HomeEntertainmentFilmChloe Grace Moretz ရဲ့ Sci-Fi ဇာတ်လမ်းတွဲအသစ် The Peripheral

Chloe Grace Moretz ရဲ့ Sci-Fi ဇာတ်လမ်းတွဲအသစ် The Peripheral

မင်းသမီးချော Chloe Grace Moretz အဓိကပါဝင်ထားတဲ့ The Peripheral စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းတွဲကတော့ Amazon ကနေ ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စာရေးဆရာ Willian Gibson ရဲ့ စာအုပ်ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Chole Grace Moretz သရုပ်ဆောင်ထားတဲ့ Flynne Fisher ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို အဓိက မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Flynne Fisher ဟာ အမေရိကရဲ့ ကျေးလက်ဒေသတစ်ခုမှာ နေထိုင်ရင်း မြို့တွင်းက 3D Printing Shop မှာ အလုပ်လုပ်နေပါတယ်။ ဒါ့အပြင် သူမဟာ အပိုဝင်ငွေရအောင် လူချမ်းသာတွေအတွက် VR ဂိမ်းတွေကို ကစားပေးပါသေးတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူမဟာ သူမသူငယ်ချင်းရဲ့ VR အသစ်ကို စမ်းကြည့်ရင်း အနာဂတ် နှစ်(၇၀)လောက်ကို ရောက်ရှိသွားပါတယ်။

မကြာသေးခင်ကပဲ Amazon ဟာ The Peripheral ဇာတ်လမ်းတွဲရဲ့ ထွေလာကို ထုတ်ပေးခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ Chloe Grace Moretz ရဲ့ ဇာတ်ကောင်ဟာ အနာဂတ်ကို ရောက်သွားမှန်း သိလိုက်ပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်ကာလကြားမှာ ဗျာများနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် အနာဂတ်ကာလရဲ့ လန်ဒန်မြို့က ဘယ်လိုပုံစံလည်း ဖြစ်နေမယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် အောက်တိုဘာလ (၂၁)ရက်နေ့မှာ စတင်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Chloe Grace Moretz အပြင် Jack Reynor (Midsommer) ၊ Charlotte Riley (Peaky Blinders) ၊ Gary Carr ၊ Eli Goree ၊ JJ Feild ၊ Adelind Horan နဲ့ T’Nia Miller တို့လည်း ပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကို ဖန်တီးသွားမယ့်သူတွေကလည်း Westworld ဇာတ်လမ်းတွဲကို ဖန်တီးခဲ့တဲ့ Jonathan Nolan နဲ့ Lisa Joy တို့ ဖြစ်တာကြောင့် ဒီဇာတ်လမ်းတွဲဟာလည်း ရုပ်ရှင်ချစ်ပရိသတ်တွေအကြိုက် ဖြစ်လာဦးမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular