HomeCelebs Update NewsInternationalအကြွေစောခဲ့ရတဲ့ Chadwick Boseman အတွက် ဝမ်းနည်းစကားဆိုထားတဲ့ နာမည်ကျော်များ 

အကြွေစောခဲ့ရတဲ့ Chadwick Boseman အတွက် ဝမ်းနည်းစကားဆိုထားတဲ့ နာမည်ကျော်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဩဂုတ်လ(၂၈)ရက် သောကြာနေ့မှာ ကွယ်လွန်သွားခဲ့တဲ့ Black Panther သရုပ်ဆောင် Chadwick Boseman အတွက် ပရိသတ်တွေနည်းတူ နာမည်ကျော် ပုဂ္ဂိုလ်အများအပြားကလည်း ဝမ်းနည်းစကား ဆိုထားကြပါတယ်။

Chadwick ဟာ ၂၀၁၆ခုနှစ်တည်းက အူမကြီးကင်ဆာ အဆင့်သုံးကို ခံစားနေရတာ ဖြစ်ပေမယ့် သူ့ရဲ့ရောဂါဝေဒနာကို အပြင်ကို မပေါက်ကြားအောင် လျှို့ဝှက်ထားခဲ့ပါတယ်။ သူဟာ အကြိမ်ရေများစွာ ကီမိုဆေးတွေ သွင်းရင်း၊ ခွဲစိတ်ကုသမှုတွေ ခံယူရင်းနဲ့ Black Panther အပါအဝင် အခြားသော ရုပ်ရှင်ကားတွေကို အောင်မြင်စွာ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ ယခုနှစ်ပိုင်းမှာတော့ သူ့ရဲ့ကင်ဆာဟာ အဆင့်လေးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက်(၄၃)နှစ်သာ ရှိပါသေးတယ်။

Photo: chadwickboseman/ Instagram

Black Panther ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ “Wakanda Forever” ဆိုတဲ့ ကြွေးကြော်သံဟာ ယခုလက်ရှိ ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ trend ဖြစ်နေပြီး နာမည်ကျော်ပုဂ္ဂိုလ်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနဲ့ ပရိသတ်များစွာတို့ကြားမှာ ဝမ်းနည်း ယူကျုံးမရတဲ့ မက်ဆေ့ချ်များစွာနဲ့ ဝမ်းနည်းကြောင်းစကား ဆိုထားကြတာ တွေ့ရပါတယ်။

Chadwick ရဲ့ ကွယ်လွန်မှုအပေါ် နာမည်ကျော်ဒါရိုက်တာ Jordan Peele ကတော့ “ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါ… ” လို့ ဆိုထားပါတယ်။ နာမည်ကျော် tv စတားတစ်ယောက်ဖြစ်တဲ့ Oprah Winfrey ကတော့ “သိမ်မွေ့ညင်သာတဲ့ ပါရမီရှင်တစ်ယောက်ပါ။ ခွဲစိတ်ကုသမှုတွေ၊ ကီမို ကုထုံးတွေကြားထဲက ကြီးမြတ်တဲ့အရာတစ်ခုကို ပြသခဲ့သူလည်း ဖြစ်ပါတယ်။ ဂုဏ်သိက္ခာဆိုတာ ဒီလိုအရာကို ခေါ်ပါတယ်… ” လို့ သူမရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။

Photo: chadwickboseman/ Instagram

နာမည်ကျော် လူ့အခွင့်အရေး လှုပ်ရှားသူ Martin Luther King Jr. ရဲ့ အကြီးဆုံးသားဖြစ်သူကလည်း “သမိုင်းတွေကို အသက်သွင်းပေးခဲ့သူ” လို့ Chadwick ကို ညွှန်းဆို ချီးမွမ်းထားပါတယ်။ Chadwick ဟာ နာမည်ကျော် ဘေ့စ်ဘော ကစားသမား Jackie Robinson နဲ့ ဂန္ထဝင် ဆိုးလ်အဆိုတော် James Brown တို့ရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်တွေကို ရိုက်ကူးခဲ့သူဖြစ်ပြီး လူမည်းတွေအတွက် သာတူညီမျှ အခွင့်အရေး ရရှိဖို့ ကြိုးပမ်းခဲ့သူတစ်ယောက်လည်း ဖြစ်တာကြောင့် အခုလို ချီးမွမ်းထားတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး “ကင်ဆာနဲ့ လေးနှစ်လောက် တိုက်ပွဲဝင်ခဲ့ရပေမယ့် ဘယ်တော့မှ လက်နက်မချခဲ့ဘဲ အတုယူစရာ လူတစ်ယောက်အဖြစ် ရှင်သန်ခဲ့လို့ အမြဲအမှတ်ရနေရမယ့် လူတစ်ယောက်ပါ… ” လို့ ၎င်းက ဆိုထားပါသေးတယ်။

Photo: chadwickboseman/ Instagram

နာမည်ကျော် မှတ်တမ်းတင်ရုပ်ရှင် ဒါရိုက်တာ Ava DuVernay ကလည်း “လှပတဲ့ အပြန်ခရီးလေး ဖြစ်ပါစေ ဘုရင်ကြီး …။ ကျွန်မတို့ ရှင့်ကို လွမ်းနေမှာပါ…” လို့ ဆိုထားပါတယ်။

နာမည်ကျော် ဂျာနယ်လစ် Clint Smith ကလည်း သူ့သားလေးရဲ့ အကြိုက်ဆုံး ဟီးရိုးဇာတ်ကောင်ဖြစ်တဲ့ Black Panther သရုပ်ဆောင်အတွက် ဝမ်းနည်းကြောင်း ဆိုထားပါသေးတယ်။ “ကျွန်တော့်ရဲ့ သုံးနှစ်အရွယ်သားလေးက Black Panther ဝတ်စုံ ဝတ်ထားတဲ့ပုံရိပ်ကိုပဲ ကျွန်တော် တွေးနေမိတယ်။ ကျွန်တော့်သားက အဲ့ဒီ့ဝတ်စုံကို ရတော့ နေ့တိုင်းနီးပါး ဝတ်တာ။ ပြန်ချွတ်ခိုင်းလို့တောင် မရဘူး။ အဲ့ဒီ့ဝတ်စုံနဲ့ ငါက Black Panther ပဲဆိုပြီး အိမ်ထဲမှာ လျှောက်သွားရင်း ဝံ့ကြွားနေခဲ့ပုံတွေရောပေါ့။ သားလေးကို သိပ်ပျော်အောင် လုပ်ပေးနိုင်ခဲ့တာ။ တိုင်းတာပြလို့ မရတဲ့ အရာတစ်ခုကို Chadwick က ကျွန်တော်တို့ကို ပေးခဲ့တာပါ။ တကယ်ကို ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ…” လို့ ဆိုပါတယ်။

Photo: chadwickboseman/ Instagram

နာမည်ကျော် အဆိုတော် John Legend ကတော့ “Chadwick အကြောင်း ကြားလိုက်ရတာ အရမ်းကို ရှော့ခ်ရပြီး ကြေကွဲခံစားရပါတယ်။ သူဟာ သိပ်ကိုထွန်းလင်းတောက်ပနေခဲ့တဲ့ အလင်းရောင်တစ်ခုပါ။ ပါရမီရှင် သရုပ်ဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ သူလုပ်သမျှ အရာတိုင်းကို ကျက်သရေရှိရှိနဲ့ စွမ်းအားတွေ ယူဆောင်လာပေးနိုင်သူပါ။ သူ့ကို ကြည့်လိုက်ရင် ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေကိုပါ သူနဲ့အတူ အမြဲတမ်း သယ်ပိုးထမ်းရွက်လာသလိုပါပဲ။ အခုတော့ အဲ့ဒီ့ဘိုးဘေးတွေဆီ အစောကြီး ထွက်ခွာသွားခဲ့ပါပြီ…” လို့ ဝမ်းနည်းကြောင်း ဆိုထားပါတယ်။

မင်းသမီး Jennifer Garner ကလည်း သူမရဲ့ အင်စတာဂရမ်မှာ Chadwick ရဲ့ ပုံနဲ့ ဝမ်းနည်းကြောင်း ဆိုထားပါသေးတယ်။ “၂၀၂၀ ကတော့ တစ်ခုပြီးတစ်ခုကို ဆုံးရှုံးမှုတွေ ပေးနေတော့တာပါပဲ။ ဒါပေမယ့် ဒီဆုံးရှုံးမှုကတော့ ပိုပြီးနာကျင်ရပါတယ်။ artist တစ်ယောက်၊ လူကြီးလူကောင်းတစ်ယောက်ကိုပေါ့။ ရှင့်ရဲ့ အမှတ်တရတွေအားလုံး ကောင်းချီးပေးပါစေ Chadwick ရေ…” လို့ ရေးသားထားပါတယ်။

Photo: chadwickboseman/ Instagram

Marvel စတူဒီယိုကတော့ “ကျွန်တော်တို့ ဝမ်းနည်းကြေကွဲရပါတယ်။ Chadwick Boseman ရဲ့ မိသားစုနဲ့အတူ ဝမ်းနည်းရပါတယ်။ မင်းရဲ့ အမွေအနှစ်တွေဟာ ထာဝရ ရှင်သန်နေမှာပါ။ ငြိမ်းချမ်းရာမှာ မှေးစက်အနားယူပါတော့ … ” ဆိုပြီး ဝမ်းနည်းကြောင်း ဆိုထားပါတယ်။ Disney ကတော့ Chadwick ရဲ့ ကွယ်လွန်မှုဟာ နှိုင်းဆလို့မရတဲ့ ဆုံးရှုံးမှုတစ်ခုပါလို့ ဆိုထားပါသေးတယ်။

ဒါကတော့ Black Panther သရုပ်ဆောင် Chadwick Boseman ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး နာမည်ကျော် ပုဂ္ဂိုလ်တွေက ဝမ်းနည်းကြောင်းဆိုထားကြတာတွေ ဖြစ်ပါတယ်။ ဘဝတစ်ပါးသို့ ကူးပြောင်းသွားတဲ့ Chadwick လည်း ကောင်းမွန်ရာ ဘုံဘဝမှာ အေးချမ်းပါစေလို့ ဆံရစ်ဝိုင်းမှလည်း ဆုတောင်းပေးလိုက်ရပါတယ်။

Glasgow
(Zawgyi Version)

ဩဂုတ္လ(၂၈)ရက္ ေသာၾကာေန႔မွာ ကြယ္လြန္သြားခဲ့တဲ့ Black Panther သ႐ုပ္ေဆာင္ Chadwick Boseman အတြက္ ပရိသတ္ေတြနည္းတူ နာမည္ေက်ာ္ ပုဂၢိဳလ္အမ်ားအျပားကလည္း ဝမ္းနည္းစကား ဆိုထားၾကပါတယ္။

Chadwick ဟာ ၂၀၁၆ခုႏွစ္တည္းက အူမႀကီးကင္ဆာ အဆင့္သုံးကို ခံစားေနရတာ ျဖစ္ေပမယ့္ သူ႔ရဲ႕ေရာဂါေဝဒနာကို အျပင္ကို မေပါက္ၾကားေအာင္ လွ်ိဳ႕ဝွက္ထားခဲ့ပါတယ္။ သူဟာ အႀကိမ္ေရမ်ားစြာ ကီမိုေဆးေတြ သြင္းရင္း၊ ခြဲစိတ္ကုသမႈေတြ ခံယူရင္းနဲ႔ Black Panther အပါအဝင္ အျခားေသာ ႐ုပ္ရွင္ကားေတြကို ေအာင္ျမင္စြာ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ယခုႏွစ္ပိုင္းမွာေတာ့ သူ႔ရဲ႕ကင္ဆာဟာ အဆင့္ေလးကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ကြယ္လြန္ခ်ိန္မွာေတာ့ အသက္(၄၃)ႏွစ္သာ ရွိပါေသးတယ္။

Photo: chadwickboseman/ Instagram

Black Panther ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္ခဲ့တဲ့ “Wakanda Forever” ဆိုတဲ့ ေႂကြးေၾကာ္သံဟာ ယခုလက္ရွိ ဆိုရွယ္မီဒီယာစာမ်က္ႏွာေတြမွာ trend ျဖစ္ေနၿပီး နာမည္ေက်ာ္ပုဂၢိဳလ္မ်ား၊ လူ႔အခြင့္အေရး လႈပ္ရွားသူမ်ားနဲ႔ ပရိသတ္မ်ားစြာတို႔ၾကားမွာ ဝမ္းနည္း ယူက်ဳံးမရတဲ့ မက္ေဆ့ခ်္မ်ားစြာနဲ႔ ဝမ္းနည္းေၾကာင္းစကား ဆိုထားၾကတာ ေတြ႕ရပါတယ္။

Chadwick ရဲ႕ ကြယ္လြန္မႈအေပၚ နာမည္ေက်ာ္ဒါ႐ိုက္တာ Jordan Peele ကေတာ့ “ႀကီးမားတဲ့ ဆုံးရႈံးမႈတစ္ခုပါ… ” လို႔ ဆိုထားပါတယ္။ နာမည္ေက်ာ္ tv စတားတစ္ေယာက္ျဖစ္တဲ့ Oprah Winfrey ကေတာ့ “သိမ္ေမြ႕ညင္သာတဲ့ ပါရမီရွင္တစ္ေယာက္ပါ။ ခြဲစိတ္ကုသမႈေတြ၊ ကီမို ကုထုံးေတြၾကားထဲက ႀကီးျမတ္တဲ့အရာတစ္ခုကို ျပသခဲ့သူလည္း ျဖစ္ပါတယ္။ ဂုဏ္သိကၡာဆိုတာ ဒီလိုအရာကို ေခၚပါတယ္… ” လို႔ သူမရဲ႕ တြစ္တာစာမ်က္ႏွာမွာ ေရးသားထားပါတယ္။

Photo: chadwickboseman/ Instagram

နာမည္ေက်ာ္ လူ႔အခြင့္အေရး လႈပ္ရွားသူ Martin Luther King Jr. ရဲ႕ အႀကီးဆုံးသားျဖစ္သူကလည္း “သမိုင္းေတြကို အသက္သြင္းေပးခဲ့သူ” လို႔ Chadwick ကို ၫႊန္းဆို ခ်ီးမြမ္းထားပါတယ္။ Chadwick ဟာ နာမည္ေက်ာ္ ေဘ့စ္ေဘာ ကစားသမား Jackie Robinson နဲ႔ ဂႏၴဝင္ ဆိုးလ္အဆိုေတာ္ James Brown တို႔ရဲ႕ အတၳဳပၸတၱိ ႐ုပ္ရွင္ေတြကို ႐ိုက္ကူးခဲ့သူျဖစ္ၿပီး လူမည္းေတြအတြက္ သာတူညီမွ် အခြင့္အေရး ရရွိဖို႔ ႀကိဳးပမ္းခဲ့သူတစ္ေယာက္လည္း ျဖစ္တာေၾကာင့္ အခုလို ခ်ီးမြမ္းထားတာ ျဖစ္ပါတယ္။

ဆက္လက္ၿပီး “ကင္ဆာနဲ႔ ေလးႏွစ္ေလာက္ တိုက္ပြဲဝင္ခဲ့ရေပမယ့္ ဘယ္ေတာ့မွ လက္နက္မခ်ခဲ့ဘဲ အတုယူစရာ လူတစ္ေယာက္အျဖစ္ ရွင္သန္ခဲ့လို႔ အၿမဲအမွတ္ရေနရမယ့္ လူတစ္ေယာက္ပါ… ” လို႔ ၎က ဆိုထားပါေသးတယ္။

Photo: chadwickboseman/ Instagram

နာမည္ေက်ာ္ မွတ္တမ္းတင္႐ုပ္ရွင္ ဒါ႐ိုက္တာ Ava DuVernay ကလည္း “လွပတဲ့ အျပန္ခရီးေလး ျဖစ္ပါေစ ဘုရင္ႀကီး …။ ကြၽန္မတို႔ ရွင့္ကို လြမ္းေနမွာပါ…” လို႔ ဆိုထားပါတယ္။

နာမည္ေက်ာ္ ဂ်ာနယ္လစ္ Clint Smith ကလည္း သူ႔သားေလးရဲ႕ အႀကိဳက္ဆုံး ဟီး႐ိုးဇာတ္ေကာင္ျဖစ္တဲ့ Black Panther သ႐ုပ္ေဆာင္အတြက္ ဝမ္းနည္းေၾကာင္း ဆိုထားပါေသးတယ္။ “ကြၽန္ေတာ့္ရဲ႕ သုံးႏွစ္အ႐ြယ္သားေလးက Black Panther ဝတ္စုံ ဝတ္ထားတဲ့ပုံရိပ္ကိုပဲ ကြၽန္ေတာ္ ေတြးေနမိတယ္။ ကြၽန္ေတာ့္သားက အဲ့ဒီ့ဝတ္စုံကို ရေတာ့ ေန႔တိုင္းနီးပါး ဝတ္တာ။ ျပန္ခြၽတ္ခိုင္းလို႔ေတာင္ မရဘူး။ အဲ့ဒီ့ဝတ္စုံနဲ႔ ငါက Black Panther ပဲဆိုၿပီး အိမ္ထဲမွာ ေလွ်ာက္သြားရင္း ဝံ့ႂကြားေနခဲ့ပုံေတြေရာေပါ့။ သားေလးကို သိပ္ေပ်ာ္ေအာင္ လုပ္ေပးႏိုင္ခဲ့တာ။ တိုင္းတာျပလို႔ မရတဲ့ အရာတစ္ခုကို Chadwick က ကြၽန္ေတာ္တို႔ကို ေပးခဲ့တာပါ။ တကယ္ကို ႀကီးမားတဲ့ ဆုံးရႈံးမႈတစ္ခုပါပဲ…” လို႔ ဆိုပါတယ္။

Photo: chadwickboseman/ Instagram

နာမည္ေက်ာ္ အဆိုေတာ္ John Legend ကေတာ့ “Chadwick အေၾကာင္း ၾကားလိုက္ရတာ အရမ္းကို ေရွာ့ခ္ရၿပီး ေၾကကြဲခံစားရပါတယ္။ သူဟာ သိပ္ကိုထြန္းလင္းေတာက္ပေနခဲ့တဲ့ အလင္းေရာင္တစ္ခုပါ။ ပါရမီရွင္ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူလုပ္သမွ် အရာတိုင္းကို က်က္သေရရွိရွိနဲ႔ စြမ္းအားေတြ ယူေဆာင္လာေပးႏိုင္သူပါ။ သူ႔ကို ၾကည့္လိုက္ရင္ ကြၽန္ေတာ္တို႔ရဲ႕ ဘိုးေဘးေတြကိုပါ သူနဲ႔အတူ အၿမဲတမ္း သယ္ပိုးထမ္း႐ြက္လာသလိုပါပဲ။ အခုေတာ့ အဲ့ဒီ့ဘိုးေဘးေတြဆီ အေစာႀကီး ထြက္ခြာသြားခဲ့ပါၿပီ…” လို႔ ဝမ္းနည္းေၾကာင္း ဆိုထားပါတယ္။

မင္းသမီး Jennifer Garner ကလည္း သူမရဲ႕ အင္စတာဂရမ္မွာ Chadwick ရဲ႕ ပုံနဲ႔ ဝမ္းနည္းေၾကာင္း ဆိုထားပါေသးတယ္။ “၂၀၂၀ ကေတာ့ တစ္ခုၿပီးတစ္ခုကို ဆုံးရႈံးမႈေတြ ေပးေနေတာ့တာပါပဲ။ ဒါေပမယ့္ ဒီဆုံးရႈံးမႈကေတာ့ ပိုၿပီးနာက်င္ရပါတယ္။ artist တစ္ေယာက္၊ လူႀကီးလူေကာင္းတစ္ေယာက္ကိုေပါ့။ ရွင့္ရဲ႕ အမွတ္တရေတြအားလုံး ေကာင္းခ်ီးေပးပါေစ Chadwick ေရ…” လို႔ ေရးသားထားပါတယ္။

Photo: chadwickboseman/ Instagram

Marvel စတူဒီယိုကေတာ့ “ကြၽန္ေတာ္တို႔ ဝမ္းနည္းေၾကကြဲရပါတယ္။ Chadwick Boseman ရဲ႕ မိသားစုနဲ႔အတူ ဝမ္းနည္းရပါတယ္။ မင္းရဲ႕ အေမြအႏွစ္ေတြဟာ ထာဝရ ရွင္သန္ေနမွာပါ။ ၿငိမ္းခ်မ္းရာမွာ ေမွးစက္အနားယူပါေတာ့ … ” ဆိုၿပီး ဝမ္းနည္းေၾကာင္း ဆိုထားပါတယ္။ Disney ကေတာ့ Chadwick ရဲ႕ ကြယ္လြန္မႈဟာ ႏႈိင္းဆလို႔မရတဲ့ ဆုံးရႈံးမႈတစ္ခုပါလို႔ ဆိုထားပါေသးတယ္။

ဒါကေတာ့ Black Panther သ႐ုပ္ေဆာင္ Chadwick Boseman ကြယ္လြန္မႈနဲ႔ ပတ္သက္ၿပီး နာမည္ေက်ာ္ ပုဂၢိဳလ္ေတြက ဝမ္းနည္းေၾကာင္းဆိုထားၾကတာေတြ ျဖစ္ပါတယ္။ ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားတဲ့ Chadwick လည္း ေကာင္းမြန္ရာ ဘုံဘဝမွာ ေအးခ်မ္းပါေစလို႔ ဆံရစ္ဝိုင္းမွလည္း ဆုေတာင္းေပးလိုက္ရပါတယ္။

Glasgow

 

 

RELATED ARTICLES

Most Popular