HomeEntertainmentFilmSupernatural ရဲ့ လာမယ့်အပိုင်းတွေမှာ ပြန်လည်ပါဝင်လာမယ့် ဇာတ်ကောင်များ

Supernatural ရဲ့ လာမယ့်အပိုင်းတွေမှာ ပြန်လည်ပါဝင်လာမယ့် ဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Supernatural ဇာတ်လမ်းတွဲဟာ ထုတ်လွှင့်ခဲ့တာ (၁၅)နှစ်ရှိပြီ ဖြစ်ပြီးတော့ season 15 နဲ့ ဇာတ်သိမ်းသွားမှာ ဖြစ်ပါတယ်။ Sam နဲ့ Dean ဟာ အမေရိကန်မှာရှိတဲ့ သဘာဝလွန်သတ္တဝါတွေနဲ့ သဘာဝလွန် ပြဿနာတွေကို (၁၅)နှစ်လောက် ရင်ဆိုင်ခဲ့ရတာကြောင့် တစ်ခြားဇာတ်ကောင်တွေ အများကြီးနဲ့လည်း ဆုံတွေ့ခဲ့ကြပါတယ်။ ဒါကြောင့် ယခုလာမယ့် နောက်ဆုံးအပိုင်းတွေမှာ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ တစ်ခြားဇာတ်ကောင်တွေကို ပြန်လည်ထည့်သွင်းသွားမယ်လို့ ဒီဇာတ်လမ်းတွဲရဲ့ showrunner တွေဖြစ်တဲ့ Robert Singer နဲ့ Andrew Dabb တို့က ပြောကြားလိုက်ပါတယ်။

photo via mdb

“တစ်ကျော့ပြန် ထည့်သွင်းသွားမယ့် ဇာတ်ကောင်တစ်ချို့ကိုတော့ ပြောပြလို့ရပြီး တစ်ချို့ဇာတ်ကောင်တွေကိုတော့  ပြောပြလို့မရပါဘူး။ ဒါပေမယ့်လည်း ပရိသတ်တွေိဟာ ပြန်လည်ပါဝင်လာမယ့် ဇာတ်ကောင်တွေကိုတော့ သေချာပေါက် စိတ်ကျေနပ်ကြမှာပါ… ” ဆိုပြီး ရှိုးရဲ့ ဖန်တီးသူတွေက ပြောထားပါတယ်။

ဒါ့အပြင် Dabb ကလည်း ဒီဇာတ်လမ်းထဲမှာ ပြန်လည်ပါဝင်လာမယ့် ပရိသတ်တွေအကြိုက် ဇာတ်ကောင်တွေအကြောင်းကို ထပ်လောင်း ပြောပြထားပါတယ်။ “Charlie နဲ့ Donna Hanscum တို့ ပြန်လည် ပါဝင်လာမယ်ဆိုတာကို ပရိသတ်တွေလည်း သိပြီးသွားပါပြီ။ သူတို့ ပြန်လည်ပါဝင်လာမယ့် အကြောင်းကတော့ လျှို့ဝှက်ချက်ရယ်လို့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း နောက်ထပ် တစ်ကျော့ပြန် ပါဝင်လာမယ့် ဇာတ်ကောင်တွေလည်း ရှိပြီးတော့ သူတို့တွေဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတွေကနေ ပါဝင်သွားမှာပါ… ” လို့ ပြောခဲ့ပါတယ်။

photo via mdb

Supernatural ဇာတ်လမ်းတွဲဟာ ၂၀၀၅ခုနှစ်မှာ စတင်ပြသခဲ့ပြီးတော့ လူကြိုက်အရမ်းများတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ကာလကြာရှည်စွာ ထုတ်လွှင့်ပြသလာတဲ့ ရှိုးတစ်ခုဖြစ်လို့ ပရိသတ်တွေ ကြိိုက်နှစ်သက်တဲ့ ဇာတ်ကောင်တစ်ချို့ရဲ့ သေဆုံးမှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့် season 15 မှာ ပြန်လည်ပါဝင်လာမယ့် ဇာတ်ကောင်တွေထဲမှာ သေဆုံးပြီးသား ဇာတ်ကောင်တွေလည်း ပြန်လည်ပါဝင်လာနိုင်သေးတယ်လို့ ခန့်မှန်းနိုင်ပါတယ်။

Supernatural ရဲ့ နောက်ဆုံး ဇာတ်သိမ်း season ကို ရိုက်ကူးနေတဲ့အချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုက်ကူးရေးတွေလည်း ရပ်နားခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ရိုက်ကူးရေးအားလုံးလည်း ပြီးဆုံးသွားပြီ ဖြစ်ကာ အရင်ကဇာတ်ကောင်တွေလည်း ပြန်လည်ပါဝင်လာမယ်ဆိုတာက SPN ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပါပဲလို့ တင်ပြရင်း … ။

Legos

Source: screenrant

(Zawgyi Version)

Supernatural ဇာတ္လမ္းတြဲဟာ ထုတ္လႊင့္ခဲ့တာ (၁၅)ႏွစ္ရွိၿပီ ျဖစ္ၿပီးေတာ့ season 15 နဲ႔ ဇာတ္သိမ္းသြားမွာ ျဖစ္ပါတယ္။ Sam နဲ႔ Dean ဟာ အေမရိကန္မွာရွိတဲ့ သဘာဝလြန္သတၱဝါေတြနဲ႔ သဘာဝလြန္ ျပႆနာေတြကို (၁၅)ႏွစ္ေလာက္ ရင္ဆိုင္ခဲ့ရတာေၾကာင့္ တစ္ျခားဇာတ္ေကာင္ေတြ အမ်ားႀကီးနဲ႔လည္း ဆုံေတြ႕ခဲ့ၾကပါတယ္။ ဒါေၾကာင့္ ယခုလာမယ့္ ေနာက္ဆုံးအပိုင္းေတြမွာ ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္တဲ့ တစ္ျခားဇာတ္ေကာင္ေတြကို ျပန္လည္ထည့္သြင္းသြားမယ္လို႔ ဒီဇာတ္လမ္းတြဲရဲ႕ showrunner ေတြျဖစ္တဲ့ Robert Singer နဲ႔ Andrew Dabb တို႔က ေျပာၾကားလိုက္ပါတယ္။

photo via mdb

“တစ္ေက်ာ့ျပန္ ထည့္သြင္းသြားမယ့္ ဇာတ္ေကာင္တစ္ခ်ိဳ႕ကိုေတာ့ ေျပာျပလို႔ရၿပီး တစ္ခ်ိဳ႕ဇာတ္ေကာင္ေတြကိုေတာ့  ေျပာျပလို႔မရပါဘူး။ ဒါေပမယ့္လည္း ပရိသတ္ေတြိဟာ ျပန္လည္ပါဝင္လာမယ့္ ဇာတ္ေကာင္ေတြကိုေတာ့ ေသခ်ာေပါက္ စိတ္ေက်နပ္ၾကမွာပါ… ” ဆိုၿပီး ရႈိးရဲ႕ ဖန္တီးသူေတြက ေျပာထားပါတယ္။

ဒါ့အျပင္ Dabb ကလည္း ဒီဇာတ္လမ္းထဲမွာ ျပန္လည္ပါဝင္လာမယ့္ ပရိသတ္ေတြအႀကိဳက္ ဇာတ္ေကာင္ေတြအေၾကာင္းကို ထပ္ေလာင္း ေျပာျပထားပါတယ္။ “Charlie နဲ႔ Donna Hanscum တို႔ ျပန္လည္ ပါဝင္လာမယ္ဆိုတာကို ပရိသတ္ေတြလည္း သိၿပီးသြားပါၿပီ။ သူတို႔ ျပန္လည္ပါဝင္လာမယ့္ အေၾကာင္းကေတာ့ လွ်ိဳ႕ဝွက္ခ်က္ရယ္လို႔ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း ေနာက္ထပ္ တစ္ေက်ာ့ျပန္ ပါဝင္လာမယ့္ ဇာတ္ေကာင္ေတြလည္း ရွိၿပီးေတာ့ သူတို႔ေတြဟာ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ေနရာေတြကေန ပါဝင္သြားမွာပါ… ” လို႔ ေျပာခဲ့ပါတယ္။

photo via mdb

Supernatural ဇာတ္လမ္းတြဲဟာ ၂၀၀၅ခုႏွစ္မွာ စတင္ျပသခဲ့ၿပီးေတာ့ လူႀကိဳက္အရမ္းမ်ားတဲ့ ဇာတ္လမ္းတြဲတစ္ခုလည္း ျဖစ္ပါတယ္။ ကာလၾကာရွည္စြာ ထုတ္လႊင့္ျပသလာတဲ့ ရႈိးတစ္ခုျဖစ္လို႔ ပရိသတ္ေတြ ႀကိိုက္ႏွစ္သက္တဲ့ ဇာတ္ေကာင္တစ္ခ်ိဳ႕ရဲ႕ ေသဆုံးမႈေတြကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ season 15 မွာ ျပန္လည္ပါဝင္လာမယ့္ ဇာတ္ေကာင္ေတြထဲမွာ ေသဆုံးၿပီးသား ဇာတ္ေကာင္ေတြလည္း ျပန္လည္ပါဝင္လာႏိုင္ေသးတယ္လို႔ ခန႔္မွန္းႏိုင္ပါတယ္။

Supernatural ရဲ႕ ေနာက္ဆုံး ဇာတ္သိမ္း season ကို ႐ိုက္ကူးေနတဲ့အခ်ိန္မွာပဲ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႐ိုက္ကူးေရးေတြလည္း ရပ္နားခဲ့ရပါေသးတယ္။ ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ ႐ိုက္ကူးေရးအားလုံးလည္း ၿပီးဆုံးသြားၿပီ ျဖစ္ကာ အရင္ကဇာတ္ေကာင္ေတြလည္း ျပန္လည္ပါဝင္လာမယ္ဆိုတာက SPN ပရိသတ္ေတြအတြက္ သတင္းေကာင္းတစ္ခုပါပဲလို႔ တင္ျပရင္း … ။

Legos

Source: screenrant

RELATED ARTICLES

Most Popular