HomeCelebs Update NewsInternationalနာမည်ကြီးဇာတ်ရုပ်တွေကို ကိုယ်ဝန်တစ်ဖက်နဲ့ အောင်မြင်စွာ သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသမီးများ

နာမည်ကြီးဇာတ်ရုပ်တွေကို ကိုယ်ဝန်တစ်ဖက်နဲ့ အောင်မြင်စွာ သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသမီးများ

ရုပ်ရှင်ရိုက်ကွင်းမှာ သရုပ်ဆောင်တစ်ယောက် ကိုယ်ဝန်ရှိနေပြီဆိုရင် များသောအားဖြင့် လူစားထိုးပြီးရိုက်ကြတာတို့၊ ရိုက်ကွင်းကို ခဏနားတာတို့ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဇာတ်ကောင်အပေါ် သစ္စာရှိ၊ ရူးသွပ်လွန်းတဲ့ သရုပ်ဆောင်မင်းသမီးတွေကတော့ ကိုယ်ဝန်ရှိနေတာကို ဖုံးကွယ်ပြီး ဇာတ်ကားပြီးဆုံးအောင် ရိုက်တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ရတဲ့အချိန်ဟာ မိန်းမတစ်ယောက်အတွက် အပင်ပန်း၊ အခက်ခဲဆုံးကာလ ဖြစ်ပေမယ့် ဒီဟောလိဝုဒ်မင်းသမီးတွေကတော့ သူတို့ရဲ့နာမည်ကျော် ဇာတ်ကောင်တွေကို ကိုယ်ဝန်တစ်ဖက်နဲ့ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ထားကြပါတယ်။

Scarlett Johansson
photo via imdb

များသောအားဖြင့် မင်းသမီးတွေဟာ အက်ရှင်ကားတွေရိုက်နေရင်း ကိုယ်ဝန်ရှိနေတယ်ဆိုရင် လူစားထိုးကြတာများပါတယ်။ ဒါပေမဲ့ မင်းသမီးချော Scarlett Johansson ကတော့ လူစားမထိုးဘဲနဲ့ ရုပ်ရှင်ကိုပြီးအောင် ဆက်ရိုက်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ်မှာ ထွက်ခဲ့တဲ့ The Avengers ရုပ်ရှင်ဇာတ်ကားမှာဆိုရင် Black Widow ကာရိုက်တာကို ကိုယ်ဝန်ကြီးနဲ့တောင် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

Gal Gadot
photo via imdb

Gal Gadot ဟာ ပုရိသ ပရိသတ်တွေရဲ့ အသည်းစွဲမင်းသမီးတစ်လက် ဖြစ်ပါတယ်။ ပြည်တွင်းမှာဆိုရင်လည်း Wonder Woman ကာရိုက်တာနဲ့ လူသိများသူ ဖြစ်ပါတယ်။ အဲ့လိုလူကြိုက်များခဲ့တဲ့ ကာရိုက်တာကို ကိုယ်ဝန်ကြီးနဲ့ သရုပ်ဆောင်ခဲ့တယ်ဆိုတာ စာဖတ်သူတို့သိရင် အံ့ဩသွားပါလိမ့်မယ်။ Gal ဟာ ၂၀၁၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Wonder Woman ဇာတ်ကားကို ရိုက်ကူးနေတဲ့အချိန်မှာ ကိုယ်ဝန်ငါးလ ရှိနေခဲ့ပါတယ်။ သူမရဲ့ အနည်းငယ် ပူနေတဲ့ ဝမ်းဗိုက်ကိုတော့ green screen သုံးပြီး ဖုံးကွယ်ခဲ့ပါတယ်။

Blake Lively
photo via imdb

Deadpool မင်းသား Ryan Reynolds ရဲ့ ဇနီးချောဖြစ်တဲ့ မင်းသမီး Blake Lively ဟာလည်း ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Shallows ဆိုတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားကို ရိုက်ကူးတဲ့အချိန်မှာ ကိုယ်ဝန်ရှိနေခဲ့ပါတယ်။ ရေလွှာလျှောစီး အားကစားမယ်တစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရတဲ့ သူမဟာ စတန့်တွေကိုလည်း လူစားမထိုးဘဲ ကိုယ်တိုင်လုပ်ခဲ့ပါတယ်။ ရုပ်ရှင်ရိုက်နေစဉ်အတွင်း ကိုယ်ဝန်ရှိနေခဲ့တယ်လို့ ပြောကြားခဲ့တဲ့နောက်မှာတော့ တော်တော်များများက အံ့အားသင့်ခဲ့ရပါတယ်။

Angelina Jolie
photo via imdb

နာမည်ကျော် မင်းသမီး Angelina Jolie ဟာ ၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Changeling ရုပ်ရှင်ဇာတ်ကားကို ကိုယ်ဝန်ကြီးနဲ့ သရုပ်ဆောင်ခဲ့တာပါ။ ကလေးပျောက်သွားတဲ့ အမေတစ်ယောက်ရဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်ထားရလို့ ဒီဇာတ်ကားကပဲ သူမကို အမေတစ်ယောက် ဖြစ်ချင်လာအောင် တွန်းအားပေးခဲ့တယ်လို့လည်း Jolie က ဆိုထားပါသေးတယ်။ Jolie မှာ စုစုပေါင်း ကလေးခြောက်ယောက်ရှိပြီးတော့ သုံးယောက်က Brad Pitt နဲ့ရခဲ့တာဖြစ်ပြီး ကျန်တဲ့သုံးယောက်ကတော့ မွေးစားထားတာ ဖြစ်ပါတယ်။

Halle Berry
photo via imdb

X-Men ကားတွေထဲက မိုးကြိုးတွေ ပစ်ပစ်ချတဲ့ Storm ကို သိကြမယ် ထင်ပါတယ်။ သူမကတော့ ဟောလိဝုဒ်ရဲ့ ဝါရင့်သမ္ဘာရင့် မင်းသမီး Halle Berry ဖြစ်ပါတယ်။ X-Men: Days of the Future Past ဇာတ်ကားထဲမှာ သူမကို သေချာကြည့်မယ်ဆိုရင် X-Men suit ဝတ်ထားတဲ့အခါ သူမရဲ့ဗိုက်က အနည်းငယ်ပူနေတာကို တွေ့ရမှာပါ။ အဲ့ဒါကြောင့်ပဲ fan တွေအချင်းချင်း ကိုယ်ဝန်ရှိနေတာ ဟုတ်မဟုတ် အငြင်းပွားခဲ့ကြပြီး နောက်ပိုင်းမှာတော့ တကယ်ပဲ ကိုယ်ဝန်ရှိနေတာကို သိခဲ့ကြရပါတယ်။

Anne Hathaway
photo via imdb

မင်းသမီးချော  Anne Hathaway ဟာလည်း Colossal ဆိုတဲ့ ဇာတ်ကားကို သရုပ်ဆောင်နေတဲ့ အချိန်မှာ ကိုယ်ဝန်ရှိနေခဲ့ပါတယ်။ အဲ့ဒီ့ကားထဲမှာ သူမကိုကြည့်ရတာ အနည်းငယ် ဖောသွပ်သွပ်ဖြစ်နေတယ်လို့ ခံစားရရင် ကိုယ်ဝန်ကြောင့် ဖြစ်နေတာမို့ နားလည်ပေးလိုက်ပါနော်။

ဒါကတော့ နာမည်ကြီး ဇာတ်ရုပ်တွေကို ကိုယ်ဝန်ကြီးနဲ့ အောင်အောင်မြင်မြင် သရုပ်ဆောင်ခဲ့ကြတဲ့ ထိတ်ထိတ်ကြဲ မင်းသမီးတွေပဲ ဖြစ်ပါတယ်။ ဒီထဲက စာဖတ်သူတို့ နှစ်သက်တဲ့ မင်းသမီးကိုလည်း ပြောပြခဲ့ပါဦး။

Lego Les

 

 

RELATED ARTICLES

Most Popular