HomeCelebs Update NewsInternationalThe Batman ရုပ်ရှင်အတွက် Batsuit ကို တစ်နှစ်ကြာအချိန်ယူပြီး ဒီဇိုင်းထုတ်ခဲ့ရဟုဆို

The Batman ရုပ်ရှင်အတွက် Batsuit ကို တစ်နှစ်ကြာအချိန်ယူပြီး ဒီဇိုင်းထုတ်ခဲ့ရဟုဆို

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

DC Fandome event ထဲမှာ The Batman ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဒါရိုက်တာ Matt Reeves က ပြောပြသွားခဲ့ရာမှာ ရိုက်ကွင်းနောက်ကွယ်က အချက်တချို့နဲ့ တစ်နှစ်ကြာ အချိန်ယူပြီး Batsuit ကို ဖန်တီးခဲ့တဲ့အကြောင်းတွေကိုပါ ပရိသတ်တွေဆီ ဝေမျှသွားခဲ့ပါတယ်။

မင်းသား Robert Pattinson သရုပ်ဆောင်မယ့် The Batman ရုပ်ရှင်အတွက် Batsuit ကို တစ်နှစ်ကြာ အချိန်ယူပြီး ဖန်တီးခဲ့တယ်လို့ ဒါရိုက်တာ Matt Reeves ရဲ့အဆိုအရ သိရပါတယ်။ လောလောဆယ် DC မှာ ပရော့ဂျက်တွေ အများကြီး ရှိနေပေမယ့် The Batman ဟာ ပရိသတ်တွေ အမျှော်လင့်ထားဆုံး ပရော့ဂျက်တစ်ခု ဖြစ်နေပါတယ်။

Photo via IMDb

Bruce Wayne နေရာမှာ Robert Pattinson သရုပ်ဆောင်မယ့် အခု Batman ဟာ origin ကို ပြသမယ့် ရုပ်ရှင်တစ်ခုတော့ မဟုတ်ပါဘူး။ Batman ဖြစ်ကာစ ဒုတိယနှစ်ပိုင်းအတွင်းက အဖြစ်အပျက်တွေကို အဓိက ပြသသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒါရိုက်တာ Matt Reeves ဟာ လက်ရှိမှာ ဂေါ်သမ်ရဲဌာနအကြောင်းကို အဓိက တင်ဆက်သွားမယ့် တီဗွီဇာတ်လမ်းတွဲတစ်ခုကိုလည်း ထုတ်လုပ်ရေးအပိုင်း လုပ်နေတဲ့အတွက် The Batman ရုပ်ရှင်ဟာ ဇာတ်လမ်းတွဲဘက်ကိုပါ ချိတ်ဆက်သွားမယ့် universe တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

The Batman ရုပ်ရှင်ရဲ့ ရိုက်ကူးရေးအပိုင်းကတော့ (၂၅)ရာခိုင်နှုန်းခန့်သာ ပြီးစီးပါသေးတယ်။ ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေအားလုံး ရပ်နားထားရာကနေ ရှေ့လမှာတော့ ပြန်လည်စတင်သွားဖို့ စီစဉ်ထားကြပါတယ်။

Photo via IMDb

DC Fandome မှာ ထုတ်လွှင့်ပြသလိုက်တဲ့ The Batman teaser မှာ ပရိသတ်တွေ စိတ်အဝင်စားဆုံး အရာတစ်ခုကတော့ Batsuit ပဲ ဖြစ်ပါတယ်။ Batsuit နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလမှာ first look ကို ပြသခဲ့ပြီး အခု teaser ထဲမှာတော့ ထပ်မံ မြင်တွေ့လိုက်ကြရတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Matt Reeves ဟာ The Batman အတွက် ဇာတ်ညွှန်းရေးသားနေချိန်မှာ costume designer Gylan Dillon က Batsuit နဲ့ ပတ်သက်ပြီး အိုင်ဒီယာအမျိုးမျိုး ထုတ်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း Batsuit ဒီဇိုင်းဟာ ခန့်မှန်းချေ အချိန်တစ်နှစ်လောက်ယူပြီး ဖန်တီးခဲ့ရတယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

Batman ဖြစ်ကာစအချိန်ကို သိသာစေချင်တဲ့အတွက် Batsuit မှာ အိတ်ကပ်တွေတောင် ထည့်ထားတဲ့အထိ အသေးစိတ် ဖန်တီးခဲ့တယ်လို့လည်း Matt Reeves က ဆိုပါတယ်။ ဝတ်စုံကို တကယ်ဝတ်ပြီး သရုပ်ဆောင်ရမယ့် Robert ဟာလည်း costume designer တွေဖြစ်တဲ့ Gylan Dillon ၊ Jacqueline Durran တို့နဲ့အတူ ဝတ်စုံဒီဇိုင်း ဖန်တီးရာမှာ ပါဝင်ကူညီခဲ့တယ်လို့လည်း ပြောပါတယ်။

Photo via IMDb

Batsuit ဟာ ယခုနှစ်အစောပိုင်းမှာ first look ပြခဲ့တုန်းက ပရိသတ်တွေရဲ့ လက်ခံမှုကို ရရှိခဲ့ပြီး အများစုဟာ ယခင် Batman တွေ ဝတ်ဆင်ခဲ့တဲ့ Batsuit တွေနဲ့ တော်တော်လေး ကွဲပြားနေတာကို သတိထားမိကြပါတယ်။ ဒါဟာလည်း Matt Reeves နဲ့ အဖွဲ့သားတွေ လိုချင်တဲ့ အဓိကအချက်ပဲ ဖြစ်ပြီး အရင် Batsuit တွေနဲ့ မတူညီအောင် တမင်ဖန်တီးထားတာလို့လည်း ဆိုပါတယ်။

ယခုထွက်ရှိလာမယ့် The Batman အနေနဲ့ ကျော်ကြားပြီးသား ဇာတ်ကောင်ကို မတူညီတဲ့ ပုံစံမျိုး ရရှိအောင် ကြိုးစားနေတယ်လို့လည်း ဒါရိုက်တာကြီးက ဆိုထားပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

DC Fandome event ထဲမွာ The Batman ႐ုပ္ရွင္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို ဒါ႐ိုက္တာ Matt Reeves က ေျပာျပသြားခဲ့ရာမွာ ႐ိုက္ကြင္းေနာက္ကြယ္က အခ်က္တခ်ိဳ႕နဲ႔ တစ္ႏွစ္ၾကာ အခ်ိန္ယူၿပီး Batsuit ကို ဖန္တီးခဲ့တဲ့အေၾကာင္းေတြကိုပါ ပရိသတ္ေတြဆီ ေဝမွ်သြားခဲ့ပါတယ္။

မင္းသား Robert Pattinson သ႐ုပ္ေဆာင္မယ့္ The Batman ႐ုပ္ရွင္အတြက္ Batsuit ကို တစ္ႏွစ္ၾကာ အခ်ိန္ယူၿပီး ဖန္တီးခဲ့တယ္လို႔ ဒါ႐ိုက္တာ Matt Reeves ရဲ႕အဆိုအရ သိရပါတယ္။ ေလာေလာဆယ္ DC မွာ ပေရာ့ဂ်က္ေတြ အမ်ားႀကီး ရွိေနေပမယ့္ The Batman ဟာ ပရိသတ္ေတြ အေမွ်ာ္လင့္ထားဆုံး ပေရာ့ဂ်က္တစ္ခု ျဖစ္ေနပါတယ္။

Photo via IMDb

Bruce Wayne ေနရာမွာ Robert Pattinson သ႐ုပ္ေဆာင္မယ့္ အခု Batman ဟာ origin ကို ျပသမယ့္ ႐ုပ္ရွင္တစ္ခုေတာ့ မဟုတ္ပါဘူး။ Batman ျဖစ္ကာစ ဒုတိယႏွစ္ပိုင္းအတြင္းက အျဖစ္အပ်က္ေတြကို အဓိက ျပသသြားမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဒါ႐ိုက္တာ Matt Reeves ဟာ လက္ရွိမွာ ေဂၚသမ္ရဲဌာနအေၾကာင္းကို အဓိက တင္ဆက္သြားမယ့္ တီဗြီဇာတ္လမ္းတြဲတစ္ခုကိုလည္း ထုတ္လုပ္ေရးအပိုင္း လုပ္ေနတဲ့အတြက္ The Batman ႐ုပ္ရွင္ဟာ ဇာတ္လမ္းတြဲဘက္ကိုပါ ခ်ိတ္ဆက္သြားမယ့္ universe တစ္ခု ျဖစ္လာဖို႔ ရွိေနပါတယ္။

The Batman ႐ုပ္ရွင္ရဲ႕ ႐ိုက္ကူးေရးအပိုင္းကေတာ့ (၂၅)ရာခိုင္ႏႈန္းခန႔္သာ ၿပီးစီးပါေသးတယ္။ ကိုဗစ္ေၾကာင့္ ႐ိုက္ကူးေရးေတြအားလုံး ရပ္နားထားရာကေန ေရွ႕လမွာေတာ့ ျပန္လည္စတင္သြားဖို႔ စီစဥ္ထားၾကပါတယ္။

Photo via IMDb

DC Fandome မွာ ထုတ္လႊင့္ျပသလိုက္တဲ့ The Batman teaser မွာ ပရိသတ္ေတြ စိတ္အဝင္စားဆုံး အရာတစ္ခုကေတာ့ Batsuit ပဲ ျဖစ္ပါတယ္။ Batsuit နဲ႔ ပတ္သက္ၿပီး ေဖေဖာ္ဝါရီလမွာ first look ကို ျပသခဲ့ၿပီး အခု teaser ထဲမွာေတာ့ ထပ္မံ ျမင္ေတြ႕လိုက္ၾကရတာ ျဖစ္ပါတယ္။ ဒါ႐ိုက္တာ Matt Reeves ဟာ The Batman အတြက္ ဇာတ္ၫႊန္းေရးသားေနခ်ိန္မွာ costume designer Gylan Dillon က Batsuit နဲ႔ ပတ္သက္ၿပီး အိုင္ဒီယာအမ်ိဳးမ်ိဳး ထုတ္ျပခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္လည္း Batsuit ဒီဇိုင္းဟာ ခန႔္မွန္းေခ် အခ်ိန္တစ္ႏွစ္ေလာက္ယူၿပီး ဖန္တီးခဲ့ရတယ္လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

Batman ျဖစ္ကာစအခ်ိန္ကို သိသာေစခ်င္တဲ့အတြက္ Batsuit မွာ အိတ္ကပ္ေတြေတာင္ ထည့္ထားတဲ့အထိ အေသးစိတ္ ဖန္တီးခဲ့တယ္လို႔လည္း Matt Reeves က ဆိုပါတယ္။ ဝတ္စုံကို တကယ္ဝတ္ၿပီး သ႐ုပ္ေဆာင္ရမယ့္ Robert ဟာလည္း costume designer ေတြျဖစ္တဲ့ Gylan Dillon ၊ Jacqueline Durran တို႔နဲ႔အတူ ဝတ္စုံဒီဇိုင္း ဖန္တီးရာမွာ ပါဝင္ကူညီခဲ့တယ္လို႔လည္း ေျပာပါတယ္။

Photo via IMDb

Batsuit ဟာ ယခုႏွစ္အေစာပိုင္းမွာ first look ျပခဲ့တုန္းက ပရိသတ္ေတြရဲ႕ လက္ခံမႈကို ရရွိခဲ့ၿပီး အမ်ားစုဟာ ယခင္ Batman ေတြ ဝတ္ဆင္ခဲ့တဲ့ Batsuit ေတြနဲ႔ ေတာ္ေတာ္ေလး ကြဲျပားေနတာကို သတိထားမိၾကပါတယ္။ ဒါဟာလည္း Matt Reeves နဲ႔ အဖြဲ႕သားေတြ လိုခ်င္တဲ့ အဓိကအခ်က္ပဲ ျဖစ္ၿပီး အရင္ Batsuit ေတြနဲ႔ မတူညီေအာင္ တမင္ဖန္တီးထားတာလို႔လည္း ဆိုပါတယ္။

ယခုထြက္ရွိလာမယ့္ The Batman အေနနဲ႔ ေက်ာ္ၾကားၿပီးသား ဇာတ္ေကာင္ကို မတူညီတဲ့ ပုံစံမ်ိဳး ရရွိေအာင္ ႀကိဳးစားေနတယ္လို႔လည္း ဒါ႐ိုက္တာႀကီးက ဆိုထားပါတယ္။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular