HomeCelebs Update NewsInternationalPlastic Surgery လုပ်ဖို့ စဉ်းစားနေသူတွေကို အကြံဉာဏ်ပေးလာတဲ့ Cardi B

Plastic Surgery လုပ်ဖို့ စဉ်းစားနေသူတွေကို အကြံဉာဏ်ပေးလာတဲ့ Cardi B

နာမည်ကျော်ရက်ပ်ပါ Cardi B ကတော့ ပလတ်စတစ် ဆာဂျရီလုပ်ဖို့ စဉ်းစားနေသူတွေကို သူမရဲ့ကိုယ်ပိုင် အတွေ့အကြုံတွေ မျှဝေထားပြီး ခွဲစိတ်ပြုပြင်မှုတွေ မလုပ်ခင်မှာ သေချာစွာ လေ့လာဖို့နဲ့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ အရင်ဆုံး ဆွေးနွေးတိုင်ပင်ဖို့လည်း သတိပေးထားပါသေးတယ်။

ဒီအကြောင်းကိုတော့ Cardi ဟာ IG Live မှာ ပြောပြသွားတာ ဖြစ်ပါတယ်။ သူမကတော့ ပရိသတ်အားလုံးကို ပွင့်ပွင့်လင်းလင်း သိထားစေချင်လို့ မျှဝေပေးရတာပါလို့ ဆိုပါတယ်။

Photo: iamcardib/ Instagram

“ကျွန်မသားလေး Wave ကို မွေးပြီးမကြာခင်မှာပဲ လူတော်တော်များများက ကျွန်မခန္ဓာကိုယ်ကို တစ်ခုခုလုပ်လိုက်တယ်လို့ ထင်နေကြပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လက ကျွန်မခွဲစိတ်မှုတစ်ခု လုပ်လိုက်တယ်။ အဲဒါကတော့ ကျွန်မကိုယ်ထဲက (၉၀)ရာခိုင်နှုန်းလောက်ရှိတဲ့ bipolymers တွေကို ဖယ်ထုတ်လိုက်တာပါ။ ဘာကိုပြောတာမှန်း နားမလည်ရင် ဖျင်ကို ဆေးထိုးလိုက်တယ်လို့ပဲ အလွယ်မှတ်လိုက်ပေါ့ရှင်။ အဲဒီဟာက တကယ့်ကို ရူးချင်စရာကောင်းတဲ့ ခွဲစိတ်မှုတစ်ခုပါ …” လို့ Cardi က ဆိုပါတယ်။

“ကျွန်မ ပြောချင်တာကတော့ ကိုယ်က ငယ်တုန်းရွယ်တုန်း အသက် ၁၉၊ ၂၀၊ ၂၁ နှစ်လောက် အရွယ်မျိုးဆိုရင် တခါတလေကျ တော်တော်ပိန်နေသေးတဲ့ အချိန်မျိုးလည်း ဖြစ်တာပေါ့။ အဲဒီတော့ တွေးမိလိမ့်မယ်။ ဟာ … ငါကတော့ တင်မရှိဘူးပေါ့။ အဲ့တော့ ဘာလုပ်မလည်း။ ဖျင်ကို ဆေးတွေထိုးထည့်မယ်လေ။ ကျွန်မ ပြောချင်တာတော့ အဲဒီလို မလုပ်ဖို့ပါပဲ …”

Photo: iamcardib/ Instagram

“BBL (Brazillian Butt Lift)နဲ့ ပတ်သက်လို့ ကျွန်မဆီက အကြံဉာဏ်ကို နားထောင်ချင်တယ် ဆိုရင်တော့ အဲဒါကို မလုပ်ခင် ကိုယ့်ရဲ့သွေးပေါင်ချိန်က အမြဲတမ်း မှန်နေလားဆိုတာ သတိထားဖို့ လိုအပ်တယ်။ တကယ်လို့ ဆရာဝန်အကြံပေးချက်မှာ ကိုယ့်ရဲ့သွေးပေါင်ချိန်က အမြဲတမ်း ကျနေမယ်၊ ဒါမှမဟုတ် ဆီးချိုလို ရောဂါတစ်ခုခု ရှိတယ်ဆိုရင် မလုပ်သင့်ပါဘူး …” လို့ Cardi က သူမရဲ့ပရိသတ်တွေကို သတိပေးထားပါတယ်။

“ကျွန်မက နယူးယော့ခ်ကလေ။ နယူးယော့ခ်ဆိုတော့ သိတဲ့အတိုင်းပဲ။ အထူးသဖြင့် ကျွန်မ ကြီးပြင်းတဲ့နေရာ Bronx မှာဆိုရင် ပိုဆိုးတာပေါ့။ ကျွန်မငယ်ငယ်ကဆို ပိန်ပိန်လေးလေ။ ပြီးတော့ Bronx မှာက ကိတ်မှ၊ တင်တွေ၊ ရင်တွေရှိမှ အဆင်ပြေတာလေ။ မဟုတ်ရင် နင်က တင်မရှိ၊ ရင်မရှိဆိုပြီး ကောင်လေးတွေက လိုက်စကြလိမ့်မယ်။ အဲဒါမျိုးက ကျွန်မအတွက်တော့ အဆင်မပြေဘူး။ ကိုယ့်ကိုယ်ကို ရုပ်ဆိုးနေသလို ခံစားရပြီး မဖွံ့ဖြိုးဘူးလို့လည်း ခံစားရတယ် …” လို့ အရင်က အင်တာဗျူးတစ်ခုမှာလည်း ပြောခဲ့ဖူးပါတယ်။

Photo: iamcardib/ Instagram

Cardi B ဟာ အသက်(၁၈)နှစ်အရွယ်က စတင်ပြီး ဖော်ချွတ်ကလပ်တွေမှာ အကမယ်ပြုလုပ်ခဲ့ပါတယ်။ အဲဒီကရရှိတဲ့ ငွေကြေးတွေကိုတော့ ရင်သားခွဲစိတ်ပြုပြင်မှု ပြုလုပ်ခဲ့ပြီး အသက်(၂၀)အရွယ်မှာတော့ တင်ပါးကိုပါ ထပ်မံပြုပြင်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူမအနေနဲ့ကတော့ ခန္ဓာကိုယ် မဖွံ့ဖြိုးတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် စိတ်မလုံခြုံမှု ဖြစ်စေတဲ့အတွက် ဒီလိုပြုပြင်ခွဲစိတ်မှုတွေ ပြုလုပ်ရတာ ဖြစ်တယ်လို့ Cardi က ဆိုပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular