HomeEntertainmentFilmHouse of Dragon အပိုင်း(၉)ထဲက စိတ်ဝင်စားစရာ Detail အချက်များ

House of Dragon အပိုင်း(၉)ထဲက စိတ်ဝင်စားစရာ Detail အချက်များ

*** Spoiler Alert ***

House of the Dragon ဇာတ်လမ်းတွဲရဲ့ “The Green Council” လို့ အမည်ပေးထားတဲ့ အပိုင်း(၉)ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ အပိုင်း(၈)ရဲ့အဆုံးမှာ King Viserys ဟာ သေဆုံးသွားပြီ ဖြစ်တာကြောင့် ဒီအပိုင်းထဲမှာတော့ Alicent တို့ဟာ King Viserys ရဲ့ နောက်ဆုံးစကားကို အထင်မှားပြီး သူမရဲ့ သားဖြစ်သူ Aegon II ကို ဘုရင်အဖြစ် ဆက်ခံစေခဲ့တာကို တွေ့ရပါတယ်။ ဒီအပိုင်းထဲမှာတော့ ပရိသတ်တွေ သတိမထားမိလိုက်တဲ့ စိတ်ဝင်စားစရာ Detail အချက်အလက်တွေ ပါဝင်နေပါတယ်။

(1) ပြတင်းပေါက်မှာ ဖယောင်းတိုင်မီးထွန်းတာဟာ GOT ထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

photo via screenrant

King Viserys သေဆုံးသွားတဲ့သတင်းဟာ Red Keep မှာ တိုးတိုးတိတ်တိတ် ပျံ့နှံ့သွားတဲ့ အချိန်မှာတော့ Alicent ရဲ့ လက်ထောက်ဖြစ်သူ Talya ဟာ ရဲတိုက်ကြီးရဲ့ ပြတင်းပေါက်မှာ ဖယောင်းတိုင်မီးထွန်းခဲ့တာကို တွေ့ရပါတယ်။ Talya ဟာ White Worm ဖြစ်တဲ့ Mysaria ရဲ့စပိုင် ဖြစ်တာကြောင့် ဒီအချက်ပြမီးဟာ King Viserys သေဆုံးမှုကို အတည်ပြုဖို့အတွက် သူတို့တွေ ကြိုတင်စီစဉ်ထားတဲ့ အချက်ပြမှု ဖြစ်ပါလိမ့်မယ်။ ယခုလိုမျိူး ပြတင်းပေါက်မှာ ဖယောင်းတိုင်မီးထွန်းတာကို လျှို့ဝှက်အချက်ပြစနစ်အဖြစ် ပထမဆုံး မြင်တွေ့ခဲ့ရတာကတော့ GOT ထဲမှာ ဖြစ်ပါတယ်။ အဲဒါကတော့ Sansa ဟာ Ramsay လက်ကလွတ်မြောက်ဖို့ Brienne ကို အကူအညီတောင်းတုန်းက ပြလုပ်ခဲ့တဲ့အချက်ပြမှုပဲ ဖြစ်ပါတယ်။

(2) Lyman Beesbury ရဲ့ သေဆုံးမှု

photo via screenrant

ဒီအပိုင်းထဲမှာလည်း Criston Cole ဟာ နောက်ထပ်တစ်ကြိမ် ရက်ရက်စက်စက် လူသတ်လိုက်ပြန်ပါပြီ။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Criston Cole ဟာ Alicent ကို အာခံနေတဲ့ Lyman Beesbury ရဲ့ ခေါင်းကို Small Council ရဲ့ ခုံပေါ်က ဘောလုံးနဲ့ရိုက်ပြီး သတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ Fire & Blood စာအုပ်ထဲမှာလည်း Lyman Beesbury ဟာ ဒီအချိန်ကာလလောက်မှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မတူညီတဲ့အချက်ကတော့ စာအုပ်ထဲမှာ Lyman ရဲ့ သေဆုံးမှုကို လူတွေက အမျိူးမျိူး ပြောဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပထမတစ်ခုကတော့ သူဟာ အကျဉ်းခန်းထဲကို အပို့ခံခဲ့ရပြီး အဲဒီမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒုတိယတစ်ခုကတော့ Criston Cole ဟာ သူ့ရဲ့လည်ပင်းကို လှီးလိုက်တယ်လို့ဆိုပြီး နောက်ဆုံးတစ်ခုကတော့ Criston Cole ဟာ သူ့ကိုပြတင်းပေါက်က ပစ်ချခဲ့ပြီး အောက်မှာရှိတဲ့ ဆူးချွန်တွေနဲ့ ထိုးမိကာ သေသွားခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။

(3) Harrold Westerling

photo via screenrant

Harrold Westerling ကတော့ Alicent က သူမရဲ့သားဖြစ်သူ Aegon II ကို ဘုရင်အဖြစ် ဆက်ခံစေဖို့ ပြောနေတဲ့အချိန်မှာပဲ Lord Commander ရာထူးကနေ နှုတ်ထွက်သွားပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ရှေ့လျှောက်မြင်တွေ့ရမယ့် Harrold ရဲ့ ဇာတ်လမ်းတွေအားလုံးက အသစ်တွေပဲ ဖြစ်ပါတယ်။ စာအုပ်ထဲမှာတော့ သူဟာ King Viserys အုပ်ချုပ်နေတဲ့ကာလဖြစ်တဲ့ 112 AC မှာ အသက်ကြီးလာတာကြောင့် သာမန်အတိုင်းပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

(4) Storm’s End

photo via screenrant

ဒီအပိုင်းထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Storm’s End ဟာ Alicent တို့အတွက် ပြဿနာဖြစ်လာလိမ့်မယ်လို့ ပြောသွားပါတယ်။ Storm’s End ကို အုပ်ချုပ်နေသူကတော့ Boremund Baratheon ပဲ ဖြစ်ပြီး အစောပိုင်းမှာတော့ သူဟာ Rhaenyra ကို သစ္စာခံခဲ့တာကိုလည်း တွေ့ရပါတယ်။

Alicent နဲ့ Rhaenyra တို့ရဲ့ နန်းလုပွဲမှာ Boremund ရဲ့ ထောက်ခံမှုကို ရရှိတဲ့သူဟာ အသာစီးရသွားမှာ ဖြစ်တာကြောင့် သူတို့နှစ်ဘက်လုံးဟာ Storm’s End ရဲ့ထောက်ခံမှုကို ရရှိဖို့ ကြိုးစားကြမှာပဲ ဖြစ်ပါတယ်။ စာအုပ်ထဲမှာတော့ Aemond နဲ့ Lucerys တို့ဟာ Storm’s End မှာ ပြန်လည်တွေ့ဆုံခဲ့ကြပြီး နဂါးချင်းတိုက်ခိုက်ကာ Dance of Dragons ကို စတင်စေခဲ့ပါတယ်။

(5) Halaena ရဲ့ ရှေ့ဖြစ်ဟော

photo via screenrant

ပြီးခဲ့တဲ့ အပိုင်းတုန်းကတော့ Halaena Targaryen ဟာ “Beast beneath the Boards” ဆိုတဲ့ စကားကို အထပ်ထပ် ပြောဆိုခဲ့ပါတယ်။ ဒီစကားကတော့ အပိုင်း(၉)ရဲ့အဆုံးသတ်မှာ မြင်တွေ့ခဲ့ရတဲ့ Rhaenys ရဲ့ နဂါးဖြစ်တဲ့ Meleys ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Rahenys ဟာ နန်းတော်ထဲက လွတ်မြောက်လာအပြီးမှာ သူမရဲ့နဂါးနဲ့အတူ Aegon II ရဲ့ နန်းတက်ပွဲကို ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Halaena ဟာ နောက်ထပ် ရှေ့ဖြစ်ဟောတစ်ခုကိုလည်း ပြောထားပါသေးတယ်။ အဲဒါကတော့ “တစ်ယောက်က အရာတစ်ခုကို ပိုင်ဆိုင်ထားရင် အခြားလူတွေက ယူပစ်လိမ့်မယ်” ဆိုတာပဲ ဖြစ်ပါတယ်။ ဒီစကားကတော့ Aegon II ဆီက ထီးနန်းကို ပြန်လည်ရယူဖို့ ရောက်လာမယ့် Rhaenyra ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

(6) House Fell

photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Otto ဟာ Rhaenyra ဆီမှာ သစ္စာခံထားတဲ့ အိမ်တော်တွေရဲ့ အကြီးအကဲတွေကို ဆင့်ခေါ်ပြီး ဘုရင်အသစ်ဖြစ်တဲ့ Aegon II ဆီမှာ သစ္စာခံဖို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ House Fell ရဲ့ အကြီးအကဲဖြစ်သူဟာ Aegon II ဆီမှာ သစ္စာခံဖို့ ငြင်းဆိုခဲ့ပြီး နောက်ပိုင်းဇာတ်ဝင်ခန်းမှာတော့ Rhaenyra ကို သစ္စာခံထားတဲ့ Lord Caswell ဟာလည်း ကြိုးဆွဲချခံထားရတာကို တွေ့ခဲ့ရပါတယ်။

ဒါကြောင့်ပဲ မကြာခင်မှာတော့ Lady Fell ဟာလည်း အသတ်ခံရမယ်ဆိုတာ သေချာပါတယ်။ စာအုပ်ထဲမှာတော့ Lady Fell ဟာ Aegon II ဆီမှာ သစ္စာမခံခဲ့တဲ့အတွက် ခေါင်းဖြတ်သတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲဒီနောက်မှာတော့ House Fell ရဲ့ မိသားစုဝင်ဖြစ်သလို Kingsguard တစ်ယောက်လည်း ဖြစ်တဲ့ Ser Willis ကတော့ Aegon II ကို ထောက်ခံခဲ့ပါတယ်။

(7) Yi Ti

photo via screenrant

Aegon ကို လိုက်ရှာနေတဲ့အချိန်မှာတော့ Aemond ဟာ Aegon တစ်ယောက် Yi Ti ဆီကို ရွက်လွှင့်ထွက်သွားတာလည်း ဖြစ်နိုင်တယ်လို့ ပြောသွားပါတယ်။ Yi Ti ကတော့ Essos မှာ တည်ရှိပြီး တရုတ်အင်ပါယာကို အခြေခံပြီး ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ Yi Ti ဟာ ကြီးမားတဲ့ အင်ပါယာတစ်ခုဖြစ်ပြီး HOTD Universe ထဲက အကြီးမားဆုံးနဲ့ ရှေးအကျဆုံး အင်ပါယာတစ်ခုလည်း ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ HBO ဟာ နောက်ထပ် Spin-Off တွေကိုလည်း ထပ်မံဖန်တီးနေပြီး The Tales of Dunk & Egg ၊ Princess Nymeria က သူမရဲ့ပြည်သူတွေကို Dorne ဆီ ခေါ်ဆောင်သွားတဲ့ Spin-Off နဲ့ Animated Series တစ်ခုတို့ပဲ ဖြစ်ပါတယ်။ အဲဒီ Animated Series ထဲမှာတော့ Yi Ti အင်ပါယာမှာ ဇာတ်အိမ်တည်ထားတယ်လို့လည်း သိရပါတယ်။

(8) Aegon II ရဲ့ တရားမဝင်သား

photo via screenrant

ဒီအပိုင်းထဲမှာတော့ Aegon II ရဲ့ တရားမဝင်သားလို့ ယူဆရတဲ့ ကလေးတစ်ယောက်ကို ပြသသွားပါတယ်။ ဒီကလေးကတော့ Gaemon Palehair ဖြစ်နေနိုင်ပါတယ်။ Gaemon ကတော့ King’s Landing မှာ နေထိုင်တဲ့ Essie ဆိုတဲ့ ပြည့်တန်ဆာက မွေးဖွားခဲ့တာလည်း ဖြစ်ပါတယ်။ Gaemon ဟာ ပြည့်တန်ဆာအိမ်မှာပဲ ကြီးပြင်းလာခဲ့ပြီး သူဟာ တကယ့်ဘုရင် ဖြစ်လာမယ့် လူတစ်ယောက်လို ကြီးပြင်းလာခဲ့ပါတယ်။

ဒါ့အပြင် သူဟာ တရားမဝင်သားဖြစ်သလို ကလေးဖြစ်နေတာတောင်မှ သူ့ကိုထောက်ခံသူတွေ ရှိလာခဲ့ပါတယ်။ Aegon II ကတော့ Gaemon ကို ကလေးတစ်ယောက် ဖြစ်နေတာကြောင့် အသက်ချမ်းသာပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Gaemon ဟာ Rhaenyra နဲ့ Daemon တို့ရဲ့ ကလေးဖြစ်တဲ့ Aegon III ရဲ့ သူငယ်ချင်းလည်း ဖြစ်လာခဲ့ပါတယ်။

(9) Aemond ဟာ တကယ်ပဲ ဒုတိယမြောက် ထီးနန်းဆက်ခံသူလား?

photo via screenrant

ဒီအပိုင်းထဲမှာတော့ Aemond ဟာ Aegon II သာ တစ်ခုခုဖြစ်သွားရင် သူဟာ ထီးနန်းကို ဆက်ခံရမယ့်သူလို့ ပြောခဲ့ပါတယ်။ တကယ်တော့ ဒီအချက်ဟာ မမှန်ကန်ပါဘူး။ အကြောင်းကတော့ Aegon II နဲ့ Helaena ဟာ ကလေးမွေးထားတာကြောင့်ပဲ ဖြစ်ပါတယ်။ Aegon II ကို ထီးနန်းဆက်ခံသူအဖြစ် သက်မှတ်မယ်ဆိုရင် ထုံးတမ်းစဉ်လာအရ သူ့ရဲ့အကြီးဆုံးသား ဖြစ်တဲ့ Jaehaerys က ထီးနန်းကို ဒုတိယမြောက် ဆက်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာအုပ်ထဲမှာတော့ Aegon II ဟာ Dance of Dragons စစ်ပွဲကြောင့် ဒဏ်ရာရပြီး အိပ်ရာထဲ လဲသွားတဲ့အချိန်မှာတော့ Aemond ဟာ ထီးနန်းကို ဆက်ခံခဲ့ပါတယ်။

(10) Lord Confessor

photo via screenrant

ဒီအပိုင်းထဲမှာတော့ Larys Strong ဟာ Alicent အတွက် Lord Confessor အဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ ပြောသွားပါတယ်။ ဒီရာထူးကတော့ GOT ထဲမှာ မပါဝင်ခဲ့တာကြောင့် ဘယ်တာဝန်ကို ထမ်းဆောင်ရတယ်ဆိုတာ ဖော်ပြပေးချင်ပါတယ်။ Lord Confessor ကတော့ နှိပ်စက်မှုတွေရဲ့ ခေါင်းဆောင်လို့ ပြောလို့ရပြီး သူဟာ သတင်းအချက်အလက်တွေ ရရှိဖို့အတွက် လူတွေကို နှိပ်စက်ပေးရတာ အပါအဝင် လူသိမခံနိုင်တဲ့ လုပ်ကြံမှုတွေကို ပြုလုပ်ပေးရသူပဲ ဖြစ်ပါတယ်။

(11) Aegon the Conqueror ရဲ့ အနက်ရောင်သရဖူနဲ့ Blackfyre ဓား

photo via screenrant

Aegon II ဟာ ထီးနန်းဆက်ခံတဲ့ အချိန်မှာတော့ Aegon the Conqueror ရဲ့ အနက်ရောင်သရဖူနဲ့ Blackfyre ဓားတို့ကို ကိုင်ဆောင်ခဲ့ပါတယ်။ ဒီသရဖူကိုတော့ Valyrian Steel နဲ့ ပြုလုပ်ထားပြီး စာအုပ်ထဲမှာတော့ သရဖူရဲ့ ပတ်ပတ်လည်မှာ ပတ္တမြားတွေ စီချယ်ထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းတွဲထဲမှာတော့ ပတ္တမြားတစ်လုံးသာ ပါဝင်တာကို တွေ့ရပါတယ်။

Aegon II မတိုင်ခင်တုန်းကတော့ ဒီသရဖူကို Maegor the Cruel က ဝတ်ဆင်ခဲ့ပြီး သူဟာ ရက်စက်လွန်းတာကြောင့် သမိုင်းထဲမှာ လူမုန်းအများဆုံးဘုရင် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းဘုရင်တွေကတော့ ဒီသရဖူကို မဝတ်ဆင်တော့တာ ဖြစ်ပြီး Aegon II လက်ထက်မှသာ ပြန်လည်ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ Aegon II နောက်မှာတော့ Aemond ဟာလည်း ဒီသရဖူကို ဝတ်ဆင်ခဲ့သလို Rhaenyra နဲ့ Daemon ရဲ့ မြေးဖြစ်တဲ့ King Daeron I ကလည်း ဝတ်ဆင်ခဲ့ပါသေးတယ်။ King Daeron I သေဆုံးသွားချိန်မှာတော့ ဒီသရဖူဟာ Dorne မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။

(12) King Viserys ရဲ့ သရဖူ

photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Alicent ဟာ King Viserys ရဲ့သရဖူကို သူ့ရဲ့ရုပ်အလောင်းပေါ်မှာ တင်ပေးခဲ့ပြီး တစ်ခါတည်း သင်္ဂြိုလ်ဖို့ စီစဉ်ထားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီအပိုင်းထဲမှာတော့ King Viserys ရဲ့ သရဖူကို ဖျက်ဆီးပစ်တာကို မပြသခဲ့တာကြောင့် ဒီသရဖူဟာလည်း နောက်ပိုင်းမှာ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

စာအုပ်ထဲမှာတော့ Kingsguard တစ်ယောက်ဖြစ်တဲ့ Ser Steffon Darklyn ဟာ အဲဒီသရဖူကို King’s Landing ထဲက ခိုးယူခဲ့ပြီး Rhaenyra ကို ပေးအပ်ခဲ့ပါတယ်။ အသစ်ထွက်ရှိလာမယ့် အပိုင်း(၁၀)အတွက် ထွေလာထဲမှာတော့ ဒီသရဖူကို Rhaenyra ဆီ ပေးအပ်ခဲ့သူဟာ Ser Erryk ဖြစ်နေတာကို တွေ့ရပါတယ်။

(13) Aegon II ရဲ့ Targaryen အိမ်တော်တံဆိပ်အသစ်

photo via screenrant

Aegon II ကို ထီးနန်းဆက်ခံသူအဖြစ် ကြေညာတဲ့အချိန်မှာတော့ အလံအချို့မှာ ရွှေရောင်နဂါးပုံကို မြင်တွေ့ခဲ့ရပါတယ်။ ဒီပုံကတော့ Aegon II ရဲ့ ကိုယ်ပိုင် Targaryen အိမ်တော် တံဆိပ်အသစ် ဖြစ်ပြီး ကမ္ဘာပေါ်မှာ အလှဆုံးနဂါးလို့ ဆိုကြတဲ့ ရွှေရောင်နဂါး Sunfyre ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ Aegon II ကတော့ ရွှေရောင်နဂါး Sunfyre ကို စီးနင်းသူလည်း ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular