HomeEntertainmentFilmပုံစံအသစ္နဲ႔ တစ္ဖန္ၾကည့္ရႈခံစားရဦးမယ့္ Charlie's Angels (၂၀၁၉ဗားရွင္းအသစ္)

ပုံစံအသစ္နဲ႔ တစ္ဖန္ၾကည့္ရႈခံစားရဦးမယ့္ Charlie’s Angels (၂၀၁၉ဗားရွင္းအသစ္)

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

၂၀၀၀ခုႏွစ္အေစာပိုင္း၀န္းက်င္တုန္းက အက္ရွင္ကားခ်စ္သူတိုင္း စြဲလမ္းႏွစ္ၿခိဳက္ခဲ့ရတဲ့ Charlie’s Angels ဇာတ္ကားကိုေတာ့ ယခုႏွစ္အတြင္းမွာ ပုံစံအသစ္နဲ႔ ျပန္လည္ၾကည့္ရႈၾကရေတာ့မွာပါ။

ယခု reboot ျပန္ရိုက္တဲ့ Charlie’s Angels မွာေတာ့ Kristen Stewart ၊ Naomi Scott နဲ႔ Ella Balinska တို႔က စပါယ္ရွယ္ေအးဂ်င့္ေတြျဖစ္တဲ့ Sabina ၊ Elena နဲ႔ Jane တို႔ေနရာကေန သရုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။


မူရင္း Charlie’s Angels ကေတာ့ ဇာတ္လမ္းတြဲျဖစ္ၿပီး ၁၉၇၆ခုႏွစ္ကေန ၁၉၈၁ခုႏွစ္အထိ ထုတ္လႊင့္ျပသခဲ့ပါတယ္။ ဒီလိုနဲ႔ ၂၀၀၀ခုႏွစ္မွာေတာ့ ရုပ္ရွင္ဇာတ္ကားအျဖစ္နဲ႔ ျပန္လည္ရိုက္ကူးခဲ့ၿပီး Cameron Diaz ၊ Drew Barrymore နဲ႔ Lucy Liu တို႔က Charlie ရဲ႕ ပုဂၢလိက စုံေထာက္ေအဂ်င္စီ Townsend အတြက္ အလုပ္လုပ္ေပးတဲ့ အိန္ဂ်ယ္ေတြအျဖစ္ သရုပ္ေဆာင္ခဲ့ပါတယ္။ ၂၀၀၃ခုႏွစ္ေရာက္တဲ့အခါ Charlie’s Angels: Full Throttle ဆိုၿပီး ေနာက္ဆက္တြဲ ဇာတ္ကားကို ထပ္မံရိုက္ကူးခဲ့ၿပီး တစ္ခန္းရပ္သြားခဲ့တာပါ။

Photo Credit: letterboxd

ယခု၂၀၁၉ခုႏွစ္မွာ ရုံတင္ေတာ့မယ့္ Charlie’s Angels ဇာတ္ကားမွာေတာ့ Townsend ေအဂ်င္စီကို ပုဂၢလိကစုံေထာက္ကုမၸဏီဆိုတာထက္ပိုၿပီး ကမာၻအႏွံ႔မွာ ျဖန္႔က်က္ထားတဲ့ လုံၿခံဳေရး၀န္ေဆာင္မႈတစ္ခုအေနနဲ႔ ပုံေဖာ္သြားဖို႔ ရိွတယ္လို႔ သိရပါတယ္။ ေနာက္ထပ္စိတ္၀င္စားဖို႔ေကာင္းတဲ့ အရာတစ္ခုကေတာ့ ယခု official ထြက္ရိွလာတဲ့ ေထြလာထဲက ဇာတ္၀င္သီခ်င္းပါ။ အဆိုပါ ဇာတ္၀င္သီခ်င္းကို Ariana Grande ၊ Miley Cyrus နဲ႔ Lana Del Ray တို႔က သီဆိုထားတယ္လို႔ သိရပါတယ္။


ပုံစံအသစ္၊ အရသာအသစ္နဲ႔ Charlie’s Angels ကိုေတာ့ ယူေကနဲ႔ ယူအက္စ္က ရုပ္ရွင္ရုံေတြမွာ ၂၀၁၉ခုႏွစ္ ႏို၀င္ဘာလ (၁၅)ရက္ေန႔မွာ တစ္ၿပိဳင္တည္း ရုံတင္ျပသသြားမယ္လို႔ သိရပါတယ္။ ေအာက္မွာ ေဖာ္ျပေပးထားတာကေတာ့ official ေထြလာပါ။ Cameron Diaz တို႔ရဲ႕ ဗားရွင္းနဲ႔ Kristen Stewart တို႔ရဲ႕ ဗားရွင္းမွာ ဘယ္ Charlie’s Angels ဗားရွင္းက စာဖတ္သူတို႔ရဲ႕ စိတ္၀င္စားမႈကို ျဖစ္ေစတယ္ဆိုတာလည္း comment မွာ အျမင္ေလးေတြ မွ်ေ၀ေပးခဲ့ပါဦး။

Xei

(Unicode Version)

၂၀၀၀ခုနှစ်အစောပိုင်းဝန်းကျင်တုန်းက အက်ရှင်ကားချစ်သူတိုင်း စွဲလမ်းနှစ်ခြိုက်ခဲ့ရတဲ့ Charlie’s Angels ဇာတ်ကားကိုတော့ ယခုနှစ်အတွင်းမှာ ပုံစံအသစ်နဲ့ ပြန်လည်ကြည့်ရှုကြရတော့မှာပါ။

ယခု reboot ပြန်ရိုက်တဲ့ Charlie’s Angels မှာတော့ Kristen Stewart ၊ Naomi Scott နဲ့ Ella Balinska တို့က စပါယ်ရှယ်အေးဂျင့်တွေဖြစ်တဲ့ Sabina ၊ Elena နဲ့ Jane တို့နေရာကနေ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


မူရင်း Charlie’s Angels ကတော့ ဇာတ်လမ်းတွဲဖြစ်ပြီး ၁၉၇၆ခုနှစ်ကနေ ၁၉၈၁ခုနှစ်အထိ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၀ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားအဖြစ်နဲ့ ပြန်လည်ရိုက်ကူးခဲ့ပြီး Cameron Diaz ၊ Drew Barrymore နဲ့ Lucy Liu တို့က Charlie ရဲ့ ပုဂ္ဂလိက စုံထောက်အေဂျင်စီ Townsend အတွက် အလုပ်လုပ်ပေးတဲ့ အိန်ဂျယ်တွေအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ်ရောက်တဲ့အခါ Charlie’s Angels: Full Throttle ဆိုပြီး နောက်ဆက်တွဲ ဇာတ်ကားကို ထပ်မံရိုက်ကူးခဲ့ပြီး တစ်ခန်းရပ်သွားခဲ့တာပါ။

Photo Credit: letterboxd

ယခု၂၀၁၉ခုနှစ်မှာ ရုံတင်တော့မယ့် Charlie’s Angels ဇာတ်ကားမှာတော့ Townsend အေဂျင်စီကို ပုဂ္ဂလိကစုံထောက်ကုမ္ပဏီဆိုတာထက်ပိုပြီး ကမ္ဘာအနှံ့မှာ ဖြန့်ကျက်ထားတဲ့ လုံခြုံရေးဝန်ဆောင်မှုတစ်ခုအနေနဲ့ ပုံဖော်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုကတော့ ယခု official ထွက်ရှိလာတဲ့ ထွေလာထဲက ဇာတ်ဝင်သီချင်းပါ။ အဆိုပါ ဇာတ်ဝင်သီချင်းကို Ariana Grande ၊ Miley Cyrus နဲ့ Lana Del Ray တို့က သီဆိုထားတယ်လို့ သိရပါတယ်။


ပုံစံအသစ်၊ အရသာအသစ်နဲ့ Charlie’s Angels ကိုတော့ ယူကေနဲ့ ယူအက်စ်က ရုပ်ရှင်ရုံတွေမှာ ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့မှာ တစ်ပြိုင်တည်း ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ အောက်မှာ ဖော်ပြပေးထားတာကတော့ official ထွေလာပါ။ Cameron Diaz တို့ရဲ့ ဗားရှင်းနဲ့ Kristen Stewart တို့ရဲ့ ဗားရှင်းမှာ ဘယ် Charlie’s Angels ဗားရှင်းက စာဖတ်သူတို့ရဲ့ စိတ်ဝင်စားမှုကို ဖြစ်စေတယ်ဆိုတာလည်း comment မှာ အမြင်လေးတွေ မျှဝေပေးခဲ့ပါဦး။

Xei

 

RELATED ARTICLES

Most Popular