HomeCharacterDC ကောမစ်ထဲမှာ ဖြစ်ရပ်တစ်ခုကြောင့် အမြင်အာရုံ ဆုံးရှုံးလိုက်ရတဲ့ Wonder Woman

DC ကောမစ်ထဲမှာ ဖြစ်ရပ်တစ်ခုကြောင့် အမြင်အာရုံ ဆုံးရှုံးလိုက်ရတဲ့ Wonder Woman

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Wonder Woman နဲ့ Maxwell Lord တို့နှစ်ယောက်ဟာ သူတို့ရဲ့ အတိတ်က ဖြစ်ရပ်တွေကို ဘေးဖယ်ထားပြီး အရေးကြီးမစ်ရှင်တစ်ခုအတွက် ပူးပေါင်းခဲ့ကြပါတယ်။ အကြောင်းကတော့ Maxwell Lord ရဲ့ စိတ်ကိုထိန်းချုပ်နိုင်တဲ့ နည်းပညာဟာ အခိုးခံလိုက်ရလို့ပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ထွက်ရှိထားတဲ့ Wonder Woman #765 ကောမစ်ထဲမှာတော့ သူတို့နှစ်ယောက်ဟာ အခိုးခံလိုက်ရတဲ့ ပစ္စည်းနဲ့ ပတ်သက်ပြီးတော့ စုံစမ်းဖို့အတွက် Zandia ဆိုတဲ့ စိတ်ကူးယဉ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ Maxwell ရဲ့ နည်းပညာဟာ သိပ်ကိုတန်ဖိုးကြီးတာကြောင့် မှောင်ခိုဈေးကွက်တွေမှာ သတင်းစုံစမ်းခဲ့ကြပါတယ်။

photo via screenrant

အခုလို စုံစမ်းနေတဲ့အချိန်မှာ Maxwell ဟာ သူ့ရဲ့စွမ်းအားကို အသုံးပြုပြီးတော့ Wonder Woman ကို တစ်ခြားသူတွေမသိနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Zandia မှာရှိတဲ့ ကာစီနိုတစ်ခုမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြပြီးတော့ Wonder Woman က ဝင်ရောက်ဖြေရှင်းခဲ့ပါတယ်။ ရုတ်ရုတ်သဲသဲတွေ ဖြစ်နေတဲ့အချိန်မှာ Maxwell က အနောက်က အခန်းထဲကို ပြေးဝင်သွားတဲ့ ရာဇဝတ်သားတစ်ယောက်နောက်ကို လိုက်သွားပါတယ်။ ဒါပေမယ့်လည်း အခန်းထဲ ရောက်သွားတဲ့အချိန်မှာ Maxwell ကို အဲ့ဒီရာဇဝတ်သားဟာ သတ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ Wonder Woman က ရောက်လာပြီး Maxwell ကို ကယ်တင်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် Wonder Woman ဟာ Maxwell ကို သူမရဲ့စကားကို နားထောင်ပြီး အဖွဲ့လိုက် လှုပ်ရှားမှုလုပ်ဖို့နဲ့ ကိုယ်စိတ်ထင်ရာ မလုပ်ဖို့အတွက် ပြောခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ဟာ သဲလွန်စတစ်ခုရခဲ့ပြီး Maxwell ရဲ့ အခိုးခံလိုက်ရတဲ့အရာဟာ Vertigo နဲ့ သက်ဆိုင်နေတယ်လို့ သိခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ Wonder Woman ရဲ့ ကိုယ်ပျောက်ဂျက်လေယာဉ်နဲ့ ထွက်လာခဲ့ပါတော့တယ်။ အဲ့ဒီ့ခရီးကို သွားနေရင်းနဲ့ လမ်းမှာတော့ ဘယ်သူမှ မထင်ထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။

photo via screenrant

အဲ့ဒါကတော့ သူတို့ရဲ့လေယာဉ်ပျံရှေ့မှာ ထူးဆန်းတဲ့ အလင်းရောင်ကြီးတစ်ခုဟာ ဘယ်ကနေမှန်းမသိဘဲ ရုတ်တရက် ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Wonder Woman ဟာ လေယာဉ်ကို မထိန်းနိုင်တော့ဘဲ Zandia နားမှာရှိတဲ့ တောအုပ်တစ်ခုထဲကို လေယာဉ်ပျက်ကျသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Maxwell ဟာ Wonder Woman ကို ရှာတွေ့ခဲ့ပြီး အမြင်အာရုံ ဆုံးရှုံးသွားတာကို သိလိုက်ရပါတော့တယ်။ အခုလို အင်မတန် အရေးကြီးတဲ့ မစ်ရှင်ကို လုပ်ဆောင်နေတဲ့အချိန်မှာ Wonder Woman ဟာ ထူးဆန်းတဲ့အလင်းရောင်တစ်ခုကြောင့် အမြင်အာရုံ ဆုံးရှုံးသွားခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Wonder Woman #765 ကောမစ်ဟာ အဲ့ဒီနေရာမှာ ပြီးဆုံးသွားပြီး နောက်ထပ်ဘယ်လိုမျိူးတွေ ဖြစ်လာမလည်း ဆိုတာကတော့ အသစ်ထွက်ရှိလာမယ့် Wonder Woman #766 မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Maxwell ကလည်း အရင်ကတော့ ဗီလိန်တစ်ယောက် ဖြစ်ခဲ့ပြီး Wonder Woman ကိုယ်တိုင်ကလည်း သူ့ကို အပြည့်အဝ မယုံကြည်သေးပါဘူး။ ဒါပေမယ့်လည်း Wonder Woman ဟာ အမြင်အာရုံဆုံးရှုံးသွားတာကြောင့် ကိစ္စတော်တော်များများမှာ Maxwell ကို အားကိုးရပါတော့မယ်။ အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ ဒီမစ်ရှင်ကို ဘယ်လိုမျိူး ဆက်လုပ်သွားမလည်း ဆိုတာကတော့ စိတ်ဝင်စားစရာတစ်ခု ဖြစ်လာပါပြီ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Wonder Woman နဲ႔ Maxwell Lord တို႔ႏွစ္ေယာက္ဟာ သူတို႔ရဲ႕ အတိတ္က ျဖစ္ရပ္ေတြကို ေဘးဖယ္ထားၿပီး အေရးႀကီးမစ္ရွင္တစ္ခုအတြက္ ပူးေပါင္းခဲ့ၾကပါတယ္။ အေၾကာင္းကေတာ့ Maxwell Lord ရဲ႕ စိတ္ကိုထိန္းခ်ဳပ္ႏိုင္တဲ့ နည္းပညာဟာ အခိုးခံလိုက္ရလို႔ပဲ ျဖစ္ပါတယ္။ မၾကာေသးခင္က ထြက္ရွိထားတဲ့ Wonder Woman #765 ေကာမစ္ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ အခိုးခံလိုက္ရတဲ့ ပစၥည္းနဲ႔ ပတ္သက္ၿပီးေတာ့ စုံစမ္းဖို႔အတြက္ Zandia ဆိုတဲ့ စိတ္ကူးယဥ္ႏိုင္ငံကို သြားေရာက္ခဲ့ပါတယ္။ Maxwell ရဲ႕ နည္းပညာဟာ သိပ္ကိုတန္ဖိုးႀကီးတာေၾကာင့္ ေမွာင္ခိုေဈးကြက္ေတြမွာ သတင္းစုံစမ္းခဲ့ၾကပါတယ္။

photo via screenrant

အခုလို စုံစမ္းေနတဲ့အခ်ိန္မွာ Maxwell ဟာ သူ႔ရဲ႕စြမ္းအားကို အသုံးျပဳၿပီးေတာ့ Wonder Woman ကို တစ္ျခားသူေတြမသိႏိုင္ေအာင္ ျပဳလုပ္ေပးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Zandia မွာရွိတဲ့ ကာစီႏိုတစ္ခုမွာ တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ၾကၿပီးေတာ့ Wonder Woman က ဝင္ေရာက္ေျဖရွင္းခဲ့ပါတယ္။ ႐ုတ္႐ုတ္သဲသဲေတြ ျဖစ္ေနတဲ့အခ်ိန္မွာ Maxwell က အေနာက္က အခန္းထဲကို ေျပးဝင္သြားတဲ့ ရာဇဝတ္သားတစ္ေယာက္ေနာက္ကို လိုက္သြားပါတယ္။ ဒါေပမယ့္လည္း အခန္းထဲ ေရာက္သြားတဲ့အခ်ိန္မွာ Maxwell ကို အဲ့ဒီရာဇဝတ္သားဟာ သတ္ပစ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာပဲ Wonder Woman က ေရာက္လာၿပီး Maxwell ကို ကယ္တင္ေပးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ Wonder Woman ဟာ Maxwell ကို သူမရဲ႕စကားကို နားေထာင္ၿပီး အဖြဲ႕လိုက္ လႈပ္ရွားမႈလုပ္ဖို႔နဲ႔ ကိုယ္စိတ္ထင္ရာ မလုပ္ဖို႔အတြက္ ေျပာခဲ့ပါတယ္။ ဒီလိုနဲ႔ သူတို႔ဟာ သဲလြန္စတစ္ခုရခဲ့ၿပီး Maxwell ရဲ႕ အခိုးခံလိုက္ရတဲ့အရာဟာ Vertigo နဲ႔ သက္ဆိုင္ေနတယ္လို႔ သိခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ဟာ Wonder Woman ရဲ႕ ကိုယ္ေပ်ာက္ဂ်က္ေလယာဥ္နဲ႔ ထြက္လာခဲ့ပါေတာ့တယ္။ အဲ့ဒီ့ခရီးကို သြားေနရင္းနဲ႔ လမ္းမွာေတာ့ ဘယ္သူမွ မထင္ထားတဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ပ်က္ခဲ့ပါတယ္။

photo via screenrant

အဲ့ဒါကေတာ့ သူတို႔ရဲ႕ေလယာဥ္ပ်ံေရွ႕မွာ ထူးဆန္းတဲ့ အလင္းေရာင္ႀကီးတစ္ခုဟာ ဘယ္ကေနမွန္းမသိဘဲ ႐ုတ္တရက္ ေပၚလာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Wonder Woman ဟာ ေလယာဥ္ကို မထိန္းႏိုင္ေတာ့ဘဲ Zandia နားမွာရွိတဲ့ ေတာအုပ္တစ္ခုထဲကို ေလယာဥ္ပ်က္က်သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Maxwell ဟာ Wonder Woman ကို ရွာေတြ႕ခဲ့ၿပီး အျမင္အာ႐ုံ ဆုံးရႈံးသြားတာကို သိလိုက္ရပါေတာ့တယ္။ အခုလို အင္မတန္ အေရးႀကီးတဲ့ မစ္ရွင္ကို လုပ္ေဆာင္ေနတဲ့အခ်ိန္မွာ Wonder Woman ဟာ ထူးဆန္းတဲ့အလင္းေရာင္တစ္ခုေၾကာင့္ အျမင္အာ႐ုံ ဆုံးရႈံးသြားခဲ့တာ ျဖစ္ပါတယ္။

photo via screenrant

Wonder Woman #765 ေကာမစ္ဟာ အဲ့ဒီေနရာမွာ ၿပီးဆုံးသြားၿပီး ေနာက္ထပ္ဘယ္လိုမ်ိဴးေတြ ျဖစ္လာမလည္း ဆိုတာကေတာ့ အသစ္ထြက္ရွိလာမယ့္ Wonder Woman #766 မွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Maxwell ကလည္း အရင္ကေတာ့ ဗီလိန္တစ္ေယာက္ ျဖစ္ခဲ့ၿပီး Wonder Woman ကိုယ္တိုင္ကလည္း သူ႔ကို အျပည့္အဝ မယုံၾကည္ေသးပါဘူး။ ဒါေပမယ့္လည္း Wonder Woman ဟာ အျမင္အာ႐ုံဆုံးရႈံးသြားတာေၾကာင့္ ကိစၥေတာ္ေတာ္မ်ားမ်ားမွာ Maxwell ကို အားကိုးရပါေတာ့မယ္။ အဲ့ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ဟာ ဒီမစ္ရွင္ကို ဘယ္လိုမ်ိဴး ဆက္လုပ္သြားမလည္း ဆိုတာကေတာ့ စိတ္ဝင္စားစရာတစ္ခု ျဖစ္လာပါၿပီ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular