedia

Oprah Winfrey ဆိုတာကတော့ သန်းနဲ့ချီတဲ့ ပရိသတ်တွေက အားပေးရတဲ့ Talk Show ပိုင်ရှင်တစ်ယောက် ဖြစ်ပါတယ်။ သူမကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာကတော့ ပီကေဝါးတာပဲ ဖြစ်ပါတယ်။ ပီကေဝါးတဲ့အသံကို အင်မတန်မှ မုန်းတီးပြီး လူတွေ ပီကေစားတဲ့အခါ ဝါးနေရင်း ပီကေကိုဖောက်တာ၊ ဆော့တာတွေကိုလည်း သည်းမခံနိုင်သူပါ။ ဒါကြောင့်ပဲ သူမရဲ့ ရှိုးနဲ့ ရိုက်ကွင်းတွေမှာ ပီကေစားတာကို တားမြစ်ထားသူ ဖြစ်ပါတယ်။

Xei
(Zawgyi Version)

အေၾကာက္တရားဆိုတာ လူတိုင္းနဲ႔ မကင္းႏိုင္တဲ့အရာတစ္ခုပါ။ တစ္ခ်ိဳ႕က အေမွာင္ကို ေၾကာက္သလို တစ္ခ်ိဳ႕က အျမင့္ကို ေၾကာက္ၾကပါတယ္။ ဒါေပမယ့္ ၾကားေနက်မဟုတ္တဲ့ ေၾကာက္ျခင္းမ်ိဳးနဲ႔ အေၾကာက္တရားေတြအေၾကာင္းကိုလည္း စာဖတ္သူတို႔ ၾကားဖူး၊သိဖူးၾကမွာပါ။ အခုေျပာျပခ်င္တာကေတာ့ သာမန္လူေတြမွာတင္မက ကမာၻေက်ာ္ၾကတဲ့ ဆယ္လီေတြမွာရိွေနတဲ့ ထူးထူးဆန္းဆန္း အေၾကာက္တရားေတြအေၾကာင္းပဲ ျဖစ္ပါတယ္။ ဘယ္သူေတြက ဘာေတြကို ႀကံႀကံဖန္ဖန္ ေၾကာက္ၾကသလည္းဆိုတာ ဖတ္ၾကည့္လိုက္ပါဦး။

Keanu Reeves
Photo: wonderslist

John Wick နဲ႔ Matrix ဇာတ္ကားေတြနဲ႔ ျမန္မာပရိသတ္ေတြၾကားမွာ ေက်ာ္ၾကားတဲ့ မင္းသားႀကီး Keanu Reeves ဟာ အေမွာင္ကိုေၾကာက္သူ တစ္ေယာက္ပါ။ ပုဂၢိဳလ္ေရးဘ၀မွာေတာ့ သိပ္ခ်စ္ရတဲ့ ရည္းစား Jennifer Syme နဲ႔ ကိုယ္၀န္ရခဲ့ေပမယ့္ ကေလးဟာ အေသေလးေမြးလာခဲ့ၿပီး မၾကာခင္မွာပဲ ရည္းစားကလည္း ကားတိုက္ၿပီး ေသဆုံးသြားခဲ့ျပန္ပါတယ္။ လူ႔ဘ၀ဟာ အခ်ိန္မေရြး ေမွာင္မိုက္ျခင္းေတြကို ယူေဆာင္လာတတ္တယ္ဆိုတာ ခံစားေနရလို႔ပဲ အေမွာင္ကို ေၾကာက္ေနသလားဆိုတာကေတာ့ သူကိုယ္တိုင္ပဲ သိမွာပါ။

Madonna
Photo: wonderslist

ဂီတေလာကရဲ႕ ၿပိဳးျပက္လင္းလက္တဲ့ ၾကယ္ပြင့္ႀကီးတစ္ပြင့္လို႔ တင္စားၾကသလိုပဲ အဆိုေတာ္ႀကီး Madonna ဟာ အသက္(၅၀)ေက်ာ္လာတဲ့အထိလည္း သူမရဲ႕အျပင္းစား တင္ဆက္မႈေတြနဲ႔ စတိတ္စင္တိုင္းကို အပိုင္သိမ္းႏိုင္သူ ျဖစ္ပါတယ္။ ရဲရင့္ဖ်တ္လတ္ၿပီး ဆြဲေဆာင္ႏိုင္မႈအား ျပင္းထန္လြန္းတဲ့ သူမကေတာ့ လွ်ပ္စီးလက္တာနဲ႔ မိုးၿခိမ္းသံေတြကို ေၾကာက္ရြံ႕ပါသတဲ့။ ဆူဆူညံညံ ဂီတသံေတြၾကားမွာ တစ္ဘ၀လုံး ကုန္လြန္ခဲ့သူျဖစ္ေပမယ့္ တဂ်ိန္းဂ်ိန္း ၿခိမ္းေနတဲ့ မိုးႀကိဳးေတြနဲ႔ လင္းခနဲ လက္ခနဲ လက္တတ္တဲ့ လွ်ပ္စီးေတြဟာ သူမရဲ႕ အားနည္းခ်က္ပါ။

Johnny Depp
Photo: wonderslist

မင္းသားႀကီး Johnny Depp ကေတာ့ ျမန္မာပရိသတ္ေတြၾကားမွာလည္း ေရပန္းစားတဲ့ အ့ံၾသစရာ သရုပ္ေဆာင္စြမ္းရည္နဲ႔ မင္းသားႀကီးတစ္လက္ ျဖစ္ပါတယ္။ Captain Sparrow ၊ Edward Scissorhand ၊ Willy Wonka ၊ Mad Hatter စတဲ့ ဇာတ္ေကာင္ေတြဟာလည္း သူ႔ရဲ႕ နာမည္ေက်ာ္ၾကားလြန္းတဲ့ ကာရိုက္တာေတြ ျဖစ္ပါတယ္။

နဂိုေခ်ာေမာခန္႔ျငားလြန္းတဲ့ ရုပ္ရည္ကို ဖုံးကြယ္ၿပီး မိတ္ကပ္အထူအပ်စ္ႀကီးေတြနဲ႔ နဂိုရုပ္ ေပ်ာက္သည္အထိ ရုပ္ဖ်က္၊သရုပ္ေဆာင္ရတာကို ႏွစ္သက္သူျဖစ္ေပမယ့္ ထူးဆန္းစြာပဲ သူဟာ လူျပက္ (Clown)ေတြကို ေၾကာက္ရြံ႕သူ ျဖစ္ပါတယ္။ ေၾကာက္ရတဲ့အေၾကာင္းကေတာ့ Clown ေတြရဲ႕ မ်က္ႏွာေပၚက မိတ္ကပ္အထူႀကီးေတြနဲ႔ အသက္မဲ့တဲ့ အၿပံဳးေၾကာင့္လို႔ ေျပာပါတယ္။ အဲ့ဒီ့မ်က္ႏွာႀကီးေတြရဲ႕ ေအာက္မွာ မိစာၦဆန္တဲ့ အေမွာင္ပေယာဂမ်ိဳးကို ခံစားရလို႔ ေၾကာက္တာျဖစ္ၿပီး အဲ့ဒီ့မိစာၦေတြကို တြန္းလွန္ေမာင္းထုတ္ပစ္ဖို႔အတြက္ သူ႔အနားမွာ လူရႊင္ေတာ္အရုပ္ အပိုင္းအစေတြကို ထားေလ့ရိွတယ္လို႔လည္း သိရပါတယ္။

David Beckham
Photo: wonderslist

စတိုင္လ္အက်ဆုံးနဲ႔ အသပ္ရပ္ဆုံး ၀တ္စားဆင္ယင္တတ္တဲ့ ေဘာလုံးသမားႀကီး David Beckham ရဲ႕ အေၾကာက္တရားတစ္ခုကေတာ့ ထူးဆန္းပါတယ္။ သူ႔ကို ဒုကၡအေပးဆုံးကေတာ့ ရႈပ္ပြၿပီး မသပ္မရပ္ျဖစ္ေနတဲ့ ပတ္၀န္းက်င္နဲ႔ အရာေတြပါပဲ။ သူ႔ေဘးနားက အရာတိုင္းကို အစြဲအလန္းႀကီးစြာပဲ သပ္သပ္ရပ္ရပ္၊ သန္႔သန္႔ရွင္းရွင္းျဖစ္ေနမွ ေနလို႔ထိုင္လို႔ အဆင္ေျပတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ သူဟာ Obsessive-Compulsive Disorder ၊ အတိုေကာက္ OCD လို႔ေခၚတဲ့ ကိစၥတစ္ခု၊ အရာတစ္ခုကို ထပ္ခါတလဲလဲ ျပန္လုပ္မိတဲ့ေရာဂါကို ခံစားေနရေၾကာင္း ဖြင့္ေျပာထားပါေသးတယ္။ ဒါေၾကာင့္ပဲ သူ႔ေဘးကအရာမွန္သမွ်ကို ေသေသသပ္သပ္၊ စီရရီထားဖို႔ လိုအပ္ရုံအျပင္ အားလုံးကို စုံဂဏန္းသာထားမွ အဆင္ေျပတယ္လို႔ ဆိုပါတယ္။

Woody Allen
Photo: wonderslist

၀ါရင့္သမာၻရင့္ မင္းသားႀကီး Woody Allen ကေတာ့ သရုပ္ေဆာင္တာအျပင္ ဇာတ္ညႊန္းေရးရာမွာပါ နာမည္ေက်ာ္ၾကားသူပါ။ လူေတြမသိတဲ့ သူ႔ရဲ႕အေၾကာင္းကေတာ့ Panophobia လို႔ေခၚတဲ့ အရာအားလုံးကို ေၾကာက္ရြံ႕တဲ့ေရာဂါပါပဲ။ အျမင့္ေၾကာက္တာ၊ အလုံပိတ္ေနရာေတြကို ေၾကာက္တာ၊ အင္းဆက္ေတြကိုေၾကာက္တာေတြကေနစၿပီး ဓာတ္ေလွကားေတြ၊ ေနေရာင္ျခည္ေတြကိုအထိ ေၾကာက္ပါသတဲ့။ ဒါ့အျပင္ သူ႔ရဲ႕စိတ္အေနအထားအရ ဇီဇာေၾကာင္တယ္ထင္ရတဲ့ ကိစၥေတြလည္း ရိွပါေသးတယ္။ သူ႔ရဲ႕ မနက္စာ ငွက္ေပ်ာသီးဟာ (၇)ပိုင္း ပိုင္းထားဖို႔ လိုအပ္ၿပီး ေရခ်ိဳးခန္းထဲက ေရဆင္းေပါက္ကိုေတာ့ အခန္းေထာင့္မွာ ထားမွသာ အဆင္ေျပတယ္လို႔ ဆိုပါတယ္။ သူဟာ ႏွစ္(၄၀)ေလာက္ စိတ္ေရာဂါဆရာ၀န္နဲ႔ ေဆြးေႏြးကုသခဲ့ရသူလည္း ျဖစ္ပါတယ္။

Nicole Kidman
Photo: wikipedia

မင္းသမီးေခ်ာ Nicole Kidman ကေတာ့ အျခားမိန္းကေလးေတြ ေၾကာက္ေလ့ရိွတဲ့ ေျမြလို တြားသြားသတၱ၀ါေတြ၊ ပင့္ကူေတြ၊ သရဲတေစၦေတြကို မေၾကာက္တတ္ပါဘူး။ သူမကို ႏွလုံးရပ္သြားေအာင္အထိ ေၾကာက္ေစႏိုင္တာကေတာ့ လိပ္ျပာေတြပါပဲ။ လိပ္ျပာေတြဟာ အ့ံၾသစရာေကာင္းေလာက္ေအာင္ ထိတ္လန္႔ေျခာက္ျခားစရာ ေကာင္းတယ္လို႔ သူမက ဆိုပါတယ္။

Oprah Winfrey
Photo: wikipedia

Oprah Winfrey ဆိုတာကေတာ့ သန္းနဲ႔ခ်ီတဲ့ ပရိသတ္ေတြက အားေပးရတဲ့ Talk Show ပိုင္ရွင္တစ္ေယာက္ ျဖစ္ပါတယ္။ သူမကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ အရာကေတာ့ ပီေက၀ါးတာပဲ ျဖစ္ပါတယ္။ ပီေက၀ါးတဲ့အသံကို အင္မတန္မွ မုန္းတီးၿပီး လူေတြ ပီေကစားတဲ့အခါ ၀ါးေနရင္း ပီေကကိုေဖာက္တာ၊ ေဆာ့တာေတြကိုလည္း သည္းမခံႏိုင္သူပါ။ ဒါေၾကာင့္ပဲ သူမရဲ႕ ရိႈးနဲ႔ ရိုက္ကြင္းေတြမွာ ပီေကစားတာကို တားျမစ္ထားသူ ျဖစ္ပါတယ္။

Xei

 

RELATED ARTICLES

Most Popular