HomeCelebs Update NewsInternationalကိုရိုးနားဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နာမည်ကျော်ပုဂ္ဂိုလ်များ

ကိုရိုးနားဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နာမည်ကျော်ပုဂ္ဂိုလ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကမ္ဘာတစ်လွှားက နိုင်ငံအမြောက်အများမှာ လက်ရှိရင်ဆိုင်နေရတဲ့ ဆိုးရွားတဲ့အရာတစ်ခုကတော့ ကိုရိုးနားဗိုင်းရပ်စ်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးက ဒီဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေငြာပြီးနောက်မှာတော့ အသက်ပေါင်း(၅၃၀၀)ကျော်ကို ဆုံးရှုံးရပြီးဖြစ်သလို နိုင်ငံပေါင်း(၁၃၅)နိုင်ငံကိုလည်း ကူးစက်ထားပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်စီရင်စုမှာ စတင်ဖြစ်ပွားခဲ့တဲ့ ဒီရောဂါဟာ လက်ရှိအချိန်အထိ လူပေါင်းတစ်သိန်းခွဲခန့်ကို ကူးစက်ထားပြီးဖြစ်ကာ ကူးစက်ခံထားရသူတွေထဲမှာ နာမည်ကျော်ဆယ်လီတွေ၊ အားကစားသမားတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေအထိ ပါဝင်ပါတယ်။ လက်ရှိအချိန်အထိ ဒီဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နာမည်ကျော်တွေကတော့ …

စပိန်ဝန်ကြီးချုပ်ရဲ့ဇနီး 

Photo: wikimedia commons

စနေနေ့က စပိန်အစိုးရရဲ့ ထုတ်ပြန်ချက်အရ စပိန်ဝန်ကြီးချုပ် Pedro Sanchez ရဲ့ဇနီးသည် Begona Gomez ဟာ ကိုရိုးနားဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ စပိန်အစိုးရရဲ့ ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ်သာမက ဇနီးသည်နှစ်ယောက်စလုံး ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ် Pedro Sanchez ရဲ့ အစိုးရအဖွဲ့ဝင်တွေထဲမှာ တရားမျှတမှုရေးရာဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတို့နှစ်ယောက်ဟာလည်း ယခုတစ်ပတ်အစောပိုင်းတည်းက ကူးစက်ခံထားရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ကျန်အစိုးရအဖွဲ့ဝင်တွေကတော့ ကံကောင်းထောက်မစွာနဲ့ ရောဂါပိုးမရှိကြပါဘူး။

ကနေဒါဝန်ကြီးချုပ်ရဲ့ဇနီး

Photo: wikimedia commons

ကနေဒါနိုင်ငံမှာတော့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ရဲ့ဇနီး Sophie Grégoire Trudeau ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ရောဂါပိုးကူးစက်ခံထားရတယ်လို့ အဖြေထွက်ရှိခဲ့ပါတယ်။ သူမဟာ ပရဟိတပွဲတစ်ခုအတွက် ပြီးခဲ့တဲ့အပတ်ကပဲ ဗြိတိန်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး အဆိုပါခရီးစဉ်မှာတော့ သူမရဲ့သမီးအပါအဝင် ဝန်ကြီးချုပ်ရဲ့မိခင်တို့နဲ့အတူ သွားရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Justin ကတော့ လောလောဆယ်မှာ ရောဂါပိုး မတွေ့ရှိရသေးဘဲ နှစ်ပတ်ကြာအောင် သီးသန့်ခွဲနေရမှာဖြစ်တယ်လို့ အစိုးရရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အခြားသော ကနေဒါအစိုးရအဖွဲ့ဝင်တွေမှာလည်း ကူးစက်ခံရတာတွေ ရှိနေတာကြောင့် ဝန်ကြီးချုပ်နဲ့အလားတူ အစိုးရအဖွဲ့ဝင်တွေနဲ့ အတိုက်အခံပါတီဝင်တွေကပါ မိမိသဘောဆန္ဒအလျောက် သီးသန့်ခွဲပြီး နေထိုင်နေကြတယ်လို့လည်း သိရပါတယ်။

ယူကေကျန်းမာရေးဝန်ကြီး

Photo: wikimedia commons

ဗြိတိန်နိုင်ငံရဲ့ လက်ထောက်ကျန်းမာရေးဝန်ကြီး Nadine Dorries ဟာလည်း ရောဂါပိုးကူးစက်ခံထားရပြီး ယခုအခါ သီးသန့်နေထိုင်နေရပါတယ်။ နောက်ထပ် အစိုးရအဖွဲ့ဝင်တစ်ဦးကတော့ လက်ထောက်ကျန်းမာရေးဝန်ကြီးနဲ့ အနီးကပ် နေထိုင်ရတဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုရေးရာအတွင်းရေးမှူး Anne-Marie Trevelyan ဖြစ်ပြီး လောလောဆယ်မှာ ရောဂါပိုး မတွေ့ရှိရသေးပေမယ့် သီးသန့်ခွဲကာ နေထိုင်နေရပါတယ်။

ဩစတျေးလျဝန်ကြီး

ဩစတျေးလျနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီး Peter Dutton ဟာလည်း ရောဂါပိုးကူးစက်ခံထားရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အီတလီနိုင်ငံမှ နိုင်ငံရေးသမားများ

အီတလီနိုင်ငံမှာတော့ ရုတ်ချည်းထိုးတက်လာတဲ့ ရောဂါပိုးကူးစက်မှုတွေကြောင့် နိုင်ငံတစ်ခုလုံးကို ပိတ်ချထားရပြီး ကူးစက်ခံထားရသူတွေကလည်း တစ်သောင်းခွဲကျော်လာပြီ ဖြစ်ပါတယ်။ အီတလီနိုင်ငံ ဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင် Nicola Zingaretti ဟာလည်း ရောဂါပိုးကူးစက်ခံထားရတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်တည်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ဝင်တွေထဲမှာလည်း ရောဂါသံသယရှိတာကြောင့် သီးခြားနေထိုင်နေရသူတွေလည်း ရှိနေပါတယ်။

အီရန်နိုင်ငံမှ နိုင်ငံရေးခေါင်းဆောင်များ

လက်ထောက်ကျန်းမာရေးဝန်ကြီးအပါအဝင် အီရန်နိုင်ငံရဲ့ ထိပ်သီးပိုင်း နိုင်ငံရေးခေါင်းဆောင်တွေမှာလည်း ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ ကူးစက်ခံထားရသူတွေထဲမှာ ဒုသမ္မတနှစ်ယောက်နဲ့အတူ၊ ဝန်ကြီးများ၊ ပါလီမန်အဖွဲ့ဝင်များ ပါဝင်နေပါတယ်။

ရုပ်ရှင်မင်းသားကြီး Tom Hanks နဲ့ဇနီး 

Photo: tomhanks/ Instagram

ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး Tom Hanks ဟာလည်း Elvis Presley ရဲ့ အတ္ထုပတ္တိကို ဩစတျေးလျနိုင်ငံမှာ ရိုက်ကူးနေရင်း ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်။ မင်းသားကြီးဟာ ရောဂါပိုးအစစ်ဆေးခံရာမှာ သူ့တင်မဟုတ်ဘဲ အဆိုတော်နဲ့ သရုပ်ဆောင် မင်းသမီးဖြစ်တဲ့ ဇနီးသည် Rita Wilson ကိုပါ ကူးစက်ခံနေရကြောင်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ အသိပေးခဲ့ပါတယ်။ မင်းသားကြီးတို့ဇနီးမောင်နှံ နှစ်ယောက်စလုံးဟာ လက်ရှိမှာ ကုသမှုတေွ ခံယူနေရပြီး တစ်နေ့စာ တစ်နေ့ပဲ အများကြီးမတွေးဘဲ ဖြတ်သန်းနေတယ်လို့ လူမှုကွန်ယက်ကနေ ပြောထားပါတယ်။

NBA ကစားသမားနှစ်ယောက်

Photo: twitter

NBA ကစားသမား Rudy Gobert ဟာ တနင်္လာနေ့က မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ကိုရိုးနားဗိုင်းရပ်စ်ကို ပြက်ရယ်ပြုခဲ့ပြီး အခမ်းအနားက မထွက်ခွာခင် သတင်းထောက်တွေ တင်ထားတဲ့ မိုက်ခရိုဖုန်းတွေ၊ အသံဖမ်းစက်တွေအားလုံးကို သူ့ရဲ့လက်တွေနဲ့ ထိပြီး ပွတ်သပ်ပြခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ညမှာတော့ သူဟာ NBA မှာ ရောဂါပိုးသယ်ဆောင်လာတဲ့ ပထမဆုံးလူနာ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ့နောက် Utah Jazz ကစားသမား Donovan Mitchell ဆီမှာလည်း ရောဂါပိုးတွေ့ရှိခဲ့ရပြီး ယခုလက်ရှိမှာတော့ NBA တစ်ရာသီလုံးကို ဆိုင်းငံ့ထားလိုက်ရပါတယ်။

အာဆင်နယ်အသင်း မန်နေဂျာနဲ့ အခြားအားကစားသမားများ

Photo: mikelarteta/ Instagram

အာဆင်နယ်အသင်းရဲ့ မန်နေဂျာ Mikel Arteta ဟာလည်း ရောဂါပိုးကူးစက်ခံထားရကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ ကလပ်ပိုင် လေ့ကျင့်ရေးစင်တာဖြစ်တဲ့ Hale End ကိုလည်း ယာယီပိတ်သိမ်းထားရပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား Callum Hudson-Odoi ဟာလည်း ရောဂါပိုးကူးစက်ခံထားရပြီး ဂျူဗင်တပ်အသင်းရဲ့ ကစားသမား Daniele Rugani ဟာလည်းပဲ ကူးစက်ခံထားရကြောင်း အတည်ပြုထားပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမား Benjamin Mendy ကတော့ သူ့ရဲ့ဆွေမျိုးထဲကတစ်ယောက်မှာ ရောဂါပိုးရှိနေတယ်လို့ သံသယရှိတာကြောင့် သူကိုယ်တိုင်လည်း သီးသန့်ခွဲပြီး နေခဲ့ရပါတယ်။ သို့ပေမယ့် ကံကောင်းစွာနဲ့ပဲ Benjamin ရော သူ့ရဲ့မိသားစုအားလုံးပါ ရောဂါပိုးမရှိကြောင်း စစ်ဆေးချက်အဖြေ ထွက်ရှိလာပါတယ်။

ဥရောပဘောလုံးလိဂ်တွေကတော့ လူစုလူဝေးကို ရှောင်ကျဉ်ရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့အညီ သူတို့ရဲ့ပွဲစဉ်အချိန်ဇယားတွေကို ရက်သတ္တပတ်အနည်းငယ် ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

ဒါကတော့ လက်ရှိအချိန်အထိ ကိုရိုးနားဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နာမည်ကျော်တွေ ဖြစ်ပါတယ်။ ၎င်းတို့တင်မကဘဲ ကမ္ဘာ့တစ်ဝှမ်းလုံးက ကူးစက်ခံထားရသူအားလုံးပဲ အမြန်ဆုံး သက်သာပျောက်ကင်းပြီး ဒီရောဂါဆိုးကြီးရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကနေ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

LaNina

Source: indianexpress

(Zawgyi Version)

ကမာၻတစ္လႊားက ႏိုင္ငံအေျမာက္အမ်ားမွာ လက္ရွိရင္ဆိုင္ေနရတဲ့ ဆိုး႐ြားတဲ့အရာတစ္ခုကေတာ့ ကို႐ိုးနားဗိုင္းရပ္စ္ပဲ ျဖစ္ပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းႀကီးက ဒီဗိုင္းရပ္စ္ကို ကမာၻ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ေၾကျငာၿပီးေနာက္မွာေတာ့ အသက္ေပါင္း(၅၃၀၀)ေက်ာ္ကို ဆုံးရႈံးရၿပီးျဖစ္သလို ႏိုင္ငံေပါင္း(၁၃၅)ႏိုင္ငံကိုလည္း ကူးစက္ထားၿပီး ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္စီရင္စုမွာ စတင္ျဖစ္ပြားခဲ့တဲ့ ဒီေရာဂါဟာ လက္ရွိအခ်ိန္အထိ လူေပါင္းတစ္သိန္းခြဲခန႔္ကို ကူးစက္ထားၿပီးျဖစ္ကာ ကူးစက္ခံထားရသူေတြထဲမွာ နာမည္ေက်ာ္ဆယ္လီေတြ၊ အားကစားသမားေတြနဲ႔ ႏိုင္ငံေရးေခါင္းေဆာင္ေတြအထိ ပါဝင္ပါတယ္။ လက္ရွိအခ်ိန္အထိ ဒီဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ နာမည္ေက်ာ္ေတြကေတာ့ …

စပိန္ဝန္ႀကီးခ်ဳပ္ရဲ႕ဇနီး 

Photo: wikimedia commons

စေနေန႔က စပိန္အစိုးရရဲ႕ ထုတ္ျပန္ခ်က္အရ စပိန္ဝန္ႀကီးခ်ဳပ္ Pedro Sanchez ရဲ႕ဇနီးသည္ Begona Gomez ဟာ ကို႐ိုးနားဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ သိရပါတယ္။ စပိန္အစိုးရရဲ႕ ထုတ္ျပန္ခ်က္အရ ဝန္ႀကီးခ်ဳပ္သာမက ဇနီးသည္ႏွစ္ေယာက္စလုံး က်န္းမာေရးအေျခအေန ေကာင္းမြန္ေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဝန္ႀကီးခ်ဳပ္ Pedro Sanchez ရဲ႕ အစိုးရအဖြဲ႕ဝင္ေတြထဲမွာ တရားမွ်တမႈေရးရာဝန္ႀကီးနဲ႔ ျပည္ထဲေရးဝန္ႀကီးတို႔ႏွစ္ေယာက္ဟာလည္း ယခုတစ္ပတ္အေစာပိုင္းတည္းက ကူးစက္ခံထားရတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ က်န္အစိုးရအဖြဲ႕ဝင္ေတြကေတာ့ ကံေကာင္းေထာက္မစြာနဲ႔ ေရာဂါပိုးမရွိၾကပါဘူး။

ကေနဒါဝန္ႀကီးခ်ဳပ္ရဲ႕ဇနီး

Photo: wikimedia commons

ကေနဒါႏိုင္ငံမွာေတာ့ ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau ရဲ႕ဇနီး Sophie Grégoire Trudeau ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကပဲ ေရာဂါပိုးကူးစက္ခံထားရတယ္လို႔ အေျဖထြက္ရွိခဲ့ပါတယ္။ သူမဟာ ပရဟိတပြဲတစ္ခုအတြက္ ၿပီးခဲ့တဲ့အပတ္ကပဲ ၿဗိတိန္ႏိုင္ငံကို သြားေရာက္ခဲ့တာျဖစ္ၿပီး အဆိုပါခရီးစဥ္မွာေတာ့ သူမရဲ႕သမီးအပါအဝင္ ဝန္ႀကီးခ်ဳပ္ရဲ႕မိခင္တို႔နဲ႔အတူ သြားေရာက္ခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္ Justin ကေတာ့ ေလာေလာဆယ္မွာ ေရာဂါပိုး မေတြ႕ရွိရေသးဘဲ ႏွစ္ပတ္ၾကာေအာင္ သီးသန႔္ခြဲေနရမွာျဖစ္တယ္လို႔ အစိုးရ႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။ အျခားေသာ ကေနဒါအစိုးရအဖြဲ႕ဝင္ေတြမွာလည္း ကူးစက္ခံရတာေတြ ရွိေနတာေၾကာင့္ ဝန္ႀကီးခ်ဳပ္နဲ႔အလားတူ အစိုးရအဖြဲ႕ဝင္ေတြနဲ႔ အတိုက္အခံပါတီဝင္ေတြကပါ မိမိသေဘာဆႏၵအေလ်ာက္ သီးသန႔္ခြဲၿပီး ေနထိုင္ေနၾကတယ္လို႔လည္း သိရပါတယ္။

ယူေကက်န္းမာေရးဝန္ႀကီး

Photo: wikimedia commons

ၿဗိတိန္ႏိုင္ငံရဲ႕ လက္ေထာက္က်န္းမာေရးဝန္ႀကီး Nadine Dorries ဟာလည္း ေရာဂါပိုးကူးစက္ခံထားရၿပီး ယခုအခါ သီးသန႔္ေနထိုင္ေနရပါတယ္။ ေနာက္ထပ္ အစိုးရအဖြဲ႕ဝင္တစ္ဦးကေတာ့ လက္ေထာက္က်န္းမာေရးဝန္ႀကီးနဲ႔ အနီးကပ္ ေနထိုင္ရတဲ့ ႏိုင္ငံတကာဖြံ႕ၿဖိဳးမႈေရးရာအတြင္းေရးမႉး Anne-Marie Trevelyan ျဖစ္ၿပီး ေလာေလာဆယ္မွာ ေရာဂါပိုး မေတြ႕ရွိရေသးေပမယ့္ သီးသန႔္ခြဲကာ ေနထိုင္ေနရပါတယ္။

ဩစေတ်းလ်ဝန္ႀကီး

ဩစေတ်းလ်ႏိုင္ငံရဲ႕ ျပည္ထဲေရးဝန္ႀကီး Peter Dutton ဟာလည္း ေရာဂါပိုးကူးစက္ခံထားရတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

အီတလီႏိုင္ငံမွ ႏိုင္ငံေရးသမားမ်ား

အီတလီႏိုင္ငံမွာေတာ့ ႐ုတ္ခ်ည္းထိုးတက္လာတဲ့ ေရာဂါပိုးကူးစက္မႈေတြေၾကာင့္ ႏိုင္ငံတစ္ခုလုံးကို ပိတ္ခ်ထားရၿပီး ကူးစက္ခံထားရသူေတြကလည္း တစ္ေသာင္းခြဲေက်ာ္လာၿပီ ျဖစ္ပါတယ္။ အီတလီႏိုင္ငံ ဒီမိုကရက္တစ္ပါတီရဲ႕ေခါင္းေဆာင္ Nicola Zingaretti ဟာလည္း ေရာဂါပိုးကူးစက္ခံထားရတယ္လို႔ ၿပီးခဲ့တဲ့တစ္ပတ္တည္းက သတင္းထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ အစိုးရအဖြဲ႕ဝင္ေတြထဲမွာလည္း ေရာဂါသံသယရွိတာေၾကာင့္ သီးျခားေနထိုင္ေနရသူေတြလည္း ရွိေနပါတယ္။

အီရန္ႏိုင္ငံမွ ႏိုင္ငံေရးေခါင္းေဆာင္မ်ား

လက္ေထာက္က်န္းမာေရးဝန္ႀကီးအပါအဝင္ အီရန္ႏိုင္ငံရဲ႕ ထိပ္သီးပိုင္း ႏိုင္ငံေရးေခါင္းေဆာင္ေတြမွာလည္း ေရာဂါပိုး ကူးစက္ခံထားရတယ္လို႔ သိရပါတယ္။ ကူးစက္ခံထားရသူေတြထဲမွာ ဒုသမၼတႏွစ္ေယာက္နဲ႔အတူ၊ ဝန္ႀကီးမ်ား၊ ပါလီမန္အဖြဲ႕ဝင္မ်ား ပါဝင္ေနပါတယ္။

႐ုပ္ရွင္မင္းသားႀကီး Tom Hanks နဲ႔ဇနီး 

Photo: tomhanks/ Instagram

ကမာၻေက်ာ္႐ုပ္ရွင္မင္းသားႀကီး Tom Hanks ဟာလည္း Elvis Presley ရဲ႕ အတၳဳပတၱိကို ဩစေတ်းလ်ႏိုင္ငံမွာ ႐ိုက္ကူးေနရင္း ေရာဂါပိုးကူးစက္ခံခဲ့ရပါတယ္။ မင္းသားႀကီးဟာ ေရာဂါပိုးအစစ္ေဆးခံရာမွာ သူ႔တင္မဟုတ္ဘဲ အဆိုေတာ္နဲ႔ သ႐ုပ္ေဆာင္ မင္းသမီးျဖစ္တဲ့ ဇနီးသည္ Rita Wilson ကိုပါ ကူးစက္ခံေနရေၾကာင္း သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာေပၚကေန အသိေပးခဲ့ပါတယ္။ မင္းသားႀကီးတို႔ဇနီးေမာင္ႏွံ ႏွစ္ေယာက္စလုံးဟာ လက္ရွိမွာ ကုသမႈေတြ ခံယူေနရၿပီး တစ္ေန႔စာ တစ္ေန႔ပဲ အမ်ားႀကီးမေတြးဘဲ ျဖတ္သန္းေနတယ္လို႔ လူမႈကြန္ယက္ကေန ေျပာထားပါတယ္။

NBA ကစားသမားႏွစ္ေယာက္

Photo: twitter

NBA ကစားသမား Rudy Gobert ဟာ တနလၤာေန႔က မီဒီယာေတြနဲ႔ ေတြ႕ဆုံပြဲမွာ ကို႐ိုးနားဗိုင္းရပ္စ္ကို ျပက္ရယ္ျပဳခဲ့ၿပီး အခမ္းအနားက မထြက္ခြာခင္ သတင္းေထာက္ေတြ တင္ထားတဲ့ မိုက္ခ႐ိုဖုန္းေတြ၊ အသံဖမ္းစက္ေတြအားလုံးကို သူ႔ရဲ႕လက္ေတြနဲ႔ ထိၿပီး ပြတ္သပ္ျပခဲ့ပါတယ္။ ဗုဒၶဟူးေန႔ညမွာေတာ့ သူဟာ NBA မွာ ေရာဂါပိုးသယ္ေဆာင္လာတဲ့ ပထမဆုံးလူနာ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ Utah Jazz ကစားသမား Donovan Mitchell ဆီမွာလည္း ေရာဂါပိုးေတြ႕ရွိခဲ့ရၿပီး ယခုလက္ရွိမွာေတာ့ NBA တစ္ရာသီလုံးကို ဆိုင္းငံ့ထားလိုက္ရပါတယ္။

အာဆင္နယ္အသင္း မန္ေနဂ်ာနဲ႔ အျခားအားကစားသမားမ်ား

Photo: mikelarteta/ Instagram

အာဆင္နယ္အသင္းရဲ႕ မန္ေနဂ်ာ Mikel Arteta ဟာလည္း ေရာဂါပိုးကူးစက္ခံထားရေၾကာင္း ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က သတင္းထုတ္ျပန္ထားပါတယ္။ ကလပ္ပိုင္ ေလ့က်င့္ေရးစင္တာျဖစ္တဲ့ Hale End ကိုလည္း ယာယီပိတ္သိမ္းထားရပါတယ္။

ခ်ယ္လ္ဆီးအသင္းရဲ႕ ေတာင္ပံကစားသမား Callum Hudson-Odoi ဟာလည္း ေရာဂါပိုးကူးစက္ခံထားရၿပီး ဂ်ဴဗင္တပ္အသင္းရဲ႕ ကစားသမား Daniele Rugani ဟာလည္းပဲ ကူးစက္ခံထားရေၾကာင္း အတည္ျပဳထားပါတယ္။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကစားသမား Benjamin Mendy ကေတာ့ သူ႔ရဲ႕ေဆြမ်ိဳးထဲကတစ္ေယာက္မွာ ေရာဂါပိုးရွိေနတယ္လို႔ သံသယရွိတာေၾကာင့္ သူကိုယ္တိုင္လည္း သီးသန္႔ခြဲၿပီး ေနခဲ့ရပါတယ္။ သို႔ေပမယ့္ ကံေကာင္းစြာနဲ႔ပဲ Benjamin ေရာ သူ႔ရဲ႕မိသားစုအားလုံးပါ ေရာဂါပိုးမရွိေၾကာင္း စစ္ေဆးခ်က္အေျဖ ထြက္ရွိလာပါတယ္။

ဥေရာပေဘာလုံးလိဂ္ေတြကေတာ့ လူစုလူေဝးကို ေရွာင္က်ဥ္ရမယ္ဆိုတဲ့ စည္းကမ္းခ်က္နဲ႔အညီ သူတို႔ရဲ႕ပြဲစဥ္အခ်ိန္ဇယားေတြကို ရက္သတၱပတ္အနည္းငယ္ ဆိုင္းငံ့ထားတယ္လို႔ သိရပါတယ္။

ဒါကေတာ့ လက္ရွိအခ်ိန္အထိ ကို႐ိုးနားဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ နာမည္ေက်ာ္ေတြ ျဖစ္ပါတယ္။ ၎တို႔တင္မကဘဲ ကမာၻ႔တစ္ဝွမ္းလုံးက ကူးစက္ခံထားရသူအားလုံးပဲ အျမန္ဆုံး သက္သာေပ်ာက္ကင္းၿပီး ဒီေရာဂါဆိုးႀကီးရဲ႕ ၿခိမ္းေျခာက္မႈအႏၲရာယ္ကေန အျမန္ဆုံး လြတ္ေျမာက္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

LaNina

Source: indianexpress

 

RELATED ARTICLES

Most Popular