HomeEntertainmentFilmရုပ်ရှင်သစ်အတွက် Leonardo ရဲ့ဆံပင်ပုံစံကို မှီငြမ်းခဲ့ရတယ်ဆိုတဲ့ Choi Woo Shik

ရုပ်ရှင်သစ်အတွက် Leonardo ရဲ့ဆံပင်ပုံစံကို မှီငြမ်းခဲ့ရတယ်ဆိုတဲ့ Choi Woo Shik

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ဖတ္ပါ။

မင်းသား Choi Woo Shik ဟာ သူနောက်ဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားအတွက် ဟောလိဝုဒ်မင်းသားချော Leonardo DiCaprio ရဲ့ ငယ်ငယ်က ဆံပင်ပုံစံကို မှီငြမ်းခဲ့ရတယ်လို့ ပြောပြလိုက်ပါတယ်။

Choi Woo Shik ဟာ News1 သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ သူ့ရဲ့ရုပ်ရှင်အသစ်နဲ့ အတွေ့အကြုံတွေကို ဖြေကြားရင်း အခုလို ပြောပြလိုက်တာ ဖြစ်ပါတယ်။ သူဟာ Netflix က ရိုက်ကူးထားတဲ့ ရုပ်ရှင်အသစ် Time To Hunt ထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: dntlrdl/ Instagram

အဆိုပါ ဇာတ်ကားကတော့ ဘဝသစ် စတင်ဖို့ မျှော်လင့်ချက်နဲ့ အန္တရာယ်များတဲ့ အလုပ်တွေကို လုပ်နေတဲ့ လူငယ်တစ်စုရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ထဲမှာ Choi Woo Shik က Ki Hoon ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Ki Hoon ဟာ သူငယ်ချင်းတွေအပေါ် သစ္စာရှိသူဖြစ်ပြီး အမြဲတမ်းလည်း သူငယ်ချင်းတွေအတွက် ပူပန်ပေးတတ်သူ ဖြစ်ပါတယ်။ Ki Hoon စိတ်ပူလင့်ကစား သူတို့အုပ်စုရဲ့ အစီအစဉ်တွေကတော့ အမြဲတမ်း အန္တရာယ်များတာမို့ ဘဝသစ်အတွက် မျှော်လင့်ပြီး လှုပ်ရှားသူတွေထဲမှာ Ki Hoon ကလည်း တက်ကြွစွာနဲ့ ပါဝင်သူ ဖြစ်ပါတယ်။

Photo: koreaboo

ရုပ်ရှင်နဲ့ ပတ်သက်ပြီး နောက်ဆုံးရလဒ်အပေါ် စိတ်ကျေနပ်မှုရှိမရှိ မေးမြန်းရာမှာတော့ ဇာတ်ကားထဲက သူ့ရဲ့ပုံစံသွင်ပြင်နဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ ” ဇာတ်လမ်းထဲမှာတော့ ကျွန်တော်က တော်‌တော်လေး ကြည့်လို့ကောင်းနေတယ်လို့ ထင်တယ်ဗျ… ” လို့ Choi Woo Shik က ဆိုပါတယ်။

အဲ့ဒီ့နောက်မှာတော့ အဆိုပါရုပ်ရှင်ထဲက သူ့ရဲ့ဆံပင်ပုံစံဟာ ကမ္ဘာကျော် သရုပ်ဆောင်မင်းသားကြီး Leonardo DiCaprio ရဲ့ပုံစံကို မှီငြမ်းထားတာပါလို့ ရှင်းပြလာပါတယ်။

Photo: flickr

” ကျွန်တော်တို့ ရုပ်ရှင်ကို စရိုက်တော့မယ်ဆိုပြီး အဆင်သင့်ဖြစ်တော့ စိတ်ပူရတာတစ်ခုက ကျွန်တော့်ဆံပင်ပုံစံပဲ။ အဲ့မှာ ဒါရိုက်တာက မင်းသား Leonardo ငယ်ငယ်က ပုံလေးကို ကျွန်တော့်ကို လာပြတယ်။ အဲ့ဒါနဲ့ ကျွန်တော့်ရဲ့ဓာတ်ပုံနဲ့ ယှဉ်ကြည့်တော့ နည်းနည်း ဆင်တူနေသလိုပဲ။ ကျွန်တော့်ရုပ်က အဲ့လိုပြောင်းသွားမယ်လို့ ကျွန်တော်လည်း မထင်ပါဘူးဗျာ။ ဒါပေမယ့် ကံကောင်းတော့ အဲ့ဆံပင်ပုံလေးက Ki Hoon ရဲ့ဇာတ်ရုပ်နဲ့ လိုက်သွားတယ်ဗျ။ အဲ့တော့ ကျွန်တော်လည်း အရမ်းကျေနပ်တာပေါ့… ” လို့ ဆိုပါတယ်။

Photo: dntlrdl/ Instagram

မင်းသား Choi Woo Shik ဟာ ဇာတ်လမ်းတွဲဘက်ကနေ ရုပ်ရှင်ဘက်ကို ကူးပြောင်းလာခဲ့သူဖြစ်ပြီး Set Me Free ၊ အော်စကာရသွားတဲ့ Parasite ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ ရုပ်ရှင်ဘက်မှာ တဟုန်ထိုး အောင်မြင်လာသူ ဖြစ်ပါတယ်။ Parasite ထဲမှာလည်း သူပါဝင်သရုပ်ဆောင်ထားရတဲ့ နေရာက အရေးကြီးတာကြောင့် ရှေ့လာမယ့် အနာဂတ်မှာလည်း ပိုကောင်းတဲ့ ဇာတ်ကောင်နေရာတွေမှာ သရုပ်ဆောင်ဖို့ အလားအလာတွေ အများကြီး ရှိနေသူတစ်ယောက်လို့ ဆိုလိုက်ရင်း … ။

LaNina
(Zawgyi Version)

မင္းသား Choi Woo Shik ဟာ သူေနာက္ဆုံး ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကားအတြက္ ေဟာလိဝုဒ္မင္းသားေခ်ာ Leonardo DiCaprio ရဲ႕ ငယ္ငယ္က ဆံပင္ပုံစံကို မွီျငမ္းခဲ့ရတယ္လို႔ ေျပာျပလိုက္ပါတယ္။

Choi Woo Shik ဟာ News1 သတင္းဌာနနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ သူ႔ရဲ႕႐ုပ္ရွင္အသစ္နဲ႔ အေတြ႕အႀကဳံေတြကို ေျဖၾကားရင္း အခုလို ေျပာျပလိုက္တာ ျဖစ္ပါတယ္။ သူဟာ Netflix က ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္အသစ္ Time To Hunt ထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

Photo: dntlrdl/ Instagram

အဆိုပါ ဇာတ္ကားကေတာ့ ဘဝသစ္ စတင္ဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ အႏၲရာယ္မ်ားတဲ့ အလုပ္ေတြကို လုပ္ေနတဲ့ လူငယ္တစ္စုရဲ႕အေၾကာင္းကို ႐ိုက္ကူးထားတာပါ။ ဒီ႐ုပ္ရွင္ထဲမွာ Choi Woo Shik က Ki Hoon ဆိုတဲ့ ဇာတ္ေကာင္ေနရာကေန ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ Ki Hoon ဟာ သူငယ္ခ်င္းေတြအေပၚ သစၥာရွိသူျဖစ္ၿပီး အၿမဲတမ္းလည္း သူငယ္ခ်င္းေတြအတြက္ ပူပန္ေပးတတ္သူ ျဖစ္ပါတယ္။ Ki Hoon စိတ္ပူလင့္ကစား သူတို႔အုပ္စုရဲ႕ အစီအစဥ္ေတြကေတာ့ အၿမဲတမ္း အႏၲရာယ္မ်ားတာမို႔ ဘဝသစ္အတြက္ ေမွ်ာ္လင့္ၿပီး လႈပ္ရွားသူေတြထဲမွာ Ki Hoon ကလည္း တက္ႂကြာစြာနဲ႔ ပါဝင္သူ ျဖစ္ပါတယ္။

Photo: koreaboo

႐ုပ္ရွင္နဲ႔ ပတ္သက္ၿပီး ေနာက္ဆုံးရလဒ္အေပၚ စိတ္ေက်နပ္မႈရွိမရွိ ေမးျမန္းရာမွာေတာ့ ဇာတ္ကားထဲက သူ႔ရဲ႕ပုံစံသြင္ျပင္နဲ႔ ပတ္သက္ၿပီး ေျပာျပခဲ့ပါတယ္။ ” ဇာတ္လမ္းထဲမွာေတာ့ ကြၽန္ေတာ္က ေတာ္‌ေတာ္ေလး ၾကည့္လို႔ေကာင္းေနတယ္လို႔ ထင္တယ္ဗ်… ” လို႔ Choi Woo Shik က ဆိုပါတယ္။

အဲ့ဒီ့ေနာက္မွာေတာ့ အဆိုပါ႐ုပ္ရွင္ထဲက သူ႔ရဲ႕ဆံပင္ပုံစံဟာ ကမာၻေက်ာ္ သ႐ုပ္ေဆာင္မင္းသားႀကီး Leonardo DiCaprio ရဲ႕ပုံစံကို မွီျငမ္းထားတာပါလို႔ ရွင္းျပလာပါတယ္။

Photo: flickr

” ကြၽန္ေတာ္တို႔ ႐ုပ္ရွင္ကို စ႐ိုက္ေတာ့မယ္ဆိုၿပီး အဆင္သင့္ျဖစ္ေတာ့ စိတ္ပူရတာတစ္ခုက ကြၽန္ေတာ့္ဆံပင္ပုံစံပဲ။ အဲ့မွာ ဒါ႐ိုက္တာက မင္းသား Leonardo ငယ္ငယ္က ပုံေလးကို ကြၽန္ေတာ့္ကို လာျပတယ္။ အဲ့ဒါနဲ႔ ကြၽန္ေတာ့္ရဲ႕ဓာတ္ပုံနဲ႔ ယွဥ္ၾကည့္ေတာ့ နည္းနည္း ဆင္တူေနသလိုပဲ။ ကြၽန္ေတာ့္႐ုပ္က အဲ့လိုေျပာင္းသြားမယ္လို႔ ကြၽန္ေတာ္လည္း မထင္ပါဘူးဗ်ာ။ ဒါေပမယ့္ ကံေကာင္းေတာ့ အဲ့ဆံပင္ပုံေလးက Ki Hoon ရဲ႕ဇာတ္႐ုပ္နဲ႔ လိုက္သြားတယ္ဗ်။ အဲ့ေတာ့ ကြၽန္ေတာ္လည္း အရမ္းေက်နပ္တာေပါ့… ” လို႔ ဆိုပါတယ္။

Photo: dntlrdl/ Instagram

မင္းသား Choi Woo Shik ဟာ ဇာတ္လမ္းတြဲဘက္ကေန ႐ုပ္ရွင္ဘက္ကို ကူးေျပာင္းလာခဲ့သူျဖစ္ၿပီး Set Me Free ၊ ေအာ္စကာရသြားတဲ့ Parasite ႐ုပ္ရွင္ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္းနဲ႔ ႐ုပ္ရွင္ဘက္မွာ တဟုန္ထိုး ေအာင္ျမင္လာသူ ျဖစ္ပါတယ္။ Parasite ထဲမွာလည္း သူပါဝင္သ႐ုပ္ေဆာင္ထားရတဲ့ ေနရာက အေရးႀကီးတာေၾကာင့္ ေရွ႕လာမယ့္ အနာဂတ္မွာလည္း ပိုေကာင္းတဲ့ ဇာတ္ေကာင္ေနရာေတြမွာ သ႐ုပ္ေဆာင္ဖို႔ အလားအလာေတြ အမ်ားႀကီး ရွိေနသူတစ္ေယာက္လို႔ ဆိုလိုက္ရင္း … ။

LaNina

 

RELATED ARTICLES

Most Popular