HomeCelebs Update NewsInternationalDiana မင်းသမီး ချန်ထားခဲ့တဲ့ စာကြောင့် လျှို့ဝှက်စစ်ဆေးခံခဲ့ရတယ်ဆိုတဲ့ Charles မင်းသားကြီး 

Diana မင်းသမီး ချန်ထားခဲ့တဲ့ စာကြောင့် လျှို့ဝှက်စစ်ဆေးခံခဲ့ရတယ်ဆိုတဲ့ Charles မင်းသားကြီး 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အသစ်ထွက်ရှိလာတဲ့ သတင်းတစ်ခုအရ Charles မင်းသားကြီးဟာ ဇနီးဟောင်းဖြစ်သူ မင်းသမီး Diana သေဆုံးမှုနဲ့ ပတ်သက်ပြီး ၂၀၀၅ခုနှစ်တုန်းက ယူကေ ရဲဌာနရဲ့ မေးမြန်းစစ်ဆေးခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဆေးမှုကတော့ Operation Paget ရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ပါတယ်။ Operation Paget ဆိုတာကတော့ မင်းသမီး Diana သေဆုံးမှုနဲ့ ပတ်သက်ပြီး ထွက်ရှိလာတဲ့ သီအိုရီ၊ အယူအဆတွေကို စုံစမ်း စစ်ဆေးဖို့ ၂၀၀၄ခုနှစ်မှာ ဗြိတိန် မက်ထရိုပိုလီတန် ရဲဌာနက လုပ်ဆောင်ခဲ့တဲ့ မစ်ရှစ်တစ်ခု ဖြစ်ပါတယ်။

Scotland Yard ရဲတပ်ဖွဲ့ရဲ့ ရဲချုပ်ဟောင်း John Stevens ရဲ့  Daily Mail သတင်းဌာနကို ပြောကြားချက်အရ ၁၉၉၅ခုနှစ်မှာ မင်းသမီး Diana ရေးသားခဲ့တဲ့ စာတစ်စောင်နဲ့ ပတ်သက်ပြီး Charles မင်းသားကြီးနဲ့ စကားပြောဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Photo: princesdianaa/ Instagram

အဆိုပါ စာထဲမှာတော့ “ကျွန်မကားထဲမှာ အက်ဆီးဒင့်တစ်ခု ဖြစ်အောင် ကျွန်မယောက်ျားက စီစဉ်နေပါတယ်။ ဘရိတ်မမိအောင် လုပ်ထားတယ်။ ခေါင်းမှာ ကြီးကြီးမားမား ထိခိုက်မိအောင်ပေါ့။ အဲဒါမှ သူ Tiggy Legge-Bourke နဲ့ လက်ထပ်လို့ ရအောင်လေ … ” လို့ ရေးသားထားခဲ့ပါတယ်။

Tiggy Legge-Bourke ဆိုတာကတော့ မင်းသား Williams နဲ့ Harry တို့ရဲ့ အထိန်းတော် ဖြစ်ပါတယ်။ Charles မင်းသားကြီးနဲ့ မင်းသမီး Diana တို့ကတော့ ၁၉၉၆ခုနှစ်မှာ ကွာရှင်းခဲ့ကြတာပါ။

မင်းသမီး Diana ရဲ့ လက်ရေးနဲ့ ရေးသားထားခဲ့တဲ့ အဆိုပါစာဟာ ၂၀၀၃ခုနှစ်မှာ လူထုဆီကို ပေါက်ကြားလာခဲ့တာ ဖြစ်ပြီး Diana ရဲ့ သေဆုံးမှုဟာလည်း သီအိုရီပေါင်းများစွာ၊ မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်မှာပဲ Charles မင်းသားကြီးဟာ သက်သေအနေနဲ့ နှစ်နှစ်ကြာ စစ်ဆေး မေးမြန်းခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ စစ်ဆေးမှုကိုတော့ လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး St. James နန်းတော်ထဲမှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

Photo: princesdianaa/ Instagram

“စွပ်စွဲထားတာကတော့ Charles မင်းသားကြီးနဲ့ တခြားတော်ဝင်မိသားစုတွေကို စွပ်စွဲထားတာပါ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ သူ့ကို တရားဝင် မေးခွန်းတွေနဲ့ မချဉ်းကပ်ခင် အရင်ဆုံး ရှိနေတဲ့ သက်သေ အထောက်အထားတွေကို စစ်ဆေးတာ၊ ရှာဖွေတာတွေ ပြုလုပ်ရပါတယ်။ Diana ရဲ့ စာထဲမှာ စွပ်စွဲထားတဲ့ အချက်တွေကို ခိုင်လုံစေမယ့် တခြားသက်သေ အထောက်အထားတွေ ကျွန်တော်တို့ မတွေ့ခဲ့ရပါဘူး … ” လို့ ရဲချုပ် Stevens က ဆိုထားပါတယ်။

“ကျွန်တော်တို့ဆီမှာ စာတစ်စောင်ပဲ ကျန်ခဲ့တာပါ။ အဲဒီစာမှာကိုက Charles မင်းသားကို သံသယရှိသူအဖြစ် သတ်မှတ်လို့ ရလောက်အောင် လုံလောက်တဲ့ ခိုင်လုံမှုမျိုး မရှိပါဘူး။ ဒီ Operation Paget ကို ပူးပေါင်း ဆောင်ရွက်ပေးဖို့ မင်းသားကြီးက ရွေးချယ်ခဲ့ပြီး သက်သေတစ်ယောက်အနေနဲ့ တက်ကြွစွာ ပါဝင်ပေးခဲ့ပါတယ်။ သူ့ကိုတော့ တရားခံစစ်သလို စစ်ဆေး မေးမြန်းခဲ့တာ မဟုတ်ပါဘူး …  ” လို့ ရဲချုပ်က Daily Mail ကို ပြောထားပါတယ်။

Photo: charles_diana81/ Instagram

မင်းသမီး Diana ရဲ့ စာနဲ့ ပတ်သက်ပြီး မင်းသားကြီး Charles ကို ရဲချုပ် မေးမြန်းခဲ့တယ်ဆိုတဲ့ မေးခွန်းတချို့ကတော့ …

ရဲချုပ် : “မင်းသမီးဟာ ဒီစာကို ဘာကြောင့် ရေးသွားတယ်လို့ ထင်ပါသလဲ …”

Charles မင်းသားကြီး : “အဲဒီစာနဲ့ ပတ်သက်လို့ မီဒီယာတွေမှာ ဖော်ပြလာတော့မှ ကျွန်တော် သိရတာပါ … ”

ရဲချုပ် : “ဒီစာနဲ့ ပတ်သက်ပြီး မင်းသမီးနဲ့ တစုံတရာ ဆွေးနွေးခဲ့တာမျိုးရော ရှိပါသလား … ”

Charles မင်းသားကြီး : “အဲဒီစာ ရှိနေမှန်းတောင် ကျွန်တော် မသိခဲ့ပါဘူး … ”

ရဲချုပ် : “မင်းသမီးမှာ ဘာကြောင့် ဒီလို ခံစားချက်တွေ ရှိနေခဲ့တာလည်းဆိုတာရော သိပါသလား … ”

Charles မင်းသားကြီး : “မသိပါဘူး …”

ရဲချုပ်ကတော့ Charles မင်းသားကြီးမှာ ဖုံးကွယ်စရာ မရှိတဲ့အတွက် တက်ကြွစွာ ပူးပေါင်း ပါဝင်ပေးခဲ့တယ်လို့ Daily Mail နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

Photo: princesdianaa/ Instagram

Charles မင်းသားကြီးဟာ ဇနီးဟောင်းဖြစ်သူ Diana ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ပူးပေါင်း ပါဝင်ပေးခဲ့ပေမယ့် သူ့ရဲ့ ဖခင်ဖြစ်တဲ့ Philips မင်းသားကြီးကတော့ စုံစမ်း စစ်ဆေးမှုမှာ ပူးပေါင်း ပါဝင်ဖို့ ငြင်းဆိုခဲ့ပါတယ်။ တော်ဝင်မိသားစုဝင်တွေအပေါ်မှာလည်း စွပ်စွဲချက်တွေ ရှိခဲ့တဲ့အပေါ် မှတ်ချက်တစုံတစ်ရာ တောင်းခံခဲ့ရာမှာလည်း “No, Thank You” ဆိုပြီးတော့သာ တုံ့ပြန် ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

မင်းသမီး Diana ရဲ့ စာကတော့ ဘီဘီစီ သတင်းထောက် Martin Bashir နဲ့ အင်တာဗျူးခဲ့တဲ့ အချိန်ပတ်ဝန်းကျင်လောက်မှာ ရေးသားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Linda December

Source: people

(Zawgyi Version)

အသစ္ထြက္ရွိလာတဲ့ သတင္းတစ္ခုအရ Charles မင္းသားႀကီးဟာ ဇနီးေဟာင္းျဖစ္သူ မင္းသမီး Diana ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ၂၀၀၅ခုႏွစ္တုန္းက ယူေက ရဲဌာနရဲ႕ ေမးျမန္းစစ္ေဆးျခင္း ခံခဲ့ရတယ္လို႔ သိရပါတယ္။

အဆိုပါ စစ္ေဆးမႈကေတာ့ Operation Paget ရဲ႕ တစိတ္တပိုင္းအျဖစ္ ပါဝင္ပါတယ္။ Operation Paget ဆိုတာကေတာ့ မင္းသမီး Diana ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ထြက္ရွိလာတဲ့ သီအိုရီ၊ အယူအဆေတြကို စုံစမ္း စစ္ေဆးဖို႔ ၂၀၀၄ခုႏွစ္မွာ ၿဗိတိန္ မက္ထ႐ိုပိုလီတန္ ရဲဌာနက လုပ္ေဆာင္ခဲ့တဲ့ မစ္ရွစ္တစ္ခု ျဖစ္ပါတယ္။

Scotland Yard ရဲတပ္ဖြဲ႕ရဲ႕ ရဲခ်ဳပ္ေဟာင္း John Stevens ရဲ႕  Daily Mail သတင္းဌာနကို ေျပာၾကားခ်က္အရ ၁၉၉၅ခုႏွစ္မွာ မင္းသမီး Diana ေရးသားခဲ့တဲ့ စာတစ္ေစာင္နဲ႔ ပတ္သက္ၿပီး Charles မင္းသားႀကီးနဲ႔ စကားေျပာျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

Photo: princesdianaa/ Instagram

အဆိုပါ စာထဲမွာေတာ့ “ကြၽန္မကားထဲမွာ အက္ဆီးဒင့္တစ္ခု ျဖစ္ေအာင္ ကြၽန္မေယာက္်ားက စီစဥ္ေနပါတယ္။ ဘရိတ္မမိေအာင္ လုပ္ထားတယ္။ ေခါင္းမွာ ႀကီးႀကီးမားမား ထိခိုက္မိေအာင္ေပါ့။ အဲဒါမွ သူ Tiggy Legge-Bourke နဲ႔ လက္ထပ္လို႔ ရေအာင္ေလ … ” လို႔ ေရးသားထားခဲ့ပါတယ္။

Tiggy Legge-Bourke ဆိုတာကေတာ့ မင္းသား Williams နဲ႔ Harry တို႔ရဲ႕ အထိန္းေတာ္ ျဖစ္ပါတယ္။ Charles မင္းသားႀကီးနဲ႔ မင္းသမီး Diana တို႔ကေတာ့ ၁၉၉၆ခုႏွစ္မွာ ကြာရွင္းခဲ့ၾကတာပါ။

မင္းသမီး Diana ရဲ႕ လက္ေရးနဲ႔ ေရးသားထားခဲ့တဲ့ အဆိုပါစာဟာ ၂၀၀၃ခုႏွစ္မွာ လူထုဆီကို ေပါက္ၾကားလာခဲ့တာ ျဖစ္ၿပီး Diana ရဲ႕ ေသဆုံးမႈဟာလည္း သီအိုရီေပါင္းမ်ားစြာ၊ ေမးခြန္းေပါင္းမ်ားစြာ ထြက္ေပၚလာခဲ့ပါတယ္။ အဲဒီေနာက္မွာပဲ Charles မင္းသားႀကီးဟာ သက္ေသအေနနဲ႔ ႏွစ္ႏွစ္ၾကာ စစ္ေဆး ေမးျမန္းျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။ အဆိုပါ စစ္ေဆးမႈကိုေတာ့ လွ်ိဳ႕ဝွက္စြာ လုပ္ေဆာင္ခဲ့တာ ျဖစ္ၿပီး St. James နန္းေတာ္ထဲမွာ ျပဳလုပ္ခဲ့တာလို႔ သိရပါတယ္။

Photo: princesdianaa/ Instagram

“စြပ္စြဲထားတာကေတာ့ Charles မင္းသားႀကီးနဲ႔ တျခားေတာ္ဝင္မိသားစုေတြကို စြပ္စြဲထားတာပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အေနနဲ႔ သူ႔ကို တရားဝင္ ေမးခြန္းေတြနဲ႔ မခ်ဥ္းကပ္ခင္ အရင္ဆုံး ရွိေနတဲ့ သက္ေသ အေထာက္အထားေတြကို စစ္ေဆးတာ၊ ရွာေဖြတာေတြ ျပဳလုပ္ရပါတယ္။ Diana ရဲ႕ စာထဲမွာ စြပ္စြဲထားတဲ့ အခ်က္ေတြကို ခိုင္လုံေစမယ့္ တျခားသက္ေသ အေထာက္အထားေတြ ကြၽန္ေတာ္တို႔ မေတြ႕ခဲ့ရပါဘူး … ” လို႔ ရဲခ်ဳပ္ Stevens က ဆိုထားပါတယ္။

“ကြၽန္ေတာ္တို႔ဆီမွာ စာတစ္ေစာင္ပဲ က်န္ခဲ့တာပါ။ အဲဒီစာမွာကိုက Charles မင္းသားကို သံသယရွိသူအျဖစ္ သတ္မွတ္လို႔ ရေလာက္ေအာင္ လုံေလာက္တဲ့ ခိုင္လုံမႈမ်ိဳး မရွိပါဘူး။ ဒီ Operation Paget ကို ပူးေပါင္း ေဆာင္႐ြက္ေပးဖို႔ မင္းသားႀကီးက ေ႐ြးခ်ယ္ခဲ့ၿပီး သက္ေသတစ္ေယာက္အေနနဲ႔ တက္ႂကြစြာ ပါဝင္ေပးခဲ့ပါတယ္။ သူ႔ကိုေတာ့ တရားခံစစ္သလို စစ္ေဆး ေမးျမန္းခဲ့တာ မဟုတ္ပါဘူး …  ” လို႔ ရဲခ်ဳပ္က Daily Mail ကို ေျပာထားပါတယ္။

Photo: charles_diana81/ Instagram

မင္းသမီး Diana ရဲ႕ စာနဲ႔ ပတ္သက္ၿပီး မင္းသားႀကီး Charles ကို ရဲခ်ဳပ္ ေမးျမန္းခဲ့တယ္ဆိုတဲ့ ေမးခြန္းတခ်ိဳ႕ကေတာ့ …

ရဲခ်ဳပ္ : “မင္းသမီးဟာ ဒီစာကို ဘာေၾကာင့္ ေရးသြားတယ္လို႔ ထင္ပါသလဲ …”
Charles မင္းသားႀကီး : “အဲဒီစာနဲ႔ ပတ္သက္လို႔ မီဒီယာေတြမွာ ေဖာ္ျပလာေတာ့မွ ကြၽန္ေတာ္ သိရတာပါ … ”
ရဲခ်ဳပ္ : “ဒီစာနဲ႔ ပတ္သက္ၿပီး မင္းသမီးနဲ႔ တစုံတရာ ေဆြးေႏြးခဲ့တာမ်ိဳးေရာ ရွိပါသလား … ”
Charles မင္းသားႀကီး : “အဲဒီစာ ရွိေနမွန္းေတာင္ ကြၽန္ေတာ္ မသိခဲ့ပါဘူး … ”
ရဲခ်ဳပ္ : “မင္းသမီးမွာ ဘာေၾကာင့္ ဒီလို ခံစားခ်က္ေတြ ရွိေနခဲ့တာလည္းဆိုတာေရာ သိပါသလား … ”
Charles မင္းသားႀကီး : “မသိပါဘူး …”

ရဲခ်ဳပ္ကေတာ့ Charles မင္းသားႀကီးမွာ ဖုံးကြယ္စရာ မရွိတဲ့အတြက္ တက္ႂကြစြာ ပူးေပါင္း ပါဝင္ေပးခဲ့တယ္လို႔ Daily Mail နဲ႔ အင္တာဗ်ဴးမွာ ေျပာထားပါတယ္။

Photo: princesdianaa/ Instagram

Charles မင္းသားႀကီးဟာ ဇနီးေဟာင္းျဖစ္သူ Diana ရဲ႕ ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ပူးေပါင္း ပါဝင္ေပးခဲ့ေပမယ့္ သူ႔ရဲ႕ ဖခင္ျဖစ္တဲ့ Philips မင္းသားႀကီးကေတာ့ စုံစမ္း စစ္ေဆးမႈမွာ ပူးေပါင္း ပါဝင္ဖို႔ ျငင္းဆိုခဲ့ပါတယ္။ ေတာ္ဝင္မိသားစုဝင္ေတြအေပၚမွာလည္း စြပ္စြဲခ်က္ေတြ ရွိခဲ့တဲ့အေပၚ မွတ္ခ်က္တစုံတစ္ရာ ေတာင္းခံခဲ့ရာမွာလည္း “No, Thank You” ဆိုၿပီးေတာ့သာ တုံ႔ျပန္ ေျဖၾကားခဲ့တယ္လို႔ သိရပါတယ္။

မင္းသမီး Diana ရဲ႕ စာကေတာ့ ဘီဘီစီ သတင္းေထာက္ Martin Bashir နဲ႔ အင္တာဗ်ဴးခဲ့တဲ့ အခ်ိန္ပတ္ဝန္းက်င္ေလာက္မွာ ေရးသားခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

Linda December

Source: people

 

 

RELATED ARTICLES

Most Popular