HomeCelebs Update NewsInternationalInstagram မှာပို့စ်လေးတစ်ခုတင်ရုံနဲ့ ဒေါ်လာတွေသိန်းနဲ့ချီရကြတဲ့ အားကစားသမားများ

Instagram မှာပို့စ်လေးတစ်ခုတင်ရုံနဲ့ ဒေါ်လာတွေသိန်းနဲ့ချီရကြတဲ့ အားကစားသမားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

တစ်ကမ္ဘာလုံးမှာ ကျော်ကြားပြီးတော့ အောင်မြင်ကြတဲ့ ဆယ်လီတွေဟာ ဒေါ်လာတွေသန်းနဲ့ချီပြီးတော့ ချမ်းသာကြတာကိုတော့ သိကြမှာပါ။ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်တွေမကဘဲ Instagram ပေါ်မှာ ပုံလေးတစ်ပုံတင်ပေးရုံနဲ့တောင် ဒေါ်လာတွေသိန်းနဲ့ချီပြီးတော့ ရကြပါတယ်။ သူတို့တွေဟာ ပစ္စည်းတွေကို ‌ကြော်ငြာပေးကြတာဖြစ်ပြီးတော့ ဥပမာ အင်္ကျီအမှတ်တံဆိပ်တစ်ခုကို ကြော်ငြာမယ်ဆိုရင် အဲ့ဒီအမှတ်တံဆိပ်ရဲ့အင်္ကျီကို ဝတ်ပြပြီး Instagram ပေါ်မှာ ပုံတစ်ပုံတင်ပေးပြီး အဲ့ဒီအမှတ်တံဆိပ်ကို mention လုပ်ပေးရုံနဲ့တင် ဒေါ်လာတွေသိန်းနဲ့ချီပြီး ရကြပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ နာမည်ကြီးအားကစားသမားတွေထဲက အဲ့လိုကြော်ငြာပေးပြီး ပိုက်ဆံအများဆုံးရကြတဲ့ သူတွေကို ဖော်ပြပေးချင်ပါတယ်။

(10) Mohamed Salah
photo via mosalah/instagram

Salah ကတော့ အီဂျစ်ဘောလုံးသမားတစ်ယောက် ဖြစ်ပြီးတော့ အသင်းအနေနဲ့ကတော့ Premier League မှာရှိတဲ့ Liverpool အသင်းမှာ ကစားနေပါတယ်။ တစ်ကမ္ဘာလုံးမှာ သူ့ရဲ့ပရိသတ်တွေ အမြောက်အများရှိပြီးတော့ သူ့ရဲ့ IG မှာတော့ ဖော်လိုဝါပေါင်း (၃၉.၈) သန်းတောင် ရှိပါတယ်။ သူဟာ အဲ့လိုမျိုး တစ်ကမ္ဘာလုံးအနေအထားနဲ့ အောင်မြင်နေတာကြောင့် IG မှာပုံလေးတစ်ပုံ တင်ပေးရုံနဲ့တင် ဒေါ်လာတစ်သိန်းရှစ်သောင်းလောက်ရရှိပြီးတော့ နံပါတ် (၁၀) နေရာမှာ ရပ်တည်နေပါတယ်။

(9) Zlatan Ibrahimovic
photo via iamzlatanibrahimovic/instagram

Ibrahimovic ကတော့ ဆွီဒင်ဘောလုံးသမားတစ်ယောက် ဖြစ်ပြီးတော့ လက်ရှိမှာတော့ Serie A မှာရှိတဲ့ A.C. Milan အသင်းမှာ ကစားနေပါတယ်။ သူ့ရဲ့ IG အကောင့်မှာတော့ ဖော်လိုပေါင်း (၄၃.၇) သန်းတောင် ရှိတာကြောင့် သူကတော့ ပစ္စည်းတစ်ခုကို ကြော်ငြာပေးဖို့ ပုံတစ်ပုံတင်ရုံနဲ့ ဒေါ်လာနှစ်သိန်းတောင် ရပြီးတော့ နံပါတ် (၉) နေရာမှာ ရှိနေပါတယ်။

(8) Gareth Bale
photo via garethbale11/instagram

Bale ကတော့ အရပ်ခြောက်ပေတစ်လက်မတောင် ရှိတဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ပြီးတော့ အသက် (၁၆) နှစ်လောက်ကတည်းက ကစားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ စပိန်ဘောလုံးအသင်းတစ်ခုဖြစ်တဲ့ Real Madrid မှာ ကစားနေပါတယ်။ သူ့ရဲ့ IG မှာတော့ ဖော်လိုဝါပေါင်း (၄၃.၁) သန်းတောင် ရှိတာကြောင့် ပုံလေးတစ်ပုံ တင်ရုံနဲ့ ဒေါ်လာနှစ်သိန်းတောင် ရရှိပါတယ်။

(7) Ronaldinho
photo via ronaldinho/instagram

သူ့ရဲ့နာမည်အပြည့်အစုံကတော့ Ronaldo de Assis Moreira ဖြစ်ပြီးတော့ အသက် (၇) နှစ်လောက်ကတည်းက ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ အခုချိန်မှာတော့ အနားယူသွားပေမယ့်လည်း အခုလိုပစ္စည်းတွေကို ကြော်ငြာပေးပြီး ပိုက်ဆံအများဆုံးရတဲ့ ဘောလုံးသမားတွေထဲမှာတော့ နံပါတ် (၇) နေရာမှာ ရှိနေပါတယ်။ သူ့အကောင့်ရဲ့ဖော်လိုဝါတွေကတော့ (၅၁.၄) သန်းလောက်ရှိပြီးတော့ ရရှိတဲ့ဒေါ်လာကတော့ နှစ်သိန်းသုံးသောင်းလောက် ဖြစ်ပါတယ်။

(6) Virat Kohli
photo via virat.kohli/instagram

သူကတော့ အိန္ဒယနိုင်ငံသားတစ်ယောက်ဖြစ်ပြီးတော့ နာမည်ကြီး cricket ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ဖော်လိုဝါတွေကတော့ (၇၂.၄) သန်းတောင် ရှိပြီးတော့ ပစ္စည်းတွေကို ကြော်ငြာပေးတဲ့အချိန်မှာတော့ ပို့စ်တစ်ခုကိုတောင် ဒေါ်လာ နှစ်သိန်းကိုးသောင်းလောက်တောင် ရရှိပါတယ်။

(5) LeBron James
photo via kingjames/instagram

James ကတော့ NBA ရဲ့သမိုင်းထဲက အတော်ဆုံးဘတ်စကတ်ဘော ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့အပြင် ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါသေးတယ်။ သူ့မှာတော့ ဖော်လိုဝါပေါင်း (၆၉.၉) သန်းတောင် ရှိတာကြောင့် ကြော်ငြာပို့စ်တစ်ခုတင်ပေးရုံနဲ့တင် ဒေါ်လာ သုံးသိန်းလောက် ရရှိနိုင်ပါတယ်။

(4) David Beckham
photo via davidbeckham/instagram

Beckham ဟာလည်း တစ်ကမ္ဘာလုံးမှာ သူ့ရဲ့ပရိသတ်တွေ အမြောက်အများရှိနေပြီးတော့ လုံးဝကို နာမည်ကြီးတဲ့ ဘောလုံးကစားဟောင်းတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ IG အကောင့်ထဲမှာတော့ ဖော်လိုဝါတွေဟာ (၆၃.၉) သန်းတောင် ရှိပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ ပစ္စည်းတစ်ခုကို ကြော်ငြာပေးရုံနဲ့ ဒေါ်လာ သုံးသိန်းသုံးသောင်းလောက်တောင် ရတဲ့အထိ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(3) Lionel Messi
photo via leomessi/instagram

Messi ဟာလည်း အခုလက်ရှိမှာ အအောင်မြင်ဆုံး ဘောလုံးကစားသမားတွေထဲမှာ ပါဝင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ FC Barcelona အသင်းမှာ ကစားနေပါတယ်။ သူ့ရဲ့ဖော်လိုဝါတွေကတော့ (၁၆၂) သန်းတောင် ရှိတာကြောင့် ပိုက်ဆံရတာအများဆုံး အားကစားသမားတွေထဲမှာ နံပါတ် (၃) နေရာမှာ ရပ်တည်နေပါတယ်။ ပို့စ်တစ်ခုတင်ရင် သူရရှိတဲ့ ဒေါ်လာကတော့ ခြောက်သိန်းကိုးသောင်းတောင်ပဲ ဖြစ်ပါတယ်။

(2) Neymar Jr
photo via neymarjr/instagram

သူ့ရဲ့နာမည်အပြည့်အစုံကတော့ Neymar da Silver Santos Junior ဖြစ်ပြီးတော့ ဘရာဇီးနိုင်ငံသား ဘောလုံးကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့အရည်အချင်းကြောင့်ပဲ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်လာပြီးတော့ ကမ္ဘာကျော်တဲ့အထိပါ ကျော်ကြားလာခဲ့ပါတယ်။ သူ့ရဲ့ဖော်လိုဝါတွေကတော့ သန်း (၁၄၀) လောက်ရှိပြီးတော့ သူရရှိတဲ့ ကြော်ငြာခကတော့ ပို့စ်တစ်ခုကို ဒေါ်လာ (၇) သိန်းလောက်တောင် ရှိပါတယ်။

(1) Cristiano Ronaldo
photo via cristiano/instagram

Ronaldo ကလည်း ကမ္ဘာကျော်ဘောလုံးသမား တစ်ယောက်ဖြစ်တဲ့အပြင် အခုလက်ရှိမှာ အအောင်မြင်ဆုံးကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါသေးတယ်။ သူဟာ လက်ရှိမှာတော့ Juventus အသင်းမှာ ကစားနေပြီးတော့ သူ့ရဲ့ IG မှာတော့ ဖော်လိုဝါပေါင်း (၂၃၅) သန်းတောင် ရှိပါတယ်။ သူရရှိတဲ့ကြော်ငြာခကတော့ ဒေါ်လာ ရှစ်သိန်းရှစ်သောင်းတောင် ရှိပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

တစ္ကမာၻလုံးမွာ ေက်ာ္ၾကားၿပီးေတာ့ ေအာင္ျမင္ၾကတဲ့ ဆယ္လီေတြဟာ ေဒၚလာေတြသန္းနဲ႔ခ်ီၿပီးေတာ့ ခ်မ္းသာၾကတာကိုေတာ့ သိၾကမွာပါ။ သူတို႔ရဲ႕အသက္ေမြးဝမ္းေၾကာင္းအလုပ္ေတြမကဘဲ Instagram ေပၚမွာ ပုံေလးတစ္ပုံတင္ေပး႐ုံနဲ႔ေတာင္ ေဒၚလာေတြသိန္းနဲ႔ခ်ီၿပီးေတာ့ ရၾကပါတယ္။ သူတို႔ေတြဟာ ပစၥည္းေတြကို ‌ေၾကာ္ျငာေပးၾကတာျဖစ္ၿပီးေတာ့ ဥပမာ အက်ႌအမွတ္တံဆိပ္တစ္ခုကို ေၾကာ္ျငာမယ္ဆိုရင္ အဲ့ဒီအမွတ္တံဆိပ္ရဲ႕အက်ႌကို ဝတ္ျပၿပီး Instagram ေပၚမွာ ပုံတစ္ပုံတင္ေပးၿပီး အဲ့ဒီအမွတ္တံဆိပ္ကို mention လုပ္ေပး႐ုံနဲ႔တင္ ေဒၚလာေတြသိန္းနဲ႔ခ်ီၿပီး ရၾကပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ နာမည္ႀကီးအားကစားသမားေတြထဲက အဲ့လိုေၾကာ္ျငာေပးၿပီး ပိုက္ဆံအမ်ားဆုံးရၾကတဲ့ သူေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(10) Mohamed Salah
photo via mosalah/instagram

Salah ကေတာ့ အီဂ်စ္ေဘာလုံးသမားတစ္ေယာက္ ျဖစ္ၿပီးေတာ့ အသင္းအေနနဲ႔ကေတာ့ Premier League မွာရွိတဲ့ Liverpool အသင္းမွာ ကစားေနပါတယ္။ တစ္ကမာၻလုံးမွာ သူ႔ရဲ႕ပရိသတ္ေတြ အေျမာက္အမ်ားရွိၿပီးေတာ့ သူ႔ရဲ႕ IG မွာေတာ့ ေဖာ္လိုဝါေပါင္း (၃၉.၈) သန္းေတာင္ ရွိပါတယ္။ သူဟာ အဲ့လိုမ်ိဳး တစ္ကမာၻလုံးအေနအထားနဲ႔ ေအာင္ျမင္ေနတာေၾကာင့္ IG မွာပုံေလးတစ္ပုံ တင္ေပး႐ုံနဲ႔တင္ ေဒၚလာတစ္သိန္းရွစ္ေသာင္းေလာက္ရရွိၿပီးေတာ့ နံပတ္ (၁၀) ေနရာမွာ ရပ္တည္ေနပါတယ္။

(9) Zlatan Ibrahimovic
photo via iamzlatanibrahimovic/instagram

Ibrahimovic ကေတာ့ ဆြီဒင္ေဘာလုံးသမားတစ္ေယာက္ ျဖစ္ၿပီးေတာ့ လက္ရွိမွာေတာ့ Serie A မွာရွိတဲ့ A.C. Milan အသင္းမွာ ကစားေနပါတယ္။ သူ႔ရဲ႕ IG အေကာင့္မွာေတာ့ ေဖာ္လိုေပါင္း (၄၃.၇) သန္းေတာင္ ရွိတာေၾကာင့္ သူကေတာ့ ပစၥည္းတစ္ခုကို ေၾကာ္ျငာေပးဖို႔ ပုံတစ္ပုံတင္႐ုံနဲ႔ ေဒၚလာႏွစ္သိန္းေတာင္ ရၿပီးေတာ့ နံပတ္ (၉) ေနရာမွာ ရွိေနပါတယ္။

(8) Gareth Bale
photo via garethbale11/instagram

Bale ကေတာ့ အရပ္ေျခာက္ေပတစ္လက္မေတာင္ ရွိတဲ့ ေဘာလုံးသမားတစ္ေယာက္ျဖစ္ၿပီးေတာ့ အသက္ (၁၆) ႏွစ္ေလာက္ကတည္းက ကစားခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူဟာ စပိန္ေဘာလုံးအသင္းတစ္ခုျဖစ္တဲ့ Real Madrid မွာ ကစားေနပါတယ္။ သူ႔ရဲ႕ IG မွာေတာ့ ေဖာ္လိုဝါေပါင္း (၄၃.၁) သန္းေတာင္ ရွိတာေၾကာင့္ ပုံေလးတစ္ပုံ တင္႐ုံနဲ႔ ေဒၚလာႏွစ္သိန္းေတာင္ ရရွိပါတယ္။

(7) Ronaldinho
photo via ronaldinho/instagram

သူ႔ရဲ႕နာမည္အျပည့္အစုံကေတာ့ Ronaldo de Assis Moreira ျဖစ္ၿပီးေတာ့ အသက္ (၇) ႏွစ္ေလာက္ကတည္းက ေဘာလုံးကို ကြၽမ္းကြၽမ္းက်င္က်င္ ကစားတတ္တဲ့ ပါရမီရွင္တစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ အခုခ်ိန္မွာေတာ့ အနားယူသြားေပမယ့္လည္း အခုလိုပစၥည္းေတြကို ေၾကာ္ျငာေပးၿပီး ပိုက္ဆံအမ်ားဆုံးရတဲ့ ေဘာလုံးသမားေတြထဲမွာေတာ့ နံပတ္ (၇) ေနရာမွာ ရွိေနပါတယ္။ သူ႔အေကာင့္ရဲ႕ေဖာ္လိုဝါေတြကေတာ့ (၅၁.၄) သန္းေလာက္ရွိၿပီးေတာ့ ရရွိတဲ့ေဒၚလာကေတာ့ ႏွစ္သိန္းသုံးေသာင္းေလာက္ ျဖစ္ပါတယ္။

(6) Virat Kohli
photo via virat.kohli/instagram

သူကေတာ့ အိႏၵယႏိုင္ငံသားတစ္ေယာက္ျဖစ္ၿပီးေတာ့ နာမည္ႀကီး cricket ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕ေဖာ္လိုဝါေတြကေတာ့ (၇၂.၄) သန္းေတာင္ ရွိၿပီးေတာ့ ပစၥည္းေတြကို ေၾကာ္ျငာေပးတဲ့အခ်ိန္မွာေတာ့ ပို႔စ္တစ္ခုကိုေတာင္ ေဒၚလာ ႏွစ္သိန္းကိုးေသာင္းေလာက္ေတာင္ ရရွိပါတယ္။

(5) LeBron James
photo via kingjames/instagram

James ကေတာ့ NBA ရဲ႕သမိုင္းထဲက အေတာ္ဆုံးဘတ္စကတ္ေဘာ ကစားသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့အျပင္ ႐ုပ္ရွင္ေတြမွာလည္း သ႐ုပ္ေဆာင္ခဲ့ဖူးပါေသးတယ္။ သူ႔မွာေတာ့ ေဖာ္လိုဝါေပါင္း (၆၉.၉) သန္းေတာင္ ရွိတာေၾကာင့္ သူရရွိတဲ့ ေဒၚလာေတြကေတာ့ သုံးသိန္းေလာက္ေတာင္ ရထားတာ ျဖစ္ပါတယ္။

(4) David Beckham
photo via davidbeckham/instagram

Beckham ဟာလည္း တစ္ကမာၻလုံးမွာ သူ႔ရဲ႕ပရိသတ္ေတြ အေျမာက္အမ်ားရွိေနၿပီးေတာ့ လုံးဝကို နာမည္ႀကီးတဲ့ ေဘာလုံးကစားေဟာင္းတစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕ IG အေကာင့္ထဲမွာေတာ့ ေဖာ္လိုဝါေတြဟာ (၆၃.၉) သန္းေတာင္ ရွိပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ ပစၥည္းတစ္ခုကို ေၾကာ္ျငာေပး႐ုံနဲ႔ ေဒၚလာ သုံးသိန္းသုံးေသာင္းေလာက္ေတာင္ ရတဲ့အထိ ေအာင္ျမင္ေက်ာ္ၾကားတဲ့သူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

(3) Lionel Messi
photo via leomessi/instagram

Messi ဟာလည္း အခုလက္ရွိမွာ အေအာင္ျမင္ဆုံး ေဘာလုံးကစားသမားေတြထဲမွာ ပါဝင္တဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ လက္ရွိမွာေတာ့ FC Barcelona အသင္းမွာ ကစားေနပါတယ္။ သူ႔ရဲ႕ေဖာ္လိုဝါေတြကေတာ့ (၁၆၂) သန္းေတာင္ ရွိတာေၾကာင့္ ပိုက္ဆံရတာအမ်ားဆုံး အားကစားသမားေတြထဲမွာ နံပတ္ (၃) ေနရာမွာ ရပ္တည္ေနပါတယ္။ ပို႔စ္တစ္ခုတင္ရင္ သူရရွိတဲ့ ေဒၚလာကေတာ့ ေျခာက္သိန္းကိုးေသာင္းေတာင္ပဲ ျဖစ္ပါတယ္။

(2) Neymar Jr
photo via neymarjr/instagram

သူ႔ရဲ႕နာမည္အျပည့္အစုံကေတာ့ Neymar da Silver Santos Junior ျဖစ္ၿပီးေတာ့ ဘရာဇီးႏိုင္ငံသား ေဘာလုံးကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ သူ႔ရဲ႕အရည္အခ်င္းေၾကာင့္ပဲ အသက္ငယ္ငယ္ေလးနဲ႔ ေအာင္ျမင္လာၿပီးေတာ့ ကမာၻေက်ာ္တဲ့အထိပါ ေက်ာ္ၾကားလာခဲ့ပါတယ္။ သူ႔ရဲ႕ေဖာ္လိုဝါေတြကေတာ့ သန္း (၁၄၀) ေလာက္ရွိၿပီးေတာ့ သူရရွိတဲ့ ေၾကာ္ျငာခကေတာ့ ပို႔စ္တစ္ခုကို ေဒၚလာ (၇) သိန္းေလာက္ေတာင္ ရွိပါတယ္။

(1) Cristiano Ronaldo
photo via cristiano/instagram

Ronaldo ကလည္း ကမာၻေက်ာ္ေဘာလုံးသမား တစ္ေယာက္ျဖစ္တဲ့အျပင္ အခုလက္ရွိမွာ အေအာင္ျမင္ဆုံးကစားသမားေတြထဲက တစ္ေယာက္လည္း ျဖစ္ပါေသးတယ္။ သူဟာ လက္ရွိမွာေတာ့ Juventus အသင္းမွာ ကစားေနၿပီးေတာ့ သူ႔ရဲ႕ IG မွာေတာ့ ေဖာ္လိုဝါေပါင္း (၂၃၅) သန္းေတာင္ ရွိပါတယ္။ သူရရွိတဲ့ေၾကာ္ျငာခကေတာ့ ေဒၚလာ ရွစ္သိန္းရွစ္ေသာင္းေတာင္ ရွိပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular