HomeCelebs Update NewsInternational၂၀၂၀ထဲမှာ လမ်းခွဲခဲ့ကြတဲ့ နာမည်ကျော်စုံတွဲများ 

၂၀၂၀ထဲမှာ လမ်းခွဲခဲ့ကြတဲ့ နာမည်ကျော်စုံတွဲများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ယခု၂၀၂၀ခုနှစ်ထဲမှာ ကိစ္စတော်တေ်ာများများ ဖြစ်ပျက်ခဲ့သလိုပဲ နှစ်ပေါင်းများစွာ ရွှေလက်တွဲလာခဲ့တဲ့ နာမည်ကျော်စုံတွဲတွေဟာလည်း လမ်းခွဲခဲ့ကြပါတယ်။ နှစ်ရှည်လများ လက်တွဲလာကြပြီးမှ လမ်းခွဲခဲ့ကြတဲ့ စုံတွဲတွေကတော့ …

Clark Gregg နဲ့ Jennifer Grey
Photo: clarkgregg/ Instagram

Agents of SHIELDS ပရိသတ်တွေဆိုရင်တော့ Phil Coulson အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Clark Gregg ကို သိကြမှာပါ။ Clark ဟာ အမေရိကန် သရုပ်ဆောင်မင်းသမီးကြီး Jennifer Grey နဲ့ (၁၉)နှစ်ကြာ ပေါင်းသင်းလာပြီးမှ ၂၀၂၀ခုနှစ် ဇူလိုင်လ(၃)ရက်နေ့မှာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

အဆိုပါကြေငြာချက်ထဲမှာတော့ “ကျွန်တော်တို့ ဇန်နဝါရီလတည်းက သပ်သပ်စီ ခွဲနေလိုက်ကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားပြီး မိသားစုဝင်တွေလိုပဲ တန်ဖိုးထား၊ ချစ်ခင်သွားကြမှာပါ။ ကွာရှင်းဖို့ဆုံးဖြတ်ချက်ကိုလည်း ခက်ခက်ခဲခဲ စဉ်းစားပြီးမှ ဆုံးဖြတ်လိုက်ကြတာပါ။ ကျွန်တော်တို့နှစ်ယောက် အတူတူ ပြုစုပျိုးထောင်လာတဲ့ သမီးလေးလည်း ရှိတာကြောင့် နီးနီးစပ်စပ် နေထိုင်သွားကြမှာပါ…” လို့ ပြောကြားထားပါတယ်။

Kelly Clarkson နဲ့ Brandon Blackstock
Photo: kellyclarkson/ Instagram

နာမည်ကျော်အဆိုတော် Kelly Clarkson ဟာ ခုနှစ်နှစ်ကြာ ပေါင်းသင်းလာတဲ့ သူမရဲ့ခင်ပွန်းသည် Brandon နဲ့ ကွာရှင်းဖို့ ဇွန်လ(၄)ရက်နေ့မှာ လော့စ်အိန်ဂျလိစ်တရားရုံးမှာ လျှောက်ထားလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၃ခုနှစ် အောက်တိုဘာလမှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ခြောက်နှစ်အရွယ် သမီးလေး River Rose နဲ့ လေးနှစ်အရွယ် သားလေး Remington Alexander တို့နှစ်ဦးကို ထွန်းကားထားပါတယ်။

Colbie Caillat နဲ့ Justin Young
Photo: colbiecaillat/ Instagram

နာမည်ကျော် country အဆိုတော် Colbie Caillat ဟာ ဆယ်နှစ်နီးပါး အတူတွဲလာတဲ့ ချစ်သူ Justin Young နဲ့ ဧပြီလမှာ လမ်းခွဲလိုက်ကြပါတယ်။ သူတို့နှစ်ဦးဟာ Colbie ရဲ့ တီးဝိုင်းအသစ် Gone West မှာလည်း အဖွဲ့သားတွေအဖြစ် အတူတူ ပါဝင်ထားသူတွေ ဖြစ်ပါတယ်။

ယခုလို လမ်းခွဲလိုက်တဲ့အပေါ်မှာ Colbie ကတော့ “ဒီသတင်းက ကျွန်မတို့အနေနဲ့ ထုတ်ပြောဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် အကုန်လုံးနဲ့ ပွင့်ပွင့်လင်းလင်း ဖြစ်ချင်တာကြောင့် ပြောပြလိုက်တာပါ။ ဆယ်နှစ်ကြာ ချစ်သက်တမ်းရဲ့အဆုံးမှာ ကျွန်မတို့နှစ်ယောက်လုံး လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ ကျွန်မတို့က သူငယ်ချင်းကောင်းတွေအဖြစ် စတင်ခဲ့ကြတဲ့အတွက် အခုလည်း သူငယ်ချင်းကောင်းတွေအဖြစ်ပဲ ဆက်လက် ဖြစ်တည်သွားကြမှာပါ။ ပြီးတော့ အရင်တုန်းကလိုပဲ အတူတူ အလုပ်တွေလုပ်၊ သီချင်းတွေလုပ်သွားကြဦးမှာပါ…” လို့ ဆိုထားပါတယ်။

Lana Del Rey နဲ့ Sean ‘Sticks’ Larkin
Photo: lanadelrey/ Instagram

အဆိုတော် Lana Del Rey နဲ့ သူမရဲ့ချစ်သူ ရဲသားကြီး Sean တို့ဟာ လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်း Sean ရဲ့ ပြောကြားချက်အရ သိရပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလလောက်မှာ အတူတွဲခဲ့ကြတာဖြစ်ပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလမှာ ကျင်းပခဲ့တဲ့ ဂရမ်မီဆုပေးပွဲကိုတောင် အတူတူပွဲတက်ခဲ့ကြပါသေးတယ်။

Rihanna နဲ့ Hassan Jameel
Photo: wikipedia; badgalriri/ Instagram

အဆိုတော် Rihanna ဟာ သုံးနှစ်ကြာ တွဲလာတဲ့ ဘီလျံနာချစ်သူ Hassan Jameel နဲ့ လမ်းခွဲလိုက်ကြပြီ ဖြစ်ပါတယ်။ လမ်းခွဲလိုက်ရတဲ့ အကြောင်းရင်းကတော့ နှစ်ယောက်ဟာ ဆက်ပြီး ညှိနှိုင်းလို့ မရတော့တာကြောင့် ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ဆုံးဖြတ်လိုက်ကြတာလို့ သိရပါတယ်။ Rihanna ဟာ ဆော်ဒီ စီးပွားရေးလုပ်ငန်းရှင် ချစ်သူနဲ့ ပတ်သက်ပြီး လူသိရှင်ကြား သိပ်နေလေ့မရှိဘဲ သိုသိုသိပ်သိပ်ပဲ နေလေ့ရှိပါတယ်။ သူတို့နှစ်ယောက်ကို အတူတွဲလျက် စတင်တွေ့မြင်ရတာကတော့ စပိန်နိုင်ငံကို အလည်အပတ် ထွက်လာကြချိန် ၂၀၁၇ခုနှစ် ဇွန်လတုန်းက ဖြစ်ပါတယ်။

Vanessa Hudgens နဲ့ Austin Butler
Photo: vanessahudgens/ Intagram

High School Musical နဲ့ လူသိများတဲ့ မင်းသမီးချောလေး Vanessa Hudgens ဟာ ရှစ်နှစ်ကြာ လက်တွဲလာခဲ့တဲ့ ချစ်သူ Austin Bulter နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၁ခုနှစ်က စတွဲခဲ့ကြတာဖြစ်ပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလအစောပိုင်းလောက်မှာ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေ စတင်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ နှစ်ယောက်လုံးဟာ သရုပ်ဆောင်တွေဖြစ်ကြတာကြောင့် နိုင်ငံပေါင်းစုံက ရုပ်ရှင်ရိုက်ကွင်းတွေမှာ အချိန်ကုန်နေကြရတာများပြီး ချစ်သူသက်တမ်းတစ်လျှောက်မှာ မတွေ့ရတဲ့အချိန်တွေ အများကြီးကို ရင်ဆိုင်ခဲ့ကြရသူတွေ ဖြစ်ပါတယ်။

ဒါကတော့ ၂၀၂၀ခုနှစ်အတွင်းမှာ လမ်းခွဲခဲ့ကြတဲ့ နာမည်ကျော်စုံတွဲတွေ ဖြစ်ပါတယ်။ ဟောလိဝုဒ်ဆိုသည်မှာ ဒရာမာဇာတ်လမ်းတွေရဲ့ အနှစ်ချုပ်တည်ရှိရာလို့ ပြောလို့ရတဲ့အတွက် ၂၀၂၀ရဲ့ ကျန်ရှိနေသေးတဲ့ နှစ်ဝက်လောက် အတွင်းမှာလည်း နောက်ထပ် ဇာတ်လမ်းတွေ ရှိနေဦးမှာပါလို့ တင်ပြရင်း … ။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ယခု၂၀၂၀ခုႏွစ္ထဲမွာ ကိစၥေတာ္ေတ္ာမ်ားမ်ား ျဖစ္ပ်က္ခဲ့သလိုပဲ ႏွစ္ေပါင္းမ်ားစြာ ေ႐ႊလက္တြဲလာခဲ့တဲ့ နာမည္ေက်ာ္စုံတြဲေတြဟာလည္း လမ္းခြဲခဲ့ၾကပါတယ္။ ႏွစ္ရွည္လမ်ား လက္တြဲလာၾကၿပီးမွ လမ္းခြဲခဲ့ၾကတဲ့ စုံတြဲေတြကေတာ့ …

Clark Gregg နဲ႔ Jennifer Grey
Photo: clarkgregg/ Instagram

Agents of SHIELDS ပရိသတ္ေတြဆိုရင္ေတာ့ Phil Coulson အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ မင္းသားႀကီး Clark Gregg ကို သိၾကမွာပါ။ Clark ဟာ အေမရိကန္ သ႐ုပ္ေဆာင္မင္းသမီးႀကီး Jennifer Grey နဲ႔ (၁၉)ႏွစ္ၾကာ ေပါင္းသင္းလာၿပီးမွ ၂၀၂၀ခုႏွစ္ ဇူလိုင္လ(၃)ရက္ေန႔မွာ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။

အဆိုပါေၾကျငာခ်က္ထဲမွာေတာ့ “ကြၽန္ေတာ္တို႔ ဇန္နဝါရီလတည္းက သပ္သပ္စီ ခြဲေနလိုက္ၾကၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ေလးစားၿပီး မိသားစုဝင္ေတြလိုပဲ တန္ဖိုးထား၊ ခ်စ္ခင္သြားၾကမွာပါ။ ကြာရွင္းဖို႔ဆုံးျဖတ္ခ်က္ကိုလည္း ခက္ခက္ခဲခဲ စဥ္းစားၿပီးမွ ဆုံးျဖတ္လိုက္ၾကတာပါ။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အတူတူ ျပဳစုပ်ိဳးေထာင္လာတဲ့ သမီးေလးလည္း ရွိတာေၾကာင့္ နီးနီးစပ္စပ္ ေနထိုင္သြားၾကမွာပါ…” လို႔ ေျပာၾကားထားပါတယ္။

Kelly Clarkson နဲ႔ Brandon Blackstock
Photo: kellyclarkson/ Instagram

နာမည္ေက်ာ္အဆိုေတာ္ Kelly Clarkson ဟာ ခုႏွစ္ႏွစ္ၾကာ ေပါင္းသင္းလာတဲ့ သူမရဲ႕ခင္ပြန္းသည္ Brandon နဲ႔ ကြာရွင္းဖို႔ ဇြန္လ(၄)ရက္ေန႔မွာ ေလာ့စ္အိန္ဂ်လိစ္တရား႐ုံးမွာ ေလွ်ာက္ထားလိုက္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ၂၀၁၃ခုႏွစ္ ေအာက္တိုဘာလမွာ လက္ထပ္ခဲ့ၾကတာျဖစ္ၿပီး ေျခာက္ႏွစ္အ႐ြယ္ သမီးေလး River Rose နဲ႔ ေလးႏွစ္အ႐ြယ္ သားေလး Remington Alexander တို႔ႏွစ္ဦးကို ထြန္းကားထားပါတယ္။

Colbie Caillat နဲ႔ Justin Young
Photo: colbiecaillat/ Instagram

နာမည္ေက်ာ္ country အဆိုေတာ္ Colbie Caillat ဟာ ဆယ္ႏွစ္နီးပါး အတူတြဲလာတဲ့ ခ်စ္သူ Justin Young နဲ႔ ဧၿပီလမွာ လမ္းခြဲလိုက္ၾကပါတယ္။ သူတို႔ႏွစ္ဦးဟာ Colbie ရဲ႕ တီးဝိုင္းအသစ္ Gone West မွာလည္း အဖြဲ႕သားေတြအျဖစ္ အတူတူ ပါဝင္ထားသူေတြ ျဖစ္ပါတယ္။

ယခုလို လမ္းခြဲလိုက္တဲ့အေပၚမွာ Colbie ကေတာ့ “ဒီသတင္းက ကြၽန္မတို႔အေနနဲ႔ ထုတ္ေျပာဖို႔ ခက္ခဲခဲ့ပါတယ္။ ဒါေပမယ့္ အကုန္လုံးနဲ႔ ပြင့္ပြင့္လင္းလင္း ျဖစ္ခ်င္တာေၾကာင့္ ေျပာျပလိုက္တာပါ။ ဆယ္ႏွစ္ၾကာ ခ်စ္သက္တမ္းရဲ႕အဆုံးမွာ ကြၽန္မတို႔ႏွစ္ေယာက္လုံး လမ္းခြဲဖို႔ ဆုံးျဖတ္လိုက္ၾကတာပါ။ ကြၽန္မတို႔က သူငယ္ခ်င္းေကာင္းေတြအျဖစ္ စတင္ခဲ့ၾကတဲ့အတြက္ အခုလည္း သူငယ္ခ်င္းေကာင္းေတြအျဖစ္ပဲ ဆက္လက္ ျဖစ္တည္သြားၾကမွာပါ။ ၿပီးေတာ့ အရင္တုန္းကလိုပဲ အတူတူ အလုပ္ေတြလုပ္၊ သီခ်င္းေတြလုပ္သြားၾကဦးမွာပါ…” လို႔ ဆိုထားပါတယ္။

Lana Del Rey နဲ႔ Sean ‘Sticks’ Larkin
Photo: lanadelrey/ Instagram

အဆိုေတာ္ Lana Del Rey နဲ႔ သူမရဲ႕ခ်စ္သူ ရဲသားႀကီး Sean တို႔ဟာ လမ္းခြဲလိုက္ၾကၿပီျဖစ္ေၾကာင္း Sean ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။ သူတို႔ႏွစ္ဦးဟာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလေလာက္မွာ အတူတြဲခဲ့ၾကတာျဖစ္ၿပီး ၂၀၂၀ခုႏွစ္ ဇန္နဝါရီလမွာ က်င္းပခဲ့တဲ့ ဂရမ္မီဆုေပးပြဲကိုေတာင္ အတူတူပြဲတက္ခဲ့ၾကပါေသးတယ္။

Rihanna နဲ႔ Hassan Jameel
Photo: wikipedia; badgalriri/ Instagram

အဆိုေတာ္ Rihanna ဟာ သုံးႏွစ္ၾကာ တြဲလာတဲ့ ဘီလ်ံနာခ်စ္သူ Hassan Jameel နဲ႔ လမ္းခြဲလိုက္ၾကၿပီ ျဖစ္ပါတယ္။ လမ္းခြဲလိုက္ရတဲ့ အေၾကာင္းရင္းကေတာ့ ႏွစ္ေယာက္ဟာ ဆက္ၿပီး ညႇိႏႈိင္းလို႔ မရေတာ့တာေၾကာင့္ ကိုယ့္လမ္းကိုယ္ေလွ်ာက္ဖို႔ ဆုံးျဖတ္လိုက္ၾကတာလို႔ သိရပါတယ္။ Rihanna ဟာ ေဆာ္ဒီ စီးပြားေရးလုပ္ငန္းရွင္ ခ်စ္သူနဲ႔ ပတ္သက္ၿပီး လူသိရွင္ၾကား သိပ္ေနေလ့မရွိဘဲ သိုသိုသိပ္သိပ္ပဲ ေနေလ့ရွိပါတယ္။ သူတို႔ႏွစ္ေယာက္ကို အတူတြဲလ်က္ စတင္ေတြ႕ျမင္ရတာကေတာ့ စပိန္ႏိုင္ငံကို အလည္အပတ္ ထြက္လာၾကခ်ိန္ ၂၀၁၇ခုႏွစ္ ဇြန္လတုန္းက ျဖစ္ပါတယ္။

Vanessa Hudgens နဲ႔ Austin Butler
Photo: vanessahudgens/ Intagram

High School Musical နဲ႔ လူသိမ်ားတဲ့ မင္းသမီးေခ်ာေလး Vanessa Hudgens ဟာ ရွစ္ႏွစ္ၾကာ လက္တြဲလာခဲ့တဲ့ ခ်စ္သူ Austin Bulter နဲ႔ လမ္းခြဲလိုက္ၿပီ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ၂၀၁၁ခုႏွစ္က စတြဲခဲ့ၾကတာျဖစ္ၿပီး ၂၀၂၀ခုႏွစ္ ဇန္နဝါရီလအေစာပိုင္းေလာက္မွာ လမ္းခြဲလိုက္ၿပီဆိုတဲ့ သတင္းေတြ စတင္ထြက္လာခဲ့တာ ျဖစ္ပါတယ္။ ႏွစ္ေယာက္လုံးဟာ သ႐ုပ္ေဆာင္ေတြျဖစ္ၾကတာေၾကာင့္ ႏိုင္ငံေပါင္းစုံက ႐ုပ္ရွင္႐ိုက္ကြင္းေတြမွာ အခ်ိန္ကုန္ေနၾကရတာမ်ားၿပီး ခ်စ္သူသက္တမ္းတစ္ေလွ်ာက္မွာ မေတြ႕ရတဲ့အခ်ိန္ေတြ အမ်ားႀကီးကို ရင္ဆိုင္ခဲ့ၾကရသူေတြ ျဖစ္ပါတယ္။

ဒါကေတာ့ ၂၀၂၀ခုႏွစ္အတြင္းမွာ လမ္းခြဲခဲ့ၾကတဲ့ နာမည္ေက်ာ္စုံတြဲေတြ ျဖစ္ပါတယ္။ ေဟာလိဝုဒ္ဆိုသည္မွာ ဒရာမာဇာတ္လမ္းေတြရဲ႕ အႏွစ္ခ်ဳပ္တည္ရွိရာလို႔ ေျပာလို႔ရတဲ့အတြက္ ၂၀၂၀ရဲ႕ က်န္ရွိေနေသးတဲ့ ႏွစ္ဝက္ေလာက္ အတြင္းမွာလည္း ေနာက္ထပ္ ဇာတ္လမ္းေတြ ရွိေနဦးမွာပါလို႔ တင္ျပရင္း … ။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular