HomeCelebs Update NewsInternationalသမီးဖြစ်သူ ရုတ်တရက်သေဆုံးသွားတာကြောင့် Tour ကို ရွှေ့ဆိုင်းလိုက်ရတဲ့ Chris Daughtry 

သမီးဖြစ်သူ ရုတ်တရက်သေဆုံးသွားတာကြောင့် Tour ကို ရွှေ့ဆိုင်းလိုက်ရတဲ့ Chris Daughtry 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ရော့ခ်အဆိုတော် Chris Daughtry ဟာ သမီးဖြစ်သူ ရုတ်တရက် သေဆုံးသွားတာကြောင့် နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်တွေကို ရွှေ့ဆိုင်းပြီး အိမ်ကို ပြန်လာရတယ်လို့ သိရပါတယ်။

Chris ရဲ့ သမီးဖြစ်သူ Hannah ကိုတော့ သူမရဲ့ Nashville မြို့က နေအိမ်မှာ သေဆုံးလျက် တွေ့ရှိရတယ်လို့ Nashville မြို့ ရဲဌာနက အတည်ပြု ပြောကြားထားပါတယ်။ Hannah ဟာ မနေ့က နိုဝင်ဘာလ(၁၂)ရက် သောကြာနေ့မှာပဲ ရုတ်တရက် ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၂၅)နှစ်သာ ရှိပါသေးတယ်။

Photo Courtesy: Daughtry Family

“Chris နဲ့ Deanna Daughtry တို့ရဲ့ သမီးဖြစ်သူ Hannah ရုတ်တရက် ကွယ်လွန်သွားတာကြောင့် လာမယ့် ရက်သတ္တပတ်တွေမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲအားလုံးကို Daughtry က ရက်ရွှေ့ဆိုင်းလိုက်ပါတယ် … ” လို့ Daughtry ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က People မဂ္ဂဇင်းကို ပြောထားပါတယ်။

ဆက်လက်ပြီး “အခုလို နားလည်ပေးကြတဲ့အတွက် Daughtry မိသားစုက ကျေးဇူးအထူးတင်ရှိပါတယ်။ တဆက်တည်း ယခုလို အခက်ခဲဆုံးအချိန်မှာ ကျန်ရစ်သူမိသားစုအတွက် privacy ထားပေးဖို့လည်း လေးစားစွာနဲ့ တောင်းဆိုပါတယ်။ ဖျော်ဖြေပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်တွေကိုတော့ အဆင်ပြေမယ့် အချိန်ကျမှ ပြန်လည်ထုတ်ပြန်ပေးပါမယ်။ ယခုလို ကြေကွဲဖွယ် သေဆုံးမှုနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်တွေနဲ့ အကြောင်းရင်းကိုတော့ ရှာဖွေစုံစမ်း ဖော်ထုတ်နေဆဲ ဖြစ်ပါတယ် … ” လို့ အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသွားပါတယ်။

Photo: daughtry/ Instagram

တကယ်တော့ Hannah နဲ့ အသက်(၂၃)နှစ်အရွယ် သူ့ရဲ့ မောင်ဖြစ်သူ Griffin တို့ဟာ Deanna ရဲ့ အရင်အိမ်ထောင်က ပါလာတဲ့ ကလေးတွေ ဖြစ်ပါတယ်။ Chris နဲ့ Deanna တို့ဟာ ၂၀၀၀ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး Adalynn Rose နဲ့ Noah James ဆိုတဲ့ (၁၀)နှစ်အရွယ် အမွှာနှစ်ယောက်ကို ထွန်းကားထားပါတယ်။

Chris ဟာ American Idol အဆိုပြိုင်ပွဲရဲ့ Season (5) မှာ စတုတ္ထနေရာ ရရှိခဲ့သူ ဖြစ်ပြီး အဲဒီနောက်မှာပဲ Daughtry ဆိုတဲ့ အမည်နဲ့ ကိုယ်ပိုင်တီးဝိုင်းဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဂရမ်မီဆု လေးဆုအတွက် စံကာတင်စာရင်း ဝင်ထားသူ ဖြစ်ပါတယ်။

Daughtry band ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ တေးအယ်လ်ဘမ်ကတော့ The Dearly Beloved ဖြစ်ပြီး သူတို့အဖွဲ့ရဲ့ ခြောက်ခွေမြောက် စတူဒီယိုအယ်လ်ဘမ်လည်း ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၇)ရက်နေ့ကမှ ထွက်ရှိထားတာ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

နာမည္ေက်ာ္ ေရာ့ခ္အဆိုေတာ္ Chris Daughtry ဟာ သမီးျဖစ္သူ ႐ုတ္တရက္ ေသဆုံးသြားတာေၾကာင့္ နယ္လွည့္ေဖ်ာ္ေျဖေရး ခရီးစဥ္ေတြကို ေရႊ႕ဆိုင္းၿပီး အိမ္ကို ျပန္လာရတယ္လို႔ သိရပါတယ္။

Chris ရဲ့ သမီးျဖစ္သူ Hannah ကိုေတာ့ သူမရဲ့ Nashville ၿမိဳ႕က ေနအိမ္မွာ ေသဆုံးလ်က္ ေတြ႕ရွိရတယ္လို႔ Nashville ၿမိဳ႕ ရဲဌာနက အတည္ျပဳ ေျပာၾကားထားပါတယ္။ Hannah ဟာ မေန႔က နိုဝင္ဘာလ(၁၂)ရက္ ေသာၾကာေန႔မွာပဲ ႐ုတ္တရက္ ကြယ္လြန္သြားတာျဖစ္ၿပီး ကြယ္လြန္ခ်ိန္မွာ အသက္(၂၅)ႏွစ္သာ ရွိပါေသးတယ္။

Photo Courtesy: Daughtry Family

“Chris နဲ႔ Deanna Daughtry တို႔ရဲ့ သမီးျဖစ္သူ Hannah ႐ုတ္တရက္ ကြယ္လြန္သြားတာေၾကာင့္ လာမယ့္ ရက္သတၱပတ္ေတြမွာ က်င္းပျပဳလုပ္ဖို႔ စီစဥ္ထားတဲ့ ေဖ်ာ္ေျဖပြဲအားလုံးကို Daughtry က ရက္ေရႊ႕ဆိုင္းလိုက္ပါတယ္ … ” လို႔ Daughtry ရဲ့ ေျပာခြင့္ရပုဂၢိဳလ္က People မဂၢဇင္းကို ေျပာထားပါတယ္။

ဆက္လက္ၿပီး “အခုလို နားလည္ေပးၾကတဲ့အတြက္ Daughtry မိသားစုက ေက်းဇူးအထူးတင္ရွိပါတယ္။ တဆက္တည္း ယခုလို အခက္ခဲဆုံးအခ်ိန္မွာ က်န္ရစ္သူမိသားစုအတြက္ privacy ထားေပးဖို႔လည္း ေလးစားစြာနဲ႔ ေတာင္းဆိုပါတယ္။ ေဖ်ာ္ေျဖပြဲနဲ႔ ပတ္သက္တဲ့ အေသးစိတ္အခ်က္ေတြကိုေတာ့ အဆင္ေျပမယ့္ အခ်ိန္က်မွ ျပန္လည္ထုတ္ျပန္ေပးပါမယ္။ ယခုလို ေၾကကြဲဖြယ္ ေသဆုံးမွုနဲ႔ ပတ္သက္ၿပီး အေသးစိတ္အခ်က္ေတြနဲ႔ အေၾကာင္းရင္းကိုေတာ့ ရွာေဖြစုံစမ္း ေဖာ္ထုတ္ေနဆဲ ျဖစ္ပါတယ္ … ” လို႔ အဆိုပါ ေျပာခြင့္ရပုဂၢိဳလ္က ေျပာသြားပါတယ္။

Photo: daughtry/ Instagram

တကယ္ေတာ့ Hannah နဲ႔ အသက္(၂၃)ႏွစ္အရြယ္ သူ႔ရဲ့ ေမာင္ျဖစ္သူ Griffin တို႔ဟာ Deanna ရဲ့ အရင္အိမ္ေထာင္က ပါလာတဲ့ ကေလးေတြ ျဖစ္ပါတယ္။ Chris နဲ႔ Deanna တို႔ဟာ ၂၀၀၀ ခုႏွစ္မွာ စတင္ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ၿပီး Adalynn Rose နဲ႔ Noah James ဆိုတဲ့ (၁၀)ႏွစ္အရြယ္ အမႊာႏွစ္ေယာက္ကို ထြန္းကားထားပါတယ္။

Chris ဟာ American Idol အဆိုၿပိဳင္ပြဲရဲ့ Season (5) မွာ စတုတၳေနရာ ရရွိခဲ့သူ ျဖစ္ၿပီး အဲဒီေနာက္မွာပဲ Daughtry ဆိုတဲ့ အမည္နဲ႔ ကိုယ္ပိုင္တီးဝိုင္းဖြဲ႕စည္းခဲ့တာ ျဖစ္ပါတယ္။ သူဟာ ဂရမ္မီဆု ေလးဆုအတြက္ စံကာတင္စာရင္း ဝင္ထားသူ ျဖစ္ပါတယ္။

Daughtry band ရဲ့ ေနာက္ဆုံး ထြက္ရွိထားတဲ့ ေတးအယ္လ္ဘမ္ကေတာ့ The Dearly Beloved ျဖစ္ၿပီး သူတို႔အဖြဲ႕ရဲ့ ေျခာက္ေခြေျမာက္ စတူဒီယိုအယ္လ္ဘမ္လည္း ျဖစ္ပါတယ္။ ဒီအယ္လ္ဘမ္ကေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ (၁၇)ရက္ေန႔ကမွ ထြက္ရွိထားတာ ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular