HomeCelebs Update NewsInternationalChadwick Boseman မရှိတော့တဲ့နောက် ရုပ်ရှင်မရိုက်ချင်တော့ဘူးဆိုတဲ့ Black Panther ဒါရိုက်တာ

Chadwick Boseman မရှိတော့တဲ့နောက် ရုပ်ရှင်မရိုက်ချင်တော့ဘူးဆိုတဲ့ Black Panther ဒါရိုက်တာ

Black Panther ဒါရိုက်တာ Ryan Coogler ကတော့ မင်းသား Chadwick Boseman ကွယ်လွန်သွားပြီးနောက်မှာ ရုပ်ရှင်လောကကို စွန့်ခွာဖို့အထိ စဉ်းစားခဲ့တယ်လို့ ပြောပြလာပါတယ်။ Chadwick Boseman ဟာ ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ အူမကြီးကင်ဆာနဲ့ ကွယ်လွန်သွားတဲ့နောက် Ryan Coogler အနေနဲ့ ရုပ်ရှင်တွေ ဆက်ရိုက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်မိကြောင်း Entertainment Weekly ကို ပြောပြခဲ့ပါတယ်။

“ငါတော့ ဒီလောကကနေ စွန့်ခွာတော့မယ်လို့ စဉ်းစားတဲ့ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။ နောက်ထပ် Black Panther တစ်ကားကို ဆက်ရိုက်ဖို့ နေနေသာသာ တခြားရုပ်ရှင်တွေ ရိုက်ဖို့ကိုတောင် ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ခံစားခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ထွက်ခွာသွားမှုမှာ ကျွန်တော် သိပ်ကိုနာကျင်ခံစားခဲ့ရလို့ပါပဲ …” လို့ Ryan Coogler က ဆိုပါတယ်။

Photo: chadwickboseman/ Instagram

“သူ ဆုံးသွားပြီဆိုတာ သိလိုက်ရတဲ့နောက် ကျွန်တော်တို့ကြားမှာ ပြောခဲ့ဖူးတဲ့ စကားပေါင်းများစွာကို ပြန်အမှတ်ရလာမိတယ်။ အဲဒီနောက်ပိုင်းကျတော့ ကျွန်တော် ဆက်လုပ်နေမှ အဓိပ္ပာယ်ရှိမယ်လို့ ခံစားမိတာကြောင့် ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ …”

“ကျွန်တော်တို့ ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေဟာ တကယ်တော့ လှိုင်းတွေလိုမျိုး လာတယ်ဗျ။ တစ်ခါတစ်လေမှာဆိုရင် ကိုယ့်ဘက်က ထိန်းချုပ်မှု လွတ်သွားတဲ့အခါမျိုးမှာ အဲဒီလှိုင်းက ခင်ဗျားကို အဝေးကြီးဆီ သယ်ထုတ်သွားတတ်တယ်။ ကိုယ်ကတော့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တယ်လို့ ထင်မှာပဲ။ ဒါပေမယ့် ခင်ဗျားဟာ တကယ် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ဘူးဆိုတဲ့အကြောင်း ရေလှိုင်းက ခင်ဗျားကို ပြောလိမ့်မယ် …” လို့ ဒါရိုက်တာ Ryan Coogler က ပြောပြထားပါတယ်။

Photo: chadwickboseman/ Instagram

ဒါကြောင့်ပဲ Ryan Coogler ဟာ Black Panther: Wakanda Forever ကိုလည်း ဆက်လက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ လာမယ့် နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular